Alien hand syndrome (သို့) ဂြိုလ်သားလက်ရောဂါ

Image result for alien hand syndrome

Alien hand syndrome (သို့) ဂြိုလ်သားလက် ရောဂါ

Image result for alien hand syndrome

ဂြိုလ်သားလက်ရောဂါဆိုလို့ ဂြိုလ်သားဆိုပဲ။    မိုက်လိုက်တာလို့ တွေးမိသွားလား။ တကယ်တမ်း ဒီရောဂါက အရမ်း ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။ ဘာလို့ ကြောက်စရာကောင်းတာလဲဆိုတော့ ဒီဝေဒနာခံစားနေရတဲ့ လက်ဟာ ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်ပြီး သူ့စိတ်တိုင်းကျ လုပ်ချင်ရာတွေ လုပ်နေမှာပါ။ ဥပမာ ကိုယ့်စိတ်က မီးခလုတ်ဖွင့်လိုက်ရင် အဲ့လက်က ပြန်ပိတ်တယ်။ ကိုယ်က မရည်ရွယ်ပေမဲ့ အဲ့လက်က လုပ်ချင်ရာတွေ လုပ်နေတာမျိုးပါ။             

Image result for alien hand syndrome

သွားရင်းလာရင်း အဲ့လက်က တွေ့ကရာ ပစ္စည်း အကုန်ကောက်ထည့်တယ်။ ခါးပိုက်နှိုက်တယ်။ ပန်ကာထဲ လက်ထည့်တယ်။ အိပ်နေရင်း ကိုယ့်ကိုယ်ကိုယ် လည်ပင်းထညှစ်တာတွေအထိ လုပ်တတ်ပါတယ်။ လုံးဝ တားလို့မရပါဘူး။ သရဲဝင်ပူးနေသလို၊ ပြုစားခံထားရသလိုမျိုးကို ဖြစ်နေတာပါ။ တချို့ကျတော့လဲ ဂီတာကို လုံးဝ မသင်ဖူးပေမဲ့ အဲ့လက်က အလိုလို တီးတတ်နေမျိုးအထိ ဖြစ်တတ်တဲ့ ထူးခြားတဲ့ရောဂါပါ။ 

Image result for alien hand syndrome

လက်က သီးသန့် အသက်ရှင်နေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ကျတော့ ရက်ပိုင်းအတွင်း ဖြစ်ပြီး ပျောက်သွားပေမယ့် အချို့ကျ လပိုင်းကြာတတ်ပါတယ်။ အချို့ကျ တစ်သက်လုံး မပျောက်ပဲ ထင်ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။ 

Image result for alien hand syndrome

လေ့လာတွေ့ရှိချက်တွေအရ အဲ့ဒီ့ရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေမှာအဖြစ်များတတ်ပေမဲ့ အချို့ကျတော့လည်း အကြောင်းအရင်းမရှိ အလိုလို ပေါ်လာတာပါ။ ကိုယ်က မခိုးပေမယ့် လက်က သူ့အလိုလို ခိုးယူမိသွားတာမို့ တချို့က ရှေးဘဝ ဗီဇလို့ ထင်မြင်ပြောဆိုကြပါတယ်။မြန်မာစကားအရဆိုရင်တော့ စောရနက္ခတ်နဲ့ မွေးဖွားလာသူပေါ့။ တကယ်တမ်းက အဲ့ဒီ့လူဟာ Alien Hand Syndrom ရောဂါခံစားနေရသူပါ။ ဒီရောဂါက သူ့အတွက်လည်း အန္တရာယ်များသလို ပတ်ဝန်းကျင်အတွက် လည်း ကြောက်ဖို့ကောင်းပါတယ်။ 

Image result for alien hand syndrome

အမေရိကန် ဆေးပညာရှင်တွေရဲ့အဆိုအရ ကမ္ဘာပေါ်မှာ Alien hand syndrome ရောဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ သိရပါတယ်။

Comments

Post a Comment