Interstella Watches


𝙏𝙝𝙚 𝙄𝙣𝙩𝙚𝙧𝙨𝙩𝙚𝙡𝙡𝙖 𝙒𝙖𝙩𝙘𝙝𝙚𝙨




Interstellar ဇာတ်ကားဟာ အာကာသသိပ္ပံ ဇာတ်ကားထဲမှာတော့ လုံးဝ Epic ဖြစ်ပါတယ်၊ သူ့ကို ပူးတွဲစာရေးဆရာလဲဖြစ်တဲ့၊ သူ့ရဲ့တခြား သိပ္ပံလျှို့ဝှက်ဆန်းကျယ်ဇာတ်ကားတွေနဲ့ နာမည်ကျော်တဲ့ ရုပ်ရှင်ဒါရိုက်တာ Christopher Nolan က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

[Spoiler Alert]

𝘽𝙖𝙘𝙠𝙜𝙧𝙤𝙪𝙣𝙙

Interstellar ဇာတ်ကား မှာသရုပ်ဆောင်ခဲ့တဲ့ Matthew McConaughey သည် NASA ရဲ့ အာကာသယာဉ်မှူးဟောင်း Cooper အဖြစ်ပါဝင်ခဲ့ပြီး၊ သူတို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ ရာသီဥတုပြောင်းလဲမူ ဒဏ်ကြောင့် ကောက်ပဲသီးနှံများ စိုက်ပျိုးမရတော့ပဲ ကမ္ဘာပျက်ကပ်ဘေးဆိုက် နေတဲ့အချိန်ဖြစ်ပါတယ်။



𝙊𝙣𝙚 𝙛𝙤𝙧 𝙮𝙤𝙪 𝙖𝙣𝙙 𝙤𝙣𝙚 𝙛𝙤𝙧 𝙢𝙚

လူသားမျိုးနွယ်များအား ကယ်တင်ရန်၊ နေထိုင်ရှင်သန်နိုင်မည့် ကမ္ဘာသစ်ကိုရှာဖွေဖို့ အပူတ​​ပြ​င်းလိုအပ်နေခဲ့တယ်။ စေတန်ဂြိုဟ်အနီးတွင် မကြာသေးခင်က NASA မှ တွေ့ရှိခဲ့သော worm hole မှတဆင့် မထွက်ခွာခင် သူချစ်သောသမီး Murph အဖြစ်သရုပ်ဆောင်သော (Mackenzie Foy)ကို သူရဲ့နာရီအဟောင်း အမှတ်တရချန်ရစ်ခဲ့တဲ့ အခန်းမှာ Hamilton Interstella နာရီ Cooper နှင့် Murph ကိုယှဉ်လျက်တွေ့ရပါမယ်။




[Murph ဆိုတဲ့နာမည်ကို ယခုကားတွေမှာ အသုံးပြုတဲ့ လုံခြုံရေးခါးပါတ် တီထွင်ခဲ့သူ နာဆာ HSE ဆိုင်ရာသိပ္ပံပညာရှင် Edward Murphy ရဲ့နာမည်သုံးထားတာဖြစ်တယ်ဗျ။]

𝙏𝙝𝙚 𝙀𝙪𝙧𝙚𝙠𝙖 𝙈𝙤𝙢𝙚𝙣𝙩

Copper တွင်းနက်ကြီးထဲကျသွားတော့၊ ဒိုင်မန်းရှင်းပိုမြင့်တဲ့ tesseract ခေါ် နယ်မြေအတွင်းရောက်သွားခဲ့တယ်။ လူသားများ မျိုးတုန်းမှုအန္တရာယ်မှ ကင်းလွတ်စေရန် မြေဆွဲအားအတု အာကာသယာဉ်ပြုလုပ်နိုင်မဲ့ Gravitation ဖော်မြူလာ နှင့် အချက်အလက်များအား သူ့သမီးထံချန်ရစ်ခဲ့တဲ့ နာရီစက္ကန့်တံ မှတဆင့် မော့စ်ကုတ်ဖြင့် ပို့ပေးခဲ့တယ်။ သူ့သမီးက ကုတ်ပြန်​ဖြေနိုင်တဲ့အခါ လူသားတွေ ကမ္ဘာမြေကဲ့သို့ နေထိုင်နိုင်သော မြေဆွဲအားအတုပါအာကာသယာဉ် တည်ဆောက်နိုင်သွားတယ်။

𝙏𝙝𝙧𝙤𝙪𝙜𝙝 𝙎𝙥𝙖𝙘𝙚 𝙖𝙣𝙙 𝙏𝙞𝙢𝙚

ရူပဗေဒ ဘာသာရပ်မှာ အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားနိုင်တာ၊ မြေဆွဲအားတို့၊ အမှုန်တို့ လောက်ပဲရှိတာ၊ အဲ့တာတောင် အလင်းထက် မြန်အောင်မသွားနိုင်ဘူး။ ဒါပေမဲ့ အဖေတယောက်က သူ့သမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရား ဟာလည်းအချိန်နှင့် ဟင်းလင်းပြင် တင်မက ဒိုင်မန်းရှင်းမတူညီတာတောင် ဖြတ်ကျော်သွားနိုင်ကြောင်း သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

ကိုယ်ချစ်တဲ့သူနဲ့ ဘဝတွေခြားသွားရင်တောင် မှတ်ဉာဏ်ရှိသေးရင်၊ အောက်မေ့သတိရ ဆက်ချစ်နေလို့ ရသေးတယ်မလား....

𝙃𝙖𝙢𝙞𝙡𝙩𝙤𝙣 𝙆𝙝𝙖𝙠𝙞 𝙁𝙞𝙚𝙡𝙙 𝙈𝙪𝙧𝙥𝙝

ဟာမီတန်နာရီကုပဏီမှ ထုတ်လုပ်သောMurph နာရီတွင် 42mm Stainless Steel Case , အဝါရောင်Super-LumiNova နှင့်တွဲထားသောအနက်ရောင် dial , နီကယ် ရောင် မိနစ်လက်တံ နဲ့ အနက်ရောင် Leather Strap တို့ကို အသုံးပြုထားပါတယ်။၎င်း နာရီသည် Interstellar movie ထဲမှာပါဝင်တဲ့အတိုင်း အတိအကျ ပြန်လည် မျိုးပွားထုတ်လုပ်လိုက်တာပါ။





Movement ကတော့ Swatch Group အတွင်းမှ သူ့ရဲ့ နောင်တော် အမှတ်တံဆိပ်ဖြစ်သော ETA မှ Hamilton အတွက်သီးသန့်ထုတ်လုပ်ထားသော Automatic H10 ဖြစ်ပြီး Power Reserve 80 Hours ရရှိမှာပါ။

Hamilton Khaki Field Murph ကို Interstellar ဇာတ်ကားမှာဆုရခဲ့တဲ့ ထုတ်လုပ်သူဒီဇိုင်နာ Nathan Crowley နဲ့ ပူးပေါင်းပြီး tesseract လို့ခေါ်တဲ့ Higher Dimensional Box ပုံစံယူထားသော၊ အစင်းရာဒဏ်ခံနိုင်သည့် အထူး Special Watch Box ဖြင့် ပထမဦးဆုံးနာရီ ၂,၅၅၅ လုံး ၂၀၁၉ ခုနှစ်မေလမှာတစ်ကမ္ဘာလုံးသို့ရောင်းချပေးခဲ့ပါတယ်။

•••••••••••••••••••====••====••••••••••••••••••••
Detail Specifications

CASE DIAMETER 42.00 mm
CASE SHAPE Round
CASE MATERIAL Stainless steel
TELESCOPE Steel
DIAL FINISH Mast
DIAL COLORS Black
WATCH CASE BACK Transparent back, Screwed back
GLASS SHAPE Flat
GLASS QUALITY Sapphire crystal
BUTTONS 1 winding button
MOVEMENTS Automatic (oscillating weight)
MECHANISM TYPE Swiss mechanism
MOVEMENT MARK Hamilton
CALIBERS (MOVEMENTS) H-10
POWER RESERVE (MAXIMUM DURATION) 80 hours
DISPLAY TYPE Analogue (hands)
DISPLAY SPECIFICS Hands with SuperLuminova treatment, Arabic numerals, Index and railroad, SuperLuminova
FUNCTIONS Hours, minutes, seconds, dates
WATERTIGHTNESS 10 atmospheres
STRAP MATERIAL Leather
STRAP COLOR Black
STRAP MATERIAL FINISH Alligator pattern leather
STITCHING Yes
WATCH CLASP Pin buckle
CLASP COLOR Silver (Silver)
ENTRECORNE (BRACELET WIDTH) 22.00 mm

အချိန်ရရင်အောက်က link လေးတွေနှိပ်ပေးသွားကြပါဉီး။

Comments

  1. Leather အနက်ကြိုးလေးမိုက်တယ်
    ဈေးကလည်း အတော်မြောက်မှာနော်

    ReplyDelete
  2. တစ်နေ့နေ့တော့ ဝတ်ဖြစ်မှာပါ

    ReplyDelete
  3. Yess. Interstella !
    လှပတဲ့ အနာဂါတ်ဆီကို တို့တူတူခရီးသွားကြမယ်
    ချစ်စရာကောင်းတဲ့ နှလုံးလှလူ့အသိုင်းဝိုင်းနဲ့ တို့တူတူနေကြမယ်
    ကိုယ့်ကံကြမ္မာကို တို့တူတူကိုယ်တိုင် ထုဆစ်ကြမယ်
    လူတိုင်းလုံခြုံ လွတ်လပ်တဲ့ အနာဂါတ်ဆီ တို့တူတူ
    လှပတဲ့ ကမ္ဘာကို တို့တူတူဖန်တီးကြမယ်
    မိနစ်တိုင်း ခြေလှမ်းတိုင်း တို့တူတူ အားစိုက်ကြမယ်

    ReplyDelete
  4. ရေစက်မှ ပင်လယ်ဆီသို့
    -
    သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
    ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
    တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
    သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
    အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
    ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။

    ReplyDelete

Post a Comment