သင်ရော Narcissist တစ်ယောက်ဖြစ်နေပြီလား
ကိုယ်မသိလိုက်တဲ့အချိန်မှာ ကိုယ်ဟာ Narcissist တစ်ယောက် ဖြစ်နေနိုင်ပါတယ်။
တကယ်ဖြစ်မဖြစ်သိရအောင် ဆက်ကြည့်လိုက်ရအောင်ပါ။
Motivation hierarchy မှာ လူတွေဟာ basic need အခြေခံလိုအပ်ချက်အဆင့်ကနေ တဖြည်းဖြည်းတတ်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေက ပိုပို အတောမသတ်တွေဖြစ်လာပါတယ်။ ကိုယ်ဘယ်လိုဘဲကြိုးစားသည်ဖြစ်ဖြစ် ဘယ်နေရာကိုရောက်နေပါစေ၊ ကိုယ့်ထက်တစ်နေရာရာမှာပိုတော်၊ ပိုကောင်းအောင်လုပ်နိုင်တဲ့ လူတွေဆိုတာ ရှိစမြဲဘဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်ဖြစ်ပါသလဲ။ ဝမ်းနည်းစိတ်မချမ်းမြေ့စရာကိစ္စတွေကိုကြုံရတဲ့အခါမှာရော ဘယ်လို တုံ့ပြန်တတ်ပါသလဲတတ်ပါသလဲ။
| Motivation Hierarchy |
ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ သူများပေါ်ကိုမှီခိုနေပြီဆိုရင်တော့ ကိုယ်ဟာ ကိုယ်တောင်မသိလိုက်တဲ့ Narcissistic (အတ္တအကြီးလွန်) character တစ်ခုရှိနေပြီဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သာတန်ဖိုးထားလွန်း ၊ အကောင်းမြင်လွန်းတဲ့ narcissistic ဖြစ်သူတွေဟာ တခြားသူရဲ့ ချီးကျူးမှုတွေ ၊ အသိအမှတ်ပြုခံရတာတွေပေါ်မှာသာ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ လူတိုင်းကသူ့ကိုတော်တယ်၊ တတ်တယ် ၊ ထူးချွန်တယ်ဆိုတာမျိုးကိုသာ အမြဲကြားနိုင်၊ လက်ခံနိုင်သူတွေဖြစ်ပါတယ်။ ဝေဖန်တာမျိုးကို စပ်စပ်ထိမခံနိုင်သူမျိုးဖြစ်ပါတယ်။
Narcissist တွေဟာ လက်တွေ့နဲ့အင်မတန်ဝေးတဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ စိတ်ကူးထဲမှာ သူဟာအတော်ဆုံးသူ ၊ အားနည်းချက်မရှိသူ၊ ပြည့်စုံလွန်းသူ ဆိုတာမျိုးကိုဖန်တီးနေတတ်တဲ့သူတွေမလို့ ဘဝရဲ့ အနိမ့်အမြင့်တွေ ၊ မအောင်မြင်တာတွေကို ကိုယ်ကလွဲတခြားသူကိုအပြစ်တင် ရှုံ့ချ ရင်းနဲ့ဘဲ ကျော်ဖြတ်လေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်တယ်ဆိုတာနဲ့ Narcissist တစ်ယောက်ဟာ ကော့သောင်းနဲ့ ခါကာဘိုရာဇီတောင်ထိပ်ထက် ပိုဝေးပါတယ်။
ဒါကြောင့်မို့ အောင်မြင်မှုမရှိတဲ့ ၊အဆင်မပြေတဲ့အလုပ်တိုင်းမှာ သူများကိုအပြစ်တင်ရင်း မေ့ပျောက်ပစ်တတ်ရင်တော့ သင်ဟာ Narcissistic character တစ်ခုထပ်ရှိသွားပြန်ပြီဖြစ်ပါတယ်။
![]() |
အတ္တအကြီးလွန် Narcissist တစ်ယောက်ဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာလည်း ငါသိ ငါတတ် လုပ်လွန်းသူတွေဖြစ်ပါတယ်။ တခြားသူနဲ့ပေါင်းသင်းဆက်ဆံရာမှာလည်း ကိုယ့်အကျိုးစီးပွားတစ်ခုထဲအတွက်သာပေါင်းသင်းတတ်သူတွေဖြစ်နေပြန်ပါတယ်။ ဘယ်သူ့ကိုမှလည်း စိတ်ရင်းနဲ့ ချစ်တယ် ခင်တယ် ဆိုတာမျိုး ရှိတဲ့သူမဟုတ်ပါဘူး။ တခြားသူကိုယ့်ကြောင့် ထိခိုက်နစ်နာရတယ်ဆိုတာမျိုးကိုလည်း သူကဒါမျိုးထိုက်တန်တာဘဲ ဆိုတဲ့စိတ်ထားမျိုးနဲ့ ကိုယ်ချင်းစာစိတ် လုံးဝထားမပေးနိုင်တွေဖြစ်ပါတယ်။ ကိုယ့်ကြောင့်ထိခိုက်နစ်နာရသူတွေ ၊ ကိုယ်တာဝန်ယူရမဲ့ကိစ္စတွေလစ်ဟင်းတာကို ဘယ်လိုတုံ့ပြန်လေ့ရှိလဲ မိမိကိုယ်ကိုပြန်မေးနိုင်ပါပြီ။
အတ္တအကြီးလွန်သမားတွေဟာ တကယ့်အတွင်းစိတ်မှာ Self Love အင်မတန်နည်းသူတွေဘဲဖြစ်ပါတယ်။ အားနည်းချက်တွေကို လက်မခံနိုင်၊ ဝေဖန်တာလက်မခံနိုင်၊ ကိုယ့်ကိုယ်ကိုယ်ပြန်မသုံးသပ်နိုင်၊ တခြားသူချီးကျူးမှပျော်တဲ့သူတွေဖြစ်တာမလို့ Self Esteem (ကိုယ့်ကိုယ်ကိုယ်ရောင့်ရဲတင်းတိမ်မှု) လည်း မရှိတဲ့သူတွေဖြစ်ပါတယ်။ Bullying လုပ်တယ်ဆိုတာလည်း Self Love မပြည့်ဝရာမှ ထွက်ပေါ်လာတဲ့ အမူအကျင့်ဖြစ်တာမို့ ဒါဟာလည်း Narcissistic character တစ်ခုဘဲဖြစ်ပါတယ်။
![]() |
ဒါတွေအကုန်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ပြင်ဆင်စရာတစ်ခုရသွားပြီဆိုရင်တော့ တကယ့် အတ္တအကြီးလွန်အဆင့်မရောက်သေးဘဲ Self Love နည်းနေတာ ပိုပြီးဖြစ်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ကျန်းမာရေးသော်လည်းကောင်း ၊စိတ်ကျန်းမာရေးသော်လည်းကောင်း ကောင်းကောင်းဂရုစိုက်နိုင်တာကို ခေါ်ပါတယ်။ ကိုယ့်ရဲ့ကောင်းခြင်း ၊ဆိုးခြင်း ၊အားသာခြင်း ၊အားနည်းခြင်းတွေကို သေချာသိ နားလည်ပြီး လက်ခံနိုင်ခြင်းဖြစ်ပါတယ်။
![]() |
တခြားသူကို ပြည့်ပြည့်ဝဝချစ်မပေးနိုင်ခြင်းတွေဟာလည်း self love မပြည့်ဝခြင်းရဲ့ လက္ခဏာတွေဘဲဖြစ်ပါတယ်။ ချစ်ခြင်းတစ်ခုမှာ သူ့ပေါ်က Materially ဘဲ ဖြစ်စေ ၊ ဂုဏ်တစ်ခုခုဖြစ်စေ မျှော်လင့်ခြင်းကလည်း ကိုယ်တိုင်မဖြည့်နိုင်တဲ့ ဆန္ဒတွေကို တခြားသူအပေါ်သွားထားနေတာမို့ Self Love ရော Self Esteem ရော မပြည့်ဝခြင်းတစ်မျိုးပါဘဲ။
သင်ကရော Narcissist တစ်ယောက်လား? Self love လိုနေသေးတာလား? ကိုယ်တိုင်လေးသုံးသပ်နိုင်သွားမယ်ထင်ပါတယ်။


/GettyImages-166346626-4f9c2fc2f976451e97389900c1c4cdc8.jpg)

Good
ReplyDeleteDone
ReplyDeleteNoice...
ReplyDeletethanks
ReplyDeleteကျေးဇူးပါ
ReplyDelete