Arsenal Vs Chelsea ( Pre-match Analysis )

English Premier League ရဲ့ Week 2 ပွဲစဉ်အဖြစ် ဒီနေ့ Super Sunday မှာတော့ လန်ဒန်မြို့ခံအသင်းနှစ်သင်းဖြစ်တဲ့Arsenal နဲ့ Chelsea တို့ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲကို ရှုစားသွားရမှာပါ။ 

Arsenal 



Arsenal အသင်းအနေနဲ့ ပွဲဦးထွက်ပွဲစဉ်မှာပဲ တန်းတက် ဘရန့်ဖို့ဒ်အသင်းကို 2 ဂိုးပြတ်နဲ့ရှုံးနိမ့်ပြီး စိတ်ပျက်ဖွယ်ရာသီအဖွင့်ပွဲစဉ်ကို တွေ့ကြုံခဲ့ရပါတယ်။ ဘရိုက်တန်ခံစစ်မှုး Ben White ကို သန်း ၅၀ ပေးပြီး ခေါ်ယူထားခဲ့ပေမယ့်အဖွင့်ပွဲမှာ နောက်တန်းအနေနဲ့ ဟာကွက်များစွာကိုတွေ့ရှိခဲ့ရပြီး အသင်းအနေနဲ့လည်း Confidence ပျောက်နေတဲ့ပုံစံကိုတွေ့ရှိခဲ့ရပါတယ်။ ကံဆိုးတာတစ်ခုက အသင်းရဲ့ အဓိက တိုက်စစ်မှုးနှစ်ယောက်ဖြစ်တဲ့ Lacazette နဲ့Aubameyang တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ခြင်းပါ။ အားထားစရာ Pepe နှင့် Martenelli တို့ရှိပေမယ့် အသင်းရဲ့ကစားပုံကိုက ပျက်ယွင်းနေခဲ့တာဖြစ်ပြီး Brentford အသင်းရဲ့ Bully လုပ်သမျှကို ဘာမှ တုံ့ပြန်နိုင်ခြင်းမရှိဘဲ အရှံးပေးခဲ့ရပါတယ်။ 

နည်းပြ Arteta အနေနဲ့လည်း ဒီစိတ်ပျက်ဖွယ်အရှုံးအပြီးမှာ ဝေဖန်မှုတော်တော်များများကို ခံခဲ့ရပြီး ရက်အနည်းငယ်ကြာမှာ ကစားသမားအသစ်နှစ်ယောက်ကို တစ်ပြိုင်တည်းခေါ်ယူခဲ့ပါတယ်။ မနှစ်က အသင်းမှာ အငှါးအနေနဲ့ လာကစားပြီး အံဝင်ခွင်ကျ ဖြစ်ပြီးသားဖြစ်တဲ့ Real Madrid က Norway ကွင်းလယ်လူ Odeegard နဲ့ မနှစ်ကတန်းဆင်းသွားတဲ့ Sheffield United ဂိုးသမား Ramsdale တို့ပါ။ နောက်စိတ်ဝင်စားဖွယ် ကောင်းတဲ့အချက်တစ်ခုကArsenal က ဒီနှစ်ရဲ့ Premier League မှာ ပြောင်းရွှေ့ကြေးအများဆုံးအသုံးပြုထားတဲ့အသင်းအဖြစ်ရပ်တည်နေခြင်းပါ။ အဲ့ဒါကိုကြည့်ခြင်းအားဖြင့်လည်း Arteta အနေနဲ့ အသင်းကို ဘယ်လိုပြန်ပြီး Rebuild လုပ်ချင်နေလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်တစ်ခုက အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ အာဆင်နယ်အသင်းကို လူသစ်တွေရောက်ရှိလာမှုနဲ့အတူ လျော့တွက်လို့တော့မရသေးပါဘူး။ နောက်တစ်ခုက ယှဉ်ပြိုင်ရမယ့်အသင်းက London မြို့ခံအသင်း ဖြစ်နေတာကြောင့်လည်း သိက္ခာပိုင်းအရ အရေးပါနေပါသေးတယ်။ ဒါ့ကြောင့် Game 1 ကိုကြည့်ပြီးယတိပြတ်တော့ ပြောလို့မရသေးပါဘူး။

Chelsea 



UEFA Champion League နဲ့ Super Cup ချန်ပီယံ ချဲလ်ဆီး အသင်းအနေနဲ့ကတော့ ဒီနှစ်မှာ Premier League ကိုပါစိန်ခေါ်လာမယ့် Title Challenger အနေနဲ့ အသိအမှတ်ပြုထားရပါတော့မယ်။ Lampard ခေတ်အလွန် ဂျာမန်နည်းပြTuchel ရဲဲ့ ကောင်းမွန်တဲ့ Technic တွေနဲ့အတူ တစ်ကျော့ပြန် Chelsea အသင်းကို ပြန်မြင်တွေ့နေရပါပြီ။ မနှစ်ကစံချိန်တင် အပြောင်းအရွှေ့တွေနဲ့အတူ ပင်ကိုယ်ကစားဟန်တစ်ခုကိုပါတွေ့မြင်လာရပြီး ရှေ့ လယ် နောက်ကစားသမားလူစာရင်းကလည်း အတောင့်တင့်ဆုံးအနေအထားတစ်ခုကိုရရှိထားပါတယ်။ ဂိုးကံခေနေတဲ့ တိုက်စစ်မှုး Werner နေရာကို တစ်ကျော့ပြန်တိုက်စစ်မှုးကြီး Lukaku ပြန်လည်ရောက်ရှိလာမှုနဲ့အတူ Chelsea တို့ကတော့ ကျွဲကို ဂျိုတက်ပေးသလိုဖြစ်တော့မှာပါ။ 

Game 1 ပွဲစဉ်အဖြစ်လည်း Crystal Palace အသင်းကို အိမ်ကွင်းမှာ 3 ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ကျေနပ်ဖို့ကောင်းတာတစ်ခုက နောက်တန်းခံစစ်မှူး Chalobah ရဲဲ့ ပထမဦးဆုံး ပွဲဦးထွက် Premier League ပွဲစဉ်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းပါ။ ဒါကိုကြည့်ခြင်းအားဖြင့် Chelsea ဟာ ရှေ့ လယ် နောက် မှာရွေးချယ်စရာတွေအများကြီး ရှိနေတဲ့ လူစာရင်းတစ်ခုကိုပိုင်ဆိုင်ထားခြင်းပါ။ ဒါကလည်း ပြိုင်ပွဲစုံယှဉ်ပြိုင်ရမယ့်အသင်းတစ်သင်းအတွက် ကစားသမားတွေကို အလှည့်ကျနဲ့သုံးဖို့ ကောင်းမွန်တဲ့အချက်တစ်ခုပါ။ အဲ့တော့ လာမယ့်ပွဲမှာ လူကာကူပွဲထွက်လာမလား ဂိုးရောသွင်းဦးမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

Head to head ( နောက်ဆုံးတွေ့ဆုံမှုငါးကြိမ် )

Arsenal 1-2 Chelsea ( Club Friendlies )

Chelsea 0-1 Arsenal ( EPL )

Arsenal 3-1 Chelsea ( EPL )

Arsenal 2-1 Chelsea ( FA Cup )

Chelsea 2-2 Arsenal ( EPL ) 

ဒါကိုကြည့်ခြင်းအားဖြင့် Chelsea ဟာ Arsenal အသင်းကို နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ 5 ပွဲမှာ ခြေစမ်းပွဲတစ်ပွဲကလွဲရင်ကျန် 4 ပွဲမှာ 1 ပွဲသရေကျပြီး 3 ပွဲအရှုံးပေးထားခဲ့ရပါတယ်။ Arsenal အသင်းအနေနဲ့ H2H အနေအထားမှာတော့အသာစီးရထားတယ်လို့ပြောလို့ရပါမယ်။

Injury and suspended players ( ဒဏ်ရာရ - ပွဲပယ် )

Arsenal - Lacazette , Nketiah , Gabriel , Runarsson , Partey , Aubemeyang*

Chelsea - Pulisic , Ziyech , Loftus-Cheek , Kante* 

*ပြထားသော ကစားသမားများမှာ Fitness problem အနည်းငယ်နှင့် ပါဝင်နိုင်ဖို့အနည်းငယ် အခွင့်အရေးရှိ

Possible Line-up ( ဖြစ်နိုင်ပွဲ လူစာရင်း )

Arsenal 


Chelsea



သုံးသပ်ချက် 

အထက်မှာပြောခဲ့သလိုပဲ Game 1 တစ်ခုပဲကြည့်ပြီး အသေအချာအတိအပြတ်ပြောလို့တော့မရသေးပါဘူး။နောက်ဆုံးတွေ့ဆုံမှုတွေမှာလည်း Arsenal အသင်းအနေနဲ့ သိသိသာသာ အသာစီးရထားခဲ့သလို နောက်တစ်ခုကအိမ်ကွင်းပရိသတ်တွေရှေ့မောက်မှာ ကစားရမှာဖြစ်နေခြင်းမှာ။ Big Match တွေရဲ့ အားသာချက်တစ်ခုက ကိုယ့်အိမ်ကွင်း ကိုယ့်ပရိသတ်ရှေ့မှာ ကစားခွင့်ရခြင်းပါ။ Arteta အနေနဲ့လည်း အသင်းကိုပြန်ဆွဲတင်ဖို့ ရေကုန်ရေကန်းသေချာပေါက်အနိုင်ကစားဖို့ကြိုးစားလာမှာဖြစ်ပြီး တစ်ဖက်မှာ မလွယ်ကူတဲ့ အနေအထားကလည်း တအားကောင်းနေတဲ့ Chelsea ဖြစ်နေခြင်းပါ။ Chelsea ကလည်း Title ကို စိန်ခေါ်နိုင်ဖို့အတွက် သေချာပေါက်အနိုင်ကစားဖို့ ပြင်ဆင်လာမှာပါ။ အမှားနည်းအောင် ကစားနိုင်တဲ့အသင်းက အနိုင်ရသွားဖို့ရှိပြီး မထင်မှတ်ဘဲအပြန်အလှန်သွင်းဂိုးတွေနဲ့ ကပ်ပြီးအနိုင်အရသွားမယ့်ပွဲမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူကာကူရဲ့တစ်ကျော့ပြန် england မြေစွန့်စားခန်းနဲ့အတူ , Arteta ရဲ့ အသင်းကို ဘယ်လိုနည်းစနစ်တွေနဲ့ ပြန်ပီး ဆွဲတင်ပေးသွားမလဲဆိုတာ ဒီည 10 နာရီမှာ အားလုံးပဲတူတူစောင့်ကြည့်လိုက်ကြရအောင်ဗျာ။ 

Comments

Post a Comment