Artificial Intelligence (AI)
Unicode
2000 ပြည့်နှစ်နောက်ပိုင်း ဆယ်စုနှစ်နစ်ခုနီးပါး ကုန်လွန်လာတဲ့အခါ 21 ရာစုကို ပုံဖော်ပေးမယ့် နည်းပညာတွေအကြောင်း တဖြည်းဖြည်းချင်း ရိပ်စားမိနိုင်ကြပါပြီ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရပ်နယ်ပယ်၊ စိတ်ဝင်စားမှု၊ ဝါသနာချင်း မတူညီတာကြောင့် ခန့်မှန်းတွက်ဆချက်တွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နယ်ပယ်တိုင်း၊ ဘာသာရပ်တိုင်းက မငြင်းဆန်နိုင်မယ့် နည်းပညာတစ်ရပ်တော့ ရှိနှင့်နေပါတယ်။ အဲဒါကတော့ Artificial Intelligence (AI) ဒါမှမဟုတ် ဖန်တီးပြုလုပ်ထားတဲ့အသိဉာဏ်ပါ။ ဘယ်လိုပညာရပ်အသိုင်းအဝိုင်းမှာပဲဖြစ်ပါစေ၊ နဂိုမူလတုန်းက သူ့ဘာသာ စဥ်းစားလုပ်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့ သက်မဲ့အရာဝတ္ထုတစ်ခုကို AI အနည်းငယ်လောက်ထည့်သွင်းပေးလိုက်ရုံနဲ့ တကယ်ကို ကွာခြားသွားတဲ့ အရာဝတ္ထုတွေ ဖြစ်သွားစေတော့မှာပါ။ AI ရှိနေတဲ့ အရာတစ်ခုက အရင်ကနဲ့ လုံးဝမတူအောင် စွမ်းဆောင်ရည်မြင့်သွားပါလိမ့်မယ်။ လောကကြီးကို ပြောင်းလဲပေးတဲ့အရာတွေထဲမှာ AI ထက်ပိုပြီး လက်စောင်းထက်တဲ့အရာဆိုလို့ အတော်လေး စဥ်းစားယူရပါတော့မယ်။
AI ကို ဆန်းဆန်းပြားပြား နည်းပညာတစ်ခုလို့ထင်နေငြပေမယ့် တကယ်တော့ ကျွန်တော်တို့ နေ့တိုင်း ရင်းရင်းနှီးနှီး အသုံးပြုနေကြတာပါ။လှပတဲ့ရှုခင်းတစ်ခုကို (ဒါမှမဟုတ် မလှမပ ကိုယ့်မျက်နှာကြီးကို လှတပတဖြစ်အောင်) ဓါတ်ပုံရိုက်တိုင်း ဖုန်းကင်မရာထဲမှာ ထည့်သွင်းထားတဲ့ AI နည်းပညာကို အသုံးပြုနေကြပါတယ်။ Facebook ပေါ်မှာ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေချည်း ဖတ်နေရတယ်။ ဒါမှမဟုတ် ကိုယ်ကြိတ်ကြွေနေတဲ့တစ်ယောက်ကို ခဏခဏမြင်ပြီး ရင်ခုန်နေရတယ်ဆိုတာကလည်း နောက်ကွယ်က AI နည်းပညာတွေရဲ့ အကူအညီကြောင့်ပါ။ နောက်ဆုံး အခုပြောနေတာတွေကို မယုံလို့ အင်တာနက်မှာ ရှာဖတ်မယ်ဆိုရင်လည်း ကိုယ့်ဖုန်းမျက်နှာပြင်ပေါ်မှာ AI နည်းပညာက ရွေးချယ်ပေးလိုက်တဲ့စာတွေကိုသာ ဖတ်ကြရပါလိမ့်မယ်။
ဒါဖြင့် အခုလို ကျွန်တော်တို့တွေရဲ့ ဘဝနယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပါဝင်ပတ်သက်နေတဲ့ AI နည်းပညာဆိုတာ လက်ခံကြိုဆိုသင့်တဲ့ နည်းပညာတစ်ခုလား၊ ဒါမှမဟုတ် ဆန့်ကျင်ရှောင်ဖယ်ရမှာလား။ တစ်နည်းအားဖြင့် AI နည်းပညာက ကောင်းသလား၊ ဆိုးသလားပေါ့။ ဒါကိုမဆုံးဖြတ်ခင် AI ဆိုတာဘာလဲလို့ သေချာဆန်းစစ်ကြည့်ရအောင်ပါ။
AI ဆိုတာ ဘာလဲ
Artificial Intelligence ရဲ့ စကားလုံးအတိုင်းအဓိပ္ပါယ်က ဖန်တီးပြုလုပ်ထားတာ အသိဉာဏ်ပါ။ AI ဘာသာရပ်ဆိုတာကလည်း အသိဉာဏ်ရှိတဲ့ အရာတစ်ခုခုကို လေ့လာခြင်းလို့ ဆိုကြပါတယ်။ အရာဝတ္ထုတစ်ခုခုက ပတ်ဝန်းကျင်အခြေအနေကို လေ့လာစူးစမ်းတတ်မယ်၊ ရလာတဲ့ အချပ်အလက်တွေကို အသုံးချပြီး သူ့ရဲ့ ရည်ရွယ်ချက်ပြီးမြောက်အောင် အကောင်းဆုံး လုပ်ဆောင်နိုင်မယ်ဆိုရင် အသိဉာဏ်ရှိတယ်လို့ အကြမ်းဖျင်းသတ်မှတ်ထားကြပါတယ်။
တစ်ခါတစ်ရံမှာတော့ လူ့စိတ်အတိုင်း တွေးတတ်၊ စဥ်းစားဆုံးဖြတ်တတ်၊ ပြုမူလုပ်ဆောင်တတ်မယ့် စက်တစ်မျိုးမျိုးကို AI လို့ သုံးနှုန်းတတ်ကြပါသေးတယ်။ ဒါပေမယ့် စက်တစ်လုံး၊ စနစ်တစ်ခုမှာ အသိဉာဏ်ရှိလာဖို့ လူ့စိတ်အတိုင်း တွေးခေါ်တတ်ဖို့ မလိုအပ်တတ်ပါဘူး။ ဒီသဘောကို AI နည်းပညာရဲ့ ဖခင်ကြီးလို့ တင်စားခံရသူ ဗြိတိသျှသင်္ချာပညာရှင် အလန်ကျူးရင်းက အတိအလင်းပြောခဲ့ပြီးပါပြီ။ စက်တစ်လုံးက လူတွေလို တွေးတတ်ဖို့မလိုဘူး။ သူ့အသိဉာဏ်နဲ့သူ လုပ်ဆောင်တတ်နိုင်ဖို့ပဲလိုတယ်လို့ သူကပြောခဲ့တာပါ။ စက်တစ်လုံး၊ စနစ်တစ်ခုမှာ အသိဉာဏ်ရှိ၊ မရှိ ဆုံးဖြတ်ပေးနိုင်တဲ့ သူ့နဲ့နည်းလမ်းကို Turing Test လို့ လူသိများပါတယ်။
1956 ခုနှစ်အတွင်း ဒါးမောင့်တက္ကသိုလ်ရဲ့ အလုပ်ရုံတစ်ခုထဲမှာ AI သုတေသနတစ်ခု စတင်မွေးဖွားခဲ့ပါတယ်။ လူ့ဦးနှောက်နဲ့ အီလက်ထရွန်နစ် စက်ကိရိယာတွေကို ဆက်စပ်လေ့လာတဲ့ အရင်ရှိနှင့်ပြီးသား Cybernetics ဘာသာရပ်နဲ့ မရောထွေးစေချင်တာကြောင့် အဲဒီသုတေသနမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဂျွန်မက္ကာသီက ဖန်တီးပြုလုပ်ထားတဲ့ အသိဉာဏ် (Artificial Intelligence) လို့ စတင်ခေါ်ဝေါ်သုံးစွဲလိုက်တာပါ။
တောက်မယ့်မီးခဲ တရဲရဲဆိုသလို AI က တာထွက်ကောင်းခဲ့ပါတယ်။ AI နည်းပညာနဲ့ ကျားကစားနည်း(Chess)ကို သင်ယူစေပြီး 1959 ခုနှစ်ရောက်တဲ့အခါ သာမန်လူတသ်ယောက်ထက်ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်နေပါပြီ။ ဂဏန်းသင်္ချာပုစ္ဆာတွေ တွက်ချက်ပြနိုင်ခဲ့သလို အင်္ဂလိပ်စကားကိုလည်း ပြောဆိုတတ်ခဲ့ပါတယ်။ ဒီလိုမျိုး အောင်မြင်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထောက်ပံ့မှုတွေကို အမြောက်အမြားရရှိခဲ့ပြီး နောက်ထပ်ပန်းတိုင်သစ်တွေအတွက် တာစူနေခဲ့ပါတယ်။
ဒါပေမယ့် 20 ရာစုရဲ့ အထူးချွန်ဆုံးသင်္ချာပညာရင်လို့ သတ်မှတ်ခံထားရသူ ဆာဂျိမ်းစ်လိုက်တ်ဟေးလ်ရဲ့ AI အပေါ်ဝေဖန်ချက်တွေကြောင့် အမေရိကန် ကွန်ဂရက်လွှတ်တော်က AI နည်းပညာအပေါ် အထောက်အပံ့ပေးဖို့ တွန့်ဆုတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ 1970 ပြည့်နှစ်အလွန်ကာလတွေမှာ သိသိသာသာထွန်းကားလာခြင်းမရှိတော့ဘဲ တိုးတက်မှုတွေ အေးစက်သွားခဲ့ရပါတယ်။ ဒါကြောင့် အဲဒီကာလတွေကို AI ရဲ့ ဆောင်းရာသီလို့ တင်စားကြပါတယ်။
AI အတွက် 21 ရာစု
ဒါပေမယ့် 20 ရာစုအကုန်၊ 21 ရာစုအစမှာ AI နည်းပညာဟာ ပြန်လည်ပွင့်လန်းလို့ လာခဲ့ပါတယ်။ ဘယ်ခေတ် ဘယ်အချိန်တုန်းကနဲ့မှမတူအောင် နယ်ပယ်တိုင်းမှာ ထိထိရောက်ရောက် အသုံးချလာနိုင်ခဲ့တာပါ။ 1997 ခုနှစ် မေလ 11 ရက်မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဂယ်ရီကက်စပါးရော့ကို AI နည်းပညာသုံး Deep Blue ကွန်ပျူတာစနစ်က နောက်ကောက်ချလိုက်ပါတယ်။ လူတွေရဲ့ ဉာဏ်ရည်ကို ကွန်ပျူတာဉာဏ်ရည်က ပခုံးချင်းယှဥ်လာပြီဆိုတဲ့ သက်သေပါပဲ။ 2011 ခုနှစ်အတွင်း Jeopardy! ပဟေဠိအစီအစဥ်မှာလည်း IBM ကုမ္ပဏီရဲ့ ကွန်ပျူတာ ဝပ်ဆန်(Watson)က လူသားချန်ပီယံနှစ်ယောက်ကို ပြတ်ပြတ်သားသား အလဲထိုးလိုက်ပြန်ပါတယ်။ 2016 ခုနှစ် မတ်လမှာ အယ်လ်ဖာဂိုး(AlphaGo) ကွန်ပျူတာက လူသားချန်ပီယံ လီးဆီဒေါနဲ့ GO ကစားနည်း ငါးပွဲယှဥ်ပြိုင်ခဲ့ပြီး လေးပွဲအနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် နောက်တစ်နှစ်အကြာမှာ အယ်လ်ဖာဂိုးကွန်ပျူတာက ကမ္ဘာ့ချန်ပီယံအဖြစ် နှစ်နှစ်ကြာရပ်တည်နေခဲ့တဲ့ ကစားသမားကီဂျီကို သုံးပွဲပြတ်အနိုင်ယူလိုက်ပြန်ပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးက AI နည်းပညာရဲ့ အောင်မြင်မှု မှတ်တိုင်တွေပါပဲ။
အကြောင်းအရင်း (3) ချက်
21 ရာစုအတွင်း AI နည်းပညာ ထွန်းကားလာရခြင်းအတွက် အဓိကအကြောင်းအရင်းကြီး သုံးချက်ရှိနေပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေတာက ဒီအကြောင်းအရာတွေကိုယ်တိုင် ဆက်လက်ထွန်းကားနေတာကြောင့် အနာဂါတ်မှာလည်း AI နည်းပညာကို ပိုပြီး မီးစာထိုးပေးဖို့ဖြစ်နေပါလိမ့်မယ်။
1. ပိုမိုလွယ်ကူအဆင်ပြေလာသော တွက်ချက်နိုင်စွမ်း
စဥ်းစားဆုံးဖြတ်ဖို့အတွက် လူ့ဦးနှောက်အတွင်းမှာ အလုပ်တွေအများကြီးကို တစ်ပြိုင်တည်းလုပ်ဆောင်ရပါတယ်။ အာရုံကြောတစ်ခုကနေတစ်ခု အပြန်အလှန်ချိတ်ဆက်ပြီး အချက်အလက်တွေကူးပြောင်းပေးဖို့၊ ဒါ့အပြင် တခြားအာရုံကြောတွေနဲ့ပါ တစ်ပြိုင်တည်းချိတ်ဆက်ထားပြီး အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ AI နည်းပညာအနေနဲ့ လူ့အသိဉာဏ်အတိုင်း စဥ်းစားဆုံးဖြတ်ဖို့ဆိုရင် လူ့အာရုံကြောတွေအတိုင်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ တွက်ချက်မှုမျိုးစုံကို လုပ်ဆောင်နိုင်စွမ်း ရှိရပါလိမ့်မယ်။ ပုံမှန်ကွန်ပျူတာတစ်လုံးက အခုလိုမျိုး ကိစ္စအများကြီးကို မကိုင်တွယ်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် လွန်ခဲ့တဲ့ 10 နှစ်လောက်ကစပြီး Graphic Processing Unit (GPU) တွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အရည်အသွေးမြင့်ဂိမ်းတွေကစားနိုင်ဖို့အတွက် တွက်ချက်မှုအများအပြား လုပ်ဆောင်နိုင်အောင် GPU တွေကို စတင်အသုံးချခဲ့ကြတာပါ။ ဒီလိုနဲ့ 2005 ခုနှစ်အရောက်မှာ GPU တွေရဲ့စျေးနှုန်းက အရင်ကထက်စာရင် ချိုချိုသာသာဖြစ်သွားခဲ့ပါပြီ။
2009 ခုနှစ်အတွင်း စတန်းဖို့ဒ်တက္ကသိုလ်မှာ အင်ဒရူးနန်းနဲ့အဖွဲ့က GPU ချစ်ပ်ပြားတွေကို အသုံးပြုပြီး လူ့အာရုံကြောပုံစံ ကွန်ပျူတာစနစ်တွေကို တည်ဆောက်ကြည့်နိုင်ခဲ့ပါတယ်။ အချက်အလက်ပေါင်း သန်းနဲ့ချီတဲ့ တွက်ချက်မှုတွေကို ပုံမှန်ကွန်ပျူတာတွေက တစ်ပတ်နှစ်ပတ်လောက် တွက်နေရပေမယ့် အင်ဒရူးတို့ရဲ့စနစ်မှာတော့ တစ်ရက်သာကြာမြင့်ပါတော့တယ်။ ဒီလိုနည်းနဲ့ AI နည်းပညာအတွက် လိုအပ်တဲ့တွက်ချက်နိုင်စွမ်းကို GPU တွေက ပေးစွမ်းလာနိုင်ခဲ့ပါတယ်။ လက်ရှိ Facebook၊ Google အပါအဝင် တခြားနည်းပညာကုမ္ပဏီကြီးတွေရဲ့ AI နည်းပညာသုံးစနစ်တွေကို GPU တွေအပေါ် အခြေခံပြီး တည်ဆောက်ထားကြတာပါ။ ဒါ့အပြင် အသစ်ဖန်တီးနေဆဲ ကွမ်တမ်ကွန်ပျူတာတွေကြောင့် တွက်ချက်နိုင်စွမ်းက အဆမတန်တိုးတက်လာနေဦးမှာ သေချာလို့နေပါတယ်။
2. ဧရာမဒေတာကြီး အသင့်ရှိနေခြင်း
အသိဉာဏ်ရယ်လို့ဖြစ်လာအောင် သင်ယူနိုင်စွမ်းရှိနေရုံနဲ့တင် မလုံလောက်သေးပါဘူး။ သင်ယူစရာတွေကလည်း ရှိနေဦးမှပါ။ ကလေးငယ်တွေမှာတောင် အရောင်တွေ၊ ခွေးတွေ၊ ကြောင်တွေကို ခွဲခြားမှတ်မိဖို့ အကြိမ်ရေအမြောက်အမြား လေ့လာမှတ်သားရပါတယ်။ ကွန်ပျူတာတွေဆိုရင်တော့ ဆိုဖွယ်မရှိတော့ပါဘူး။ အကောင်းဆုံးတွက်ချက်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာတစ်လုံးကလည်း တွက်ချက်သင်ယူစရာမရှိရင် ဘာမှအသုံးမဝင်နိုင်တော့ပါဘူး။
ဒါပေမယ့် အခုရှိနှင့်ပြီးသား အင်တာနက်ကွန်ယက်ကြီးက AI နည်းပညာအတွက် လေ့လာချင်တိုင်းလေ့လာနိုင်တဲ့ တက္ကသိုလ်ကြီးတစ်ခုအတိုင်းပါပဲ။ အွန်လိုင်းပေါ်ရှိနေတဲ့ ဧရာမပမာဏဒေတာတွေကြောင့် AI နည်းပညာသုံးစနစ်တစ်ခုက ကြိုက်တဲ့နယ်ပယ်မှာ ကြိုက်သလိုလေ့လာသင်ယူနိုင်နေပါပြီ။
" တကယ်တော့ AI နည်းပညာသုံး စနစ်တစ်ခုတည်ဆောက်တယ်ဆိုတာ ဒုံးပျံကြီးတစ်စင်း တည်ဆောက်တာနဲ့ အတူတူပဲဗျ။ ခင်ဗျားမှာ အင်ဂျင်အကြီးကြီးတစ်လုံးရယ်၊ လောင်စာအများကြီးရယ်ပဲလိုအပ်တာ။ တွက်ချက်နိုင်စွမ်းမြင့်မားတဲ့ အင်ဂျင်ကြီးထဲကို ဒေတာဆိုတဲ့ လောင်စာတွေ တတ်နိုင်သလောက် များများထည့်ပေးလိုက်ရုံပဲလေ " လို့ အင်ဒရူးနန်းက တင်စားခဲ့ပါတယ်။
3. ပိုမိုကောင်းမွန်လာသော အယ်လ်ဂိုရစ်သမ်များ
အယ်လ်ဂိုရစ်သမ်(Algorithm) တွေဆိုတာ ကွန်ပျူတာတွေ အလုပ်လုပ်တတ်အောင် လူတွေပေးရတဲ့ ညွှန်ကြားချက်တွေဖြစ်ပါတယ်။ 1950 ပြည့်နှစ်တွေကတည်းက အယ်လ်ဂိုရစ်သမ်တွေကို လူတွေရင်းနှီးခဲ့ပေမယ့် လူ့အာရုံကြောစနစ်လို ရှုပ်ထွေးနက်နဲတဲ့ စနစ်တွေအတွက် အယ်လ်ဂိုရစ်သမ်တွေ မရေးနိုင်ခဲ့ကြသေးပါဘူး။
ဒီအတွက် အဖြေကတော့ အလွှာလိုက်၊ အဆင့်လိုက် တွက်ချက်မှုတွေပြုလုပ်တတ်စေဖို့ အယ်လ်ဂိုရစ်သမ်တွေ ရေးသွင်းပေးလိုက်တာပါပဲ။ ဥပမာ ကိုယ့်ဖုန်းရဲ့ မျက်နှာပြင်ဖတ်စနစ်ကိုပဲကြည့်ပါ။ ပထမအလွှာမှာ ဘယ်ဟာမျက်နှာလဲ အရင်လိုက်ရှာပါတယ်။ တွေ့ပြီဆိုမှ နောက်တစ်လွှာတက်ပြီး မျက်လုံးကိုထပ်ရှာပါတယ်။ အဲဒီနောက် တခြားမျက်လုံးတစ်ဖက်၊ မျက်လုံးနှစ်လုံးကို တွေ့ပြီဆိုမှ အဲဒီကြားက နှာခေါင်း စသည်ဖြင့် အလွှာလိုက် အဆင့်ဆင့် တွက်ချက်ယူသွားတာပါ။
2006 ခုနှစ်မှာ တိုရွန်တိုတက္ကသိုလ်ရဲ့ ဂျော့ဟင်တန်က ဒီနည်းလမ်းကို " Deep Learning " လို့ အမည်ပေးလိုက်ပါတယ်။ လူ့အာရုံကြောစနစ်တွေအတိုင်း တုပလုပ်ဆောင်နိုင်ဖို့ ဒီနည်းလမ်းနဲ့ မလုံလောက်သေးဘူးဆိုပေမယ့် AI နည်းပညာသုံးထားတဲ့ Deep Mind နဲ့ ဝပ်ဆန်တို့အပြင် Google ရှာဖွေမှုတိုင်း၊ Facebook တက်လာသမျှတိုင်းမှာ ဒီနည်းလမ်းကိုပဲ အသုံးပြုနေကြတာပါ။ AI နည်းပညာကို ပံ့ပိုးပေးနေတဲ့ ဒီအကြောင်းအရင်းကြီး (3) ချက်က ဆက်လက်တိုးတက်နေဦးမှာမို့ AI နည်းပညာကလည်း ဆက်ပြီး ထွန်းကားလာနေဦးမှာပါပဲ။ ဒါဖြင့် ဒီလိုတိုးတက်မှုက ကျွန်တော်တို့လူသားတွေအတွက် အကျိုးရှိစေမှာလား၊ အကျိုးယုတ်စေမှာလား။
လက်ရှိ 21 ရာစုရဲ့ နေ့စဥ်ဘဝလုပ်ဆောင်မှုတိုင်းမှာ AI နည်းပညာကို ဖယ်ထုတ်ထားလို့ မရနိုင်တော့ဘူးဆိုတာ သေချာနေပါပြီ။ နည်းပညာအသစ်တွေ ဆက်လက်ထွက်ပေါ်လာနေတာနဲ့အမျှ AI ကိုပေါင်းထည့်ပြီး ပိုကောင်းတဲ့၊ ပိုအဆင်ပြေတဲ့၊ ပိုထိရောက်တဲ့ အရာဝတ္ထုတွေ ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါတွေကို လူတိုင်းရဲ့ နေ့စဥ်ဘဝမှာ အသုံးပြုလာကြပြီး မရှိမဖြစ် လိုအပ်အဆင့်အထိ ရောက်လာနိုင်ပါတယ်။
ဒီလိုမျိုး နေ့စဥ်သုံးဖြစ်လာမယ့် AI နည်းပညာရဲ့ ကောင်းကျိုးတွေကို ပြောလို့မကုန်နိုင်တော့ပါဘူး။ အရာဝတ္ထုတစ်ခုကို AI နည်းပညာသာ ပေါင်းထည့်ကြည့်လိုက်ပါ။ အံ့မခန်းထိရောက်မှု၊ စွမ်းဆောင်ရည်တွေ ပြန်ရလာလိမ့်မယ်လို့ ကမ္ဘာကျော်နည်းပညာစာရေးသူ ကယ်လ်ဗင်ကယ်လီက သူ့ရဲ့အရောင်းရဆုံးစာအုပ် " The inevitable " မှာ ဖော်ပြခဲ့ပါတယ်။ ဒါဖြင့် AI ရဲ့ တခြားမျက်နှာစာတစ်ဖက်မှာကော ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေပါသလဲ။
လူသတ်လက်နက်များ
AI နည်းပညာကို နည်းမျိုးစုံနဲ့ အသုံးချနေကြရာမှာ လက်ရှိအန္တရာယ်အရှိဆုံးနယ်ပယ်ကတော့ လက်နက်တွေပါ။ အသိဉာဏ်ထည့်သွင်းပေးလိုက်တဲ့ လက်နက်တွေက သူတို့ရဲ့မောင်းခလုတ်ကို သူတို့ကိုယ်တိုင် ပြန်နှိပ်ကြပါတော့မယ်။ ကျည်ဆန်ထွက်မယ့် သေနတ်တစ်လက်ဆိုရင် သိပ်ပြီးကိစ္စမရှိသေးပေမယ့် အနုမြူထိပ်ဖူးတပ် ဒုံးကျည်တစ်စင်းဆိုရင်တော့ လူသားမျိုးနွယ်ကြီးတစ်ခုလုံးအတွက် စိုးရိမ်ရပါပြီ။ လက်ရှိအချိန်အထိ သိရသလောက် စစ်ဆင်ရေးကိစ္စတွေမှာ AI နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာက စုံစမ်းထောက်လှမ်းရေးမှာဖြစ်ပါတယ်။
AI နည်းပညာသုံး မောင်းသူမဲ့ယာဥ်တွေ၊ ဒရုန်းတွေ သူတို့စုံစမ်းသိရှိလာတဲ့ အချက်အလက်တွေကို သူတို့ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာပြီး ဒါမှမဟုတ် နောက်ကွယ်က ကွန်ပျူတာတွေရဲ့ တွက်ချက်မှုတွေကို အသုံးပြုပြီး ဘာဆက်လုပ်ရမလဲဆိုတာ၊ ဘယ်လိုမျိုး အကောင်းဆုံးလှုပ်ရှားရမလဲဆိုတာ သိရှိနေကြပါပြီ။ ဒါဖြင့် လက်နက်တွေတပ်ဆင်ထားတဲ့ ဒရုန်းတွေမှာကော AI နည်းပညာကို ဘယ်အတိုင်းအတာအထိ သုံးစွဲကြမှာလဲ။ နောက်ပြီး အဲဒီ AI နည်းပညာက လူသားတွေရဲ့ထိန်းချုပ်မှုကို မနာခံချင်တော့ဘူးဆိုရင်ကော။
" AI နည်းပညာဆိုတော့ ရုရှားအတွက်သာမက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အနာဂါတ်ပါ။ ခန့်မှန်းလို့မရနိုင်တဲ့ အခွင့်အလမ်းတွေရှိနေသလို မှန်းဆလို့မရနိုင်တဲ့ အန္တရယ်တွေလည်း ရှိနေပါတယ်။ ဒီနယ်ပယ်မှာ ဘယ်သူကြီးစိုးနိုင်သည်ဖြစ်စေ၊ အဲဒီသူက တစ်လောကလုံးကို ကြီးစိုးနိုင်မှာပဲ " လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောခဲ့ဖူးပါတယ်။
လူမှုရေး ကြိုးကိုင်ခြယ်လှယ်မှုများ
လူမှုကွန်ရက်တွေက AI နည်းပညာကို အသုံးပြုပြီး ကျွန်တော်တို့ဘယ်မှာနေသလဲ၊ ဘာကြိုက်တတ်လဲ၊ ဘယ်လိုစရိုက်ရှိသလဲ နောက်ဆုံး ကျွန်တော်တို့ ဘာတွေးနေသလဲဆိုတာအထိ အချက်အလက်တွေ စုဆောင်းနေကြပါတယ်။ ဒီလိုမျိုးရလာတဲ့ အချက်အလက်တွေကို စျေးကွက်အမျိုးမျိုးမှာ အကျိုးရှိအောင် ပြန်လည်အသုံးချနေကြပါတယ်။ ဒါပေမယ့် စျေးရောင်းဖို့ထက် ပိုပြီးကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေမှာ ဘာကြောင့်အသုံးမပြုရမှာလဲ။
အမေရိကန်ပြည်ထောင်စုရဲ့ 2016 ခုနှစ် သမ္မတရွေးကောက်ပွဲတွေ၊ ဗြိတိန်နိုင်ငံရဲ့ ဥရောပသမဂ္ဂကနေ ခွဲထွက်၊ မထွက် လူထုဆန္ဒခံယူပွဲတွေမှာ လူမှုကွန်ယက်တွေကနေ ကြိုးကိုင်ခြယ်လှယ်မှုတွေရှိနေတယ်လို့ စွပ်စွဲထားကြပါတယ်။ ဒါတွေမှန်လား၊ မမှန်ဘူးလားဆိုတာ စုံစမ်းစစ်ဆေးနေကြတုန်းဆိုပေမယ့် သတိပေးခေါင်းလောင်းသံအဖြစ်တော့ အားလုံးမှတ်ယူကြရပါမယ်။ ကျွန်တော်တို့အကြောင်းကို ကျွန်တော်တို့ထက်တောင်ပိုသိနေတဲ့ AI နည်းပညာသုံး လူမှုကွန်ယက်တွေက သူတို့ရဲ့ရည်ရွယ်ချက်အတိုင်းဖြစ်လာအောင် ကျွန်တော်တို့တစ်ယောက်စီတိုင်းကို မသိမသာ ကြိုးကိုင်ခြယ်လှယ်သွားနိုင်ပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးလာခြင်း
မကြာသေးခင်ကပဲ ဘောလုံးပွဲကြည့်နေတဲ့ ပရိသတ်အားလုံးရဲ့မျက်နှာတွေကို တစ်ပြိုင်နက်တည်း ခွဲခြမ်းစိတ်ဖြာနိုင်မယ့် AI နည်းပညာသုံးကင်မရာကို ဖန်တီးနိုင်ခဲ့ပြီလို့ တရုတ်သတင်းစာတွေက ကြွေးကြော်လိုက်ပါတယ်။ တစ်နည်းအားဖြင့် ဘယ်လောက်များတဲ့ လူအုပ်ထဲရောက်နေပါစေ၊ ကိုယ့်မျက်နှာကို မမှတ်မိအောင် ပုန်းရှောင်နေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါဖြင့် တခြားနေရာမှာ ပုန်းနေမယ်ဆိုရင်ကော။
တကယ်တော့ ကင်မရာတစ်လုံးတစ်လေတောင် မရှိမယ့်နေရာဆိုတာ အင်မတန်ရှားပါးလာနေပါပြီ။ တရုတ်ပြည်ရဲ့ စောင့်ကြည့်စနစ်မှာ ကင်မရာအလုံးပေါင်း သန်း 200 ကျော် တပ်ဆင်ထားပါတယ်။ ကင်မရာပေါ်ဖြတ်သန်းသွားသမျှ လူတိုင်းရဲ့မျက်နှာတွေကို AI နည်းပညာသုံးပြီး ခွဲခြမ်းစိတ်ဖြာမှတ်သားနေပါတယ်။
ရုရှားနိုင်ငံကလည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ လုံခြုံရေးအတွက် သန်းပေါင်းများစွာသော ကင်မရာတွေ တပ်ဆင်ခဲ့ပါတယ်။ ပြိုင်ပွဲကြီးကို ဘေးကင်းစွာနဲ့ ကျင်းပနိုင်ခဲ့လို့ သူတို့ရဲ့စနစ်က အောင်မြင်တာထက် ပိုသွားသလိုပါပဲ။ ပြိုင်ပွဲကြီးပြီးသွားပေမယ့် ဒီကင်မရာတွေကိုတော့ လုံးဝပြန်မဖြုတ်တော့ပါဘူး။ ထပ်ပြီးတိုးမြှင့်တပ်ဆင်ဖို့သာ ပြင်ဆင်နေပါပြီ။
ဒီလိုမျိုး ကျွန်တော်တို့ သွားလာလှုပ်ရှားပြုမူသမျှကို နေရာတိုင်း၊ အချိန်တိုင်းစောင့်ကြည့်နေမယ့် AI နည်းပညာသုံး ကင်မရာစနစ်တွေကြောင့် တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ အကြီးအကျယ် ခြိမ်းခြောက်ခံနေရပါပြီ။
ပန်းတိုင်ချင်း ကွာဟလာခြင်း
AI နည်းပညာကို ကျွန်တော်တို့သဘောကျတယ်ဆိုတာ သူ့ရဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်အတိုင်း တစ်သဝေမတိမ်း အခါခပ်သိမ်းဖြစ်နေအောင် AI စနစ်ကို တိတိကျကျ မသတ်မှတ်ပေးနိုင်ဘူးဆိုရင်ကော။ တိတိကျကျ သတ်မှတ်ပေးထားခဲ့တာတောင် သူတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်ကြောင့် ပန်းတိုင်ချင်းကွာခြားလာမယ်ဆိုရင်ကော။ ထိထိရောက်ရောက်လုပ်ဆောင်နိုင်စွမ်းက သဘောကျစရာမဟုတ်တော့ဘဲ ချောက်ချားစရာဖြစ်သွားရပါတော့မယ်။
ဥပမာအားဖြင့် သူ့အလိုလို မောင်းနှင်ပေးမယ့် AI နည်းပညာသုံး ကားတွေကိုပဲကြည့်ပါ။ ဒီကားတွေက စိတ်ကူးထဲ၊ သုတေသနခန်းထဲမှာပဲ ရှိနေတာမဟုတ်တော့ပါဘူး။ လမ်းပေါ်ကို ရောက်နှင့်နေကြပါပြီ။ သူ့ရဲ့ပန်းတိုင်က ကားပေါ်ပါလာသူတွေရဲ့အသက်ကို စောင့်ရှောက်ပေးဖို့ သတ်မှတ်ထားတယ်ဆိုပါစို့။ ပုံမှန်သွားလာနေချိန်မှာတော့ ဒီပန်းတိုင်က အဆင်ပြေနေပါတယ်။ ဒါပေမယ့် ကားရှေ့ကို ကျောင်းဆင်းလာတဲ့ကလေးတစ်သိုက်က မဆင်မခြင် အတင်းလမ်းဖြတ်ကူးပြီဆိုရင်ကော။ ဒီကားကို လူတစ်ယောက်ယောက်ကသာ မောင်းနှင်ခဲ့တယ်ဆိုရင် ကလေးတွေကိုကယ်တင်ဖို့ ကိုယ်ဘာပဲဖြစ်ဖြစ်ဆိုပြီး လမ်းဘေးဆွဲချပစ်နိုင်ပါတယ်။ ဒါပေမယ့် AI ကားကတော့ သူ့ရဲ့ပန်းတိုင်ကို နည်းနည်းမှ အတိမ်းအစောင်းခံမယ်မထင်ပါဘူး။
အဖြေမှန်
အထက်မှာပြောခဲ့တာတွေက AI နည်းပညာရဲ့ အမှောက်ဘက်ခြမ်းတွေသာ ဖြစ်ပါတယ်။ လောကကြီးမှာ ဘယ်အရာကိုမဆို တစ်ဖက်ပဲကြည့်ပြီး မဆုံးဖြတ်နိုင်တာကြောင့် AI နည်းပညာက ကောင်းသလား၊ ဆ်ိုးသလားလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ကြသေးပါဘူး။ ကမ္ဘာ့ဦးနှောက်အကောင်းဆုံးလို့ သတ်မှတ်ရမယ့်လူတွေတောင် အခုထိ အငြင်းပွားနေကြဆဲပါပဲ။
သိပ္ပံပညာရှင်ကြီး စတီဖင်ဟော့ကင်းက AI နည်းပညာဆိုတာ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးတီထွင်မှုဖြစ်သွားလိမ့်မယ်လို့ မကွယ်လွန်မီ အထပ်ထပ်သတိပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း Facebook တည်ထောင်သူ မက်ဇူကာဘက်က AI နည်းပညာကြောင့် မျှော်မှန်းတွက်ဆလို့မရနိုင်မယ့် ကောင်းကျိုးတွေ ရလာလိမ့်မယ်လို့ သုံးသပ်ပါတယ်။ မိုက်ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်ကတော့ အစွန်းနှစ်ဖက်လုံးကိုရှောင်ပြီး သေသေချာချာထိန်းကွပ်နိုင်ခဲ့ရင် အဆိုးထက် အကောင်းကပိုများပါတယ်လို့ မယုတ်မလွန်ပြောခဲ့ပါတယ်။
1818 ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ စာရေးဆရာမ မေရီရှယ်လီရဲ့ " ဖရန်ကင်စတိန်း " ဝတ္ထုကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲမှာ လူလိုအသိဉာဏ်ရှိမယ့် သတ္တဝာစ်ကောင်ကိုဖန်တီးပြီး အဲဒီသတ္တဝါကြောင့် ဒုက္ခမျိုးစုံကြုံတွေ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက်အကြောင်းကို ရင်နင့်စဖွယ်ရေးသားထားပါတယ်။ အဲဒီအချိန်ကစပြီး လူ့သမိုင်းတစ်လျှောက် နည်းပညာသစ်ပေါ်လာတိုင်း အဲဒီနည်းပညာကြောင့် လူသားမျိုးနွယ်ကြီး ပျက်စီးရလေမလားလို့ ဖရန်ကင်စတိန်းတစ္ဆေခြောက်လှန့်နေခဲ့တာပါ။ 21 ရာစုရဲ့ ထွန်းကားလာဦးမယ့် AI နည်းပညာကကော ဘယ်လိုဖြစ်လာမှာပါလဲ။ ဒီမေးခွန်းကို လက်ရှိအချိန်မှာ ဘယ်သူမှ အဖြေမပေးနိုင်ကြပါဘူး။ ဒါပေမယ့် 21 ရာစုကုန်တဲ့အထိ မစောင့်ရတော့ဘူးဆိုတာ သေချာသလောက်ရှိနေပါတော့တယ်။
CLICK HERE DOWNLOAD FRANKENSTEIN by MARY SHELLEY
Zawgyi
2000 ျပည့္ႏွစ္ေနာက္ပိုင္း ဆယ္စုႏွစ္နစ္ခုနီးပါး ကုန္လြန္လာတဲ့အခါ 21 ရာစုကို ပုံေဖာ္ေပးမယ့္ နည္းပညာေတြအေၾကာင္း တျဖည္းျဖည္းခ်င္း ရိပ္စားမိနိုင္ၾကပါၿပီ။ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ပညာရပ္နယ္ပယ္၊ စိတ္ဝင္စားမႈ၊ ဝါသနာခ်င္း မတူညီတာေၾကာင့္ ခန့္မွန္းတြက္ဆခ်က္ေတြက အမ်ိဳးမ်ိဳးျဖစ္နိုင္ပါတယ္။ ဒါေပမဲ့ နယ္ပယ္တိုင္း၊ ဘာသာရပ္တိုင္းက မျငင္းဆန္နိုင္မယ့္ နည္းပညာတစ္ရပ္ေတာ့ ရွိႏွင့္ေနပါတယ္။ အဲဒါကေတာ့ Artificial Intelligence (AI) ဒါမွမဟုတ္ ဖန္တီးျပဳလုပ္ထားတဲ့အသိဉာဏ္ပါ။ ဘယ္လိုပညာရပ္အသိုင္းအဝိုင္းမွာပဲျဖစ္ပါေစ၊ နဂိုမူလတုန္းက သူ႕ဘာသာ စဥ္းစားလုပ္ေဆာင္နိုင္ျခင္းမရွိခဲ့တဲ့ သက္မဲ့အရာဝတၳဳတစ္ခုကို AI အနည္းငယ္ေလာက္ထည့္သြင္းေပးလိုက္႐ုံနဲ႕ တကယ္ကို ကြာျခားသြားတဲ့ အရာဝတၳဳေတြ ျဖစ္သြားေစေတာ့မွာပါ။ AI ရွိေနတဲ့ အရာတစ္ခုက အရင္ကနဲ႕ လုံးဝမတူေအာင္ စြမ္းေဆာင္ရည္ျမင့္သြားပါလိမ့္မယ္။ ေလာကႀကီးကို ေျပာင္းလဲေပးတဲ့အရာေတြထဲမွာ AI ထက္ပိုၿပီး လက္ေစာင္းထက္တဲ့အရာဆိုလို႔ အေတာ္ေလး စဥ္းစားယူရပါေတာ့မယ္။
AI ကို ဆန္းဆန္းျပားျပား နည္းပညာတစ္ခုလို႔ထင္ေနျငေပမယ့္ တကယ္ေတာ့ ကြၽန္ေတာ္တို႔ ေန႕တိုင္း ရင္းရင္းႏွီးႏွီး အသုံးျပဳေနၾကတာပါ။လွပတဲ့ရႈခင္းတစ္ခုကို (ဒါမွမဟုတ္ မလွမပ ကိုယ့္မ်က္ႏွာႀကီးကို လွတပတျဖစ္ေအာင္) ဓါတ္ပုံရိုက္တိုင္း ဖုန္းကင္မရာထဲမွာ ထည့္သြင္းထားတဲ့ AI နည္းပညာကို အသုံးျပဳေနၾကပါတယ္။ Facebook ေပၚမွာ ကိုယ္စိတ္ဝင္စားတဲ့အေၾကာင္းအရာေတြခ်ည္း ဖတ္ေနရတယ္။ ဒါမွမဟုတ္ ကိုယ္ႀကိတ္ေႂကြေနတဲ့တစ္ေယာက္ကို ခဏခဏျမင္ၿပီး ရင္ခုန္ေနရတယ္ဆိုတာကလည္း ေနာက္ကြယ္က AI နည္းပညာေတြရဲ႕ အကူအညီေၾကာင့္ပါ။ ေနာက္ဆုံး အခုေျပာေနတာေတြကို မယုံလို႔ အင္တာနက္မွာ ရွာဖတ္မယ္ဆိုရင္လည္း ကိုယ့္ဖုန္းမ်က္ႏွာျပင္ေပၚမွာ AI နည္းပညာက ေ႐ြးခ်ယ္ေပးလိုက္တဲ့စာေတြကိုသာ ဖတ္ၾကရပါလိမ့္မယ္။
ဒါျဖင့္ အခုလို ကြၽန္ေတာ္တို႔ေတြရဲ႕ ဘဝနယ္ပယ္စုံ၊ က႑စုံမွာ ပါဝင္ပတ္သက္ေနတဲ့ AI နည္းပညာဆိုတာ လက္ခံႀကိဳဆိုသင့္တဲ့ နည္းပညာတစ္ခုလား၊ ဒါမွမဟုတ္ ဆန့္က်င္ေရွာင္ဖယ္ရမွာလား။ တစ္နည္းအားျဖင့္ AI နည္းပညာက ေကာင္းသလား၊ ဆိုးသလားေပါ့။ ဒါကိုမဆုံးျဖတ္ခင္ AI ဆိုတာဘာလဲလို႔ ေသခ်ာဆန္းစစ္ၾကည့္ရေအာင္ပါ။
AI ဆိုတာ ဘာလဲ
Artificial Intelligence ရဲ႕ စကားလုံးအတိုင်းအဓိပ္ပါယ်က ဖန္တီးျပဳလုပ္ထားတာ အသိဉာဏ္ပါ။ AI ဘာသာရပ္ဆိုတာကလည္း အသိဉာဏ္ရွိတဲ့ အရာတစ္ခုခုကို ေလ့လာျခင္းလို႔ ဆိုၾကပါတယ္။ အရာဝတၳဳတစ္ခုခုက ပတ္ဝန္းက်င္အေျခအေနကို ေလ့လာစူးစမ္းတတ္မယ္၊ ရလာတဲ့ အခ်ပ္အလက္ေတြကို အသုံးခ်ၿပီး သူ႕ရဲ႕ ရည္႐ြယ္ခ်က္ၿပီးေျမာက္ေအာင္ အေကာင္းဆုံး လုပ္ေဆာင္နိုင္မယ္ဆိုရင္ အသိဉာဏ္ရွိတယ္လို႔ အၾကမ္းဖ်င္းသတ္မွတ္ထားၾကပါတယ္။
တစ္ခါတစ္ရံမွာေတာ့ လူ႕စိတ္အတိုင္း ေတြးတတ္၊ စဥ္းစားဆုံးျဖတ္တတ္၊ ျပဳမူလုပ္ေဆာင္တတ္မယ့္ စက္တစ္မ်ိဳးမ်ိဳးကို AI လို႔ သုံးႏႈန္းတတ္ၾကပါေသးတယ္။ ဒါေပမယ့္ စက္တစ္လုံး၊ စနစ္တစ္ခုမွာ အသိဉာဏ္ရွိလာဖို႔ လူ႕စိတ္အတိုင္း ေတြးေခၚတတ္ဖို႔ မလိုအပ္တတ္ပါဘူး။ ဒီသေဘာကို AI နည္းပညာရဲ႕ ဖခင္ႀကီးလို႔ တင္စားခံရသူ ၿဗိတိသွ်သခၤ်ာပညာရွင္ အလန္က်ဴးရင္းက အတိအလင္းေျပာခဲ့ၿပီးပါၿပီ။ စက္တစ္လုံးက လူေတြလို ေတြးတတ္ဖို႔မလိုဘူး။ သူ႕အသိဉာဏ္နဲ႕သူ လုပ္ေဆာင္တတ္နိုင္ဖို႔ပဲလိုတယ္လို႔ သူကေျပာခဲ့တာပါ။ စက္တစ္လုံး၊ စနစ္တစ္ခုမွာ အသိဉာဏ္ရွိ၊ မရွိ ဆုံးျဖတ္ေပးနိုင္တဲ့ သူ႕နဲ႕နည္းလမ္းကို Turing Test လို႔ လူသိမ်ားပါတယ္။
1956 ခုႏွစ္အတြင္း ဒါးေမာင့္တကၠသိုလ္ရဲ႕ အလုပ္႐ုံတစ္ခုထဲမွာ AI သုေတသနတစ္ခု စတင္ေမြးဖြားခဲ့ပါတယ္။ လူ႕ဦးႏွောက္နဲ႕ အီလက္ထ႐ြန္နစ္ စက္ကိရိယာေတြကို ဆက္စပ္ေလ့လာတဲ့ အရင္ရွိႏွင့္ၿပီးသား Cybernetics ဘာသာရပ္နဲ႕ မေရာေထြးေစခ်င္တာေၾကာင့္ အဲဒီသုေတသနမွာ ဦးေဆာင္ပါဝင္ခဲ့တဲ့ ဂြၽန္မကၠာသီက ဖန္တီးျပဳလုပ္ထားတဲ့ အသိဉာဏ္ (Artificial Intelligence) လို႔ စတင္ေခၚေဝၚသုံးစြဲလိုက္တာပါ။
ေတာက္မယ့္မီးခဲ တရဲရဲဆိုသလို AI က တာထြက္ေကာင္းခဲ့ပါတယ္။ AI နည္းပညာနဲ႕ က်ားကစားနည္း(Chess)ကို သင္ယူေစၿပီး 1959 ခုႏွစ္ေရာက္တဲ့အခါ သာမန္လူတသ္ေယာက္ထက္ပိုၿပီး ကြၽမ္းကြၽမ္းက်င္က်င္ကစားတတ္ေနပါၿပီ။ ဂဏန္းသခၤ်ာပုစ္ဆာေတြ တြက္ခ်က္ျပနိုင္ခဲ့သလို အဂၤလိပ္စကားကိုလည္း ေျပာဆိုတတ္ခဲ့ပါတယ္။ ဒီလိုမ်ိဳး ေအာင္ျမင္မႈေတြေၾကာင့္ အေမရိကန္ျပည္ေထာင္စု ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ေထာက္ပံ့မႈေတြကို အေျမာက္အျမားရရွိခဲ့ၿပီး ေနာက္ထပ္ပန္းတိုင္သစ္ေတြအတြက္ တာစူေနခဲ့ပါတယ္။
ဒါေပမယ့္ 20 ရာစုရဲ႕ အထူးခြၽန္ဆုံးသခၤ်ာပညာရင္လို႔ သတ္မွတ္ခံထားရသူ ဆာဂ်ိမ္းစ္လိုက္တ္ေဟးလ္ရဲ႕ AI အေပၚေဝဖန္ခ်က္ေတြေၾကာင့္ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္က AI နည္းပညာအေပၚ အေထာက္အပံ့ေပးဖို႔ တြန့္ဆုတ္သြားခဲ့ပါတယ္။ ဒီလိုနဲ႕ 1970 ျပည့္ႏွစ္အလြန္ကာလေတြမွာ သိသိသာသာထြန္းကားလာျခင္းမရွိေတာ့ဘဲ တိုးတက္မႈေတြ ေအးစက္သြားခဲ့ရပါတယ္။ ဒါေၾကာင့္ အဲဒီကာလေတြကို AI ရဲ႕ ေဆာင္းရာသီလို႔ တင္စားၾကပါတယ္။
AI အတြက္ 21 ရာစု
ဒါေပမယ့္ 20 ရာစုအကုန္၊ 21 ရာစုအစမွာ AI နည္းပညာဟာ ျပန္လည္ပြင့္လန္းလို႔ လာခဲ့ပါတယ္။ ဘယ္ေခတ္ ဘယ္အခ်ိန္တုန္းကနဲ႕မွမတူေအာင္ နယ္ပယ္တိုင္းမွာ ထိထိေရာက္ေရာက္ အသုံးခ်လာနိုင္ခဲ့တာပါ။ 1997 ခုႏွစ္ ေမလ 11 ရက္မွာ ကမၻာ့စစ္တုရင္ခ်န္ပီယံ ဂယ္ရီကက္စပါးေရာ့ကို AI နည္းပညာသုံး Deep Blue ကြန္ပ်ဴတာစနစ္က ေနာက္ေကာက္ခ်လိဳက္ပါတယ္။ လူေတြရဲ႕ ဉာဏ္ရည္ကို ကြန္ပ်ဴတာဉာဏ္ရည္က ပခုံးခ်င္းယွဥ္လာၿပီဆိုတဲ့ သက္ေသပါပဲ။ 2011 ခုႏွစ္အတြင္း Jeopardy! ပေဟဠိအစီအစဥ္မွာလည္း IBM ကုမၸဏီရဲ႕ ကြန္ပ်ဴတာ ဝပ္ဆန္(Watson)က လူသားခ်န္ပီယံႏွစ္ေယာက္ကို ျပတ္ျပတ္သားသား အလဲထိုးလိုက္ျပန္ပါတယ္။ 2016 ခုႏွစ္ မတ္လမွာ အယ္လ္ဖာဂိုး(AlphaGo) ကြန္ပ်ဴတာက လူသားခ်န္ပီယံ လီးဆီေဒါနဲ႕ GO ကစားနည္း ငါးပြဲယွဥ္ၿပိဳင္ခဲ့ၿပီး ေလးပြဲအနိုင္ရခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္တစ္ႏွစ္အၾကာမွာ အယ္လ္ဖာဂိုးကြန္ပ်ဴတာက ကမၻာ့ခ်န္ပီယံအျဖစ္ ႏွစ္ႏွစ္ၾကာရပ္တည္ေနခဲ့တဲ့ ကစားသမားကီဂ်ီကို သုံးပြဲျပတ္အနိုင္ယူလိုက္ျပန္ပါတယ္။ ဒီျဖစ္ရပ္ေတြအားလုံးက AI နည္းပညာရဲ႕ ေအာင္ျမင္မႈ မွတ္တိုင္ေတြပါပဲ။
အေၾကာင္းအရင္း (3) ခ်က္
21 ရာစုအတြင္း AI နည္းပညာ ထြန္းကားလာရျခင္းအတြက္ အဓိကအေၾကာင္းအရင္းႀကီး သုံးခ်က္ရွိေနပါတယ္။ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းေနတာက ဒီအေၾကာင္းအရာေတြကိုယ္တိုင္ ဆက္လက္ထြန္းကားေနတာေၾကာင့္ အနာဂါတ္မွာလည္း AI နည္းပညာကို ပိုၿပီး မီးစာထိုးေပးဖို႔ျဖစ္ေနပါလိမ့္မယ္။
1. ပိုမိုလြယ္ကူအဆင္ေျပလာေသာ တြက္ခ်က္နိုင္စြမ္း
စဥ္းစားဆုံးျဖတ္ဖို႔အတြက္ လူ႕ဦးႏွောက္အတြင္းမွာ အလုပ္ေတြအမ်ားႀကီးကို တစ္ၿပိဳင္တည္းလုပ္ေဆာင္ရပါတယ္။ အာ႐ုံေၾကာတစ္ခုကေနတစ္ခု အျပန္အလွန္ခ်ိတ္ဆက္ၿပီး အခ်က္အလက္ေတြကူးေျပာင္းေပးဖို႔၊ ဒါ့အျပင္ တျခားအာ႐ုံေၾကာေတြနဲ႕ပါ တစ္ၿပိဳင္တည္းခ်ိတ္ဆက္ထားၿပီး အလုပ္လုပ္ဖို႔ လိုအပ္ပါတယ္။ AI နည္းပညာအေနနဲ႕ လူ႕အသိဉာဏ္အတိုင္း စဥ္းစားဆုံးျဖတ္ဖို႔ဆိုရင္ လူ႕အာ႐ုံေၾကာေတြအတိုင္း တစ္ခ်ိန္တည္း တစ္ၿပိဳင္နက္တည္းမွာ တြက္ခ်က္မႈမ်ိဳးစုံကို လုပ္ေဆာင္နိုင္စြမ္း ရွိရပါလိမ့္မယ္။ ပုံမွန္ကြန္ပ်ဴတာတစ္လုံးက အခုလိုမ်ိဳး ကိစၥအမ်ားႀကီးကို မကိုင္တြယ္နိုင္ခဲ့ပါဘူး။
ဒါေပမယ့္ လြန္ခဲ့တဲ့ 10 ႏွစ္ေလာက္ကစၿပီး Graphic Processing Unit (GPU) ေတြ စတင္ေပၚေပါက္လာခဲ့ပါတယ္။ အရည္အေသြးျမင့္ဂိမ္းေတြကစားနိုင္ဖို႔အတြက္ တြက္ခ်က္မႈအမ်ားအျပား လုပ္ေဆာင္နိုင္ေအာင္ GPU ေတြကို စတင္အသုံးခ်ခဲ့ၾကတာပါ။ ဒီလိုနဲ႕ 2005 ခုႏွစ္အေရာက္မွာ GPU ေတြရဲ႕ေစ်းႏႈန္းက အရင္ကထက္စာရင္ ခ်ိဳခ်ိဳသာသာျဖစ္သြားခဲ့ပါၿပီ။
2009 ခုႏွစ္အတြင္း စတန္းဖို႔ဒ္တကၠသိုလ္မွာ အင္ဒ႐ူးနန္းနဲ႕အဖြဲ႕က GPU ခ်စ္ပ္ျပားေတြကို အသုံးျပဳၿပီး လူ႕အာ႐ုံေၾကာပုံစံ ကြန္ပ်ဴတာစနစ္ေတြကို တည္ေဆာက္ၾကည့္နိုင္ခဲ့ပါတယ္။ အခ်က္အလက္ေပါင္း သန္းနဲ႕ခ်ီတဲ့ တြက္ခ်က္မႈေတြကို ပုံမွန္ကြန္ပ်ဴတာေတြက တစ္ပတ္ႏွစ္ပတ္ေလာက္ တြက္ေနရေပမယ့္ အင္ဒ႐ူးတို႔ရဲ႕စနစ္မွာေတာ့ တစ္ရက္သာၾကာျမင့္ပါေတာ့တယ္။ ဒီလိုနည္းနဲ႕ AI နည္းပညာအတြက္ လိုအပ္တဲ့တြက္ခ်က္နိုင္စြမ္းကို GPU ေတြက ေပးစြမ္းလာနိုင္ခဲ့ပါတယ္။ လက္ရွိ Facebook၊ Google အပါအဝင္ တျခားနည္းပညာကုမၸဏီႀကီးေတြရဲ႕ AI နည္းပညာသုံးစနစ္ေတြကို GPU ေတြအေပၚ အေျခခံၿပီး တည္ေဆာက္ထားၾကတာပါ။ ဒါ့အျပင္ အသစ္ဖန္တီးေနဆဲ ကြမ္တမ္ကြန္ပ်ဴတာေတြေၾကာင့္ တြက္ခ်က္နိုင္စြမ္းက အဆမတန္တိုးတက္လာေနဦးမွာ ေသခ်ာလို႔ေနပါတယ္။
2. ဧရာမေဒတာႀကီး အသင့္ရွိေနျခင္း
အသိဉာဏ္ရယ္လို႔ျဖစ္လာေအာင္ သင္ယူနိုင္စြမ္းရွိေန႐ုံနဲ႕တင္ မလုံေလာက္ေသးပါဘူး။ သင္ယူစရာေတြကလည္း ရွိေနဦးမွပါ။ ကေလးငယ္ေတြမွာေတာင္ အေရာင္ေတြ၊ ေခြးေတြ၊ ေၾကာင္ေတြကို ခြဲျခားမွတ္မိဖို႔ အႀကိမ္ေရအေျမာက္အျမား ေလ့လာမွတ္သားရပါတယ္။ ကြန္ပ်ဴတာေတြဆိုရင္ေတာ့ ဆိုဖြယ္မရွိေတာ့ပါဘူး။ အေကာင္းဆုံးတြက္ခ်က္နိုင္စြမ္းရွိတဲ့ ကြန္ပ်ဴတာတစ္လုံးကလည္း တြက္ခ်က္သင္ယူစရာမရွိရင္ ဘာမွအသုံးမဝင္နိုင္ေတာ့ပါဘူး။
ဒါေပမယ့္ အခုရွိႏွင့္ၿပီးသား အင္တာနက္ကြန္ယက္ႀကီးက AI နည္းပညာအတြက္ ေလ့လာခ်င္တိုင္းေလ့လာနိုင္တဲ့ တကၠသိုလ္ႀကီးတစ္ခုအတိုင္းပါပဲ။ အြန္လိုင္းေပၚရွိေနတဲ့ ဧရာမပမာဏေဒတာေတြေၾကာင့္ AI နည္းပညာသုံးစနစ္တစ္ခုက ႀကိဳက္တဲ့နယ္ပယ္မွာ ႀကိဳက္သလိုေလ့လာသင္ယူနိုင္ေနပါၿပီ။
" တကယ္ေတာ့ AI နည္းပညာသုံး စနစ္တစ္ခုတည္ေဆာက္တယ္ဆိုတာ ဒုံးပ်ံႀကီးတစ္စင္း တည္ေဆာက္တာနဲ႕ အတူတူပဲဗ်။ ခင္ဗ်ားမွာ အင္ဂ်င္အႀကီးႀကီးတစ္လုံးရယ္၊ ေလာင္စာအမ်ားႀကီးရယ္ပဲလိုအပ္တာ။ တြက္ခ်က္နိုင္စြမ္းျမင့္မားတဲ့ အင္ဂ်င္ႀကီးထဲကို ေဒတာဆိုတဲ့ ေလာင္စာေတြ တတ္နိုင္သေလာက္ မ်ားမ်ားထည့္ေပးလိုက္႐ုံပဲေလ " လို႔ အင္ဒ႐ူးနန္းက တင္စားခဲ့ပါတယ္။
3. ပိုမိုေကာင္းမြန္လာေသာ အယ္လ္ဂိုရစ္သမ္မ်ား
အယ္လ္ဂိုရစ္သမ္(Algorithm) ေတြဆိုတာ ကြန္ပ်ဴတာေတြ အလုပ္လုပ္တတ္ေအာင္ လူေတြေပးရတဲ့ ၫႊန္ၾကားခ်က္ေတြျဖစ္ပါတယ္။ 1950 ျပည့္ႏွစ္ေတြကတည္းက အယ္လ္ဂိုရစ္သမ္ေတြကို လူေတြရင္းႏွီးခဲ့ေပမယ့္ လူ႕အာ႐ုံေၾကာစနစ္လို ရႈပ္ေထြးနက္နဲတဲ့ စနစ္ေတြအတြက္ အယ္လ္ဂိုရစ္သမ္ေတြ မေရးနိုင္ခဲ့ၾကေသးပါဘူး။
ဒီအတြက္ အေျဖကေတာ့ အလႊာလိုက္၊ အဆင့္လိုက္ တြက္ခ်က္မႈေတြျပဳလုပ္တတ္ေစဖို႔ အယ္လ္ဂိုရစ္သမ္ေတြ ေရးသြင္းေပးလိုက္တာပါပဲ။ ဥပမာ ကိုယ့္ဖုန္းရဲ႕ မ်က္ႏွာျပင္ဖတ္စနစ္ကိုပဲၾကည့္ပါ။ ပထမအလႊာမွာ ဘယ္ဟာမ်က္ႏွာလဲ အရင္လိုက္ရွာပါတယ္။ ေတြ႕ၿပီဆိုမွ ေနာက္တစ္လႊာတက္ၿပီး မ်က္လုံးကိုထပ္ရွာပါတယ္။ အဲဒီေနာက္ တျခားမ်က္လုံးတစ္ဖက္၊ မ်က္လုံးႏွစ္လုံးကို ေတြ႕ၿပီဆိုမွ အဲဒီၾကားက ႏွာေခါင္း စသည္ျဖင့္ အလႊာလိုက္ အဆင့္ဆင့္ တြက္ခ်က္ယူသြားတာပါ။
2006 ခုႏွစ္မွာ တို႐ြန္တိုတကၠသိုလ္ရဲ႕ ေဂ်ာ့ဟင္တန္က ဒီနည္းလမ္းကို " Deep Learning " လို႔ အမည္ေပးလိုက္ပါတယ္။ လူ႕အာ႐ုံေၾကာစနစ္ေတြအတိုင္း တုပလုပ္ေဆာင္နိုင္ဖို႔ ဒီနည္းလမ္းနဲ႕ မလုံေလာက္ေသးဘူးဆိုေပမယ့္ AI နည္းပညာသုံးထားတဲ့ Deep Mind နဲ႕ ဝပ္ဆန္တို႔အျပင္ Google ရွာေဖြမႈတိုင္း၊ Facebook တက္လာသမွ်တိုင္းမွာ ဒီနည္းလမ္းကိုပဲ အသုံးျပဳေနၾကတာပါ။ AI နည္းပညာကို ပံ့ပိုးေပးေနတဲ့ ဒီအေၾကာင္းအရင္းႀကီး (3) ခ်က္က ဆက္လက္တိုးတက္ေနဦးမွာမို႔ AI နည္းပညာကလည္း ဆက္ၿပီး ထြန္းကားလာေနဦးမွာပါပဲ။ ဒါျဖင့္ ဒီလိုတိုးတက္မႈက ကြၽန္ေတာ္တို႔လူသားေတြအတြက္ အက်ိဳးရွိေစမွာလား၊ အက်ိဳးယုတ္ေစမွာလား။
လက္ရွိ 21 ရာစုရဲ႕ ေန႕စဥ္ဘဝလုပ္ေဆာင္မႈတိုင္းမွာ AI နည္းပညာကို ဖယ္ထုတ္ထားလို႔ မရနိုင္ေတာ့ဘူးဆိုတာ ေသခ်ာေနပါၿပီ။ နည္းပညာအသစ္ေတြ ဆက္လက္ထြက္ေပၚလာေနတာနဲ႕အမွ် AI ကိုေပါင္းထည့္ၿပီး ပိုေကာင္းတဲ့၊ ပိုအဆင္ေျပတဲ့၊ ပိုထိေရာက္တဲ့ အရာဝတၳဳေတြ ဖန္တီးနိုင္ပါလိမ့္မယ္။ ဒါေတြကို လူတိုင္းရဲ႕ ေန႕စဥ္ဘဝမွာ အသုံးျပဳလာၾကၿပီး မရွိမျဖစ္ လိုအပ္အဆင့္အထိ ေရာက္လာနိုင္ပါတယ္။
ဒီလိုမ်ိဳး ေန႕စဥ္သုံးျဖစ္လာမယ့္ AI နည္းပညာရဲ႕ ေကာင္းက်ိဳးေတြကို ေျပာလို႔မကုန္နိုင္ေတာ့ပါဘူး။ အရာဝတၳဳတစ္ခုကို AI နည္းပညာသာ ေပါင္းထည့္ၾကည့္လိုက္ပါ။ အံ့မခန္းထိေရာက္မႈ၊ စြမ္းေဆာင္ရည္ေတြ ျပန္ရလာလိမ့္မယ္လို႔ ကမၻာေက်ာ္နည္းပညာစာေရးသူ ကယ္လ္ဗင္ကယ္လီက သူ႕ရဲ႕အေရာင္းရဆုံးစာအုပ္ " The inevitable " မွာ ေဖာ္ျပခဲ့ပါတယ္။ ဒါျဖင့္ AI ရဲ႕ တျခားမ်က္ႏွာစာတစ္ဖက္မွာေကာ ဘယ္လိုအႏၱရာယ္ေတြ ေစာင့္ႀကိဳေနပါသလဲ။
လူသတ္လက္နက္မ်ား
AI နည္းပညာကို နည္းမ်ိဳးစုံနဲ႕ အသုံးခ်ေနၾကရာမွာ လက္ရွိအႏၱရာယ္အရွိဆုံးနယ္ပယ္ကေတာ့ လက္နက္ေတြပါ။ အသိဉာဏ္ထည့္သြင္းေပးလိုက္တဲ့ လက္နက္ေတြက သူတို႔ရဲ႕ေမာင္းခလုတ္ကို သူတို႔ကိုယ္တိုင္ ျပန္ႏွိပ္ၾကပါေတာ့မယ္။ က်ည္ဆန္ထြက္မယ့္ ေသနတ္တစ္လက္ဆိုရင္ သိပ္ၿပီးကိစၥမရွိေသးေပမယ့္ အႏုျမဴထိပ္ဖူးတပ္ ဒုံးက်ည္တစ္စင္းဆိုရင္ေတာ့ လူသားမ်ိဳးႏြယ္ႀကီးတစ္ခုလုံးအတြက္ စိုးရိမ္ရပါၿပီ။ လက္ရွိအခ်ိန္အထိ သိရသေလာက္ စစ္ဆင္ေရးကိစၥေတြမွာ AI နည္းပညာကို က်ယ္က်ယ္ျပန့္ျပန့္ အသုံးျပဳေနၾကတာက စုံစမ္းေထာက္လွမ္းေရးမွာျဖစ္ပါတယ္။ AI နည္းပညာသုံး ေမာင္းသူမဲ့ယာဥ္ေတြ၊ ဒ႐ုန္းေတြ သူတို႔စုံစမ္းသိရွိလာတဲ့ အခ်က္အလက္ေတြကို သူတို႔ကိုယ္တိုင္ ခြဲျခမ္းစိတ္ျဖာၿပီး ဒါမွမဟုတ္ ေနာက္ကြယ္က ကြန္ပ်ဴတာေတြရဲ႕ တြက္ခ်က္မႈေတြကို အသုံးျပဳၿပီး ဘာဆက္လုပ္ရမလဲဆိုတာ၊ ဘယ္လိုမ်ိဳး အေကာင္းဆုံးလႈပ္ရွားရမလဲဆိုတာ သိရွိေနၾကပါၿပီ။ ဒါျဖင့္ လက္နက္ေတြတပ္ဆင္ထားတဲ့ ဒ႐ုန္းေတြမွာေကာ AI နည္းပညာကို ဘယ္အတိုင္းအတာအထိ သုံးစြဲၾကမွာလဲ။ ေနာက္ၿပီး အဲဒီ AI နည္းပညာက လူသားေတြရဲ႕ထိန္းခ်ဳပ္မႈကို မနာခံခ်င္ေတာ့ဘူးဆိုရင္ေကာ။
" AI နည္းပညာဆိုေတာ့ ႐ုရွားအတြက္သာမက လူသားမ်ိဳးႏြယ္တစ္ခုလုံးရဲ႕ အနာဂါတ္ပါ။ ခန့္မွန္းလို႔မရနိုင္တဲ့ အခြင့္အလမ္းေတြရွိေနသလို မွန္းဆလို႔မရနိုင္တဲ့ အႏၱရယ္ေတြလည္း ရွိေနပါတယ္။ ဒီနယ္ပယ္မွာ ဘယ္သူႀကီးစိုးနိုင္သည္ျဖစ္ေစ၊ အဲဒီသူက တစ္ေလာကလုံးကို ႀကီးစိုးနိုင္မွာပဲ " လို႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေျပာခဲ့ဖူးပါတယ္။
လူမႈေရး ႀကိဳးကိုင္ျခယ္လွယ္မႈမ်ား
လူမႈကြန္ရက္ေတြက AI နည္းပညာကို အသုံးျပဳၿပီး ကြၽန္ေတာ္တို႔ဘယ္မွာေနသလဲ၊ ဘာႀကိဳက္တတ္လဲ၊ ဘယ္လိုစရိုက္ရွိသလဲ ေနာက္ဆုံး ကြၽန္ေတာ္တို႔ ဘာေတြးေနသလဲဆိုတာအထိ အခ်က္အလက္ေတြ စုေဆာင္းေနၾကပါတယ္။ ဒီလိုမ်ိဳးရလာတဲ့ အခ်က္အလက္ေတြကို ေစ်းကြက္အမ်ိဳးမ်ိဳးမွာ အက်ိဳးရွိေအာင္ ျပန္လည္အသုံးခ်ေနၾကပါတယ္။ ဒါေပမယ့္ ေစ်းေရာင္းဖို႔ထက္ ပိုၿပီးႀကီးက်ယ္ခမ္းနားတဲ့ ကိစၥေတြမွာ ဘာေၾကာင့္အသုံးမျပဳရမွာလဲ။
အေမရိကန္ျပည္ေထာင္စုရဲ႕ 2016 ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲေတြ၊ ၿဗိတိန္နိုင္ငံရဲ႕ ဥေရာပသမဂၢကေန ခြဲထြက္၊ မထြက္ လူထုဆႏၵခံယူပြဲေတြမွာ လူမႈကြန္ယက္ေတြကေန ႀကိဳးကိုင္ျခယ္လွယ္မႈေတြရွိေနတယ္လို႔ စြပ္စြဲထားၾကပါတယ္။ ဒါေတြမွန္လား၊ မမွန္ဘူးလားဆိုတာ စုံစမ္းစစ္ေဆးေနၾကတုန္းဆိုေပမယ့္ သတိေပးေခါင္းေလာင္းသံအျဖစ္ေတာ့ အားလုံးမွတ္ယူၾကရပါမယ္။ ကြၽန္ေတာ္တို႔အေၾကာင္းကို ကြၽန္ေတာ္တို႔ထက္ေတာင္ပိုသိေနတဲ့ AI နည္းပညာသုံး လူမႈကြန္ယက္ေတြက သူတို႔ရဲ႕ရည္႐ြယ္ခ်က္အတိုင္းျဖစ္လာေအာင္ ကြၽန္ေတာ္တို႔တစ္ေယာက္စီတိုင္းကို မသိမသာ ႀကိဳးကိုင္ျခယ္လွယ္သြားနိုင္ပါတယ္။
ကိုယ္ပိုင္လြတ္လပ္ခြင့္ကို ထိပါးလာျခင္း
မၾကာေသးခင္ကပဲ ေဘာလုံးပြဲၾကည့္ေနတဲ့ ပရိသတ္အားလုံးရဲ႕မ်က္ႏွာေတြကို တစ္ၿပိဳင္နက္တည္း ခြဲျခမ္းစိတ္ျဖာနိုင္မယ့္ AI နည္းပညာသုံးကင္မရာကို ဖန္တီးနိုင္ခဲ့ၿပီလို႔ တ႐ုတ္သတင္းစာေတြက ေႂကြးေၾကာ္လိုက္ပါတယ္။ တစ္နည္းအားျဖင့္ ဘယ္ေလာက္မ်ားတဲ့ လူအုပ္ထဲေရာက္ေနပါေစ၊ ကိုယ့္မ်က္ႏွာကို မမွတ္မိေအာင္ ပုန္းေရွာင္ေနဖို႔ မျဖစ္နိုင္ေတာ့ပါဘူး။ ဒါျဖင့္ တျခားေနရာမွာ ပုန္းေနမယ္ဆိုရင္ေကာ။
တကယ္ေတာ့ ကင္မရာတစ္လုံးတစ္ေလေတာင္ မရွိမယ့္ေနရာဆိုတာ အင္မတန္ရွားပါးလာေနပါၿပီ။ တ႐ုတ္ျပည္ရဲ႕ ေစာင့္ၾကည့္စနစ္မွာ ကင္မရာအလုံးေပါင္း သန္း 200 ေက်ာ္ တပ္ဆင္ထားပါတယ္။ ကင္မရာေပၚျဖတ္သန္းသြားသမွ် လူတိုင္းရဲ႕မ်က္ႏွာေတြကို AI နည္းပညာသုံးၿပီး ခြဲျခမ္းစိတ္ျဖာမွတ္သားေနပါတယ္။
႐ုရွားနိုင္ငံကလည္း ၿပီးခဲ့တဲ့ ကမၻာ့ဖလားၿပိဳင္ပြဲႀကီးရဲ႕ လုံၿခဳံေရးအတြက္ သန္းေပါင္းမ်ားစြာေသာ ကင္မရာေတြ တပ္ဆင္ခဲ့ပါတယ္။ ၿပိဳင္ပြဲႀကီးကို ေဘးကင္းစြာနဲ႕ က်င္းပနိုင္ခဲ့လို႔ သူတို႔ရဲ႕စနစ္က ေအာင္ျမင္တာထက္ ပိုသြားသလိုပါပဲ။ ၿပိဳင္ပြဲႀကီးၿပီးသြားေပမယ့္ ဒီကင္မရာေတြကိုေတာ့ လုံးဝျပန္မျဖဳတ္ေတာ့ပါဘူး။ ထပ္ၿပီးတိုးျမႇင့္တပ္ဆင္ဖို႔သာ ျပင္ဆင္ေနပါၿပီ။
ဒီလိုမ်ိဳး ကြၽန္ေတာ္တို႔ သြားလာလႈပ္ရွားျပဳမူသမွ်ကို ေနရာတိုင္း၊ အခ်ိန္တိုင္းေစာင့္ၾကည့္ေနမယ့္ AI နည္းပညာသုံး ကင္မရာစနစ္ေတြေၾကာင့္ တစ္ေယာက္ခ်င္းစီရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ဆိုတာ အႀကီးအက်ယ္ ၿခိမ္းေျခာက္ခံေနရပါၿပီ။
ပန္းတိုင္ခ်င္း ကြာဟလာျခင္း
AI နည္းပညာကို ကြၽန္ေတာ္တို႔သေဘာက်တယ္ဆိုတာ သူ႕ရဲ႕ ထိထိေရာက္ေရာက္ လုပ္ေဆာင္နိုင္စြမ္းေၾကာင့္ပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ ပန္းတိုင္အတိုင္း တစ္သေဝမတိမ္း အခါခပ္သိမ္းျဖစ္ေနေအာင္ AI စနစ္ကို တိတိက်က် မသတ္မွတ္ေပးနိုင္ဘူးဆိုရင္ေကာ။ တိတိက်က် သတ္မွတ္ေပးထားခဲ့တာေတာင္ သူတို႔ရဲ႕ ကိုယ္ပိုင္အသိဉာဏ္ေၾကာင့္ ပန္းတိုင္ခ်င္းကြာျခားလာမယ္ဆိုရင္ေကာ။ ထိထိေရာက္ေရာက္လုပ္ေဆာင္နိုင္စြမ္းက သေဘာက်စရာမဟုတ္ေတာ့ဘဲ ေခ်ာက္ခ်ားစရာျဖစ္သြားရပါေတာ့မယ္။
ဥပမာအားျဖင့္ သူ႕အလိုလို ေမာင္းႏွင္ေပးမယ့္ AI နည္းပညာသုံး ကားေတြကိုပဲၾကည့္ပါ။ ဒီကားေတြက စိတ္ကူးထဲ၊ သုေတသနခန္းထဲမွာပဲ ရွိေနတာမဟုတ္ေတာ့ပါဘူး။ လမ္းေပၚကို ေရာက္ႏွင့္ေနၾကပါၿပီ။ သူ႕ရဲ႕ပန္းတိုင္က ကားေပၚပါလာသူေတြရဲ႕အသက္ကို ေစာင့္ေရွာက္ေပးဖို႔ သတ္မွတ္ထားတယ္ဆိုပါစို႔။ ပုံမွန္သြားလာေနခ်ိန္မွာေတာ့ ဒီပန္းတိုင္က အဆင္ေျပေနပါတယ္။ ဒါေပမယ့္ ကားေရွ႕ကို ေက်ာင္းဆင္းလာတဲ့ကေလးတစ္သိုက္က မဆင္မျခင္ အတင္းလမ္းျဖတ္ကူးၿပီဆိုရင္ေကာ။ ဒီကားကို လူတစ္ေယာက္ေယာက္ကသာ ေမာင္းႏွင္ခဲ့တယ္ဆိုရင္ ကေလးေတြကိုကယ္တင္ဖို႔ ကိုယ္ဘာပဲျဖစ္ျဖစ္ဆိုၿပီး လမ္းေဘးဆြဲခ်ပစ္နိုင္ပါတယ္။ ဒါေပမယ့္ AI ကားကေတာ့ သူ႕ရဲ႕ပန္းတိုင္ကို နည္းနည္းမွ အတိမ္းအေစာင္းခံမယ္မထင္ပါဘူး။
အေျဖမွန္
အထက္မွာေျပာခဲ့တာေတြက AI နည္းပညာရဲ႕ အေမွာက္ဘက္ျခမ္းေတြသာ ျဖစ္ပါတယ္။ ေလာကႀကီးမွာ ဘယ္အရာကိုမဆို တစ္ဖက္ပဲၾကည့္ၿပီး မဆုံးျဖတ္နိုင္တာေၾကာင့္ AI နည္းပညာက ေကာင္းသလား၊ ဆ်ိုးသလားလို့ ဘယ္သူမွ ကံေသကံမ မေျပာနိုင္ၾကေသးပါဘူး။ ကမၻာ့ဦးႏွောက္အေကာင္းဆုံးလို႔ သတ္မွတ္ရမယ့္လူေတြေတာင္ အခုထိ အျငင္းပြားေနၾကဆဲပါပဲ။
သိပၸံပညာရွင္ႀကီး စတီဖင္ေဟာ့ကင္းက AI နည္းပညာဆိုတာ လူသားမ်ိဳးႏြယ္ရဲ႕ ေနာက္ဆုံးတီထြင္မႈျဖစ္သြားလိမ့္မယ္လို႔ မကြယ္လြန္မီ အထပ္ထပ္သတိေပးခဲ့ပါတယ္။ တစ္ဖက္မွာလည္း Facebook တည္ေထာင္သူ မက္ဇူကာဘက္က AI နည္းပညာေၾကာင့္ ေမွ်ာ္မွန္းတြက္ဆလို႔မရနိုင္မယ့္ ေကာင္းက်ိဳးေတြ ရလာလိမ့္မယ္လို႔ သုံးသပ္ပါတယ္။ မိုက္ကရိုေဆာ့ဖ္ တည္ေထာင္သူ ဘီလ္ဂိတ္ကေတာ့ အစြန္းႏွစ္ဖက္လုံးကိုေရွာင္ၿပီး ေသေသခ်ာခ်ာထိန္းကြပ္နိုင္ခဲ့ရင္ အဆိုးထက္ အေကာင္းကပိုမ်ားပါတယ္လို႔ မယုတ္မလြန္ေျပာခဲ့ပါတယ္။
1818 ခုႏွစ္ ႏွစ္ဆန္းတစ္ရက္ေန႕မွာ စာေရးဆရာမ ေမရီရွယ္လီရဲ႕ " ဖရန္ကင္စတိန္း " ဝတၳဳကို ထုတ္ေဝခဲ့ပါတယ္။ အဲဒီထဲမွာ လူလိုအသိဉာဏ္ရွိမယ့္ သတၱဝာစ္ေကာင္ကိုဖန္တီးၿပီး အဲဒီသတၱဝါေၾကာင့္ ဒုကၡမ်ိဳးစုံႀကဳံေတြ႕ရတဲ့ သိပၸံပညာရွင္တစ္ေယာက္အေၾကာင္းကို ရင္နင့္စဖြယ္ေရးသားထားပါတယ္။ အဲဒီအခ်ိန္ကစၿပီး လူ႕သမိုင္းတစ္ေလွ်ာက္ နည္းပညာသစ္ေပၚလာတိုင္း အဲဒီနည္းပညာေၾကာင့္ လူသားမ်ိဳးႏြယ္ႀကီး ပ်က္စီးရေလမလားလို႔ ဖရန္ကင္စတိန္းတစ္ေဆေျခာက္လွန့္ေနခဲ့တာပါ။ 21 ရာစုရဲ႕ ထြန္းကားလာဦးမယ့္ AI နည္းပညာကေကာ ဘယ္လိုျဖစ္လာမွာပါလဲ။ ဒီေမးခြန္းကို လက္ရွိအခ်ိန္မွာ ဘယ္သူမွ အေျဖမေပးနိုင္ၾကပါဘူး။ ဒါေပမယ့္ 21 ရာစုကုန္တဲ့အထိ မေစာင့္ရေတာ့ဘူးဆိုတာ ေသခ်ာသေလာက္ရွိေနပါေတာ့တယ္။
Comments
Post a Comment