ကိုယ်ချစ်ရသူတွေရဲ့ attachment ပုံစံကိုသိပြီးကြပြီလား

တွယ်တာမှု့ပုံစံ(Attachment styles)




လူတွေမှာ ကလေးဘဝတုံးက ရခဲ့တဲ့ပြုစုပျိူးထောင်မှု့ပုံစံတွေရဲ့အရိပ်ဟာ အသက်ကြီးတဲ့အထိသက်ရောက်နိုင်တာကြောင့် Relationshipတွေမှာလဲ ဒီရဲ့ရိုက်ခက်မှု့တွေရှိနိုင်ပါတယ်။ 

သူများတွေပြောကြတယ်။ insecure ဖြစ်တဲ့သူနဲ့ ရည်းစားမတော်မိစေနဲ့၊ မပက်သက်ကြနဲ့၊ ပင်ပန်းရတတ်တယ်၊ ခံစားရတတ်တယ် စသဖြင့် ပြောနေကြတာလဲတွေ့ဖူးကြမှာပါ။ ဒါကမလုပ်သင့်ပါဘူးနော်။ ဒီအကြောင်းကို ကျွန်တော်သပ်သပ်ထပ်ရေးပါအုံးမယ်။ ခုတော့ကိုယ့်ရဲ့ ပုံစံလေးကို နီးစပ်သလောက်အဖြေရှာကြည့်ဖို့ပဲ အရင်Sharingလုပ်ပေးပါ့မယ်။

တချို့က ကိုယ့်ရဲ့ပုံစံကိုမသိတော့ မပြင်နိုင်ကြဘဲ ပေါင်းသင်းဆက်ဆံရေးတွေမှာ ဒုက္ခတောထဲပဲ လည်နေတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ Attachment styleကဘာလဲဆိုတာသိရင်တော့ Relationshipတွေမှာ ပိုပြီးအဆင်ပြေလာစေနိုင်ပါတယ်။

1950ခုနှစ်ဝန်းကျင်လောက်မှာ John Bowlby ဟာ ကလေးတွေအတွက် Attachment Theoryဆိုတာကိုစတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာ ဒီသီအိုရီကိုအခြေခံပြီး Adult Attachment Styleဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီ Attachment Styleဆိုတာက လူတွေရဲ့အစောပိုင်းကာလကနေစပြီး ဖွံ့ဖြိုးပါတယ်။ ငယ်စဥ်ဘဝမှာ ကြုံတွေ့ရတဲ့ မိဘ၊ ဆရာတို့ရဲ့ အပြုအမူနဲ့ဆိုင်တယ်ဆိုရင်လဲမမှားပါဘူး။ ငယ်ဘဝမှာ လိုအပ်တဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာလိုအင်တွေကို ရရှိခဲ့ရင်တော့ ပြည့်စုံတဲ့ Sure Attachment Style ဆိုတာကိုရရှိနိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ လွဲမှားတဲ့ထိန်းကျောင်းခံရမှု့တွေနဲ့ပဲကြီးပြင်းလာမယ်ဆိုရင်တော့ insecure attachment style ၃မျိုး ထဲပါသွားနိုင်ပါတယ်။

Attachment Style မှာ ၄ မျိုးရှိပါတယ်။
☁️ Secure Attachment Style 
☁️Anxious Attachment Style 
☁️Avoidant Attachment Style
☁️Fearful Attachment Style

4 Attachment Styles In Child & Adult - How They Affect Relationships

☀️Secure Attachment Style ဆိုတာကတော့ အပြည့်စုံဆုံးနဲ့လူတွေအလိုချင်ကြဆုံးပုံစံပဲဖြစ်ပါလိမ့်မယ်။

If You Want A Happy Relationship, These Are The Qualities To Look For |  HuffPost Life

 ဒီtypeတွေက တစ်ဖက်နဲ့ရင်းနှိးဖို့လွယ်သလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု့လဲမြင့်မားတာကြောင့် စိုးရိမ်စိတ်ကလဲမရှိသလောက်နည်းပါးကြပါတယ်။ ကိုယ်လိုအပ်ရင် ကိုယ့်အနားကလူတွေ ရှိနေမယ်၊ ကူညီကြမယ် ဆိုတဲ့ လုံခြုံတဲ့စိတ်မျိုးရှိကြပါတယ်။ ရည်းစားနဲ့ဆိုရင်လဲ ရည်းစားကိုဂရုစိုက်ချစ်တတ်သလို ကိုယ့်ကိုဂရုစိုက်တာလဲလက်ခံကြပါတယ်။ ညှိနှိုင်းရလွယ်ကူကြပါတယ်။ အရေးမပါတဲ့အရာတွေအပေါ်မှာစိတ်ဆိုးစိတ်ကောက်မရှိတတ်ကြပါဘူး။( low avoidance , low anxiety )

☀️Anxious Attachment Style ဆိုတာကတော့ ဆက်ဆံရေးတစ်ခုမှာရှိနေရတိုင်း စိုးရိမ်မှု့ကိုအမြဲခံစားနေရတတ်ပါတယ်။ 

Anxious Attachment Style: Signs, Causes, and How to Fix It

မနာလိုမှု့၊ တွယ်တာမှု့၊ လိုအပ်မှု့စတဲ့ စိုးရိမ်စိတ်တွေနဲ့ပြည့်နေတတ်ကြပြီး ကိုယ့်ကိုမချစ်တော့မှာကို အမြဲလိုလိုစိုးရိမ်စိတ်ဝင်ပြီးကြောက်တတ်ကြပါတယ်။ တကယ်လို့ အမှားသေးသေးလေး လုပ်မိရင်တောင် လိုတာထက်ပိုပြီးစိုးရိမ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းဒါမှမဟုတ် ရည်းစားက ကိုယ့်ထက်ပိုတော်တဲ့တစ်ယောက်နဲ့တွေ့ပြီး ပြေလည်သွားမှာကိုလဲစိုးရိမ်တတ်ကြပါတယ်။  သူ့ပတ်ဝန်းကျင်ကလူတွေက သူ့ကိုချစ်ပေးနေသည့်တိုင်အောင် သူ့စိတ်ထဲမှာတော့ အချစ်မခံရတဲ့စိတ်နဲ့မလုံလောက်တဲ့စိတ်တွေပဲကြီးစိုးနေတတ်ပါတယ်။ အမြဲ လျစ်လျူရူခံရမယ်၊ နာကျင်စရာတွေရလိမ့်မယ်လို့ပဲ တွေးနေတတ်ကြပါတယ်။ ( low avoidance , high anxiety)

☀️Avoidant Attachment Style ဆိုတာကတော့  ငယ်ဘဝမှာ လိုအပ်တဲ့ပြုစုမှု့ကိုမရရှိခဲ့တာကြောင့် anxiousနဲ့မတူတဲ့ သွေဖယ်ရှောင်ရှားတတ်တဲ့ပုံစံဘက်ကိုရောက်သွားတာမျိုးပါ။

Seven Ways to Cope When You Have No Friends in Quarantine – Gina Davis, PsyD

 သူတို့ဟာ ကိုယ့်အားကိုယ် ကိုး တတ်ကြပြီး မိမိကိုယ်သာကိုးကွယ်ရာ လို့ ခံယူထားတတ်ကြပါတယ်။ ရင်းနှီးမှု့တွေ၊ စိတ်ခံစားမှု့တွေဟာ အရေးမပါဘူးလို့မှတ်ယူထားကြပါတယ်။ ဆက်ဆံရေးတွေမှာဆိုလဲ အရင်စပြီးဆက်သွယ်လေ့မရှိကြသလို တစ်ဖက်က ဆက်သွယ်ရင်လဲ ရင်းရင်းနှီးနှီးမနေတတ်ကြပါဘူး။ ခံစားချက်တွေကိုဖုံးကွယ်နိုင်ကြပြီး အမှီခိုကင်းချင်ကြပါတယ်။ ဒါပေမဲ့ relationship တွေမှာဆိုရင်တော့ တစ်ဖက်ကိုယုံကြည်မှု့ရှိကြပါတယ်။ ပြောရရင် လွတ်လပ်တဲ့ Rs မျိုးမှအဆင်ပြေကြတဲ့typeပါ။( high avoidance, low anxiety)

☀️Fearful Attachment Style ဆိုတာကတော့ ငယ်ဘဝမှာ မိဘတွေက ချုပ်ချယ်မယ်၊ လုံးဝဂရုမစိုက်ဘဲပစ်ထားမယ်၊ ကြမ်းတမ်းတဲ့အပြောအဆိုတွေကြားမှာကြီးလာရမယ်ဆိုရင် ခန့်မှန်းရခက်တဲ့ ဒီလို တွယ်တာမှု့ပုံစံဖြစ်လာနိုင်ပါတယ်။ 

Fearful Avoidant Attachment in Adults | Top Rated Miami Psychologists

လူတွေကိုကြောက်ပြီးရှောင်ရှားတတ်တဲ့ပုံစံရှိတဲ့ဒီလိုလူမျိုးတွေက တစ်ယောက်ယောက်နဲ့သံယောဇဥ်တွယ်ပြီဆိုရင် စိတ်အိုက်လာတတ်ပါတယ်။ အရင်ကလဲ သူဟာ ဆက်ဆံရေးတွေကနေ ရှောင်ပြေးခဲ့တဲ့အတွက် အရင်ကလုပ်ခဲ့တာတွေပြန်သတိရပြီး ထပ်ထပ်ရှောင်ပြေးတတ်ကြပါတယ်။ တစ်ဖက်လူရဲ့အချစ်နဲ့ကတိတွေကိုလဲမယုံတတ်ကြဘဲစိုးရိမ်စိတ်မြင့်မားတတ်ကြပါတယ်။
"သူနဲ့ရင်းနှီးရင် ငါထိခိုက်မယ်" ဆိုတာမျိုးတွေးပြီး ရှောင်ပြေးတတ်ကြတဲ့သူတွေပါ။( high avoidance, high anxiety)

ဆိုတော့ ကိုယ့်ရဲ့တွယ်တာမှု့ပုံစံကို ဆန်းစစ်ကြည့်ပြီးရင် ပြင်သင့်တာပြင်နိုင်ကြမှာပါ။ googleမှာလဲ test စစ်လို့ရပါတယ်။ 
တစ်ခု သတိထားရမှာကတော့ ဒါတွေဟာ ၁၀၀ ရာနှုန်းကွက်တိကျမှာမဟုတ်သလို ကျန်းမာရေးနဲ့မညီတဲ့အပြုအမူတွေသိဖို့နဲ့ relationship lifeကို တိုးတက်အောင်လုပ်တဲ့နေရာမှာအထောက်အကူတခုအဖြစ်ယူဖို့ပဲဖြစ်ပါတယ်။ အပေါ်ကအချက်တွေကြည့်ပြီးရင်တော့ ကိုယ့်ရဲ့typeနဲ့ ပြတ်ခဲ့ရတဲ့ရည်းစားဟောင်းတွေရဲ့typeကိုသိနိုင်ကြပါစေ : p

Ref: Better help ,  The attachment project
Image- Lindsay braman

Comments

Post a Comment