Aura Part 2
Aura အကြောင်းရေးခဲ့တဲ့ Part 1 မှာ ပြောပြထားတဲ့အတိုင်း သက်ရှိတိုင်းမှာ Aura ရှိပါတယ်။ ဆိုတော့ အခုပြောပြမှာက ကိုယ့် Aura (ဒါမှမဟုတ်) တခြားသူတစ်ယောက်ယောက်ရဲ့ Aura ကိုဘယ်လိုမြင်အောင်ကြည့်မလဲဆိုတာဖြစ်ပါတယ်။
Part 2
Step 1: နံရံအဖြူပြောင်(သို့မဟုတ်)အမည်းပြောင်ရှိဖို့လိုပါတယ်။ အဖြူ၊အမည်းမဟုတ်လည်း အရောင်ဖျော့တဲ့ထဲကဖြစ်ရင်ရပါတယ်။ အရေးကြီးတာက နောက်ခံထားမယ့်နံရံမှာအရောင်တွေ ၂မျိုး၊၃မျိုးရောမနေဖို့ရယ်၊ အရောင်တောက်တောက်ထဲကဖြစ်မနေဖို့ရယ်ပါပဲ။ နောက်တစ်ခုရှိတာက အခန်းရဲ့ Lighting ကလည်း သိပ်မလင်းလွန်း၊ မမှောင်လွန်းအလင်းရောင်ဖြစ်ဖို့လိုပါတယ်။
Step 2: နောက်ခံထားလို့ရမယ့်နေရာရှာပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့လက်ကိုအဲ့ဒီနံရံနောက်ခံထားပြီး ထောင်လိုက်ပါ။ နံရံနဲ့လက်နဲ့ကပ်ဖို့မလိုပါဘူး။ ကိုယ့်မြင်ကွင်းထဲမှာ လက်ကိုကြည့်တဲ့အခါ နောက်ခံနံရံထဲဝင်တယ်ဆိုရင်ရပါပြီ။ အဲ့လိုထောင်ပြီး လက်ချောင်းလေးတွေကိုတစ်ချောင်းနဲ့တစ်ချောင်း အနည်းငယ်စီခြားထားလိုက်ပါ။
Step 3: မျက်လုံးကြွက်သားတွေကိုဖြေလျှော့ထားပြီး ခြားထားတဲ့လက်ချောင်းကြားထဲက space လေးတွေကိုကြည့်ပါ။ Space တွေအကုန်လိုက်ကြည့်ဖို့မလိုပါဘူး။ တစ်နေရာထဲကိုပဲ ၁မိနစ်လောက်ငြိမ်အောင်ကြည့်ရမှာဖြစ်ပါတယ်။ ဥပမာ- လက်မနဲ့လက်ညှိုးနဲ့ကြားထဲက space လေးကိုကြည့်မယ်
ဆိုရင်အဲ့ဒီနေရာကိုပဲကြည့်ပါ။ လက်မနဲ့လက်ညိုးကြားကြည့်လိုက်၊ လက်ညိုးနဲ့လက်ခလယ်ကြားကြည့်လိုက်လုပ်လို့မရပါဘူး။ကြည့်တဲ့အခါမှာလည်း မြင်ကွင်းထဲမှာ ကိုယ့်လက်ချောင်းတွေက Blur ဖြစ်နေအောင် Out of focus အနေအထားနဲ့ကြည့်ရမှာဖြစ်ပါတယ်။
Step 4: အနည်းဆုံးစက္ကန့် ၃၀ကနေ ၁မိနစ်ကြားကြည့်ပြီးတဲ့အခါမှာတော့ ခြားထားတဲ့လက်ချောင်းကြားလေးတွေမှာ အရောင်တစ်ခုနဲ့အနားသတ်လိုင်းတစ်ခုပေါ်လာတာကိုတွေ့ပါလိမ့်မယ်။ ၎င်းအရောင်ဟာ ကိုယ့် Aura (or) Bio-Field ရဲ့အရောင်ပါပဲ။ အရောင်တစ်ခုချင်းစီအလိုက် ကိုယ့်ရဲ့လတ်တလောစိတ်နေစိတ်ထား၊ ကိုယ့်မှာဘယ်လိုစွမ်းအင်တွေကိန်းအောင်းနေလဲဆိုတာခန့်မန်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ကျွန်တော်ဒီမှာတော့အရောင်တွေနဲ့အဓိပ္ပာယ်တွေအကြောင်းအကျယ်မရေးတော့ပါဘူး။ ကိုယ့် Aura ကိုယ်သိရပြီးလို့ ဘယ်လိုသဘောဆောင်တယ်ဆိုတာဆက်သိချင်ရင်တော့ Google မှာ အလွယ်တကူရှာဖတ်လို့ရပါတယ်။
Step 5: အပေါ်ကပြောခဲ့တဲ့နည်းက ကိုယ်ကိုယ်တိုင်ရဲ့ Aura ကိုကြည့်တဲ့နည်းပါ။ ကိုယ်က တခြားသူတစ်ယောက်ကိုကြည့်ချင်တယ်ဆိုရင်လည်း နည်းလမ်းရှိပါတယ်။ လိုတာကတော့ အပေါ်ကအတိုင်း နောက်ခံနံရံအဖြူပြောင်လိုပါတယ်။ ကိုယ်ကြည့်ပေးမယ့်သူက ၎င်းနံရံကိုနောက်ခံထားပြီးငြိမ်သက်စွာ
ရပ်နေရပါမယ်။ ကြည့်မယ့်သူက ၅ပေ(သို့မဟုတ်)၆ပေအကွာကနေရပ်ပြီးကြည့်ပါမယ်။ ဘယ်နေရာကိုကြည့်ရမလဲဆိုတော့ ထိုသူရဲ့ နဖူးအလယ်တည့်တည့် (ဒါမှမဟုတ်) ခေါင်းနဲ့ပုခုံးနဲ့ကြားထဲကလွတ်နေတဲ့ Space နေရာကိုကြည့်ပါ။ ကြည့်ပုံကြည့်နည်းကလည်းအပေါ်ကအတိုင်းပါပဲ။ မျက်လုံးကိုဖြေလျှော့ထားပြီး မျက်နှာရော၊လူတစ်ကိုယ်လုံးရော ဝါးတားတားပဲပေါ်နေအောင် Out Of Focus လုပ်ပြီးကြည့်ရမှာဖြစ်ပါတယ်။ စက္ကန့်၃၀ကနေ ၁မိနစ်ကြားထဲမှာ ထိုသူရဲ့ခန္ဓာကိုယ်တဝိုက်မှာ အရောင်တစ်မျိုးနဲ့ Line လုပ်ထားတဲ့ပုံစံမျိုးပေါ်လာပါလိမ့်မယ်။ အဲ့ဒီအရောင်က သူ့ရဲ့ Aura ပါပဲ။ ပိုပြီးတော့ ထင်ထင်ရှားရှားမြင်နိုင်အောင် ကြည့်လက်စနေရာကနေ မြင်ကွင်းကိုအနည်းငယ်နေရာရွှေ့ကြည့်နိုင်ပါ။ နဖူးအလယ်တည့်တည့်ကိုကြည့်ရင်းကနေ Aura မြင်ရပြီဆိုရင် နှာခေါင်းထိပ်ကိုရွှေ့ကြည့်ခြင်းဖြင့်ပိုပြီးမြင်သာမှာဖြစ်ပါတယ်။
အခုပြောပြတဲ့ Aura တွေကိုမြင်အောင်ကြည့်နည်းက တချို့လူတွေလည်း တစ်ခေါက်တည်းနဲ့ မြင်အောင်ကြည့်နိုင်သလို၊ တချို့ကျလည်းမမြင်တာမျိုးရှိပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် Practice တော့လိုပါတယ်။ First Time နဲ့ကြည့်တာမမြင်ရဘူးဆိုလည်း နောက်ထပ်အကြိမ်တွေထပ်ကြိုးစားကြည့်ပါ။ မျက်လုံးကအလေ့အကျင့်ရသွားတဲ့အခါမှာ မြင်ရပါလိမ့်မယ်။ ကျန်းမာရေးမကောင်းတဲ့သူတို့၊ အရမ်းစိတ်ဓာတ်ကျနေတဲ့သူတို့ကိုကြည့်ရင်လည်း Aura က တအားမှိန်ဖျော့လွန်းနေတာကြောင့် မမြင်ရတတ်ပါဘူး။
Aura တွေကို မှတ်တမ်းတင်နိုင်တဲ့ Kirlian Photography
Kirlian Photography ကို 1939 မှာ Semyon Davidovich Kirlian က စတင်ဖော်ထုတ်ခဲ့ပါတယ်။
သမားရိုးကျဓာတ်ပုံရိုက်နည်းနဲ့မတူပဲ electro photography လို့ခေါ်တဲ့ ဓာတ်ပုံရိုက်မယ့် objects တွေကို high voltage ပေးပြီးမှ အမှောင်ချပြီးရိုက်တဲ့နည်းဖြစ်ပါတယ်။ Kirlian Photography set up လုပ်ဖို့ metal plates၊ လျှပ်ကူးနိုင်တဲ့ glass film နဲ့ ဗို့အား 3000 ကနေ 10000 အထိ၊ (သို့်မဟုတ်) 10000 volts အထက်ပေးနိုင်တဲ့ battery လိုပါတယ်။ Kirlian Photography နဲ့ရိုက်ထားတဲ့ ပုံအချို့ကိုအောက်မှာဖော်ပြထားပါတယ်။ DIY နည်းလမ်းလေးလည်း စိတ်ဝင်စားတဲ့သူတွေကြည့်လို့ရအောင် video လေးထည့်ပေးထားပါတယ်။ အိမ်မှာတော့လိုက်မလုပ်ကြည့်ကြပါနဲ့။ High Voltage သုံးရမှာဖြစ်တော့ အန္တာရာယ်ဖြစ်နိုင်ပါတယ်။
Interesting.
ReplyDeleteRight
ReplyDeleteIt's very interesting.
ReplyDeleteInteresting one.
ReplyDeleteit's work.
ReplyDelete