Aura Part 3




အရင်ရက်တွေတုန်းက Aura ဆိုတာဘာလဲ ၊ Aura တွေဘာ်လိုကြည့်နိုင်မလဲ ရှင်းပြပြီးပြီဆိုတော့ ဒီနေ့မှာနောက်ဆုံးအပိုင်းအနေနဲ့ Aura ဘယ်လိုသန့်စင်နိုင်မလဲဆိုတဲ့ အကြောင်းကိုဖတ်ပေးကြပါဦး။



၁။ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ရေနဲ့ထိတွေ့ပါ။

သင့် aura ကိုသန့်စင်ဖို့အလွယ်ဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ရေစိမ်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကိုသဘာဝကပေးထားတဲ့ ရေကန်၊  စမ်းချောင်းနဲ့သမုဒ္ဒရာတွေကခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကိုသန့်စင်ရန်အင်မတန်အစွမ်းထက်ပါတယ်။ သဘာဝရေနဲ့ထိတွေ့ခြင်းကြောင့် ကမ္ဘာကြီးကကိုယ့်မှာရှိတဲ့ negativity တွေကိုဖယ်ရှားပေးပြီး ဇီဝစက်ကွင်းကိုသန့်စင်ပေးရာမှာအကျိုးပြုပါတယ်။


၂။ သလင်းကျောက်များဆောင်ထားခြင်း

Aura cleansing လုပ်ဖို့အတွက် ထိရောက်မှုရှိတဲ့နောက်တစ်နည်းကတော့ Crystals လေးတွေဆောင်ထားတာပဲဖြစ်ပါတယ်။ ဆောင်ဖို့အကောင်းဆုံးcrystals အချို့ကတော့ Amethyst, Moonstone, Blue Lace Agate, Lepidolite တို့ဖြစ်ပြီး စိတ်တည်ငြိမ်မှုရှိစေရုံသာမကပဲ Physically ကျန်းမာနေစေဖို့လည်းအထောက်အကူပြုပါတယ်။ အေးချမ်းစေပြီး ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ကျောက်အမျိုးအစားကိုမှန်မှန်ကန်ကန်ရှာဖွေပြီးဆောင်ဖို့တော့လိုပါမယ်။


၃။ နေရောင်ခြည်ခံခြင်း

အခြားသောနည်းအနေနဲ့ Negative energy တွေထုတ်ယူဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပူနွေးသောနေရောင်ခြည်အောက် မတ်တပ်ရပ်ပြီး နေပူဆာလှုံတာပဲဖြစ်ပါတယ် ။ နေရောင်ခြည်မှာရှိတဲ့ စွမ်းအင်တွေကသင့်ကို ကောင်းမွန်ပြည့်၀တဲ့ Energy တွေပေးနိုင်ပြီး တစ်နေ့တာလုံး လန်းဆန်းနေ‌နိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ 


၄။ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်း

တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးချမ်းပြီး လေကောင်းလေသန့်ရရှိနိုင်မယ့် နေရာလေးရှာဖွေပါ။ ထို့နောက် ၅မိနစ်ခန့် တရားထိုင်သလိုပြုလုပ်ပြီး ရှုသွင်းရှုထုတ်ကိုစတင်နိုင်ပါပြီ။ အသက်ရှုနေစဉ်အချိန်မှာ ကောင်းမွန်တဲ့စွမ်းအင်တွေ လေထဲပါလာတယ်အမှတ်နှင့် ရှုသွင်းပြီးပြန်ထုတ်ပါက ကိုယ်ခန္ဓာမှ မကောင်းတဲ့ Negative  soul တွေကို မှုတ်ထုတ်လိုက်သလို ရှုထုတ်ပါ။ 
စိတ်ကူးနေစဉ်မှာလဲ ‌ကောင်းမွန်တဲ့ ရောင်စဉ်တန်းတွေကိုယ်ပေါ်ဖြာကျနေသလို တွေးပြီး မကောင်းတဲ့ စိတ်အမှောင်တွေကို ပယ်ဖျက်ကာ လေ့ကျင့်ခန့်လေးကို ပြုလုပ်သွားရုံပါပဲ။


၅။ သဘာ၀ပတ်၀န်းကျင်ကိုခံစားခြင်း

တစ်ခါတစ်လေ ကျွန်တော်တို့အရမ်းစိတ်ပင်ပန်းတဲ့အခါ ခရီးတွေထွက်ပစ်တာမျိုး ၊ တောင်တန်းတစ်ခုကို ပင်ပင်ပန်းပန်းတက်ပြီး တောင်ထိပ်ပေါ်က သဘာ၀အလှအပ‌တွေ ခံစားခြင်းကလဲ သင့်ရဲ့ Aura ကိုကောင်းမွန်စေပါတယ်။ ကျေးငှက်အော်သံလေးတွေ နားထောင်ပြီး ရက်တိုခရီးလေးတွေ ထွက်ခြင်းကလဲ သင့်ရဲ့စိတ်ကို လန်းဆန်းစေပြီး မကောင်းတဲ့ Aura တွေထွက်ရှိသွားမှာပဲဖြစ်ပါတယ် ။


၆။ တရားထိုင်ခြင်း

တရားထိုင်ခြင်းကတော့ ကျွန်တော်တို့တွေနဲ့ မစိမ်းတဲ့ အကောင်းဆုံး Aura သန့်စင်ဖို့နည်းလမ်းလေးပဲဖြစ်ပါတယ် ။ တစ်နေ့ကို အနည်းဆုံး ၅မိနစ်မှ ၅နာရီတိတိ တရားထိုင်တဲ့သူတွေဟာ အဆိုးမြင်ခြင်းမှကင်းဝေပြီး သာမာန်သူတွေက ပေါ့ပါးလန်းဆန်းကာ အေးချမ်းတဲ့စိတ် အခြေအနေကို ပိုင်ဆိုင်နိုင်ပါတယ်။


၇။ ရေပူချိုးခြင်း

သင့်အနီးအနားမှာ ရေချိုးကန်၊ရေပူဆမ်းတွေမရှိလဲ ဒီနည်းလမ်းလေးနဲ့ Aura သန့်စင်နိုင်ပါသေးတယ် ။ ရေချိုးကန်ထဲ (သို့မဟုတ်) ရေဘုံးထဲသို့ essential oil ၊ healing herbs ၊ ပန်း‌တွေထည့်ပြီး ရေပူချိုးခြင်းကလဲ သင့်ရဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ပယ်ပျောက်စေနိုင်မှာပါ။ Rose Petals ၊Lavender oils ၊Himalayan salts စတဲ့ ပစ္စည်းများက ရေပူနဲ့ချိုးရာမှာ အင်မတန်မှ အသုံး၀င်ပါတယ်။ 


၈။ Self-love

ကိုယ့်ကိုယ်ကိုယ် appreciate လုပ်ဖို့ကြိုးစားကြည့်ပါ။ နေ့တစ်နေ့စီမှာ အချိန်နည်းနည်းစီပေးပြီး ကိုယ့်စိတ်လေးကြည်နေဖို့ အာရုံပြုကြည့်ပါ၊ အနာဂတ်မှာကိုယ်ဖြစ်ချင်တဲ့ပျော်စရာအခိုက်အတန့်လေးတွေကိုပုံဖော်ကြည့်ပါ။ မိမိကိုယ်ကိုချစ်တာကလည်း စိတ်နှလုံးကြည်လင်အေးချမ်းစေဖို့နည်းလမ်းကောင်းတစ်ခုပဲဖြစ်လို့ Aura Cleansing လုပ်တဲ့နေရာမှာအများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။


၉။ Surroundings

ကိုယ့်စိတ်လေး တစ်နေကုန်လန်းဆန်းနေဖို့ဆိုတာ သင့်ဘေးမှာရှိတဲ့ လူတွေနဲ့လဲ သက်ဆိုင်နေပါသေးတယ် ။ သင့်မိတ်ဆွေတွေထဲမှာ အဆိုးမြင်စိတ်များပြီး ဘာလုပ်လုပ်စိတ်ဆိုးစိတ်တိုလွယ်တဲ့သူတွေနဲ့ ပေါင်းသင်းနေခြင်းကလဲ သင့်ကို Negative Aura တွေဖုံးလွှမ်းစေမှာပါ။ အဲ့တာကြောင့် သင့်ကိုချစ်ခင်တဲ့သူတွေ ၊ နွေးထွေးမှုပေးစေနိုင်တဲ့သူတွေနဲ့အတူ ယှဉ်တွဲနေထိုင်ခြင်းကလဲ သင့်ကို အေးချမ်းတဲ့ Aura စွမ်းအင်လေးတွေရရှိစေမှာပဲ ဖြစ်ပါတယ် ။

Comments