Aura ဆိုတာဘာလဲ
သဘာဝလွန်ဖြစ်ရပ်တွေကို သိနားလည်ဖိုသာမန်လူရဲ့ စွမ်းရည်တွေဟာကန့်သတ်ခံထားရတာကြောင့် Human Aura လိုမျိုးကိုယနေ့ခေတ်မှာ သာမန်မျက်စိနဲ့တကယ်မြင်နိုင်တဲ့သူဆိုတာ အင်မတန်ရှားပါတယ်။ သိုပေမယ့် ခံစားလိုတော့ရပါတယ်။ ဥပမာပြောရရင်…သင်တစ်ယောက်တည်းလမ်းလျှောက်နေတဲ့အချိန် နောက်ဘက်မလှမ်းမကမ်းကနေ လူတစ်ယောက်က သင့်ကိုနောက်ယောင်ခံလိုက်လာတယ်ဆိုရင် အဲ့တာကိုစိတ်ကအလိုလိုသိနေမယ်ထင်ပါသလား။ တော်တော်များများကသိန်ိင်ပါတယ်၊ ဒါကဘာလိုလဲဆိုရင် သံလိုက်တွေအနီးမှာ သံလိုက်စက်ကွင်းတွေရှိသလို၊ လျှပ်စီးနေတဲ့ဝါယာကြိုးတဝိုက်မှာလျှစ်စစ်စက်ကွင်းတွေရှိသလို၊ လူတွေမှာလည်း Bio-field လိုခေါ်တဲ့ဇီဝစက်ကွင်းတွေ ဝန်းရံထားပါတယ်။ ဒီစက်ကွင်းတွေက လူ့ခန္ဓာကိုယ်ရဲ့အလယ် center အကျဆုံးနေရာဖြစ်တဲ့ ရင်ခေါင်းနေရာကနေဘေးပတ်ဝန်းကျင်ကိုဖြန့်ကျက်တည်ရှိနေပြီးတော့ ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ဆိုရင် လေးပေကနေငါးပေအထိ စက်လုံးပုံစံသက်ရောက်နိုင်ပါတယ်။
အဲ့တာကြောင့် ကျွန်တော်တိုရဲ့နောက် လေးပေ၊ ငါးပေအကွာကနေ နောက်ထပ်လူတစ်ယောက်က
နောက်ယောင်ခံလိုက်လာမယ်ဆိုရင် အဲ့တာကိုကျွန်တော်တိုသိနိုင်ပါတယ်။ ဘာလိုဆို ခန္ဓာကိုယ်၂ခုရဲ့ ဇီဝစက်ကွင်းချင်းရောယှက်ပြီးထပ်သွားတာကြောင့် ဦးနှောက်ကအချက်ပေးတဲ့အနေနဲ့ကျွန်တော်တိုအနီးနားမှာနောက်ထပ်လူတစ်ယောက်ရှိနေတာကိုသိရခြင်းဖြစ်ပါတယ်။


ဒီအပိုင်းမှာတော့ Human Aura (Or) Biofield ဆိုတာဘယ်လိုအရာလဲဆိုတာကိုအကြမ်းဖျင်းပြောပြသွားပါမယ်။
ဒီလောကကြီးမှာရှိတဲ့အရာအားလုံးကိုအသေးဆုံးအမှုန်လေးတွေအထိခွဲခြမ်းစိပ်ဖြာကြည့်လိုက်မယ်ဆိုရင် Electrons, Protons, Neutrons လိုခေါ်တဲ့အခြေခံအမှုန်သုံးမျိုးသာထွက်လာမယ်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။ ဒီလိုပဲ ကျွန်တော်တိုလူ့ခန္ဓာကိုယ်အတွင်းမှာလည်း Positive charge, Negative Charge ရှိတဲ့ အမှုန်လေးတွေ၊ Molecules လေးတွေများစွာ စက္ကန့်နဲ့အမျှလှုပ်ရှားတုန်ခါပြီးဖြစ်ပျက်ပြောင်းလဲနေပါတယ်။
ပတ်ဝန်းကျင်ကကျွန်တော်တိုအပေါ်သက်ရောက်လိုက်တဲ့လှုဆော်မှုတစ်ခုချင်းစီဟာ ဇီဝလျှပ်စစ်သံလိုက်လှိင်းတွေအနေနဲ့ ဦးနှောက်ကိုရောက်ရှိပါတယ်။ ဒီလိုဖြစ်စဉ်က ပြင်ပကနေအထူးတလည်သက်ရောက်နေတဲ့လှုဆော်မှုမျိုးမရှိသည့်တိုင်အောင် ခန္ဓာကိုယ်တွင်းမှာအလိုအလျောက်ဖြစ်ပျက်နေတဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ၊ ကိုယ့်စိတ်ကစဉ်းစားတွေးခေါ်လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေမှာပါအကျုံးဝင်ပါတယ်။ အဲ့လိုမျိုးဦးနှောက်ကလှုဆော်မှုတွေလက်ခံရရှိတဲ့အခါမှာ မတူညီတဲ့ဇီဝစက်ကွင်းတွေအနေနဲ့ခန္ဓာကိုယ်တစ်လျှောက် ထုတ်လွှတ်တုံပြန်ပါတယ်။ ၄င်း Biofield လိုခေါ်တဲ့ ဇီဝစက်ကွင်းထဲမှာဘာတွေပါဝင်နိုင်လဲဆိုရင် အလင်းအမှုန်တွေ၊ အပူလှိင်းတွေ၊ သံလိုက်စက်ကွင်းတွေ၊ လျှပ်စစ်သံလိုက်စက်ကွင်းတွေစသဖြင့်အကြမ်းဖျင်းပါနိုင်ပါတယ်။

ဒီ ဇီဝစက်ကွင်းဆိုတာဟာ ခန္ဓာကိုယ်ကိုဖွဲစည်းတည်ဆောက်ထားတဲ့အသေးငယ်ဆုံးအစိတ်အပိုင်းလေးတွေဖြစ်တဲ့ ဆဲလ်လေးတွေ၊ မော်လီကျူးလေးတွေ၊ အက်တမ်လေးတွေ လှုပ်ရှားတုန်ခါတာကနေတဆင့်ဖြစ်ပေါ်လာတာကြောင့် အသက်ရှိနေတဲ့သတ္တဝါတိုင်းရဲ့ဝန်းကျင်မှာရှိနေပါတယ်။ သိုပေမယ့်တည်ရှိနေတဲ့ စက်ကွင်းပုံသဏ္ဌာန်၊ ခံစားနိုင်မှုပြင်းအား၊ ထုတ်လွှတ်တဲ့စက်ကွင်းအရောင် စတာတွေတော့မတူကြပါဘူး။

ကဲ….ဒါဆိုရင် Human Aura (ခေါ်) Biofield တွေက ဘယ်အချက်တွေပေါ်မူတည်ပြီးကွဲပြားပြောင်းလဲနိုင်လဲကြည့်ရအောင်။
ပထမဆုံးအနေနဲ့ကတော့ ကျန်းမာရေးအပေါ်မူတည်ပါတယ်။ ကျန်းမာရေးလိုပြောတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရောပါဝင်ပါတယ်။ Physical Health ဆိုတာမှာလည်း လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အစာချေစနစ်၊ အာရုံခံစနစ် စတဲ့အမျိုးမျိုးသော ဇီဝကမ္မဖြစ်စဉ်တွေဟာ ခန္ဓာကိုယ်တွင်းမှာ ဘယ်လောက်အတိုင်းအတာထိ စည်းချက်မှန်မှန်နဲ့အချိန်မှန်မှန်ဖြစ်ပျက်ပြောင်းလဲနေလဲဆိုတာပေါ်မူတည်ပါတယ်။ အသေးငယ်ဆုံးသော ဆဲလ်လေးတွေပျက်စီးတဲ့နှုန်းနဲ့ အသစ်ပြန်လည်မွေးဖွားပြီးအစားထိုးတဲ့နှုန်းဟန်ချက်ညီ၊မညီ အဲ့လောက်ထိ အသေးစိတ်အချက်အလက်တွေအပေါ် Aura လိုခေါ်တဲ့စက်ကွင်းတွေကမှီခိုပတ်သက်နေပါတယ်။
စိတ်ပိုင်းဆိုင်ရာအခြေအနေအနေနဲ့ပြောမယ်ဆိုရင်လည်း ထည့်သွင်းစဉ်းစားရမှာတွေအများကြီးရှိပါတယ်။ လူတစ်ယောက်ရဲ့လတ်တလောဖြစ်နေတဲ့ စိတ်နေစိတ်ထားအပါအဝင် အဲ့ဒီလူရဲ့ဘဝတစ်လျှောက်လုံး ယုံကြည်ကိုးကွယ်ခဲ့တဲ့အယူအဆတွေ၊ ဟာဒယလိုခေါ်တဲ့ စိတ်ဝိဉာဉ်မှာ သူအသက်ရှင်နေတဲ့ကာလတစ်လျှောက်လုံး အမြစ်တွယ်ထားတဲ့ ယုံကြည်မှုတွေ၊ အယူဝါဒတွေ၊ သဘောထားခံယူချက်တွေလည်းထည့်တွက်ရမှာဖြစ်တယ်။

သဘာဝအလျောက် သာမန်လူတွေကိုလွှမ်းခြုံထာတဲ့ဇီဝစက်ကွင်းတွေဟာ အလွန်ကိုမှိန်ဖျော့တဲ့အတွက် Naked eyes နဲ့မမြင်နိုင်ပါဘူး။ ဒါပေမယ့် တချ်ိသောပုဂ္ဂိုလ်တွေမှာတော့သူများနဲ့မတူပဲ လူအများသာမန်မျက်စိနဲ့မြင်နိုင်လောက်တဲ့ထိ သိသာထင်ရှားအရောင်အဝါတွေထွက်ပေါ်နေတတ်ပါတယ်။
ဘယ်လိုလူမျိုးတွေမှာဒီလိုဖြစ်ရပ်မျိုးဖြစ်ပေါ်သလဲဆိုရင်တော့ နှစ်ရှည်လများ ကိုယ့်ရဲ့စိတ်ကိုသန့်စင်အောင် Aura Cleansing လုပ်ထားတဲ့လူမျိုးတွေ၊ ကျန်းမာရေးကောင်းမွန်ပြီး ကံ၊စိတ်၊ဥတု၊အာဟာရသမမျှတအောင်နေတဲ့သူတွေမှာမြင်ရတတ်ပါတယ်။

ရှေးခေတ်တုန်းက လူတွေဟာ Aura ကိုမြင်နိုင်စွမ်းရှိခဲ့ကြပါတယ်။ ဒါကိုဘာကသက်သေပြနေလဲဆိုရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖန်တီးခဲ့တဲ့ နံရံဆေးရေးပန်းချီတွေ၊ရုပ်ပြစာအုပ်တွေကိုကြည့်မယ်ဆိုရင် ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗုဒ္ဓ၊ ခရစ်တော်နဲ့ အခြားသောဟိန္ဒူနတ်ဘုရားတွေရဲ့ ဦးခေါင်းထက်မှာ အဖြူရောင် ဒါမှမဟုတ် ရွှေဝါရောင်နဲ့ ရောင်ခြည်တွေဖြာထွက်နေတဲ့ပုံစံမျိုးရေးဆွဲထားတာတွေ့ရမှာဖြစ်သလို သက်ဆိုင်ရာစာပေကျမ်းဂန်တွေမှာလည်း ဗုဒ္ဓဟာရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးနိုင်ကြောင်း၊ Jesus Christ က သူ့ရဲ့ Positive Energy နဲ့ နေမကောင်းတဲ့သူတွေ၊ပင်ပန်းနေတဲ့သူတွေကို Heal လုပ်ပေးတဲ့အကြောင်းတွေရေးသားဖော်ပြထားတာတွေ့နိုင်ပါတယ်။ နောက်ထပ်ထင်ရှားတဲ့ evidence တစ်ခုကတော့ ဩစတေးလျနိုင်ငံအနောက်ပိုင်းဝေးလံခေါင်သီတဲ့ အနောက် Kimberleys အရပ်မှာ ရှေးနှစ်ပေါင်းထောင်ချီကတည်းကတည်ရှိခဲ့ပြီး သမိုင်းတင်ထာခြင်းမရှိတဲ့ ဂူတွင်းနံရံဆေးရေးပန်းချီကားများမှာ ဦးခေါင်းထက် ရွှေရောင်တောက်ပနေထားသောလူများ၊ ရင်ခေါင်းကနေအလင်းရောင်တွေဖြာထွက်နေဟန်များကိုသရုပ်ဖော်ရေးဆွဲတာဖြစ်တယ်လိုသိရပါတယ်။

နောက်ထပ်သိရမယ့်အကြောင်းအရာတစ်ခုကတော့ Aura တွေမှာ အရောင်အမျိုးမျိုးရှိပြီး ဘယ်အရောင်က ဘာအဓိပ္ပာယ်ရှိလဲဆိုတာကိုဖြစ်ပါတယ်။ Aura colors တွေအများကြီးရှိတဲ့ထဲကမှ color တချိုရဲ့ Meaning ကို အောက်ကဇယားမှာဖော်ပြပေးလိုက်ပါတယ်။

လူတစ်ယောက်မှ အရောင်တစ်မျိုးထဲကပဲလွှမ်းမိုးတာဖြစ်နိုင်သလို တချိုသောလူတွေမှာတော့ Primary aura နဲ့ secondary aura ဆိုပြီး အရောင်နှစ်ထပ်ပေါ်တာမျိုးလည်းရှိတတ်ပါတယ်။ Aura တွေကိုဘယ်လိုမြင်အောင်ကြည့်မလဲ၊ မိမိကိုယ်တိုင်ရဲ့ aura ကိုရောဘယ်လိုသိနိုင်မလဲဆိုတာနဲ့ပတ်သက်တဲ့နည်းလမ်းနဲ့ ရှာဖွေတွေ့ရှိချက်တွေကိုတော့နောက်တစ်ပိုင်းမှာဆက်လက်ဖော်ပြသွားမှာဖြစ်လို စိတ်ဝင်စားတယ်ဆို ဖတ်ရှူပေးကြပါဦးခင်ဗျာ…။
Comments
Post a Comment