စီမံအုပ်ချုပ်မှုညံ့ဖျင်းသည့်ထောင်ချောက် (Bad Governance)




 နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးသည့် ထောင်ချောက် လေးမျိုး ရှိသည်။

(၁) ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက် (ConflictTrap)

(၂)သဘာဝသယံဇာတ ထောင်ချောက် (Natural resource trap)

(၃) ဆိုးဝါးသော အိမ်နီးချင်းနိုင်ငံများကြားတွင် ပိတ်မိနေသည့် ထောင်ချောက် (Land locked with bad neighbors)

(၄) နိုင်ငံငယ်လေးတွင် စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ဟူသော ထောင်ချောက် (Bad Governace in small country) တို့ဖြစ်သည်။


စီမံအုပ်ချုပ်မှုညံ့ဖျင်းသည့်ထောင်ချောက် (Bad Governance)

စီမံအုပ်ချုပ်မှုနှင့် စီးပွားရေးမူဝါဒသည် စီးပွားရေး တိုးတက်ဆောင်ရွက်မှုကို ကူညီပုံဖော်ပေးသည်။ သို့သော် ထိုအချက်များကို မှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်း နှစ်မျိုးသည် ကောင်းကျိုးဆိုးကျိုး အညီအညာ အကျိုးသက်ရောက်စေတာတော့ မဟုတ်။

အလွန်ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် စီးပွားရေးမူဝါဒသည် နိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် ကူညီပေးသည်။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ဆယ်ရာခိုင်နှုန်း အထိပဲ။ သည့်ထက်ပိုပြီး နှုန်းက မမြန်နိုင်၊ ဘယ်လောက်ကောင်းသည့် အစိုးရပဲဖြစ်ဖြစ် ဒီထက်ပိုပြီး အထက် မြန်မြန် မတက်နိုင်။ သို့သော် ထိုအချက်နှင့် ပြောင်းပြန်က စီမံအုပ်ချုပ်မှု ညံ့ဖျင်းပြီး စီးပွားရေးမူဝါဒ ဆိုးဝါးလျှင်တော့ နိုင်ငံတစ်ခု၏ စီးပွားရေးကို ကြောက်စရာကောင်းလောက်အောင် မြန်ဆန်သည့်နှုန်းဖြင့် အောက်သို့ ပြုတ်ကျသွားစေနိုင်၏။

ဥပမာ- ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ၏ စီမံအုပ်ချုပ်ညံ့ဖျင်းမှုကြောင့် ၁၉၉၈ခုနှစ်ကတည်းက နိုင်ငံသည် စီးပွားရေးပျက်သှဉ်းခဲ့ရပြီး ငွေကြေးဖောင်းပွမှုမှာ တစ်နှစ်လျှင် အဆတစ်ထောင်ခန့် မြင့်တက်လာသည်။

ထိုကျဆင်းမှုကို ဇင်ဘာဘွေနိုင်ငံသို့ အဝင်လေဆိပ်မှာ ခြေချလိုက်ကတည်းက ဘယ်သူမဆို ရိပ်စားမိလိမ့်မည်။

စီမံအုပ်ချုပ်မှု ညံ့ဖျင်းသည့်အခါ အကျင့်ပျက်လာဘ်စားမှုက နိုင်ငံကို လွှမ်းမိုးလာလိမ့်မည်။

စီမံအုပ်ချုပ်မှုနှင့် မူဝါဒကောင်းမွန်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီ အထောက်အပံ့ ဖြစ်သည်။ သို့သော် မရှိသည့် အခွင့်အလမ်းတွေကို ထုတ်လုပ်ပေးနိုင်တာတော့ မဟုတ်။ ဥပမာ မာလာဝီနိုင်ငံလေးမှာ အကောင်းဆုံး စီမံအုပ်ချုပ်မှုနှင့် မူဝါဒတွေ ရှိစေဦးတော့။ ထိုနိုင်ငံကို ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် ပြောင်းလဲပေးလို့ မရသေး။ ဘာကြောင့်လဲဆိုတော့ အဲဒီအတွက် အခွင့်အလမ်းတွေ ရှိမနေလို့ ဖြစ်သည်။

၂၀၀၅ခုနှစ်ကတည်းက ကမ္ဘာပေါ်တွင် အကျင့်ပျက်လာဘ်စားမှုကို လေ့လာတွက်ချက်ကြည့်သည့်အခါ တစ်ကမ္ဘာလုံးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ချတ်ဒ်နိုင်ငံက သရေဖြင့် အောက်ဆုံးမှာ နေရာရသည်။ ထိုနိုင်ငံနှစ်ခုလုံးတွင် စီမံအုပ်ချုပ်မှု ညံ့ဖျင်းတာက သံသယဖြစ်စရာ မလိုပေ။ သို့သော် အံ့ဩစရာကောင်းသည့် အချက်က အကျင့်ပျက်လာဘ်စားမှုတွင် ဟိုးအောက်ဆုံးမှာ ရှိနေခြင်း ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်သည် အသင့်အတင့် စီးပွားရေးမူဝါဒ ရှိဖို့ ဖွံ့ဖြိုးတိုးတက်မှုဆီ ခြေလှမ်းလှမ်းနေပြီ ဖြစ်သည်။ ပြည်ပထုတ်ကုန်နှင့် ပတ်သက်သည့် အလယ်အလတ် အခွင့်အရေးကို ပေးခဲ့လို့ ဖြစ်နိုင်သည်ဟု စာရေးသူက သုံးသပ်သည်။ သူ့အစိုးရ အနေနှင့် တက်ကြွစွာ အကောင်းလုပ်ဖို့ထက် မကောင်းတာ မလုပ်မိအောင် ရှောင်ရှားဖို့က ပိုပြီး အရေးတကြီး လိုအပ်သည် မဟုတ်လား။ ထုတ်ကုန်လုပ်ငန်းရှင်တို့သည် အခွန်သိပ်စျေးမကြီးဘဲ မျှတတာကို နှစ်သက်သည်။ စီးပွားရေးတည်ငြိမ်မှုကို နှစ်သက်သည်။ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်မှုကို နှစ်သက်သည်။

ချတ်ဒ်နိုင်ငံမှာတော့ ထိုအခြေအနေမဟုတ်။ ပိတ်မိနေသောနိုင်ငံလေးအဖြစ် သူ့မှာ အထောက်အပံ့ အကူအညီ ရှိသည်။ ရေနံရှိသည်။ ပြည်ပပို့ကုန်အတွက် အစိုးရက ငွေကို လိမ္မာပါးနပ်စွာ အသုံးပြုဖို့ လိုအပ်သည်။ ထိုအခြေအနေမျိုးမှာကျတော့ အန္တရာယ်ဖြစ်မည့်ကိစ္စကို မလုပ်ဘူး ဆိုရုံနှင့် မရတော့ပေ။ သူကျတော့ ကောင်းတာကို လုပ်ကို လုပ်ရမည့် အခြေအနေ ဖြစ်သည်။

ချတ်ဒ်နိုင်ငံတွင် ၂၀၀၄ခုနှစ်က ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ချတ်ဒ်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပေးလိုက်သောငွေကို နောက်ကနေ ခြေရာခံသည့်အလုပ်ကို အဖွဲ့တစ်ခုက ဆောင်ရွက်ခဲ့သည်။ ငွေကို ဘယ်လို သုံးစွဲသလဲ၊ ဘယ်လောက် ထိရောက်သလဲ၊ ဘယ်လောက် လေလွင့်သလဲဆိုသည့် အဆင့်ထိ သွားတာ မဟုတ်။ ရိုးစင်းစွာပင် ဒီငွေတွေ ဘယ်ကိုသွားတာလဲ ဟူသည့် လမ်းကြောင်းကိုပဲ လိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုအခါ အံ့ဩတုန်လှုပ်ဖွယ်ရာ သွားတွေ့ရသည်က ၁ ရာခိုင်နှုန်းထက် နည်းသောငွေကသာ ကျန်းမာရေးဆေးပေးခန်းတွေဆီသို့ ရောက်သတဲ့။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းမှာ ရည်မှန်းထားသည့် နေရာသို့ မရောက်ခဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မတူတာက ချတ်ဒ်နိုင်ငံမှာ အစိုးရ၏တစ်ခုတည်းသောအလုပ်က ပြည်သူလူထုကို အကျိုးဆောင်ဖို့ပဲ ဖြစ်ပြီး ထိုအလုပ်သည် အကျင့်ပျက်လာဘ်စားမှုကြောင့် လုံးဝ ပိတ်ဆို့သွားခဲ့သည်။


ကူညီနိုင်မည့်နည်းလမ်းများ ရှာဖွေခြင်း

ထောင်ချောက်များသည် Black hole ဟု ခေါ် သော အာကာသထဲက မမြင်ရသည့်ဆွဲငင်အားတွေလို ‘အထဲကျသွားလျှင် ပြန်တက်လာဖို့ မဖြစ်နိုင်လောက်သည့် အခြေအနေ မဟုတ်ပါ။ ပြန်တက်လာဖို့ ခက်ခဲလိမ့်မည်။ သို့သော် ပြန်တက်ဖို့ ဖြစ်နိုင်ပါသည်။

တစ်ခုတော့ ရှိပါသည်။

စီမံအုပ်ချုပ်မှုညံ့ဖျင်းလို့ နိုင်ငံတစ်ခုက ထောင်ချောက်ထဲ ကျသွားပြီးလျှင် အဲဒီကနေ ပြန်တက်ဖို့ သင်္ချာဖြင့် တွက်လျှင် တစ်နှစ်မှာ ၂ ရာခိုင်နှုန်း တိုးတက်မှုနှင့် အနည်းဆုံး နှစ်ပေါင်း ၆၀ ကြာလိမ့်မည်။ အပြောင်းအလဲ နည်းနည်းလေးမှ တစ်ဆင့် အခါအားလျော်စွာ တဖြည်းဖြည်း ပြန်တက်ဖို့ မဖြစ်နိုင်စရာ မရှိ။ သူတို့ပြောတာကတော့ ကယ်တင်ပေးဖို့ နည်းလမ်းတွေ ရှိပါသည်။ သို့သော် အသေအချာ စဉ်းစားပြီး မမှားအောင် လုပ်မှ ဖြစ်မည်။

အဆုံးသတ်မှာတော့ ပေါလ်ကိုလီယာသည် ထို နိုင်ငံတွေကို တိုးတက်အောင် ဆွဲခေါ် ကူညီဖို့အတွက် အသင့်လျော်ဆုံး နည်းလမ်းတွေအဖြစ် ဖွံ့ဖြိုးပြီး အင်အားကြီး ရှစ်နိုင်ငံကို အကြံပေးထားသည်က အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်းလဲပေးဖို့ မျှော်လင့်ချက်၊ သဘာဝသယံဇာတကို နည်းမှန်လမ်းမှန် အမြတ်ထုတ် အသုံးချဖို့ ကူညီပေးဖို့ မျှော်လင့်ချက်၊ မီဒီယာကို လွတ်လပ်ခွင့်ပေးဖို့ မျှော်လင့်ချက်၊ စီးပွားရေးဆိုင်ရာ လိမ်လည်မှုတွေကို တားမြစ်ဖို့မျှော်လင့်ချက် ထိုအချက်များကို အကြံပေးထားပါသည်။

ဆင်းရဲသောနိုင်ငံလေးများအတွက် မျှော်လင့်ချက်သည် လုံးဝ ပျက်သုဉ်းသွားတာ မဟုတ်လို့ ကျွန်မ စိတ်ချမ်းသာရာ ရပါသည်။

ဂျပန်နိုင်ငံမှာ မွေးလာသော မိန်းကလေးငယ်လေး တစ်ယောက်သည် အသက် ၈၆နှစ်အထိ အသက်ရှည်ဖို့ မျှော်လင့်ချက်ရှိပြီး သူ အိမ်ထောင်သားမွေး ပြုသည့် အရွယ်မှာလည်း ဆေးရုံမှာ ပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်၊ အသက် ကြီးရင့်လျှင်လည်း အိုမင်းရတာ အကူအညီ အထောက်အပံ့တွေ နှင့် ကံကောင်းလှချိန်မှာ အင်ဂိုလာနိုင်ငံတို့ ဇင်ဘာဘွေနိုင်ငံတို့မှာ မွေးလာသည့် မိန်းကလေးတစ်ယောက်ကတော့ အသက် ၄ဝထိပဲ အသက်ရှည်ဖို့ မျှော်လင့်ချက်ရှိသည်။ သူ ကလေးမွေးတော့လည်း ဆေးရုံမှာ မဖြစ်နိုင်။ အိမ်မှာ ဆင်းရဲနွမ်းပါး ချို့တဲ့စွာ လက်သည်နှင့် မွေးရမှာ။ ကလေးကလည်း အသက်ရှင်ဖို့ အခွင့်နည်းဦးမှာ။ ကလေး အသက်ရှင်ပြန်တော့လည်း ငါးနှစ်အထိ အသက်ရှည်ဖို့ပင် အခွင့်နည်းဦးမှာ။ မိခင်ကိုယ်တိုင်ကလည်း ကံကောင်းလို့ အသက်ရှည်ခဲ့လျှင်တောင် အိုမင်းမစွမ်းဖြစ်ချိန် ဆေးဝါးကုသမှုနှင့် အထောက်အပံ့ လုံးဝ မရဘဲ ဖြစ်သလိုနေ ဖြစ်သလိုသေရမည့်ဘဝ။ ဒါတွေကို တွေးရတာ စိတ်မချမ်းသာခဲ့။

သူ့ နေရာမှာ ကိုယ်နေကြည့်စမ်းပါ။ ဘယ်လိုမှ တွေးကြည့်လို့မရ။ ကျွန်မရော ဘယ်လိုအခြေအနေရှိသလဲ။ ကျွန်မနေရာကို တခြား ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံသားတစ်ဦးက တွေးကြည့်ပြီး ပခုံးတွန့်နေမှာလား။ ကျွန်မဘဝကို သူ ခဏယူပေးဖို့ စိတ်ကူးနှင့်ပင် တွန့်ဆုတ်နေရပြီတဲ့လား။

အခုတော့ ပေါလ်ကိုလီယာပြောသလို တိုးတက်ဖို့ မဖြစ်နိုင်သည့် အခြေအနေမဟုတ်။ မျှော်လင့်ချက်တွေ ရှိသေးသည်။ အားလုံး ဝိုင်းဝန်းကြိုးစားကြည့်ဖို့တော့ လိုပါလိမ့်မည်။

ဆရာမဂျူး၏အောက်ခြေသန်းတစ်ထောင်စာအုပ်မှ


(zawgyi)

နိုင္ငံ၏ဖြံ့ၿဖိဳးတိုးတက္မႈကို တားဆီးသည့္ ေထာင္ေခ်ာက္ ေလးမ်ိဳး ရွိသည္။

(၁) ျပည္တြင္းစစ္ ပဋိပကၡ ေထာင္ေခ်ာက္ (ConflictTrap)

(၂)သဘာဝသယံဇာတ ေထာင္ေခ်ာက္ (Natural resource trap)

(၃) ဆိုးဝါးေသာ အိမ္နီးခ်င္းနိုင္ငံမ်ားၾကားတြင္ ပိတ္မိေနသည့္ ေထာင္ေခ်ာက္ (Land locked with bad neighbors)

(၄) နိုင္ငံငယ္ေလးတြင္ စီမံအုပ္ခ်ဳပ္မႈ ညံ့ဖ်င္းေနျခင္း ဟူေသာ ေထာင္ေခ်ာက္ (Bad Governace in small country) တို႔ျဖစ္သည္။


စီမံအုပ္ခ်ဳပ္မႈညံ့ဖ်င္းသည့္ေထာင္ေခ်ာက္ (Bad Governance)

စီမံအုပ္ခ်ဳပ္မႈႏွင့္ စီးပြားေရးမူဝါဒသည္ စီးပြားေရး တိုးတက္ေဆာင္ရြက္မႈကို ကူညီပုံေဖာ္ေပးသည္။ သို႔ေသာ္ ထိုအခ်က္မ်ားကို မွန္ကန္စြာ ေဆာင္ရြက္ျခင္းႏွင့္ မွားယြင္းစြာ ေဆာင္ရြက္ျခင္း ႏွစ္မ်ိဳးသည္ ေကာင္းက်ိဳးဆိုးက်ိဳး အညီအညာ အက်ိဳးသက္ေရာက္ေစတာေတာ့ မဟုတ္။

အလြန္ေကာင္းမြန္ေသာ စီမံအုပ္ခ်ဳပ္မႈႏွင့္ စီးပြားေရးမူဝါဒသည္ နိုင္ငံကို တိုးတက္ဖြံ့ၿဖိဳးေအာင္ ကူညီေပးသည္။ သို႔ေသာ္ ဖြံ့ၿဖိဳးတိုးတက္မႈႏႈန္းသည္ ဆယ္ရာခိုင္ႏႈန္း အထိပဲ။ သည့္ထက္ပိုၿပီး ႏႈန္းက မျမန္နိုင္၊ ဘယ္ေလာက္ေကာင္းသည့္ အစိုးရပဲျဖစ္ျဖစ္ ဒီထက္ပိုၿပီး အထက္ ျမန္ျမန္ မတက္နိုင္။ သို႔ေသာ္ ထိုအခ်က္ႏွင့္ ေျပာင္းျပန္က စီမံအုပ္ခ်ဳပ္မႈ ညံ့ဖ်င္းၿပီး စီးပြားေရးမူဝါဒ ဆိုးဝါးလၽွင္ေတာ့ နိုင္ငံတစ္ခု၏ စီးပြားေရးကို ေၾကာက္စရာေကာင္းေလာက္ေအာင္ ျမန္ဆန္သည့္ႏႈန္းျဖင့္ ေအာက္သို႔ ျပဳတ္က်သြားေစနိုင္၏။

ဥပမာ- ဇင္ဘာေဘြသမၼတ ေရာဘတ္မူဂါဘီ၏ စီမံအုပ္ခ်ဳပ္ညံ့ဖ်င္းမႈေၾကာင့္ ၁၉၉၈ခုႏွစ္ကတည္းက နိုင္ငံသည္ စီးပြားေရးပ်က္သွဥ္းခဲ့ရၿပီး ေငြေၾကးေဖာင္းပြမႈမွာ တစ္ႏွစ္လၽွင္ အဆတစ္ေထာင္ခန႔္ ျမင့္တက္လာသည္။

ထိုက်ဆင္းမႈကို ဇင္ဘာေဘြနိုင္ငံသို႔ အဝင္ေလဆိပ္မွာ ေျခခ်လိုက္ကတည္းက ဘယ္သူမဆို ရိပ္စားမိလိမ့္မည္။

စီမံအုပ္ခ်ဳပ္မႈ ညံ့ဖ်င္းသည့္အခါ အက်င့္ပ်က္လာဘ္စားမႈက နိုင္ငံကို လႊမ္းမိုးလာလိမ့္မည္။

စီမံအုပ္ခ်ဳပ္မႈႏွင့္ မူဝါဒေကာင္းမြန္မႈသည္ နိုင္ငံဖြံ့ၿဖိဳးတိုးတက္မႈအတြက္ အကူအညီ အေထာက္အပံ့ ျဖစ္သည္။ သို႔ေသာ္ မရွိသည့္ အခြင့္အလမ္းေတြကို ထုတ္လုပ္ေပးနိုင္တာေတာ့ မဟုတ္။ ဥပမာ မာလာဝီနိုင္ငံေလးမွာ အေကာင္းဆုံး စီမံအုပ္ခ်ဳပ္မႈႏွင့္ မူဝါဒေတြ ရွိေစဦးေတာ့။ ထိုနိုင္ငံကို ခ်မ္းသာႂကြယ္ဝသည့္ နိုင္ငံအျဖစ္ ေျပာင္းလဲေပးလို႔ မရေသး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီအတြက္ အခြင့္အလမ္းေတြ ရွိမေနလို႔ ျဖစ္သည္။

၂၀၀၅ခုႏွစ္ကတည္းက ကမၻာေပၚတြင္ အက်င့္ပ်က္လာဘ္စားမႈကို ေလ့လာတြက္ခ်က္ၾကည့္သည့္အခါ တစ္ကမၻာလုံးတြင္ ဘဂၤလားေဒ့ရွ္နိုင္ငံႏွင့္ ခ်တ္ဒ္နိုင္ငံက သေရျဖင့္ ေအာက္ဆုံးမွာ ေနရာရသည္။ ထိုနိုင္ငံႏွစ္ခုလုံးတြင္ စီမံအုပ္ခ်ဳပ္မႈ ညံ့ဖ်င္းတာက သံသယျဖစ္စရာ မလိုေပ။ သို႔ေသာ္ အံ့ဩစရာေကာင္းသည့္ အခ်က္က အက်င့္ပ်က္လာဘ္စားမႈတြင္ ဟိုးေအာက္ဆုံးမွာ ရွိေနျခင္း ျဖစ္ေသာ္လည္း ဘဂၤလားေဒ့ရွ္သည္ အသင့္အတင့္ စီးပြားေရးမူဝါဒ ရွိဖို႔ ဖြံ့ၿဖိဳးတိုးတက္မႈဆီ ေျခလွမ္းလွမ္းေနၿပီ ျဖစ္သည္။ ျပည္ပထုတ္ကုန္ႏွင့္ ပတ္သက္သည့္ အလယ္အလတ္ အခြင့္အေရးကို ေပးခဲ့လို႔ ျဖစ္နိုင္သည္ဟု စာေရးသူက သုံးသပ္သည္။ သူ႔အစိုးရ အေနႏွင့္ တက္ႂကြစြာ အေကာင္းလုပ္ဖို႔ထက္ မေကာင္းတာ မလုပ္မိေအာင္ ေရွာင္ရွားဖို႔က ပိုၿပီး အေရးတႀကီး လိုအပ္သည္ မဟုတ္လား။ ထုတ္ကုန္လုပ္ငန္းရွင္တို႔သည္ အခြန္သိပ္ေစ်းမႀကီးဘဲ မၽွတတာကို ႏွစ္သက္သည္။ စီးပြားေရးတည္ၿငိမ္မႈကို ႏွစ္သက္သည္။ လမ္းပမ္းဆက္သြယ္ေရး ေကာင္းမြန္မႈကို ႏွစ္သက္သည္။

ခ်တ္ဒ္နိုင္ငံမွာေတာ့ ထိုအေျခအေနမဟုတ္။ ပိတ္မိေနေသာနိုင္ငံေလးအျဖစ္ သူ႔မွာ အေထာက္အပံ့ အကူအညီ ရွိသည္။ ေရနံရွိသည္။ ျပည္ပပို႔ကုန္အတြက္ အစိုးရက ေငြကို လိမၼာပါးနပ္စြာ အသုံးျပဳဖို႔ လိုအပ္သည္။ ထိုအေျခအေနမ်ိဳးမွာက်ေတာ့ အႏၲရာယ္ျဖစ္မည့္ကိစၥကို မလုပ္ဘူး ဆို႐ုံႏွင့္ မရေတာ့ေပ။ သူက်ေတာ့ ေကာင္းတာကို လုပ္ကို လုပ္ရမည့္ အေျခအေန ျဖစ္သည္။

ခ်တ္ဒ္နိုင္ငံတြင္ ၂၀၀၄ခုႏွစ္က ေက်းလက္က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ခ်တ္ဒ္ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ေပးလိုက္ေသာေငြကို ေနာက္ကေန ေျခရာခံသည့္အလုပ္ကို အဖြဲ႕တစ္ခုက ေဆာင္ရြက္ခဲ့သည္။ ေငြကို ဘယ္လို သုံးစြဲသလဲ၊ ဘယ္ေလာက္ ထိေရာက္သလဲ၊ ဘယ္ေလာက္ ေလလြင့္သလဲဆိုသည့္ အဆင့္ထိ သြားတာ မဟုတ္။ ရိုးစင္းၥာပင္ ဒီေေ္ငၾတ ဘယၠိဳၾသားတာလဲ ဟူသည့္ လမ္းေၾကာင္းကိုပဲ လိုကၡဲ့ၡင္း ၹစ္သၫ္။ ထိုအခါ အံ့ဩတုႏႅႈၸၹယ္ရာ ၾသားေၾတ႕ရသၫၠ ၁ ရာခိုင္ႏႈႏ္းထက္ နၫ္းေသာေ္ငကသာ က္ႏ္းမာေရးေဆးေပးခႏ္းေၾတဆီသို႔ ေရာက္သတဲ့။ က္ႏၲဲ့ ၉၉ ရာခိုင္ႏႈႏ္းၼာ ရၫၼ္ႏ္းထားသည့္ ေနရာသို႔ ေမရာကၡဲ့။ ဘဂလၤားေဒ့္ရၷိဳင္ငံႏ္င့္ မတူတာက ခၲၵၷိဳင္ငံၼာ အစိုးရ၏တစၡဳတၫ္းေသာအလုပၠ ၸၫ္သဴလူထုကို အက္ိဳးေဆာငၹိဳ႕ပဲ ၹစ္ၿပီး ထိုအလုပ္သၫ္ အက္င့ၸၠႅာဘၥားမႈေၾကာင့္ လုံးဝ ပိတၦိဳ႕ၾသားခဲ့သၫ္။




ကူညီနိုငၼည့ၷၫ္းလမ္းမ္ား ္ရာေၹၡင္း


ေထာင္ေခ္ာကၼ္ားသၫ္ Black hole ဟု ေခၚ ေသာ အာကာသထဲက မၼင္ရသည့္ၾဆဲငင္အားေၾတလို ‘အထဲက္ၾသားလၽ္င္ ၸႏၲကႅာဖို႔ မၹစၷိဳင္ေလာက္သည့္ ေအ္ေခအန မဟုတၸါ။ ၸႏၲကႅာဖို႔ ခကၡဲလိမ့ၼၫ္။ သို႔ေသာ္ ၸႏၲကၹိဳ႕ ၹစၷိဳငၸါသၫ္။


တစၡဳေတာ့ ၿရိပါသၫ္။


စီမံအုပၡ္ဳပၼႈညံ့ဖ္င္းလို႔ နိုင္ငံတစၡဳက ေထာင္ေခ္ာကၳဲ က္ၾသားၿပီးလၽ္င္ အဲဒီေကန ၸႏၲကၹိဳ႕ သခၤ္ာၹင့္ ၾတကႅၽ္င္ တစ္ႏၥၼ္ာ ၂ ရာခိုင္ႏႈႏ္း တိုးတကၼႈႏ္င့္ အနၫ္းဆုံး ႏၥ္ေပါင္း ၆၀ ၾကာလိမ့ၼၫ္။ ေအၸာင္းအလဲ နၫ္းနၫ္းေလးၿမ တစၧင့္ အခါအားေလ္ာ္ၥာ တၹၫ္းၹၫ္း ၸႏၲကၹိဳ႕ မၹစၷိဳငၥရာ မၿရိ။ သူတို႔ေၸာတာေကတာ့ ကယၱင္ေပးဖို႔ နၫ္းလမ္းေၾတ ၿရိပါသၫ္။ သို႔ေသာ္ ေအသအခ္ာ စၪ္းစားၿပီး မၼားေအာင္ လုပၼ္ ၹစၼၫ္။


အဆုံးသတၼ္ာေတာ့ ေပါလၠိဳလီယာသၫ္ ထို နိုင္ငံေၾတကို တိုးတက္ေအာင္ ၾဆဲေခၚ ကူညီဖို႔အၾတက္ အသင့္ေလ္ာၦဳံး နၫ္းလမ္းေၾတအၹစ္ ၿဖံ့ၿဖိဳးၿပီး အင္အားႀကီး ္ရစၷိဳင္ငံကို အႀကံေပးထားသၫၠ အၸၫ္ၸၫၦိဳင္ရာ ဥေပဒကို ေၸာင္းလဲေပးဖို႔ ေမၽ္ာႅင့ၡၠ္၊ သဘာဝသယံဇာတကို နၫ္းၼႏႅမ္းၼႏ္ အၼတၳဳတ္ အသုံးခၹိဳ႕ ကူညီေပးဖို႔ ေမၽ္ာႅင့ၡၠ္၊ မီဒီယာကို ၾလတႅၸၡင့္ေပးဖို႔ ေမၽ္ာႅင့ၡၠ္၊ စီးၸားေရးဆိုင္ရာ လိမႅၫၼႈေၾတကို တားၼစၹိဳ႕ေမၽ္ာႅင့ၡၠ္ ထိုအခၠၼ္ားကို အႀကံေပးထားပါသၫ္။


ဆင္းရဲေသာနိုင္ငံေလးမ္ားအၾတက္ ေမၽ္ာႅင့ၡၠ္သၫ္ လုံးဝ ပၠ္သဳၪ္းၾသားတာ မဟုတႅိဳ႕ ကၽ္ႏၼ စိတၡၼ္းသာရာ ရပါသၫ္။


ဂၸႏၷိဳင္ငံၼာ ေၼးလာေသာ မိႏ္းေကလးငယ္ေလး တစ္ေယာက္သၫ္ အသက္ ၈၆ႏၥ္အထိ အသၾက္ရၫၹိဳ႕ ေမၽ္ာႅင့ၡ္ၾက္ရိၿပီး သူ အိမ္ေထာင္သားေၼး ၸဳသည့္ အ္ရယၼ္ာလၫ္း ေဆး႐ုံၼာ ၸည့ၥဳံသည့္ က္ႏ္းမာေရးေစာင့္ေ္ရာကၼႈႏ္င့္၊ အသက္ ႀကီးရင့ႅၽ္ငႅၫ္း အိုမင္းရတာ အကူအညီ ေအထာက္အပံ့ေၾတ ႏ္င့္ ကံေကာင္းၾလခ္ိႏၼ္ာ အငၢိဳလာနိုင္ငံတို႔ ဇငၻာေၾဘနိုင္ငံတို႔ၼာ ေၼးလာသည့္ မိႏ္းေကလးတစ္ေယာေကၠတာ့ အသက္ ၄ဝထိပဲ အသၾက္ရၫၹိဳ႕ ေမၽ္ာႅင့ၡ္ၾက္ရိသၫ္။ သူ ေကလးေၼးေတာ့လၫ္း ေဆး႐ုံၼာ မၹစၷိဳင္။ အိမၼ္ာ ဆင္းရဲႏၼ္းပါး ခ္ိဳ႕တဲ့ၥာ လက္သၫ္ႏ္င့္ ေၼးရၼာ။ ေကလးကလၫ္း အသၾက္ရငၹိဳ႕ အၡင့ၷၫ္းဦးၼာ။ ေကလး အသၾက္ရင္ၸႏ္ေတာ့လၫ္း ငါးႏၥ္အထိ အသၾက္ရၫၹိဳ႕ပင္ အၡင့ၷၫ္းဦးၼာ။ မိခငၠိဳယၱိဳငၠလၫ္း ကံေကာင္းလို႔ အသၾက္ရၫၡဲ့လၽ္င္ေတာင္ အိုမင္းမၥမ္းၹစၡ္ိႏ္ ေဆးဝါးကုသမႈႏ္င့္ ေအထာက္အပံ့ လုံးဝ မရဘဲ ၹစ္သလိုေန ၹစ္သလိုေသရမည့ၻဝ။ ဒါေၾတကို ေၾတးရတာ စိတၼခၼ္းသာခဲ့။


သူ႔ ေနရာၼာ ကိုယ္ေနၾကည့ၥမ္းပါ။ ဘယႅိဳၿမ ေၾတးၾကည့ႅိဳ႕မရ။ ကၽ္ေႏၼရာ ဘယႅိဳေအ္ေခအနၿရိသလဲ။ ကၽ္ေႏၼနရာကို တၡား ၿဖံ့ၿဖိဳးတိုးတက္သည့္ နိုင္ငံသားတစ္ဦးက ေၾတးၾကည့္ၿပီး ပခုံးၾတန႔္ေႏၼာလား။ ကၽ္ႏၼဘဝကို သူ ခဏယူေပးဖို႔ စိတၠဴးႏ္င့ၸင္ ၾတန႔ၦဳတ္ေနရၿပီတဲ့လား။


အခုေတာ့ ေပါလၠိဳလီယာေၸာသလို တိုးတကၹိဳ႕ မၹစၷိဳင္သည့္ ေအ္ေခအနမဟုတ္။ ေမၽ္ာႅင့ၡၠ္ေၾတ ၿရိေသးသၫ္။ အားလုံး ဝိုင္းဝႏ္းႀကိဳးစားၾကည့ၹိဳ႕ေတာ့ လိုပါလိမ့ၼၫ္။


ဆရာမဂ္ဴး၏ေအာက္ေၡသႏ္းတစ္ေထာငၥာအုပၼ္

Comments

  1. phat Yinn Hlu တာအပန်းမကြီးပါဘူး

    ReplyDelete
  2. အခုလက်တွေ့ပါပဲ

    ReplyDelete
  3. နှစ်၆၀ လောက်အကြာချင်ဘူး

    ReplyDelete
  4. တနှစ်လျှင် ၂ရာခိုင်နှုန်းနှင့် နှစ်ပေါင်း၆၀ဆိုတော့ကား နောက်ဘဝတော့မှီနိုင်ကောင်းပါရဲ့

    ReplyDelete
    Replies
    1. နောက်ဘဝမှာ ဒီနိုင်ငံမှာ ဖြစ်ချင်သေးတယ်လား 😅😅

      Delete
    2. ကိုယ့်ကံကလည်း ဒီနိုင်ငံနှင့်ပဲ တန်တယ်ထင်ပါရဲ့
      PPWKရယ်

      Delete
  5. ညံံ့ဖျင်းပြီး ဦးနှောက်မရှိ လောဘကြီးတဲ့ အစိုးရ ရှိနေသေးသရွေ့ မြန်မာ ဆိုတာမွဲတေနေဦးမှာပဲ လုံးဝမှန်တယ် စကစ တွေအမြန်အမြစ်ပြုတ်ပါစေ👍✊

    ReplyDelete
  6. ရွံစရာကောင်းတဲ့အာဏာရှင်တွေ ကျရှုံးပါစေ

    ReplyDelete
  7. မှတ်ဖူးသလိုပါပဲလို့ တွေးနေတာ ဆရာမဂျူးရဲ့ အောက်ခြေသန်းတစ်ထောင်မှန်းပြန်သိခွင့်ရလို့ ကျေးဇူးပါခင်ဗျ

    ReplyDelete
  8. ထောင်ချောက် ဍီကာ

    ReplyDelete
    Replies
    1. Thanks for your correction
      ခုမှ တွေ့လို့ပါ ခင်ဗျာ :D

      Delete
  9. လူကြီးတွေကို ဒါတွေရှင်းပြရတာ ပိုခက်တယ်
    သူတိူ့သိ သူတို့တတ်တွေ
    လူငယ်ဘာလုပ်လုပ်အမှားဆိုတဲ့ စိတ်နဲ့
    တချို့တွေ ရှင်းပြရတာ တော်တော်လက်ပေါက်ကပ်တယ်ဗျာ

    ReplyDelete
  10. တကယ့်အနှစ်ကြီးတွေ ရေးထားတာ ဆရာမဂျူးက။

    ReplyDelete
  11. ငိုချင်သဝါးတယ်🙃

    ReplyDelete
  12. ရေစက်မှ ပင်လယ်ဆီသို့
    -
    သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
    ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
    တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
    သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
    အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
    ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။

    ReplyDelete
  13. တိုက်ဆိုင်တာ ညနေကပဲ ဂျူးရဲ့အဲ့စာအုပ်လေးဖတ်နေမိတာ

    ReplyDelete
  14. 🇹 🇭 🇦 🇹 🇷 🇮 🇬 🇭 🇹

    ReplyDelete
  15. အတွေးအမြင် ရှင်းမှ
    နိုင်ငံရေးအမြင် ရှင်းမယ်
    တော်လှန်ရေးပြတ်သားမယ်

    ReplyDelete

Post a Comment