Binge-eating Disorderအကြောင်း
Binge-eating Disorderအကြောင်း
Binge-eating Disorderဆိုတာ အစားအစာတွေကို အမြောက်အများ မကြာခဏ စားစေတဲ့၊ စားနေတာကို မရပ်တန့်နိုင်တဲ့ Eating Disorderတစ်မျိုး ဖြစ်ပါတယ်။
Binge-eating Disorderရဲ့ လက္ခဏာများကတော့
-အချိန်အတိုင်းအတာတစ်ခု (ဥပမာ နှစ်နာရီ)အတွင်း အစားအစာကို အမြောက်အမြားစားသုံးခြင်း
-ထိုသို့ မစားသုံးမိအောင် မိမိကိုယ်ကို ထိန်းချုပ်လို့ မရခြင်း
-ဗိုက်ပြည့်သွားတာတောင် သို့မဟုတ် မဆာတာတောင် စားနေခြင်း
-ထိန်းချုပ်လို့ မရလောက်အောင် စားနေတဲ့အချိန်မှာ အလျင်အမြန် စားသုံးနေခြင်း
-တစ်ယောက်တည်း သို့မဟုတ် လျှို့ဝှက်စွာ မကြာခဏ စားသုံးတတ်ခြင်း
-စားသုံးနေစဥ်အတွင်း စိတ်ဓာတ်ကျခြင်း၊ စက်ဆုပ်ခြင်း၊ ရှက်ခြင်း၊ အပြစ်ရှိခြင်းတို့ကို ခံစားရခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။
Binge-eating Disorderဟာ အစာအများကြီး စားစေတာမျိုးဖြစ်တဲ့ အချိန် မကြာခဏဖြစ်၊ မဖြစ် အတိုင်းအတာအပေါ် မူတည်ပြီး ပြင်းထန်မှုကို တိုင်းတာကြပါတယ်။
Binge-eating Disorderဟာ အမျိုးသားများထက် အမျိုးသမီးများမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ကြပေမယ့် အများစုကတော့ အသက် ၂၀ ဝန်းကျင်မှာ စဖြစ်လေ့ရှိကြပါတယ်။
မိသားစုဝင်ထဲမှာ Binge-eating Disorderဖြစ်ဖူးသူရှိလျှင် မိမိမှာလည်း Binge-eating Disorderဖြစ်နိုင်နှုန်း ပိုများပါတယ်။ Dietလုပ်ဖူးသူများမှာလည်း Binge-eating Disorder ဖြစ်နိုင်ခြေ ပိုများပါတယ်။ ထို့ပြင် Binge-eating Disorderဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် အပြန်အလှန် ဆက်နွယ်နေပါတယ်။ Bipolar Disorder၊ Depression၊ Stress၊ Anxiety တို့ထဲမှ တစ်ခုခု ဖြစ်နေသူများဟာ Binge-eating Disorder ပိုမို ဖြစ်ပွားနိုင်သလို Binge-eating Disorderဖြစ်နေသူများဟာလည်း နောက်ဆက်တွဲဆိုးကျိုးအနေနှင့် Bipolar Disorder၊ Depression၊ Stress၊ Anxietyစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ခံစားရနိုင်ပါတယ်။
Binge-eating Disorder၏ အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာကတော့ အဝလွန်ခြင်းပဲ ဖြစ်ပါတယ်။ ထို့ပြင် အဝလွန်ခြင်းနှင့် ဆက်စပ်နေတဲ့ အရိုးဆစ်ပြဿနာများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အိပ်စက်တဲ့အခါမှာ အသက်ရှူရခက်ခဲတဲ့ ပြဿနာများ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာအချို့ကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
လူတစ်ယောက်ဟာ အစားအစာကို အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာများအတိုင်း စားကြတဲ့အချိန်မျိုးကို အနည်းဆုံး တစ်ပတ်မှာ တစ်ခါ၊ သုံးလကြာ ဖြစ်တတ်တယ်ဆိုရင်တော့ Binge-eating Disorderဖြစ်နေပါပြီ။ (ပွဲတော်တို့၊ ပါတီတို့မှာ အများအပြား စားတာမျိုး ထည့်မတွက်ပါ)
ထိုသို့ အမြောက်အများစားတဲ့ အချိန်အတိုင်းအတာဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ဖြစ်ပေါ်ရင်တော့ Binge-Eating Disorderဟာ မပြင်းထန်ပေမယ့် တစ်ပတ်မှာ ဆယ့်လေးကြိမ်နှင့်အထက် ဖြစ်ပေါ်ရင်တော့ ပြင်းထန်နေပါပြီ။
Binge-eating Disorderကို ဆေးသောက်ခြင်းဖြင့်လည်း ကုသနိုင်သလို Psychotherapyကုသနည်းများနှင့်လည်း ကုသနိုင်ပါတယ်။ Binge-eating Disorderဖြစ်နေပြီး အဝလွန်နေကြသူများကတော့ ကုသနည်းများကို ခံယူပြီးမှသာ ဝိတ်လျှော့သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Binge-eating Disorderကို မကုသဘဲ ဝိတ်လျှော့မယ်ဆိုရင်တော့ အစားအစာတွေကို အမြောက်အမြား ပိုမိုစားစေနိုင်ပြီး Binge-eating Disorderကို ပိုမိုဆိုးရွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။

done
ReplyDeleteMe : dont know what to eat always
ReplyDelete