Black

အနက်ရောင်


🔳 အနက်ရောင်က လျှို့ဝှက်ဆန်းကြယ်ခြင်း၊ power၊ တင့်တယ်ကြော့ရှင်းခြင်း၊ ခေတ်မီခြင်းတွေကို ကိုယ်စားပြုထားတဲ့ အရောင်ပါ။ 
 
🔳 အနက်ရောင်က ကာလာစက်ဝန်းထဲမှာ မပါပါဘူး။ အနက်ရောင်ကို အရောင်မဲ့လို့သတ်မှတ်ထားလို့ပါ။ Non-color, Neutral Colorလို့ သုံးပါတယ်။ သူက ကျန်တဲ့အရောင်အားလုံးကို စုပ်ယူနိုင်တဲ့ သတ္တိလည်းရှိပါတယ်။
🔳 အနက်ရောင်က အချို့ဒေသတွေမှာ သေဆုံးခြင်း၊ ဝမ်းနည်းခြင်းတွေကိုလည်း ကိုယ်စားပြုလို့ သတိထားသုံးသင့်တဲ့ အရောင်လည်း ဖြစ်ပါတယ်။ လူကြီးပိုင်းတွေ ကြိုက်လေ့မရှိတဲ့ အရောင်လို့ပြောလို့ရပါတယ်။

🔳 အဖြူရောင်နောက်ခံပေါ်မှာ အနက်ရောင်စာက ထင်ရှားပြီး ဖတ်ရလွယ်လို့ အများဆုံးတွဲသုံးကြပါတယ်။ အနက်ရောင်က စာလုံးတွေ အတွက်အများဆုံးသုံးတဲ့ အရောင်လည်းဖြစ်ပါတယ်။ 

🔳 Retailလုပ်ငန်းတွေမှာ အနက်ရောင်ကို အများဆုံးသုံးကြပါတယ်။ 

🔳 ဖက်ရှင်လုပ်ငန်းတွေမှာ အနက်ရောင်က နာမည်အကြီးဆုံးအရောင်ဖြစ်ပါတယ်။ Sophisticated, Elegant, Youthfulဆိုတဲ့ ဂုဏ်သတ္တိတွေကြောင့်ပါ။ Fashionမှ မဟုတ်ပါဘူး အခြားလူငယ်တွေကို အဓိကထားရောင်းတဲ့ လုပ်ငန်းတွေမှာလည်း အနက်ရောင်ကို များများသုံးတတ်ပါတယ်။

🔳 အနက်ရောင်က စျေးကြီးပြီး Luxuryကိုလည်း ကိုယ်စားပြုတဲ့ အရောင်ပါ။ စိန်တွေ ကျောက်လည်ဆွဲတွေကို အနက်ရောင်နောက်ခံထားတဲ့ ဘူးအကောင်းစားတွေနဲ့ ထည့်သုံးတတ်ကြပါတယ်။ ပြီးတော့ ပစ္စည်း ထုတ်ပိုးမှုပိုင်းကို အနက်ရောင်သုံးရင် ပိုစျေးကြီးတယ်လို့ ထင်ကြပါတယ်။ 

🔳 အနက်ရောင်သုံးတဲ့ နာမည်ကြီး ထိပ်တနိးကုမ္ပဏီတွေကတော့ Gucci, Chanel, Louis Vuitton, L’Oreal, Prada,  Adidas, Nike, Apple, Mercedes Benz, Honda , Nestle တို့ပါ။

🔳 ငွေကြေးဆိုင်ရာအကြံပေးတဲ့ ရုံးခန်းတွေ၊ ဥပဒေနဲ့ဆိုင်တဲ့ ရုံးခန်းမျိုးတွေမှာ အနက်ရောင်ကို သုံးသင့်ပါတယ်။ 

အပြာရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန်- https://ouo.io/ML5rKs
အနီရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3z8eJyq
အစိမ်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yjvntB
အဝါရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yi6dLR

Comments

Post a Comment