ကိုဗစ်ပျောက်ကင်းလူနာတွေ ကူးစက်ခံနေရတဲ့ Black Fungus ရောဂါ
အိန္ဒိယနိုင်ငံမှာ ကိုဗစ် 19 ကူးစက်ခံရပြီးတဲ့ လူနာတွေထဲက 4300 ကျော်ဟာ "Black Fungus" ဆိုတဲ့ အမဲရောင်မှိုဆွဲ တဲ့ရောဂါတစ်မျိုးနဲ့ပါ သေဆုံးနေပါတယ်။
သိပ္ပံအခေါ် mucromycosis လို့ခေါ်တဲ့ရှားပါးပြီး အန္တရာယ်ရှိတဲ့ရောဂါဟာလူပေါင်း 45,374 ယောက်လောက်မှာဖြစ်ပွားနေတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
အဲ့မှိုဟာ နှာခေါင်း၊ မျက်လုံးနဲ့ တစ်ခါတစ်လေ ဦးနှောက်ကိုပါထိခိုက်နိုင်ပြီး ကိုဗစ်ရောဂါပျောက်ပြီး 12-18 ရက်အတွင်းမှာ ဖြစ်ပွားလေ့ရှိပါတယ်။
ဆရာဝန်တွေကတော့ ဒီရောဂါဟာ ကိုဗစ်ကုသရာမှာ သုံးတဲ့ Steroids တွေနဲ့ ဆက်စပ်နေပြီး ဆီးချိုရောဂါသည်တွေမှာ ပိုဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။
Steroids တွေဟာ ကိုဗစ်ရောဂါပိုးကြောင့် အဆုတ်မှာရောင်ရမ်းတာကိုလျှော့ချပေးလို့ အနည်းငယ်ရောဂါသက်သာသလို ခံစားရစေပါတယ်။
ဒါပေမယ့် ကိုယ်ခံအားကိုပါ ကျစေပြီး ကိုဗစ်လူနာတွေရဲ့ သွေးတွင်းသကြားဓာတ်ကို တိုးလာစေပါတယ်။
အဲ့လိုကိုယ်ခံအားကျဆင်းတာက ဆီးချိုရောဂါသည်တွေနဲ့ ကင်ဆာရောဂါသည်တွေ၊ HIV AIDS ရောဂါသည်တွေလို ပင်ကိုယ်ကိုယ်ခံအားနည်းသူတွေဆီမှာ mucormycosis ဆိုတဲ့မှိုရောဂါဖြစ်စေတာလို့ထင်ရပါတယ်။
ဒီရောဂါကို ကုသပေးနိုင်တာ မှိုသတ်ဆေးထိုးပေးတာတစ်ခုပဲရှိသေးတယ်လို့ ဆရာဝန်တွေကဆိုပါတယ်။
"ပုံမှန်အားဖြင့်တော့ Mucormycosis ကြောင့်သေဆုံးမှုဟာ ရောဂါဖြစ်ပြီး ရက်သတ္တပတ်နည်းနည်း သို့ လနည်းနည်းလောက်အတွင်းမှာ ဖြစ်ပွားလေ့ရှိတယ်။ အခုအခြေအနေအရတော့ data တွေသေချာမကောက်နိုင်သေးဘူး" လို့ ဒေါက်တာ Raghuraj Hegde ကဆိုပါတယ်။
မြို့ကြီးတွေကဆေးရုံတွေကိုရောက်လာတဲ့ လူနာအရေအတွက်ကိုပဲ တွက်ထားတာကြောင့် တကယ့် အရေအတွက်က အဲ့ထက်များနိုင်တယ်လို့ ဆိုပါတယ်။
လူနာအများစုဟာ ဆေးရုံမရောက်ခင်မှာတင် သေဆုံးကြရပြီး ကုသပြီး သက်သာသွားတဲ့လူနာတွေဟာလည်း ရောဂါပြန်ထလာတာတွေ့ရတယ်လို့ဆိုပါတယ်။
"ရောဂါကုသပြီး ဆေးရုံကဆင်းလာတဲ့ လူနာတွေက မျက်လုံးနဲ့ ဦးနှောက်မှာရောဂါပြန့်ပြီး ဆေးရုံပြန်ရောက်လာကြတာတွေ့နေရတယ်" လို့ မျက်လုံးခွဲစိတ်ဆရာဝန် Dr AkshatvBair က BBC ကိုပြောခဲ့ပါတယ်။
မူရင်းဆောင်းပါး- https://www.bbc.com/news/world-asia-india-57897682
အိႏၵိယနိုင္ငံမွာ ကိုဗစ္ 19 ကူးစက္ခံရၿပီးတဲ့ လူနာေတြထဲက 4300 ေက်ာ္ဟာ "Black Fungus" ဆိုတဲ့ အမဲေရာင္မွိုဆြဲ တဲ့ေရာဂါတစ္မ်ိဳးနဲ႔ပါ ေသဆုံးေနပါတယ္။
သိပၸံအေခၚ mucromycosis လို႔ေခၚတဲ့ရွားပါးၿပီး အႏၲရာယ္ရွိတဲ့ေရာဂါဟာလူေပါင္း 45,374 ေယာက္ေလာက္မွာျဖစ္ပြားေနတယ္လို႔ အိႏၵိယက်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။
အဲ့မွိုဟာ ႏွာေခါင္း၊ မ်က္လုံးနဲ႔ တစ္ခါတစ္ေလ ဦးေႏွာက္ကိုပါထိခိုက္နိုင္ၿပီး ကိုဗစ္ေရာဂါေပ်ာက္ၿပီး 12-18 ရက္အတြင္းမွာ ျဖစ္ပြားေလ့ရွိပါတယ္။
ဆရာဝန္ေတြကေတာ့ ဒီေရာဂါဟာ ကိုဗစ္ကုသရာမွာ သုံးတဲ့ Steroids ေတြနဲ႔ ဆက္စပ္ေနၿပီး ဆီးခ်ိဳေရာဂါသည္ေတြမွာ ပိုျဖစ္နိုင္ေခ်ရွိပါတယ္။
Steroids ေတြဟာ ကိုဗစ္ေရာဂါပိုးေၾကာင့္ အဆုတ္မွာေရာင္ရမ္းတာကိုေလၽွာ့ခ်ေပးလို႔ အနည္းငယ္ေရာဂါသက္သာသလို ခံစားရေစပါတယ္။
ဒါေပမယ့္ ကိုယ္ခံအားကိုပါ က်ေစၿပီး ကိုဗစ္လူနာေတြရဲ့ ေသြးတြင္းသၾကားဓာတ္ကို တိုးလာေစပါတယ္။
အဲ့လိုကိုယ္ခံအားက်ဆင္းတာက ဆီးခ်ိဳေရာဂါသည္ေတြနဲ႔ ကင္ဆာေရာဂါသည္ေတြ၊ HIV AIDS ေရာဂါသည္ေတြလို ပင္ကိုယ္ကိုယ္ခံအားနည္းသူေတြဆီမွာ mucormycosis ဆိုတဲ့မွိုေရာဂါျဖစ္ေစတာလို႔ထင္ရပါတယ္။
ဒီေရာဂါကို ကုသေပးနိုင္တာ မွိုသတ္ေဆးထိုးေပးတာတစ္ခုပဲရွိေသးတယ္လို႔ ဆရာဝန္ေတြကဆိုပါတယ္။
"ပုံမွန္အားျဖင့္ေတာ့ Mucormycosis ေၾကာင့္ေသဆုံးမႈဟာ ေရာဂါျဖစ္ၿပီး ရက္သတၱပတ္နည္းနည္း သို႔ လနည္းနည္းေလာက္အတြင္းမွာ ျဖစ္ပြားေလ့ရွိတယ္။ အခုအေျခအေနအရေတာ့ data ေတြေသခ်ာမေကာက္နိုင္ေသးဘူး" လို႔ ေဒါက္တာ Raghuraj Hegde ကဆိုပါတယ္။
ၿမိဳ႕ႀကီးေတြကေဆး႐ုံေတြကိုေရာက္လာတဲ့ လူနာအေရအတြက္ကိုပဲ တြက္ထားတာေၾကာင့္ တကယ့္ အေရအတြက္က အဲ့ထက္မ်ားနိုင္တယ္လို႔ ဆိုပါတယ္။
လူနာအမ်ားစုဟာ ေဆး႐ုံမေရာက္ခင္မွာတင္ ေသဆုံးၾကရၿပီး ကုသၿပီး သက္သာသြားတဲ့လူနာေတြဟာလည္း ေရာဂါျပန္ထလာတာေတြ႕ရတယ္လို႔ဆိုပါတယ္။
"ေရာဂါကုသၿပီး ေဆး႐ုံကဆင္းလာတဲ့ လူနာေတြက မ်က္လုံးနဲ႔ ဦးေႏွာက္မွာေရာဂါျပန႔္ၿပီး ေဆး႐ုံျပန္ေရာက္လာၾကတာေတြ႕ေနရတယ္" လို႔ မ်က္လုံးခြဲစိတ္ဆရာဝန္ Dr AkshatvBair က BBC ကိုေျပာခဲ့ပါတယ္။
မူရင္းေဆာင္းပါး- https://www.bbc.com/news/world-asia-india-57897682
Comments
Post a Comment