ထွက်ပြေးလာရတဲ့ မဂိုမင်းသားနှင့် အချစ်ကြောင့် အင်အားချိခဲ့ရသည့်မြောက်ဉီး

 



17ရာစုမှာ မြောက်ဦးဟာ ဘုရင့်နောင်ရဲ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ပြီး အရှေ့ ဘင်္ဂလားအထိအုပ်ချုပ်ထားနိုင်တာလဲဖြစ်ပါတယ်။ ထိုအချိန် အိမ်နီးချင်း ဘင်္ဂလားနဲ့ ဩရိဿပြည်နယ်တို့ရဲ့ ဘုရင်ခံက မဂိုဘုရင် ရှားဂျဟန်နဲ့ မိဖုရား မွန်တပ်ချ်မဟာ တို့ရဲ့ ဒုတိယသားဖြစ်တဲ့ ရှားရှူးဂျားဖြစ်ပါတယ်။ အဲ့အချိန်မှာ မဂိုတို့ဟာ ဂင်္ဂါမြစ်ဝှမ်းတစ်ခုလုံးကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ရှားရှူးဂျားမှာ ပထမတန်းစား စစ်သည်တစ်ဦးဖြစ်သလို အနုပညာကိုတန်ဖိုးထားပြီး ယဉ်ကျေးရည်မွန်သူလည်းဖြစ်ပါတယ်။ ဒက္ကားမှာ ခမ်းနားတဲ့ အဆောက်အဦးတွေနဲ့ ပြည်နယ်မှာလည်း အေးချမ်းနေတာဖြစ်ပါတယ်။

အဲ့လိုနဲ့ ၁၆၅၇ ခုနှစ်ဆောင်းဦးပေါက်လောက်မှာ ဘုရင်ကြီးရှားဂျဟန် မမာမကျန်းဖြစ်ပြီး နတ်ရွာစံခဲ့ပါတယ်။ သားအကြီးဖြစ်သူက ထီးနန်းသိမ်းပိုက်ဖို့ သတင်းကိုဖုံးထားတာကြောင့် ရှားရှူးဂျားအပါအဝင် မင်းသားသုံးပါး မြို့တော်​​‌ဒေလီကို တက်လာကြပါတယ်။ သွေးထွက်သံယိုစစ်ပွဲတွေဖြစ်ပွားပြီး  အကိုတေ် ဩရန္ဇက် မင်းသားအနိုင်ရတာကြောင့် ရှားရှူးဂျားမှာ အရှေ့ဘက်သို့ထွက်ပြေးရပါတော့တယ်။

Kingdom of Mrauk U - Wikipedia

ရှားရှူးဂျားတစ်ယောက် ပေါ်တူဂီသင်္ဘောကိုငှားပြီး  မြောက်ဦးကိုထွက်ပြေးလာခဲ့ပါတယ်။ အာရကန်ဘုရင်ကလည်း လိုလိုလားလားပဲ လက်ခံခဲ့ပါတယ်။ ထိုအချိန်က ‌ဘုရင်စန္ဒသုဓမ္မ ရဲ့ထီးနန်းစံတဲ့အချိန် ဖြစ်ပါတယ်။ မြောက်ဦးရဲ့ ဆင်ခြေဖုံးနေရာမှာ အိမ်တော်သစ် တဆောက်ပေးပြီး ကောင်းမွန်စွာထားပေမယ့် ကမ္ဘာ့အကြီးကျယ်ဆုံး မဂိုအင်ပါယာရဲ့ တော်ဝင်မင်းသား ရှားရှူးဂျားအတွက်တော့ တောကျကျနေရာတစ်ခုလိုသာဖြစ်နေပါတယ်။ အဲ့တာကြောင့် အာရကန်ဘုရင်နဲ့လည်း ခပ်ကင်းကင်းသာနေပါတယ်။

The Osprey: Arakanese History

စန္ဒသုဓမ္မကလည်း အဲ့လိုနေတာကို မနှစ်မြို့သလို မဂိုမင်းသားနဲ့အတူပါလာတဲ့ ရတနာပစ္စည်းတွေကိုလည်း မျက်စိကျနေခဲ့တာဖြစ်ပါတယ်။ မဂိုထီးနန်းရဲ့ဘုရင် ဩရန်ဇက်ရဲ့ သံအဖွဲ့ကလည်း ဝရမ်းပြေးပြန်အပ်ရင် ပိုများတဲ့ ရတနာတွေပေးမယ်လို့ ကမ်းလှမ်းလာပေမယ့် လွှဲပြောင်းမပေးခဲ့ပါဘူး။

အဲ့အချိန်မှာ အာရကန်ဘုရင်အနေနဲ့ ရှာရှူးဂျားရဲ့ အကြီးဆုံး သမီးတော် အမီနာကို ချစ်စိတ်မွှန်ပြီး လက်ထပ်ခွင့်တောင်းပါတေ့တယ်။

သမီးတော် ကို တောသားတစ်ပိုင်း ခေါင်းဆောင်နဲ့ လက်ထက်ရမှာကို တွေးပြီး ဒေါသထွက်နေတဲ့ ရှားရှူးဂျားဟာ ကြံမိကြံရာပဲ ရှိတဲ့အင်အားနဲ့ အာရကန်ဘုရင်ကို အာဏာသိမ်းဖို့ ကြံစည်ပါတော့တယ်။ မြောက်ဉီးက ဘင်္ဂလားလူမျိုးတွေကလည်းသူ့ဘက်ကနေကူညီပေးမယ်လို့ တွက်ခဲ့တာဖြစ်ပါတယ်။

သို့သော် အာရကန်ဘုရင်က ကြိုတင်သိပြီး ရှားရှူးဂျားနောက်လိုက်တွေကို အလျင်အမြန်ဖမ်းဆီးခဲ့ပါတယ်။ ရှားရှူးဂျားကတော့ တောထဲကိုထွက်ပြေးပြီး ပုန်းရှောင်ခဲ့ပေမယ့် မကြာမီပဲ ဖမ်းမိသွားပြီး ကွပ်မျက်ခြင်းခံလိုက်ရပါတယ်။ အမီနာနဲ့ အခြားမင်းသမီးတွေကိုတေ့ အာရကန်ဘုရင်က သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်အတွင်းမှာပဲ ပုန်ကန်ရန် ကြံစည်တယ်ဆိုပြီး သံသယရှိတာကြောင့် တော်ဝင်မိသားစုအကုန်ကို ကွပ်မျက်ခဲ့ပါတယ်။ ရှားရှူးဂျားရဲ့သားများခေါင်းဖြတ်အသတ်ခံရသလို ကိုယ်ဝန်အရင့်အမာနဲ့ အမီနာပါ အသတ်ခံခဲ့ရပါတယ်။

ဒီသတင်းကို မဂိုဘုရင်ကြီး ဩရန်ဇက်ကြားတဲ့ အလွန်အမျက်ထွက်ပါတော့တယ်။ ရှားရှူးဂျားကို ကိုယ်တိုင်သာသတ်ချင်သတ်မယ်။ တိုင်းတစ်ပါးသားက ကွပ်မျက်သည်ကို သည်းမခံနိုင်ဖြစ်ခဲ့ပါတယ်။

အဲ့တာနဲ့ပဲ ၁၆၆၅ မှာ စစ်သင်္ဘော ၃၀၀၀ ပါဝင်သော ရေတပ်၊ အင်အား ၆၅၀၀ ရှိသော ကြည်းတပ်များဖြင့် တိုက်ခိုက်ရာ သံဒွပ်ကျွန်းမှ အာရကန်တပ်များကိုတိုက်ထုတ်နိုင်ပြီး တစ်နှစ်ကြာမှသာ စစ်တကောင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။  အဲ့လိုနဲ့ အာရကန်တို့ ရာစုနှစ်တစ်ခုစာ အုပ်ချုပ်ခဲ့တဲ့ အရှေ့ဘင်္ဂလားကို လက်လွှတ်ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ 

ရှားရှူးဂျားရဲ့ နောက်လိုက်တစ်ချို့ကို အာရကန်ဘုရင်က လေးသည်တော်များအဖြစ် အထူးနန်းစောင့်တပ်ဖွဲ့ခဲ့ပါတယ်။ အိန္ဒိယမှ အသစ်ဝင်လာသူတွေနဲ့ အဖွဲ့က တဖြည်းဖြည်းအင်အားတောင့်လာခဲ့ပါတယ်။ ၁၆၉၂ မှာတော့ ထိုအဖွဲ့ကို ဖျက်သိမ်းပြီး ရမ်းဗြဲကျွန်းကို နှင်လိုက်ပြီး ထိုသူတွေရဲ့ အဆက်အနွယ်များကို ယနေ့ခေတ် "ကမန်" လို့ သိကြတာဖြစ်ပါတယ်။ (ကမန်ဆိုသည်မှာ ပါရှားဘာသာစကားဖြင့် လေးဟု အဓိပ္ပာယ်ရသည်)

မဂိုတပ်များ တိုက်ခိုက်ခံရပြီးနောက် အာရကန်လည်း ကောင်းစွာမရပ်တည်နိုင်တော့ပေ။ တစ်ဖက်တွင် မဂိုများ၊ အခြားတစ်ဖက်တွင် မြန်မာဘုရင်များကြားတွင် မြောက်ဦးဩဇာမှာလည်း တဖြည်းဖြည်းယုတ်လျော့သွားရတာပဲဖြစ်ပါတယ်။

reference_ The rivers of lost footsteps by Thant Myint Oo

 

Comments