အချိုမှုန့်
Unicode
အချိုမှုန့်

အချိုမှုန့်ဘယ်လိုဖြစ်ပေါ်လာသလဲ။ အချိုမှုန့်စားရင် ကျန်းမာရေးထိခိုက်နိုင်သလား။ အချိုမှုန့်စားရင် မေ့တတ်သလား။ အချိုမှုန့်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေ ကိုဘယ်လိုကာကွယ်မလဲ။

အချိုမှုန့် ကို MSG powder ( monosodium glutamate ) လို့လည်းခေါ်ကြပါတယ်။ အချိုမှုန့်ကို ကြံ၊ ပီလောပီနံ နဲ့ ကနေထုတ်ယူရရှိနိုင်ပါတယ်။ အချိုမှုန့် ကို 1909 ခုနှစ်မှာစတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်ကို ajinomoto လို့ပေးခဲ့တာဖြစ်ပါတယ်။ ဂျပန်ဓာတုဗေဒပညာရှင်ဖြစ်တဲ့ Kikhunae Ikeda ဟာ 1908 ခုနှစ်မှာ umami taste လို့ခေါ်တဲ့ ပဥ္စမမြောက် အရသာကိုစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ထိုမှတဆင့် အဲအရသာကိုမွန်းမံပြီး အချိုမှုန့်လို့ခေါ်တဲ့ flavour enhancer ကိုရေညှိမှထုတ်ယူခဲ့တာဖြစ်ပါတယ်။ အဲနောက်မှအချိုမှုန့်ဟာ ဈေးကွက်ထဲမှာနာမည်ရလာပါတယ်။

အချိုမှုန့်ကို ကျန်းမာရေးထိခိုက်စေတယ်လို့ပြောကြပေမယ့် FDA က စားသုံးလို့သင့်တဲ့အရာလို့သတ်မှတ်ထားပါတယ်။ သို့သော် တန်ဆေးလွန်ဘေးဆိုသလို ပမာနများများသုံးရင် (သို့) အမြဲတစေသုံးရင် ခန္ဓာကိုယ်အတွက် နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာမှာဖြစ်ပါတယ်။ MSG ကိုအနောက်နိုင်ငံတွေဖြစ်တဲ့ US နဲ့ UK တို့မှာ တစ်နေ့ကို 0.55-0.58 g သာအသုံးပြုကြပြီး ဂျပန်-ကိုရီးယား စတဲ့နိုင်ငံမှာ 1.2-1.7g အထိအသုံးပြုကြပါတယ်။
ဟင်းတစ်ခုခု အစားအစာတစ်ခုခုမှာ အရသာတစ်မျိုးလိုနေသလိုဖြစ်နေရင် အချိုမှုန့်ထည့်လိုက်တဲ့အခါအရသာပြည့်စုံသွားတာမျိုးကြုံဖူးကြပါလိမ့်မယ်။ အချိုမှုန့်ဟာ အရသာပိုကောင်းအောင်လုပ်ပေးတဲ့ compound တစ်မျိုးဖြစ်တာကြောင့်ပါ။
အချိုမှုန့်စားရင်မေ့တတ်သလား

အချိုမှုန့်မှာပါဝင်တဲ့ glutamic acid ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုနှောင့်နှေးစေပါတယ်။ MSG ကို ကြွက်ပေါက်တွေမှာ ပမာဏများများထိုးသွင်း စမ်းသပ်တဲ့အခါ မှတ်ဉာဏ်ယိုယွင်းတာတွေရှိခဲ့ပါတယ်။
တချို့လူတွေမှာ ခေါင်းကိုက်တာ၊ ကြွက်သားတင်းတောင့်တာ၊ ထုံထိုင်းတာ၊ အားနည်းတာ စတဲ့ ရောဂါလက္ခဏာတွေဖြစ်လာတတ်ပါတယ်။ အဲလိုလက္ခဏာတွေဟာ အချိုမှုန့်စားသုံးမှု 3g ထက်များရင်ဖြစ်ပေါ်လာတတ်ပါတယ်။

Santa Maria တက္ကသိုလ်က researchers တွေဟာ MSG ကြောင့်ဖြစ်ပေါ်တဲ့ မေ့လျော့တတ်တာကို လေ့ကျင့်ခန်းလုပ်ခြင်းနဲ့လျှော့ချနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ကြွက်ပေါက်တွေကို MSG ပမာဏတစ်ခုထိုးသွင်းပြီး တစ်ဝက်ကို လေ့ကျင့်ခန်းပြုလုပ်ခိုင်းခဲ့ပါတယ်။ လေ့ကျင့်ခန်းဟာ 80 degree မတ်တဲ့လှေခါးကို တစ်ရက်ကိုအတက်အဆင်း ၅ ခါနဲ့ ၇ပတ် ပြုလုပ်ခိုင်းခဲ့ပါတယ်။ အဲနောက်မှာတော့ အဲလိုလေ့ကျင့်ခန်းပြုလုပ်ထားတဲ့ကြွက်အထီးရော အမရော မှတ်ဉာဏ် တိုးတက်လာကြောင်းတွေ့ရှိခဲ့ပါတယ်။ သို့သော် ပြန်တိုးတက်လာတဲ့မှတ်ဉာဏ်ချင်းမတူညီကြပါဘူး။ အထီးတွေက အရာဝတ္ထုကို အတုလားအစစ်လား ပိုခွဲခြားနိုင်ပြီး အမတွေကတော့ အရာဝတ္ထုရဲ့ နေရာကို ပိုမှတ်မိနိုင်တဲ့ မှတ်ဉာဏ် တိုးတက်လာပါတယ်။
အဲလေ့လာတွေ့ရှိချက်ကိုကောက်နုတ်လိုက်ရင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အချိုမှုန့် MSG ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်လျှော့နည်းမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းဆိုပေမယ့် သွေးပူလေ့ကျင့်ခန်းလောက်မဟုတ်ဘဲ ဒိုက်ထိုး၊ အလေးမ၊ squats စတဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။
Daisy ပန်းမျိုး, နနွင်း, green tea, ဂျင်ဂို, vitamin စတဲ့အရာတွေ စားသုံးခြင်းဖြင့်လည်း MSG ကြောင့်ဖြစ်တဲ့ toxicity ကို ကာကွယ်ပေးနိုင်ပါတယ်။

အချုပ်အနေနဲ့ပြောရရင် အချိုမှုန့်ကိုစားလို့ရပါတယ်။ တစ်နေ့တည်းမှာ 3g နဲ့အထက်စားသုံးမိရင် သို့မဟုတ် နေ့စဉ် ပမာဏများများ စားသုံးမိရင်တော့ အထက်ပါ ရောဂါလက္ခဏာများနဲ့ မေ့လျော့တာတွေဖြစ်လာနိုင်ပါတယ်။ အစားတစ်လုတ်ကြောင့် ဘေးမဖြစ်ရအောင်ချင့်ချင့်ချိန်ချိန်စားသုံးကြဖို့ အကြံပြုလိုက်ပါတယ်။
Zawgyi
အခ်ိဳမႈန့္

အခ်ိဳမႈန့္ဘယ္လိုျဖစ္ေပၚလာသလဲ။ အခ်ိဳမႈန့္စားရင္ က်န္းမာေရးထိခိုက္နိုင္သလား။ အခ်ိဳမႈန့္စားရင္ ေမ့တတ္သလား။ အခ်ိဳမႈန့္ရဲ႕ေနာက္ဆက္တြဲအက်ိဳးဆက္ေတြ ကိုဘယ္လိုကာကြယ္မလဲ။

အခ်ိဳမႈန့္ ကို MSG powder ( monosodium glutamate ) လို႔လည္းေခၚၾကပါတယ္။ အခ်ိဳမႈန့္ကို ႀကံ၊ ပီေလာပီနံ နဲ႕ ကေနထုတ္ယူရရွိနိုင္ပါတယ္။ အခ်ိဳမႈန့္ ကို 1909 ခုႏွစ္မွာစတင္ထုတ္လုပ္ေရာင္းခ်ခဲ့တာျဖစ္ၿပီး သူ႕ရဲ႕နာမည္ကို ajinomoto လို႔ေပးခဲ့တာျဖစ္ပါတယ္။ ဂ်ပန္ဓာတုေဗဒပညာရွင္ျဖစ္တဲ့ Kikhunae Ikeda ဟာ 1908 ခုႏွစ္မွာ umami taste လို႔ေခၚတဲ့ ပဥ္စမမြောက် အရသာကိုစတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ထိုမွတဆင့္ အဲအရသာကိုမြန္းမံၿပီး အခ်ိဳမႈန့္လို႔ေခၚတဲ့ flavour enhancer ကိုေရညွိမွထုတ္ယူခဲ့တာျဖစ္ပါတယ္။ အဲေနာက္မွအခ်ိဳမႈန့္ဟာ ေဈးကြက္ထဲမွာနာမည္ရလာပါတယ္။

အခ်ိဳမႈန့္ကို က်န္းမာေရးထိခိုက္ေစတယ္လို႔ေျပာၾကေပမယ့္ FDA က စားသုံးလို႔သင့္တဲ့အရာလို႔သတ္မွတ္ထားပါတယ္။ သို႔ေသာ္ တန္ေဆးလြန္ေဘးဆိုသလို ပမာနမ်ားမ်ားသုံးရင္ (သို႔) အၿမဲတေစသုံးရင္ ခႏၶာကိုယ္အတြက္ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြျဖစ္လာမွာျဖစ္ပါတယ္။ MSG ကိုအေနာက္နိုင္ငံေတြျဖစ္တဲ့ US နဲ႕ UK တို႔မွာ တစ္ေန႕ကို 0.55-0.58 g သာအသုံးျပဳၾကၿပီး ဂ်ပန္-ကိုရီးယား စတဲ့နိုင္ငံမွာ 1.2-1.7g အထိအသုံးျပဳၾကပါတယ္။
ဟင္းတစ္ခုခု အစားအစာတစ္ခုခုမွာ အရသာတစ္မ်ိဳးလိုေနသလိုျဖစ္ေနရင္ အခ်ိဳမႈန့္ထည့္လိုက္တဲ့အခါအရသာျပည့္စုံသြားတာမ်ိဳးႀကဳံဖူးၾကပါလိမ့္မယ္။ အခ်ိဳမႈန့္ဟာ အရသာပိုေကာင္းေအာင္လုပ္ေပးတဲ့ compound တစ္မ်ိဳးျဖစ္တာေၾကာင့္ပါ။
အခ်ိဳမႈန့္စားရင္ေမ့တတ္သလား

အခ်ိဳမႈန့္မွာပါဝင္တဲ့ glutamic acid ဦးႏွောက္ရဲ႕လုပ္ေဆာင္မႈကိုႏွောင့္ႏွေးေစပါတယ္။ MSG ကို ႂကြက္ေပါက္ေတြမွာ ပမာဏမ်ားမ်ားထိုးသြင္း စမ္းသပ္တဲ့အခါ မွတ္ဉာဏ္ယိုယြင္းတာေတြရွိခဲ့ပါတယ္။
တခ်ိဳ႕လူေတြမွာ ေခါင္းကိုက္တာ၊ ႂကြက္သားတင္းေတာင့္တာ၊ ထုံထိုင္းတာ၊ အားနည္းတာ စတဲ့ ေရာဂါလကၡဏာေတြျဖစ္လာတတ္ပါတယ္။ အဲလိုလကၡဏာေတြဟာ အခ်ိဳမႈန့္စားသုံးမႈ 3g ထက္မ်ားရင္ျဖစ္ေပၚလာတတ္ပါတယ္။

Santa Maria တကၠသိုလ္က researchers ေတြဟာ MSG ေၾကာင့္ျဖစ္ေပၚတဲ့ ေမ့ေလ်ာ့တတ္တာကို ေလ့က်င့္ခန္းလုပ္ျခင္းနဲ႕ေလွ်ာ့ခ်နိဳင္ေၾကာင္းေတြ႕ရွိခဲ့ပါတယ္။ ႂကြက္ေပါက္ေတြကို MSG ပမာဏတစ္ခုထိုးသြင္းၿပီး တစ္ဝက္ကို ေလ့က်င့္ခန္းျပဳလုပ္ခိုင္းခဲ့ပါတယ္။ ေလ့က်င့္ခန္းဟာ 80 degree မတ္တဲ့ေလွခါးကို တစ္ရက္ကိုအတက္အဆင္း ၅ ခါနဲ႕ ၇ပတ် ျပဳလုပ္ခိုင္းခဲ့ပါတယ္။ အဲေနာက္မွာေတာ့ အဲလိုေလ့က်င့္ခန္းျပဳလုပ္ထားတဲ့ႂကြက္အထီးေရာ အမေရာ မွတ္ဉာဏ္ တိုးတက္လာေၾကာင္းေတြ႕ရွိခဲ့ပါတယ္။ သို႔ေသာ္ ျပန္တိုးတက္လာတဲ့မွတ္ဉာဏ္ခ်င္းမတူညီၾကပါဘူး။ အထီးေတြက အရာဝတၳဳကို အတုလားအစစ္လား ပိုခြဲျခားနိုင္ၿပီး အမေတြကေတာ့ အရာဝတၳဳရဲ႕ ေနရာကို ပိုမွတ္မိနိုင္တဲ့ မွတ္ဉာဏ္ တိုးတက္လာပါတယ္။
အဲေလ့လာေတြ႕ရွိခ်က္ကိုေကာက္ႏုတ္လိုက္ရင္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္ အခ်ိဳမႈန့္ MSG ေၾကာင့္ျဖစ္တဲ့ မွတ္ဉာဏ္ေလွ်ာ့နည္းမႈကို ေလွ်ာ့ခ်နိဳင္မွာျဖစ္ပါတယ္။ ေလ့က်င့္ခန္းဆိုေပမယ့္ ေသြးပူေလ့က်င့္ခန္းေလာက္မဟုတ္ဘဲ ဒိုက္ထိုး၊ အေလးမ၊ squats စတဲ့ျပင္းျပင္းထန္ထန္ေလ့က်င့္ခန္းမ်ိဳးျဖစ္ပါတယ္။
Daisy ပန္းမ်ိဳး, နႏြင္း, green tea, ဂ်င္ဂို, vitamin စတဲ့အရာေတြ စားသုံးျခင္းျဖင့္လည္း MSG ေၾကာင့္ျဖစ္တဲ့ toxicity ကို ကာကြယ္ေပးနိုင္ပါတယ္။

အခ်ဳပ္အေနနဲ႕ေျပာရရင္ အခ်ိဳမႈန့္ကိုစားလို႔ရပါတယ္။ တစ္ေန႕တည္းမွာ 3g နဲ႕အထက္စားသုံးမိရင္ သို႔မဟုတ္ ေန႕စဥ္ ပမာဏမ်ားမ်ား စားသုံးမိရင္ေတာ့ အထက္ပါ ေရာဂါလကၡဏာမ်ားနဲ႕ ေမ့ေလ်ာ့တာေတြျဖစ္လာနိုင္ပါတယ္။ အစားတစ္လုတ္ေၾကာင့္ ေဘးမျဖစ္ရေအာင္ခ်င့္ခ်င့္ခ်ိန္ခ်ိန္စားသုံးၾကဖို႔ အႀကံျပဳလိုက္ပါတယ္။

Comments
Post a Comment