အာဖဂန်နစ္စတန်စစ်ပွဲအကြောင်း(အကျဉ်းချုပ်)


 


အာဖဂန်နစ္စတန်ဟာ အမေရိကန်ဝင်ရောက်မကျူးကျော်ခင် နှစ် ၂၀ လောက်ထဲက စစ်ပွဲတွေနဲ့ မငြိမ်မသက်နေတာဖြစ်ပါတယ်။ 

တာလီဘန်ဆိုတာဘယ်သူတွေလဲ။Afghanistan: District after district falls to the Taliban | Asia| An in-depth look at news from across the continent | DW | 17.06.2021

လက်ဝဲဝါဒီတွေ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၁၉၇၉မှာ ဆိုဗီယက်က ကွန်မြူနစ်အစိုးရကို ကူညီဖို့ဆိုပြီး စစ်အင်အားနဲ့ဝင်ရောက်လာပါတယ်။ အဲ့အခါ  အမေရိကန်၊ ပါကစ္စတန်၊ တရုတ်နဲ့ ဆော်ဒီတို့ ထောက်ပံ့ပေးထားတဲ့ မူဂျာဟစ်ဒင်လို့ခေါ်တဲ့ တော်လှန်ရေးအင်အားစုပေါ်ပေါက်လာပါတယ်။

အဲ့လိုနဲ့ 1989 မှာ ဆိုဗီယက်တပ်နီတော်တွေပြန် ထွက်သွားပေမယ့် ပြည်တွင်းစစ်ကိုတော့ ချန်ရစ်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ တာလီဘန်(Pashto ဘာသာစကားအရ ကျောင်းသားဟု အဓိပ္ပာယ်ရ)တဲ့သူတွေ ပေါ်ပေါက်လာပါတယ်။ အစပိုင်းမှာတော့ ပါကစ္စတန်မြောက်ပိုင်းနဲ့ အာဖဂန် အနောက်တောင်ပိုင်းကနေ စတင်ပေါ်ပေါက်လာတယ်။ လာဘ်စားမှုတိုက်ဖျက်ပြီး လုံခြုံရေးဖွံ့ဖြိုးအောင်လုပ်ပေးမယ်ဆိုပြီး ပေါ်ပေါက်လာကြတာပါ။

အစ္စလမ်ဘာသာကို အထူးကိုးကွယ်တဲ့ ဆော်ဒီရဲ့ ငွေကြေးထောက်ပံ့ပေးတဲ့ ဘာသာရေးကျောင်းတွေက တစ်ဆင့်ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

အဲ့လိုနဲ့  ၁၉၉၈ မှာအာဖဂန်နစ္စတန်ရဲ့ 90% လောက်ကို တာလီဘန်တွေ သိမ်းနိုင်ခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့ ကိုယ်ပိုင်အစ္စလာမ်ဉပဒေတွေပြဌာန်းပြီး လူသတ်သမားတွေ၊ လူမှုရေးဖောက်ပြန်သူတွေကို လူလည်ခေါင်မှာ စီရင်တာတွေပြုလုပ်ပါတယ်။

အမျိုးသားတိုင်း မုတ်ဆိတ်ထားရပြီး အမျိုးသမီးတိုင်းကို တစ်ကိုယ်လုံးကာထားရတဲ့ ဝတ်ရုံရှည်တွေဝတ်စေပါတယ်။

တာဘီဘန်တွေအနေနဲ့ ရုပ်မြင်သံကြား၊ ဂီတ၊ ရုပ်ရှင်ရုံတွေကို တားမြစ်တဲ့အပြင် မိန်းကလေးတွေ ပညာသင်ကြားခွင့်ကိုပါ ပိတ်ပင်ပါတယ်။ (မာလာလာ ဟာလည်း  ၂၀၁၂ မှာ ကျောင်းကအပြန် သေနတ်နဲ့အပြစ်ခံရတာ တာလီဘန်တို့လက်ချက်ပဲဖြစ်ပါတယ်)

[caption id="" align="aligncenter" width="351"]Malala Day Archives - Jane Goodall's Good for All News Malala[/caption]

အမေရိကန်ပါဝင်လာပုံ

2001 ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မှာတော့ အမေရိကန်နိုင်ငံ Wall Trade Center ကြီးကို လူအပြည့်ပါတဲ့ ဘိုးရင်းလေယာဉ်ကြီး ၂စင်းကိုပြန်ပေးဆွဲကာ တိုက်ခဲ့တာကြောင့် လူပေါင်း ၃၀၀၀ နီးပါးသေဆုံးခဲ့ရပါတယ်။ 

Why an attack like 9/11 is much less likely today than it was in 2001 - Vox

အယ်လ်ခိုင်ဒါ လို့ခေါ်တဲ့ အစ္စလာမ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဖြစ်သူ အိုစမာဘင်လာဒင်က သူ့လက်ချက်ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့ အယ်လ်ခိုင်ဒါတွေကို လက်ခံထားပြီး အိုစမာဘင်လာဒင်ကို လက်လွှဲပေးဖို့ငြင်းဆိုခဲ့ပါတယ်။ 

အဲ့တာကြောင့် အမေရိကန်၊ NATO နဲ့ အာဖဂန်တွေပေါင်းပြီး အာဖဂန်နစ္စတန်ကိုကျူးကျော်ကာ တာလီဘန်တွေကို တိုက်ခိုက်ပါတော့တယ်။ 

2004 မှာတော့ US တင်တဲ့အစိုးရအသစ် တက်လာပါတယ်။ ဒါပေမယ့် တာလီဘန်တွေအနေနဲ့ ပါကစ္စတန်နယ်စပ်မှာ နေထိုင်ပြီး အင်အားကောင်းနေဆဲဖြစ်ပါတယ်။

တာလီဘန်တွေအနေနဲ့ မြို့တော် ကဘူးမှာ အသေခံဗုံးခွဲတာတွေ တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ဆဲဖြစ်ပါတယ်။

2009 ခုနှစ် သမ္မတအိုဘားမားလက်ထက်မှာတော့ အမေရိကန်တပ်အင်အား ၁၄၀,၀၀၀ လောက်ထိ အာဖဂန်နစ္စတန်မှာ ဖြစ်လာပါတယ်။ အမေရိကန်အင်အား အများဆုံးသုံးခဲ့တဲ့ ကာလဖြစ်ပါတယ်။

၁၀ နှစ်လောက်ကြိုးပမ်းပြီးနောက် အိုစမာဘင်လာဒင်ကိုတော့ 2011 မှာ အသေဖမ်းနိုင်ခဲ့ပါတယ်။ အလောင်းကိုတော့ ပင်လယ်ထဲ စွန့်ပစ်ခဲ့တယ်လို့ဆိုပါတယ်။

[caption id="" align="alignnone" width="1928"]New 9/11 Exhibit Stages Hunt for Osama Bin Laden | Voice of America - English အိုစမာဘင်လာဒင်[/caption]

 

2014 အရောက် ၁၃ နှစ်အကြာတိုက်ခိုက်ပြီးချိန်မှာတော့ NATO အဖွဲ့တွေပြန်လည်ထွက်ခွာပြီး တာလီဘန်တွေကိုတိုက်ခိုက်ဖို့ အာဖဂန်စစ်တပ်သာထားခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့တော့ အရှိန်ပိုရသွားပြီး နယ်မြေတွေပြန်သိမ်းပိုက်လာတာ 2018 မှာ အာဖဂန်နစ္စတန်ရဲ့ 70%လောက်အထိပြန်သိမ်းထားနိုင်ပြီလို့ဆိုပါတယ်။

2020 မှာ အမေရိကန်အနေနဲ့တော့ တာလီဘန်တွေနဲ့ကာတာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပါတယ်။ အမေရိကန်တပ်တွေကို ၁၄ လအတွင်း အာဖဂန်နစ္စတန်ကနေ ဖယ်ရှားပေးမယ်လို့ကတိပေးခဲ့ပါတယ်။

Russia hosts talks between Taliban and Afghan peace council | Russia | The Guardian

အခုချိန်မှာတော့ အမေရိကန်တပ်တွေအကုန်နီးပါးထွက်သွားပြီ(ညသန်းခေါင်မှာတိတ်တိတ်လေးထွက်သွား) ဖြစ်ပြီး သူ့ရဲ့ အခြေစိုက်စခန်းကိုသိမ်းနိုင်ဖို့ တာလီဘန်နဲ့ အာဖဂန်စစ်တပ်တို့တိုက်ခိုက်နေကြပြီဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံရဲ့ ၈၅% လောက်ကို သိမ်းထားနိုင်ပြီလို့ တာလီဘန်တွေကဆိုပါတယ်။ အဓိကနယ်စပ်မြို့တွေကိုလည်း သိမ်းပိုက်ထားပါတယ်။

တာလီဘန်တွေအနေနဲ့ဘယ်ကဝင်ငွေတွေရသလဲ?

ထုံးစံအတိုင်း ဘိန်းစိုက်တာကနေရပါတယ်။ အာဖဂန် နစ္စတန်ဟာ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး တာလီဘန်တွေအနေနဲ့ $1.5 ဘီလီယံလောက်ကို ဘိန်းစိုက်ပျိုးမှုကနေရရှိနေတာဖြစ်ပါတယ်။

သေဆုံးမှုများ နဲ့ ကုန်ကျစရိတ်

UN ရဲ့စာရင်းအရ စစ်ပွဲအတွင်းအရပ်သား 111,000 ကျော်သေဆုံး၊ ဒာဏ်ရာရခဲ့ပြီး အမေရိကန်စစ်သား 2,300 ကျော် အာဖဂန်စစ်သား 45,000 ကျော်သေဆုံးခဲ့တဲ့ စစ်ပွဲဖြစ်ပြီး ယနေ့တိုင်တိုက်ခိုက်နေကြသေးတာဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ $978 ဘီလီယံ လောက်ကုန်ကျခဲ့တာလည်းဖြစ်ပါတယ်။

ညိုထွန်း












အမေရိကန်ပါဝင်လာပုံ











 










ညိုထွန်း

 

Comments