အာဖဂန်နစ္စတန်စစ်ပွဲအကြောင်း

 အာဖဂန်နစ္စတန်ဟာ အမေရိကန်ဝင်ရောက်မကျူးကျော်ခင် နှစ် ၂၀ လောက်ထဲက စစ်ပွဲတွေနဲ့ မငြိမ်မသက်နေတာဖြစ်ပါတယ်။ 

တာလီဘန်ဆိုတာဘယ်သူတွေလဲ။

အာဖဂန်နစ္စတန်မှာ လက်ဝဲဝါဒီတွေ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၁၉၇၉မှာ ဆိုဗီယက်က ကွန်မြူနစ်အစိုးရကို ကူညီဖို့ဆိုပြီး စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ အဲ့အခါ  အမေရိကန်၊ ပါကစ္စတန်၊ တရုတ်နဲ့ ဆော်ဒီတို့ ထောက်ပံ့ပေးထားတဲ့ မူဂျာဟစ်ဒင်လို့ခေါ်တဲ့ တော်လှန်ရေးအင်အားစုပေါ်ပေါက်လာပြီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။


The Soviet invasion of Afghanistan|Arab News Japan
မူဂျာဟစ်ဒင်များ

1989 မှာတော့ ဆိုဗီယက်တပ်နီတော်တွေ ပြန်ထွက်သွားခဲ့ပေမယ့် လက်နက်တွေအများအပြားနဲ့ ပြည်တွင်းစစ်ကိုတော့ ချန်ရစ်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ တာလီဘန်(Pashto ဘာသာစကားအရ ကျောင်းသားဟု အဓိပ္ပာယ်ရ)တဲ့သူတွေ ပေါ်ပေါက်လာပါတယ်။ အစပိုင်းမှာတော့ ပါကစ္စတန်မြောက်ပိုင်းနဲ့ အာဖဂန် အနောက်တောင်ပိုင်းကနေ စတင်ပေါ်ပေါက်လာဖြစ်ပါတယ်။ လာဘ်စားမှုတိုက်ဖျက်ပြီး လုံခြုံရေးဖွံ့ဖြိုးအောင်လုပ်ပေးမယ်ဆိုပြီး ပေါ်ပေါက်လာကြတာပါ။

အစ္စလာမ်ဘာသာကို အထူးကိုးကွယ်တဲ့ ဆော်ဒီရဲ့ ငွေကြေးထောက်ပံ့ပေးတဲ့ ဘာသာရေးကျောင်းတွေက တစ်ဆင့်ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

Afghanistan: District after district falls to the Taliban | Asia| An in-depth look at news from across the continent | DW | 17.06.2021
တာလီဘန်များ

အဲ့လိုနဲ့  ၁၉၉၈ မှာအာဖဂန်နစ္စတန်ရဲ့ 90% လောက်ကို တာလီဘန်တွေ သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့ ကိုယ်ပိုင် အစ္စလာမ်ဘာသာရေးဉပဒေတွေပြဌာန်းပြီး လူသတ်သမားတွေ၊ လူမှုရေးဖောက်ပြန်သူတွေကို လူလယ်ခေါင်မှာ စီရင်တာမျိုးတွေပြုလုပ်ပါတယ်။

အမျိုးသားတိုင်း မုတ်ဆိတ်ထားရပြီး အမျိုးသမီးတိုင်းကို တစ်ကိုယ်လုံးကာထားရတဲ့ ဝတ်ရုံရှည်တွေဝတ်စေပါတယ်။

Malala Day Archives - Jane Goodall's Good for All News
မာလာလာ

တာဘီဘန်တွေအနေနဲ့ ရုပ်မြင်သံကြား၊ ဂီတ၊ ရုပ်ရှင်ရုံစတာတွေကို တားမြစ်တဲ့အပြင် မိန်းကလေးတွေ ပညာသင်ကြားခွင့်ကိုပါ ပိတ်ပင်ပါတယ်။ (မာလာလာကို  ၂၀၁၂ ကျောင်းကအပြန် သေနတ်နဲ့ပစ်ခဲ့တာဟာလည်း တာလီဘန်တို့လက်ချက်ပဲဖြစ်ပါတယ်)

 

အမေရိကန်ပါဝင်လာပုံ

2001 ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မှာတော့ လူအပြည့်ပါတဲ့ ဘိုးရင်းလေယာဉ်ကြီး ၂စင်းကိုပြန်ပေးဆွဲကာ အမေရိကန်နိုင်ငံ Wall Trade Center ကြီးကို  ဝင်တိုက်ခဲ့တာကြောင့် လူပေါင်း ၃၀၀၀ နီးပါးသေဆုံးခဲ့ရပါတယ်။ 

Why an attack like 9/11 is much less likely today than it was in 2001 - Vox
9/11 တိုက်ခိုက်ခံရမှု

အယ်လ်ခိုင်ဒါ လို့ခေါ်တဲ့ အစ္စလာမ်ဘာသာရေးအစွန်းရောက်အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ အိုစမာဘင်လာဒင်က ဒီတိုက်ခိုက်မှုဟာ သူ့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့ အယ်လ်ခိုင်ဒါတွေကို သူတို့ရဲ့နယ်မြေထဲ လက်ခံထားပြီး အမေရိကန်က အိုစမာဘင်လာဒင်ကို လက်လွှဲပေးဖို့တောင်းတာကိုလည်း ငြင်းဆိုခဲ့ပါတယ်။ 

Joe Biden to announce withdrawal of all US troops from Afghanistan | Financial Times
အာဖဂန် နစ္စတန်မှ အမေရိကန်တပ်များ[/caption]

အဲ့တာကြောင့် အမေရိကန်၊ NATO နဲ့ အာဖဂန်စစ်တပ်တွေပေါင်းပြီး အာဖဂန်နစ္စတန်ကိုကျူးကျော်ကာ တာလီဘန်တွေကို တိုက်ခိုက်ပါတော့တယ်။ 

2004 မှာတော့ US တင်တဲ့အစိုးရအသစ်တစ်ရပ် တက်လာပါတယ်။ ဒါပေမယ့် တာလီဘန်တွေအနေနဲ့ ပါကစ္စတန်နယ်စပ်မှာ အခြေစိုက်နေထိုင်ပြီး အင်အားကောင်းနေဆဲပဲဖြစ်ပါတယ်။

တာလီဘန်တွေအနေနဲ့ မြို့တော် ကဘူးမှာ အသေခံဗုံးခွဲတာတွေ တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ဆဲဖြစ်ပါတယ်။

2009 ခုနှစ် သမ္မတအိုဘားမားလက်ထက်မှာတော့ အမေရိကန်တပ်ဖွဲ့အင်အားဟာ ၁၄၀,၀၀၀ လောက်ထိ အာဖဂန်နစ္စတန်မှာ ဖြစ်လာပါတယ်။ အမေရိကန်စစ်အင်အား အများဆုံးသုံးခဲ့တဲ့ ကာလလည်းဖြစ်ပါတယ်။

9/11 ဖြစ်ပွားပြီး ၁၀ နှစ်လောက်အကြာ ကြိုးပမ်းပြီးမှ 2011ခုနှစ် မေလ ၂ရက်နေ့မှာ အိုစမာဘင်လာဒင်ကို ‌အမေရိကန်တို့ အသေဖမ်းနိုင်ခဲ့ပါတယ်။ ဖမ်းမိပြီး အလောင်းကိုတော့ ပင်လယ်ထဲ စွန့်ပစ်ခဲ့တယ်လို့ဆိုပါတယ်။


New 9/11 Exhibit Stages Hunt for Osama Bin Laden | Voice of America - English
အိုစမာဘင်လာဒင်

2014 အရောက် တာလီဘန်တို့နဲ့ ၁၃ နှစ်အကြာတိုက်ခိုက်ပြီးချိန်မှာတော့ NATO အဖွဲ့တွေပြန်လည်ထွက်ခွာပြီး ဆက်လက်တိုက်ခိုက်ဖို့ အာဖဂန်စစ်တပ်သာထားခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့တော့ အရှိန်ပိုရသွားပြီး နယ်မြေတွေပြန်သိမ်းပိုက်လာတာ 2018 မှာ အာဖဂန်နစ္စတန်ရဲ့ 70%လောက်အထိပြန်သိမ်းထားနိုင်ခဲ့တယ်လို့ ဆိုလာပါတယ်။

2020 မှာ အမေရိကန်အနေနဲ့တော့ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးကို ကြားနေ ကာတာနိုင်ငံမှာ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း အမေရိကန်တပ်တွေကို ၁၄ လအတွင်း အာဖဂန်နစ္စတန်ကနေ ဖယ်ရှားပေးမယ်လို့ကတိပေးခဲ့ပါတယ်။

Russia hosts talks between Taliban and Afghan peace council | Russia | The Guardian တာလီဘန်နဲ့ အမေရိကန်ကြားဆွေးနွေးပွဲ

အခုချိန်မှာတော့ အမေရိကန်တပ်တွေအကုန်နီးပါးထွက်သွားပြီ(ညသန်းခေါင်မှာတိတ်တိတ်လေးထွက်သွား) ဖြစ်ပြီး သူ့ရဲ့ အခြေစိုက်စခန်းကိုသိမ်းနိုင်ဖို့ တာလီဘန်နဲ့ အာဖဂန်စစ်တပ်တို့တိုက်ခိုက်နေကြပြီဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံရဲ့ ၈၅% လောက်ကို သိမ်းထားနိုင်ပြီလို့ တာလီဘန်တွေကဆိုပါတယ်။ အဓိကနယ်စပ်မြို့တွေကိုလည်း တာလီဘန်တို့ သိမ်းပိုက်ထားပါတယ်။

တာလီဘန်တွေအနေနဲ့ဘယ်ကဝင်ငွေတွေရသလဲ?

Afghan Farmers Return To Poppy Fields Amid Coronavirus Pandemic အာဖဂန် နစ္စတန်က ဘိန်းခင်းတစ်ခု

ဒီလောက်ရှည်လျားတဲ့ စစ်ပွဲကို အမေရိကန်နဲ့ တိုက်ခိုက်ဖို့ တာလီဘန်တို့ရဲ့ အဓိကဝင်ငွေကို ဘိန်းစိုက်ပျိုး ထုတ်လုပ်တာကနေ ရပါတယ်။ အာဖဂန် နစ္စတန်ဟာ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တာလီဘန်တွေအနေနဲ့ $1.5 ဘီလီယံလောက်ကို ဘိန်းစိုက်ပျိုးမှုကနေရရှိနေတာဖြစ်ပါတယ်။

သေဆုံးမှုများ နဲ့ ကုန်ကျစရိတ်

UN ထုတ်ပြန်တဲ့ စာရင်းအရ စစ်ပွဲအတွင်းအရပ်သား 111,000 ကျော်သေဆုံး၊ ဒဏ်ရာရခဲ့ပြီး အမေရိကန်စစ်သား 2,300 ကျော်၊ အာဖဂန်စစ်သား 45,000 ကျော်သေဆုံးခဲ့ပြီး ယနေ့တိုင်တိုက်ခိုက်နေကြသေးတာဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ အမေရိကန်တို့ဘက်က $978 ဘီလီယံ လောက်ကုန်ကျခဲ့တာလည်းဖြစ်ပါတယ်။

Comments

  1. သိချင်နေတာ ဗဟုသုတရှိတဲ့စာတွေဆက်တင်ပေးပါအုံး

    ReplyDelete
  2. ကျေးဇူးပါ အခုလိုသိခွင့်ရတဲ့အတွက်

    ReplyDelete
  3. ပထမဆုံး အပိုဒ်ကို သိပ်နားမလည်လိုက်ဘူးဗျ။ လက်ဝဲဝါဒီတွေအာဏာသိမ်းတယ်ဆိုတဲ့ တစ်ဘက်၊ ကွန်မြူနစ် အစိုးရကတစ်ဘက် mention သွားတယ်။ မူဂျာဟစ်ဒင်ဆိုတာ ထပ်ပြောသွားတယ် မူဂျာဟစ်ဒင်နဲ့ လက်ဝဲဝါဒီ၊ ကွန်မြူနစ် အစိုးရဆက်စပ်မှု ဘယ်လိုရှိလဲ၊ တာလီဘန်တွေနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကို သေချာ နားမလည်လိုက်ရဘူးဖြစ်သွားတယ်။

    ReplyDelete
    Replies
    1. ကျန်တာတွေကိုတော့သေချာနားလည်လိုက်ပါတယ် အဲ့အတွက် ကျေးဇူးတင်ပါတယ်။

      Delete
    2. လက်ဝဲဝါဒီဆိုတာ ဘာသာရေးကို လျှော့ချတယ်ဗျာ ၊ ကွန်မြူနစ်ဆိုရင် နိုင်ငံရေးမှာ ဘာသာရေးလုံး၀မကိုးကွယ်ရဘူး ၊ အစိုးရ၀န်ထမ်းဖြစ်ရင် ဘာသာမရှိရဘူးပေါ့။ အဲ့တော့ မူဂျာဟစ်တင်ဆိုတဲ့ ဘာသာရေးအဖွဲ့နဲ့ချတယ်။ ဆိုဗီယက်က ကွန်မြူနစ်ခေါင်းဆောင်ကြီးဆိုတော့ ကွန်မြူနစ်အစိုးရကို ကာပေးတယ်ပေါ့ဗျာ

      Delete
  4. အရမ်းကောင်းတယ်ဗျ

    ReplyDelete
  5. နားလည်ပြီကျေးဇူး ပါ

    ReplyDelete
  6. ဗဟုသုတလည်းရ၊လှူပြီးသားလည်းဖြစ် ကျေးဇူးပါ Admin

    ReplyDelete
  7. ကျေးဇူးတင်ပါတယ် မင်မင်ရေ
    ခုမှ နားလည်သွားတော့တယ်

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ခုလိုသမိုင်းတွေဖတ်ရတာ အရမိးဗဟုသုတရပါတယ်

    ReplyDelete
  10. ဗဟုသုတ ရပါတယ် ကိုယ်မသိသေးတာလေးတွေ သိလိုက်ရတော့

    ReplyDelete
  11. Augustတုန်းက ၁ခေါက်ဖတ်ဖူးတယ်

    ReplyDelete

Post a Comment