နှလုံးကောင်းသော ဦးနု
နှလုံးကောင်းသော ဦးနု
တိုင်းပြည်ကို အုပ်ချုပ်၍ မင်းလုပ်မည့် ဝန်ကြီးချုပ်တယောက်သည် ရှင်းရှင်းပြတ်ပြတ် စဉ်းစားတတ်ဖို့ လိုအပ်၏။ ပြည်သူလူထု ချောင်ချိအောင်လုပ်ရမည့် မိမိ၏တာဝန်ကို ဆောင်ရွက်ရာတွင် အပြစ်ပေးထိုက်သည့် ရာဇဝတ်ကောင်ကို အပြစ်အားလျော်စွာ ဒဏ်ပေးတန်လျှင်ပေးရမည်။ သနားသည်၊ သို့မဟုတ် ငရဲကြောက်သည် ဆိုကာ ရှောင်လွှဲ၍မဖြစ်။ တိရစ်္ဆာန်၏အသားကို စားနေကျဖြစ်သော လူမျိုးအား ငရဲမကြီးကြပါစေနှင့်ဆိုကာ သားသတ်ရုံများကို ပိတ်ပစ်၍ နည်းမကျ၊ မိမိမလုပ်ဝံ့လျှင်လည်း ရှောင်လွှဲ၍သာ ပေးသင့်သည်။ တိုင်းပြည်အတွက် ဆောင်ရွက်ရာတွင် ငရဲကြီးလိမ့်မည်ဟု ထင်စရာရှိသော အမှုများကိုလည်း ပြုတန်ကပြုရလိမ့်မည်။ (အလောင်းတော် တေမိမင်းသည် အပါယ်ငရဲသို့ ကျခဲ့ရသည်ဟုစာကဆိုသည်။) ကျွန်ုပ်အားဝန်ကြီးချုပ်တင်မြောက်ကြလျှင် လုပ်မည်လောဟုမေးငြားအံ့။
ကျွန်ုပ် တန်ခိုးအာဏာကို မက်မောသော စိတ်မျိုးရှိ၍လက်ခံခဲ့လျှင်တာဝန်ကိုရှောင်လွှဲပြီး ငရဲကို ကြောက်လိမ့်မည်မဟုတ်၊ လုပ်သင့်သည်ကို လုပ်လိမ့်မည်သာဖြစ်၏။ တဘက်၌ စေတနာကောင်းနှင့် ပြည်သူ့အကျိုးအတွက် လုပ်ရသည်ဟူသော “ဖြေလုံး” ဖြင့်သာ မိမိကိုယ်ကိုဖြေယူပါလိမ့်မည်။ ဦးနု၏ အပြစ်ကား ကောက်ကျစ်စဉ်းလဲခြင်း၊ ညစ်ပတ် ယုတ်မာခြင်းမဟုတ်၊ လောက အကြောင်းနှင့်ဓ္မကြောင်းကို ပိုင်းပိုင်းခြားခြားနားမလည် ရှာခြင်းပင်ဖြစ်သည်။
ဦးနု၏ကောင်းမွန်သော အချက်တခုကိုကျွနု်ပ်မြင်မိသည်မှာ သူသည် ဝေဿ္တရာမင်းကြီးကဲ့သို့ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရမည်မဟုတ်။ (အရမ်း ကြည်ညိုသူများလည်း ရှိသည်။) သူ့သန္တာန်၌ ရှိနေသည့် ဖီလာသဘောတရားများ(Absurdities) ကြောင့် သူ့ဟာသူ စွန့်ခွာသွားရလိမ့်မည် ထင်သည်။ အချုပ်အားဖြင့် ဖော်ပြရသော် ဦးနုသည် စိတ်နှလုံးကောင်းနှင့် စေတနာကောင်းရှိသော်လည်း နားလည်မှု မပြည့်စုံရှာချေ။ ပညာဓိကမဟုတ်၊ သဒ္ဓါဓိကဖြစ်ပုံရသည်။
သစ္စာနှစ်မျိုး
များစွာသောသူတို့က အမှန်တရားသည် နှစ်မျိုးမရှိနိုင်။ တမျိုးတည်း သာရှိနိုင်သည်ဟု ပြောလေ့ရှိကြ၏။ ကျွန်ုပ်သည် လောကုတ်္တရာနှင့် ပတ်သက်၍ အခြားနေရာများတွင် ရေးချင်သလောက် ရေးနိုင်သည် ဖြစ်သောကြောင့် ဤမှတ်တမ်းတွင် ဓမ္မ ရေးရာနှင့် ပတ်သက်၍ အကျယ်တဝင့်ရေးသားရန် ဆန္ဒလည်းမရှိ၊ သင့်လျော်သည်ဟူ၍လည်း မယူဆချေ။ သို့ရာတွင်သစ္စာ နှစ်မျိုးရှိခြင်းကို နားလည်ဖို့မှာ လောကီသားများ အတွက်လည်းလိုအပ်သည် ထင်သောကြောင့် ဤအကြောင်းကို အနည်းငယ် ရှင်းပြပါဦးမည်။
လောကုတ်္တရာရေးရာ၌ သမုတိသစ္စာ၊ ပရမတ်္ထသစ္စာဟူ၍ နှစ်မျိုးရှိသကဲ့သို့ လောက၏ ကျင့်စဉ်များတွင်လည်း ပုဂ်္ဂလိက အနေဖြင့် ကျင့်စဉ်တမျိုး၊ အုပ်စုအနေဖြင့် (Society) ကျင့်စဉ်တမျိုး ရှိရပေသည်။ ရှင်းရှင်းပြတ်ပြတ် စဉ်းစား တတ်သောဉာဏ်မရှိခဲ့လျှင် ဓမက်္ခန်ကြောင်းဖြစ်သော သမုတိသစ္စာနှင့် ပရမတ်္တသစ္စာ ကိစ်္စတွင် ရောထွေးခြင်း ရှိတတ်သကဲ့သို့ ပုဂ်္ဂလိက ကိုယ်ကျင့်တရားနှင့် အုပ်စုကိုယ်ကျင့်တရားကိုလည်း မရှင်းမလင်း ဖြစ်တတ်လေသည်။ ပထမတွဲတွင် အချို့လူများက သမုတိသစ္စာထက် ပရမတ်္တသစ္စာသည်သာလျှင် မှန်ကန်သည်ဟုဆိုကာ သူမရှိ၊ ငါမရှိ၊ ပုဂ်္ဂိုလ်သတ်္တဝါမရှိဟု ပြောပြီးလျှင် လုပ်ချင်ရာ လုပ်သည်အထိ ပရမ်းပတာ ဖြစ်သွားသူများလည်း ကြုံဘူးသည်။ စင်စစ်မှာ ဤသစ်္စာနှစ်မျိုးအနက် သမုတိသစ်္စာထက် ပရမတ်္တသစ်္စာက နက်နဲ၍ အမြင်ခက်သည် မှန်သော်လည်း သူ့နေရာနှင့်သူ မှန်ကန်ခြင်းကိုလည်း နားလည်ဖို့ အရေးကြီးပေသည်။ သို့မဟုတ်ခဲ့လျှင် ယထာဘူတ ကျသောအမြင် မျိုး မရရှိပဲ လွဲလွဲချော်ချော် ဖြစ်ကုန်တတ်ပေသည်။
ကျွန်ုပ် သာ မင်းဖြစ်ရလျှင်
တဖန်ပုဂ်္ဂလိကကျင့်စဉ်နှင့် အုပ်စုကျင့်စဉ်များ၌လည်း အလားတူ ပိုင်းခြားနားလည်ဖို့ အရေးကြီးလေသည်။ ပုဂ်္ဂလိကကျင့်စဉ်အရ လူတဘက်သားကို သနားကြင်နာခြင်း၊ ကူညီစောင်မခြင်းသည်ကောင်း၏။ မြတ်၏။ ချီးမွမ်းထိုက်၏။ သို့ရာတွင် လူတယောက်သည် အကျဉ်းသမားတယောက်ကို သနားသည်ဆို၍ ထောင်ထဲမှ ထွက်ပြေးဖို့ ကူညီသည်ဖြစ်စေ၊ မင်းတပါးသည် အကျဉ်းသမားကို သနားသည်ဆို၍ ခဏခဏ ထောင်ဖွင့်ပြီး လွှတ်ပေးသည်ဖြစ်စေ အုပ်စုကျင့်ဝတ်ကို ဖောက်ဖျက်ရာ ရောက်ပေလိမ့်မည်။ (ကုသိုလ်ရသည်ထင်၍ လွှတ်ပစ်ခြင်းဖြစ်ပါမူသာ၍ဆိုးသေး၏။ နာမည်ကောင်း လိုချင်၍ လုပ်လျှင်လည်း အလားတူပင်။)
ဟိန်္ဒူဝါဒ၊ သို့မဟုတ် ဒေဝဒတ်ဝါဒကိုကြိုက်၍ သက်သက်လွတ်စားလိုလျှင် ပုဂ်္ဂလိကအနေဖြင့် လုပ်နိုင်ခွင့် ရှိ၏။ သို့ရာတွင်မင်းတပါးသည် တိရစ်္ဆာန်များကိုသနားသည်၊ သို့မဟုတ် လူတွေကို လည်း ငရဲမကြီးစေနှင့် ဆိုကာ သားသတ်ရုံတွေကိုပိတ်၊ အင်းတွေကိုပိတ်၊ ပိုက်ကွန်တွေ ကိုသိမ်း၊ ပိုက်ကွန်ယက်သူ တွေကိုဖမ်း စသည်ဖြင့် အသက်သတ်စားစရာ မပေါ်နိုင်အောင် အာဏာနှင့်ပြုလုပ်မည်ဆိုပါမူကား ထိုမင်းသည် “အုပ်စုကျင့်စဉ်” ကို ဖောက်ဖျက်ရာကျပေလိမ့်မည်။ သူတပါး၏ လယ်မြေကို လုယူခြင်းသည် ပုဂ်္ဂလိကကျင့်စဉ် အနေဖြင့် မှားသည်ဟုဆိုရပေမည်ဟု ယုံကြည်ခဲ့လျှင် ထိုကဲ့သို့ဖြစ်အောင်စီမံခြင်းသည် အုပ်စုကျင့်စဉ်အရ လမ်းမှန်သည်ဟု ဆိုရပေလိမ့်မည်။ ကျွနု်ပ်အဖို့မှာ တန်းခိုးအာဏာကို မက်မောသူတယောက် မဟုတ်သည့်အတွက်ကြောင့် လယ်မြေတွေကို သိမ်းယူရမည့် မင်းအဖြစ်ကို မလိုချင်ပဲရှိရသည်။ ငရဲကြီးမည်ကို ကြောက်လှသောကြောင့် မဟုတ်ချေ။ အကယ်၍ တန်ခိုးအာဏာကို မက်မောပြီး မင်းလုပ်မိပါမူကား ငရဲကို ကြောက်လိမ့်မည်မဟုတ်၊ ခံစရာရှိလျှင်လည်းခံမည်၊ ဝတ်္တရားကိုတော့ ရှောင်တိမ်းလိမ့်မည်မဟုတ်ချေ။ သတ်ထိုက်သူများကိုလည်းသတ်ဖို့အမိန့်ပေးလိမ့် မည်သာဖြစ်သည်။
ပုဂ်္ဂလိကကျင့်စဉ်နှင့် အုပ်စုကျင့်စဉ်ကိုလည်း ပိုင်းခြား၍နားမလည်၊ တန်ခိုးအာဏာကိုလည်းမက်လိုက်သေး၊ သနားတတ်သည်ဆိုသော နာမည်ကောင်း ကလေးလည်း ယူလိုက်ချင်သေးဆိုပါလျှင် အကြင်သူသည် မင်းအဖြစ် (သို့မဟုတ် ဝန်ကြီးချုပ်အဖြစ်) နှင့် မလျော်ကန်ဟု ကျွနု်ပ်နားလည်သည်။ မည်မျှလောက် စိတ်နှလုံးကောင်းသော ပုဂ်္ဂိုလ်တယောက်ပင် ဖြစ်စေကာမူ ဝန်ကြီးချုပ်ဖြစ်သည့်အခါ တိုင်းပြည် ချောင်ချိအောင် စီမံရမည့် မိမိ၏တာဝန်ကို ရှောင်တိမ်းခဲ့လျှင် သူ့ကိုယ်တိုင်လည်း ဆန့်ကျင်ဘက် သဘာဝများ (Contradictions) နှင့်တွေ့ရ၍ ပြည်သူလူထု မှာလည်း စီးပွားရေး အကျပ်အတည်းများနှင့် တွေ့ရမည် ဖြစ်သောကြောင့် နောက်ဆုံး တနေ့တွင် သူ့ဘာသူ စိတ်ညစ်ပြီး တိမ်းရှောင် ထွက်ပြေးရမည်ဖြစ်သည်။
သာဓကတခု
မြန်မာပြည်၌ လယ်များကို နွားများဖြင့် ထွန်ယက်ကြရသောကြောင့် နွားများ မလုံမလောက်ဖြစ်မည်စိုး၍ (စစ်တပ်မှတပါး) နွားသတ်ရုံများ ပိတ်ထားခြင်းကို ရှိပါစေဦးတော့။ အိန်္ဒိယပြည်မှ ရှေးတခေတ်လုံး တင်သွင်းခဲ့သည့် ဆတ်သားခြောက် (အမဲခြောက်) များတင်သွင်းခြင်းကို ပိတ်ပင်ထားလိုက်သည်မှာ နားမလည် နိုင်အောင်ရှိတော့သည်။ ကျွနု်ပ်ကိုယ်တိုင် တောင်သူအဆက်အနွယ်ဖြစ်၍ တောင်သူ လယ်သမားများနှင့် လက်ပွန်းတတီး နေထိုင်ခဲ့ဘူးသဖြင့် တောင်သူလယ်သမားများ၏ စားပုံ သောက်ပုံနေပုံထိုင်ပုံ အကြောင်းကောင်းကောင်းကြီးသိသူတယောက် ဖြစ်သည့်အတိုင်း ပွင့်လင်းစွာရေးသားရမည်ဟု ဆိုပါလျှင် ၎င်းတို့အကြိုက်ဆုံးဖြစ်၍ စျေးအပေါဆုံးလည်းဖြစ်သော ဟင်းလျာမှာ “အမဲခြောက်” ပင်ဖြစ်သည်။
ဝက်သား၊ ကြက်သား၊ ဘဲသား၊ ငါးကျင်းသားသည် ဝန်ကြီး၊ ဝန်ကလေး၊ စာရေးစာချီ၊ ကုန်သည်ပွဲစားတို့အတွက် ထမင်းကိုလည်ချောင်းထဲမှ တွန်းချသည့် ဟင်းလျာကောင်းလေးများ ဖြစ်သကဲ့သို့ အမဲခြောက်သည်လည်း တောင်သူလယ်သမားနှင့်ဆင်းရဲသား အလုပ်သမားများအတွက် ထမင်းကို လည်ချောင်းထဲမှ အောက်သို့တွန်းချပေးသည့် ဟင်းလျာကောင်းတခွက်ဖြစ်သည်။ လူသတ်္တဝါသည် ဆင်းရဲချမ်းသာမရွေး ဟင်းကောင်းကလေးတခွက်မပါလျှင် ထမင်းလုပ်ကို လည်ချောင်းထဲမှ အောက်သို့ဆင်းအောင် မျိုမချနို်င်သဖြင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေတတ်သည်ဖြစ်ရာ အထက်တန်း နှင့် လူလတ်တန်းများက ထမင်းလုပ်ကို ကြက်သား၊ ဝက်သား၊ ငါးကြင်းသားဖြင့် တွန်းချသည့်နည်းတူ၊ တောင်သူများနှင့် အလုပ်သမား ဆင်းရဲသားတို့မှာလည်း အမဲခြောက်ကို “ဒရိုင်ဘာ”အဖြစ်နှင့် အသုံးပြု၍ ထမင်းလုပ်ကို လည်ချောင်းအောက် သို့ကျအောင် မောင်းချကြ ရလေသည်။ စျေးပေါ၍ သူတို့လည်းကြိုက်သော အမဲခြောက်ကိုပင် ပိတ်ပင်ထားလိုက်ရာတွင် ခမျာများမှာ ထမင်းလုပ်ကို “ဒရိုင်ဘာ” မပါပဲ မောင်းချရန် မဖြစ်နိုင်သည့်အတွက်ကြောင့် ငါးသေး၊ ငါးနုပ်၊ ငါးခြောက်ရိုး၊ ကြက်ရိုးကလေးများကို မမှီမကမ်းနှင့် ဝယ်ယူစားသောက်ရသဖြင့် ပိုက်ဆံလည်း အပိုကုန်၊ ကျေနပ်မှုလည်း မရရှာကြချေ။
ကျွနု်ပ်သည် ဤအကြောင်းကို စိတ်ကူးဖြင့် ရေးသည်မဟုတ်၊ ဆင်းရဲသား လူတန်းစားများ အကြောင်းကို ကောင်းကောင်းကြီးသိ၍ ရေးခြင်းဖြစ်သည်။ အမဲခြောက်သည် ဆင်းရဲသားများအဖို့၌ “ဒရိုင်ဘာ” ကောင်းကြီးဖြစ်၏။ ဖုတ်လိုဖုတ်၊ ချက်လိုချက်၊ ထောင်းပြီး ငရုတ်သီးနှင့် ကြော်လိုကြော်၊ အလုပ်သမား၊ လယ်သမားတို့အကြိုက်ဆုံးသော ဟင်းလျာတခွက်ဖြစ်၏။ ဤမျှလောက် လူများစုက နှစ်သက်သဘောကျသည့် အာဟာရတခုကို မြန်မာအစိုးရ က နိုင်ငံခြားမှမသွင်းရဟု ပိတ်ပင်ထားခြင်းမှာ ကျွနု်ပ်အဖို့၌ လုံလောက်သော အကြောင်းပြချက် ရှာမရအောင်ရှိပါဘိသည်။
ဆရာကြီးရွှေဉဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်မှ

That's truth
ReplyDeletevery good.
ReplyDeleteကြိုက်
Deleteအရမ်းတန်ဖိုးရှိတဲ့အရေးအသားပါပဲ
ReplyDelete🖤🖤
ReplyDeleteအမှန်ပဲ။ ပုဂ္ဂလိက နဲ့
ReplyDeleteအများကို ခွဲခြား မြင်တတ်မှ
ရမယ်။
A really good article and hope u guys post knowledge sharing ones like these which will contribute to society more .
ReplyDelete👍
ReplyDelete