မြန်မာပြည်၏ဂျူးလူမျိုးများ
မြန်မာပြည်၏ဂျူးလူမျိုးများ
မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများအနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ရှေးခေတ်ကတည်းကပင်မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြမည် ဟုယူဆရသည်။ မြန်မာ့သမိုင်းတွင် ပထမဆုံးပါဝင်သော ဂျူးလူမျိုးမှာ အလောင်းဘုရား၏ စစ်တပ်တွင်အရာရှိအဖြစ် (၁၇၅၅ ခုနှစ်ဝန်းကျင်က) အမှုထမ်းခဲ့သူမှာ ဆော်လမွန်ဂါဘရီယိုလ် (Solomon Gabriol) ပင်ဖြစ်သည်။ မော်လဒိုနိုင်ငံဖွား ဂျူးလူမျိုး ဖြစ်သူ ဂျိုးနက်စ် ဂိုလ်ဒင်ဘတ်ဂ် (Jonas Goldenberg) သည် မင်းတုန်းဘုရင်လက်ထက် မန္တလေးနန်းတော်၏ စီပွားဖက်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ကာ သစ်ထုတ်လုပ်ရေးနှင့် ကြီးပွားလာခဲ့သူဖြစ်သည်။
၁၉ ရာစုအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဂျူးလူမျိုးများမှာ ဘဂ္ဂဒက် (Baghdadi) ဂျူးများဖြစ်ကြသည်။ ၂၀ ရာစု အစပိုင်းတွင် ရန်ကုန်တစ်မြို့တည်းတွင်ပင် နေထိုင်သူ ဂျူးလူမျိုးပေါင်း ၂၃၀၀ ကျော်ရှိခဲ့သည်။ (ထိုစဉ်က ရန်ကုန်လူဦးရေမှာ လေးသိန်းခန့်သာရှိသည်။) ၂၆ လမ်းတွင် (မူရှ်မာ ယေဟိုးဝါ Musmeah Yeshua) ဂျူးဘုရားကျောင်းကြီးမှာ ယနေ့တိုင်တည်ရှိနေပါသေးသည်။ ရန်ကုန် ဂျူးသင်္ချိုင်းတွင် အုတ်ဂူပေါင်း ၆၀၀ ကျော်ရှိသည်။
ဆိုဖယ်(Sofaers) မိသားစုသည် အထင်ကရ ဂျူးလူမျိုး မိသားတစ်စုဖြစ်သည်။ ဒေးဗစ်ဆိုဖယ်(David Sofaer) သည် မြို့တော်ဝန်အဖြစ် ခေတ္တမျှ ဆောင်ရွက်ခဲ့သည်။ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်း (ဖဲယားလမ်း)ထောင့်တွင် ခန့်ညားထည်ဝါသည့် ဆိုဖယ်အဆောက်အဦး ယနေ့တိုင် ရှိနေဆဲဖြစ်သည်။

Norma Solomon and Diane Cohen in 1948. They were members of Yangon's once prominent Jewish community.
ဆော်လမွန်မိသားစုသည်လည်း အထင်ကရ ရန်ကုန်ဂျူးမိသားစု တစ်စုဖြစ်သည်။ ဥပမာဆိုရလျှင် အက်ဇရာ ဆော်လမွန် (Ezra Solomon) သည် ၁၉၂၀ ပြည့်နှစ်တွင် မွေးဖွားပြီး ၁၉၄၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရကာ ချီကာဂိုတက္ကသိုလ်တွင် ဗမာပြည်ကိုယ်စားပြု ပညာတော်သင်ကျောင်းသားအဖြစ် တက်ရောက်ခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်ရာ အက်ဇရာသည် မြန်မာပြည် မပြန်ရန်ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် စတန်းဖို့ဒ် (Standford) တက္ကသိုလ်မှ ပါမောက္ခအဖြစ်ရော အမေရိကန်သမ္မတ နစ်ဆင်၏ အကြံပေးအဖြစ်နှင့်ပါ အလွန်သြဇာတိက္ကမရှိသော ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး
၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အစ္စရေးနိုင်ငံတည်ထောင်သူနှင့် ပထမဆုံးသောဝန်ကြီးချုပ်လည်းဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန် (David Ben-Gurion) မြန်မာပြည်သို့ အလည်အပတ်လာရောက်ခဲ့ခြင်းမှာ သမိုင်းတွင်ပေသည်။
၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်းကာလရှိ ဗမာပြည်သည် စစ်မက်ရေးရာအပါအဝင် အခြားသောကိစ္စရပ်များတွင် အစ္စရေးနိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်သွယ်ခဲ့ကြကြောင်းကို သိသူနည်းပါးပါသည်။ တိုင်းပြည် နှစ်ပြည်လုံးသည် ဗြိတိသျှအင်ပါယာမှ တပြိုင်တည်းမှာလိုလို လွတ်လပ်ရေးရခဲ့ကြသည်။ နှစ်ပြည်လုံးပင် ဒုတိယ ကမ္ဘာစစ်ကို ကြုံခဲ့ရသည်။ နှစ်ပြည်လုံးကို အစောပိုင်း ဦးဆောင်ခဲ့ကြသူများမှာ ရွေးကောက်ခံ ဆိုရှယ်လစ် အစိုးရများဖြစ်ကြသည်။ အစ္စရေးနိုင်ငံ တည်ထောင်စတွင် ဦးဆုံးအသိအမှတ်ပြုသော အာရှနိုင်ငံမှာ ဗမာနိုင်ငံဖြစ်သည်။ ထိုသို့အသိအမှတ်ပြုခြင်းအားဖြင့် ဗမာပြည်သည် အစ္စရေးကို ကမ္ဘာ့နိုင်ငံရေးမျက်နှာစာသို့တွန်းတင်ပေးနိုင်ခဲ့ပြီး ဂျူးလူမျိုးတို့ကိုယ်စား ဆိုဗီယက်ခေါင်းဆောင်များနှင့် ဝင်ရောက်ဆွေးနွေးဖို့ပင် ကြိုးပမ်းခဲ့ဖူးသည်။
၁၉ ၅၀ ပြည့်နှစ်များအတွင်း ဦးနု၊ ဦးနေဝင်း စသူတို့ အစ္စရေးသို့ မကြာခဏ သွားရောက်ခဲ့သလို မြန်မာနိုင်ငံသို့ အစ္စရေးနိုင်ငံတော်မှ ဧည့်သည်တော်ကြီးများလည်း လာရောက်လည်ပတ်ခဲ့ဖူးပါသည်။ ဂိုလ်ဒါမေယာ (Golda Meir) ၊ မိုရှေဒါယန် (Moshe Sharett)၊ ရှီမွန်ပိရာ့စ် (Shimon Peres)၊ မိုရှေဒေယန် (Moshe Dayan)၊ အက်ဘာအီဘန် (Abba Eban)၊ ဒေးဗစ်ဘင်ဂူရီယန် (David Ben Gurion)တို့ ဖြစ်ကြသည်။
ဗုဒ္ဓဘာသာကို စိတ်ဝင်စားသော ဒေးဗစ်ဘင်ဂူရီယန်သည် (ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်းမှာပင်) မြန်မာ၌ ၁၆ ရက်ထက်မနည်း နေသွားခဲ့သည်။ သူကိုယ်တိုင် မြန်မာအဝတ်အစားများကို ဝတ်ဆင်ခဲ့၏။ (အခြားသော အရာရှိများကိုလည်း ဝတ်ဆင်စေခဲ့သေးသည်။)
ဖော်ပြပါပုံများကို ၁၉ ၅၅-၁၉ ၆၂ ခုနှစ်အတွင်းက ရိုက်ကူးထားခြင်းဖြစ်သည်။

![]() |
ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်အား သမ္မတ မန်းဝင်းမောင်နှင့် ဦးနုတို့နှင့်အတူ တွေ့ရစဉ် |

![]() |
ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်နှင့် တရားသူကြီးချုပ် ဦးသိန်းမောင်တို့ကို ရွှေတိဂုံဘုရား၌ တွေ့ရစဉ် |
![]() |
တယ်လ်အဗိလေဆိပ်တွင် ဗိုလ်ချုပ်နေဝင်းနှင့် ဒေးဗစ်ဘင်ဂူရီယန်တို့ကို မြင်တွေ့ရစဉ် |
![]() |
တယ်လ်အဗိရောက် ဦးနု |
Mhmm , what a surprise.
ReplyDeleteCan you do an Indian version also please? Thanks
ReplyDeleteIf my great grandfather is Jews , how much Jews am I?
ReplyDeleteDone
ReplyDelete🖤
ReplyDelete👍👍👍
ReplyDeletedone
ReplyDeleteThanks!!
ReplyDeleteဂျူးလူမျိုးတွေဟာ အရမ်းတော်ကြတယ်တဲ့
ReplyDeleteThanks for knowledge 👍❤
ReplyDeleteIntresting
ReplyDeleteSo interesting...!
ReplyDeleteDone 💪
ReplyDeleteDone🐬
ReplyDeleteLike
ReplyDeleteရေစက်မှ ပင်လယ်ဆီသို့
ReplyDelete-
သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။
Done 🤍
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteThanks for sharing 😊
ReplyDelete