စိတ်ဓာတ်ကျနေတာတွေ အတွေးလွန်နေတာတွေကိုဘယ်လိုလျှော့ချကြမလဲ
ကျနော်တို့ ၂၀၂၀မတ်လ ၂၃ရက်နေ့ကစပြီးတော့ကိုရိုနာဗိုင်းရပ် မြန်မာပြည်စရောက်လာပြီးကတည်းက အခက်အခဲတွေအနည်းနဲ့အများကြုံလာကြရပါတယ်။ ဒါအပြင် ၂၀၂၁ ဖေဖော်ဝါရီလက နိုင်ငံတော်အာဏာလုယူခံလိုက်ရပြီး နောက်ပိုင်းမှာလည်း ကျနော်တို့ ပြည်သူတွေဟာ အလုပ်အကိုင်ပျက်တာရော စိတ်ပင်ပန်းတာရော ခံပြင်းတဲ့စိတ်ရော ဝမ်းနည်းစိတ်တွေရော စိတ်ဓာတ်ကျတာတွေရော အများကြီးကြုံးလာရတယ်။ အခုလည်း covid third waveနဲ့ ထပ်ကြုံလာရပြန်တော့ အတော်လေးစိတ်လေးလာရပါတယ်။ ဒါပေမယ့်လည်းဗျာ ကျနော်တို့မြန်မာပြည်သူပြည်သားတွေအားလုံး နောင်အနာဂတ်နေ့ရက်တွေအတွက် ဆက်လက်အားတင်းထားပြီး လောကဓံကိုအတူတူဖြတ်ကျော်ကြတာပေါ့။ အခုလောလောဆယ်မှာ စိတ်ဓာတ်ကျနေတာတွေ အတွေးလွန်နေတာတွေကိုဘယ်လိုဖြတ်ကျော်ရမလဲ မျှဝေပေးသွားချင်ပါတယ်။
စိတ်ဓာတ်ကျတယ်ဆိုတာ ယနေ့ခေတ်မှာလူတော်တော်များများကြုံဖူးကြမယ့်ကိစ္စပါပဲ။ပထမဆုံးအနေနဲ့
၁)လက်ရှိအကြောင်းပဲတွေးဖို့ကြိုးစားကြည့်ပေးပါ။
ကျနော်တို့အမြဲတမ်းလိုလို ကိုယ့်ဟာကိုယ်သုံးသပ်နေတတ်ပါတယ်။ ဒါဟာကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ။ သူများအကြောင်းတွေပဲဝေဖန်ပြီး ကိုယ့်ဟာကိုယ်မေ့နေရင် ဒါဟာ မကောင်းပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ်ဟာကိုယ်ဝေဖန်တာများပြီး ကိုယ့်ထက်အောင်မြင်မှုပိုများတဲ့ ပိုပျော်ရွှင်တဲ့သူတွေကြည့်ပြီး သိမ်ငယ်စိတ်တွေကတစ်ဆင့် စိတ်ဓာတ်ကျလာတတ်ပါတယ်။ ပြီးတော့ကျရှုံးမှုတွေကတစ်ဆင့်လည်း ဖြစ်တတ်ပါတယ်။ နောက် အချိန်အတိုင်းအတာတစ်ခုကြာမှ ဒါတွေဟာဘာမှမဟုတ်ပါလားလို့ ပြန်တွေးမိတာမျိုးတွေလည်းဖြစ်ဖူးတယ်မလား။ အချိန်တော့အတော်လေးကုန်သွားတတ်ပါတယ်။ အဲလိုရှုပ်ထွေးတဲ့အတွေးမျိုးတွေဟာလည်းအမြဲလိုလိုဝင်တတ်ပါတယ်။ ဒါဟာသဘာဝပါ။ ဒီလိုအချ်ိန်တွေမှာဆိုရင်ကိုယ့်ရဲ့အတွေးတွေကို အနာဂတ်မှာဖြစ်ဖြစ် အတိတ်မှာဖြစ်ဖြစ် ရောက်နေတာမျိုးမဖြစ်စေဘဲ သက်ရောက်မှုရှိတဲ့ အခုအလုပ်တွေအပေါ်မှာပဲ အာရုံစိုက်ပေးဖို့အမြဲလိုလို နောက်အာရုံတစ်ခုကပ်ထားပေးပါ။ တရားထိုင်ပေးတာဟာလည်းအဲတာတွေအတွက်ကောင်းတဲ့အရာတစ်ခုပါပဲ။
၂)supportကောင်းတဲ့ပတ်ဝန်းကျင်၊ သူငယ်ချင်း၊ မိသားစု နဲ့ဆွေးနွေးပါ သို့မဟုတ် တစ်ယောက်တည်းနေတဲ့အချိန်တွေကိုလျှော့ချပေးပါ။
တစ်ခါတစ်လေမှာ အတွေးတွေအရမ်းလွန်တယ်ဆိုတာလည်းတစ်ယောက်တည်းဖြစ်နေတတ်လို့ဖြစ်ပါတယ်။ လူအများနဲ့ရှိနေတဲ့အချိန်ထက် တစ်ယောက်တည်းဖြစ်နေတဲ့အချိန်တွေမှာ ပိုအတွေးလွန်နေတတ်ပါတယ်။ ကိုယ့်မှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ပတ်ဝန်းကျင်နဲ့ဆွေးနွေးပြီး အကြံဉာဏ်ကောင်းပဲဖြစ်ဖြစ် ဖြေရှင်းပေးတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ မဖြေရှင်းနိုင်ခဲ့သည့်တိုင် ဒီအချိန်မှာဒါတွေမတွေးနေတဲ့အတွက် ပိုစိတ်သက်သာရာရပါတယ်။ အကူအညီလေးတွေလည်းရကောင်းရနိုင်ပါတယ်။ မတူညီတဲ့အမြင်တွေကနေတစ်ဆင့် ပြဿနာအတွက်ပိုကောင်းတဲ့ အဖြေရှာနိုင်ပါတယ်။
၃)ကျန်းမာရေးအတွက်အချိန်ကိုအသုံးချနေလိုက်ပါ။
ဒီလိုစိတ်အခြေအနေပုံမှန်မဟုတ်လို့ရှိရင် အလုပ်တစ်ခုခုလုပ်နေလိုက်တာ အဓိကကအဲတာကိုစိတ်အမြဲမရောက်နေစေဖိြ့ကအရမ်းအရေးကြီးပါတယ်။ အဲတာကိုကျန်းမာရေးအတွက်အချိန်ပေးလိုက်ရင် အာရုံလွဲစေရုံမက တခြားကောင်းကျိုးတွေလည်းအများကြီးရှိပါတယ်။ workoutလုပ်တာမျိုး လမ်းလျှောက်ပေးတာမျိုး sport activityတွေလုပ်တာမျိုးတွေက ကျနော်တိူ့မှာရှိတဲ့ stressတွေကိုလျော့ချပေးပါတယ်။
အဲ့တာကစိတ်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူဖြစ်ပါတယ်။ ကျနော်တို့လှုပ်ရှားနေတဲ့အချိန်မှာထွက်တဲ့ endorphinတွေဟာလည်း ကိုယ်ခန္ဓာကို ကျန်းမာနေတယ်လို့ခံစားရစေပါတယ်။အာရုံစိုက်မှုကိုလည်းကောင်းစေတဲ့အတွက် အာရုံမများတော့ပါဘူး။ ပြီးတော့ညဘက်ကောင်းကောင်းအိပ်ပျော်စေပါတယ်။ စိတ်ပင်ပန်းတဲ့သူတွေဟာ ညအိပ်မပျော်တာမျိုးအဖြစ်များတတ်ပါတယ်။ အဲအတွက်လည်းအဆင်ပြေပြီးသားပါ။
ဒီလိုကာလတွေမှာစိတ်ပူပန်မှု ဝမ်းနည်းမှုတွေနဲ့အတူအတွေးလွန်တာတွေလည်းကပ်ပါလာတတ်ပါတယ်။ အတွေးလွန်တတ်တဲ့သူတွေအတွက်ဆိုပိုဆိုးပါတယ်။ အတွေးလွန်ခြင်းကိုလည်းဖျောက်ဖျက်လို့မရနိုင်သလို ဖြစ်ပျက်နေကျကိစ္စတစ်ခုပါပဲ။အဓိကက အရမ်းပြီးပြည့်စုံချင်တာကို ဘေးဖယ်တတ်ရပါလိမ့်မယ်။
ကိစ္စတစ်ခုလုံးကို အစအဆုံးတွေးနေပြီး အမှားအယွင်းမရှိအောင်အမြဲတမ်း လိုက်တွေးနေမယ်ဆိုရင်တစ်ခါတစ်လေမှာမလုပ်ဖြစ်ဘဲနေတတ်ပါတယ်။ အရမ်းအရေးကြီးကိစ္စတွေဆိုရင်တော့စဉ်းစားသင့်ပေမယ့် တစ်ခါတစ်လေမှာ တွေးတောမနေဘဲ လုပ်လိုက်တာကပိုထိရောက်ပါတယ်။ အရမ်းပြည့်စုံမှ စလုပ်မယ်ဆိုတာမျိုးမလုပ်ပါနဲ့။ အတိတ်ကိုအရမ်းပြန်တွေးတာမျိုး အနာဂတ်နဲ့ပတ်သက်ပြီးnegative possibilitiesတွေစဉ်းစားတာမျိုးတွေကိုလည်းဂရုစိုက်သင့်ပါတယ်။ ဥပမာ မနေ့ကmeetingမှာ ငါဒါတွေမပြောလိုက်ခဲ့သင့်ဘူး။တခြားသူတွေကငါ့ကိုလူညံ့လို့မြင်လိုက်တော့မှာပဲ။
ပြီးတော့ ငါနဲ့ရာထူးတူတဲ့သူတွေအကုန်မနက်ဖြန်ရာထူးတိုးခံလိုက်ရမလားမသိဘူး။ အစရှိတာတွေက တကယ်တမ်းလက်တွေ့မှာဖြစ်ချင်မှဖြစ်တာပါ။ ဒါပေမယ့် overthinkingအရမ်းဖြစ်တဲ့သူတွေဟာ ဒါတွေနဲ့တင်တစ်ယောက်တည်းစိတ်အရမ်းပင်ပန်းတာမျိုးဖြစ်တတ်ပါတယ်။ ပြီးတော့အဲလိုအတွေးလွန်နေပြီလို့တွေးမိတိုင်း ငါအတွေးလွန်နေပြီဆိုတာကိုချက်ချင်းသတိရလိုက်ဖို့ပါပဲ။ ဒါမှလည်းအဲကနေရုန်းထွက်ဖို့ စဉ်းစားနိုင်မှာပဲဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့အခုမြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေအကုန်လုံးကို အတူတူလက်တွဲပြီး ကျော်ဖြတ်နိုင်အောင်ကြိုးစားကြရင်း တစ်ယောက်နဲ့တစ်ယောက်ဖေးကူကြရင်း တစ်နေ့မှာရောင်နီသစ်တွေကိုရှာဖွေနိုင်အောင် အားလုံးအားတင်းထားကြပါ။

ဖတ်လို့လည်း အဆင်ပြေ အကျိုးလည်းရှိလှပါတယ် . ကျေးဇူးတင်ပါတယ်
ReplyDeleteအခုတင် ဒီစာကို အတွေးလွန်ပြီးတညလုံးအိပ်မပျော်ရာနေ ဖတ်မိတာပဲ ရေးထားတဲ့အတိုင်းအကုန်အနာဂါတ်ကိုချည်း တွေးမိပြီး တယောက်တည်းနေချိန်တွေလည်းများ အားကစားလည်းမလုပ်ဖြစ်ပါဘူး အခုတော့ အားကစားနည်းနည်းပါးပါးလုပ်ကြည့်အုံးမယ် ကျေးဇူးတင်ပါတယ် Admin
ReplyDeleteThanks ညဘက်အိပ်မပျော်တာကြာပြီ
ReplyDeleteOk barr🐬
ReplyDeleteDone🐬
DeleteThanks
ReplyDeleteDone
ReplyDeletedoyouloveme
ReplyDeleteOk ပါ
ReplyDeleteDone
ReplyDeleteThankfully
ReplyDeleteFighting
ReplyDelete💪❤️
ReplyDeleteThanks
ReplyDeleteDစာလေးကအရမ်းအကျိုးရှိတယ်😍
ReplyDeleteNice tips 👍🏻
ReplyDeleteမွ မွ
ReplyDeleteThank you for sharing
ReplyDeleteDone
ReplyDeleteThanks. စိတ်ဓာတ်ကျတာလျော့အောင် workoutလေးတော့ ပုံမှန်လုပ်ဖြစ်ပါတယ်။
ReplyDeleteနှလုံးသားထဲမှာ အိပ်မက်ရှိတော့
ReplyDeleteအမှောင်ထဲမှာ အလင်းကိုတွေ့တယ်။
ဝေးနေသေးတယ်ဆိုရင်လည်း
ဘာဖြစ်လဲ
ခြေဖျိားထောက်လိုက်ရင်
နေရောင်ခြည်နဲ့ ပိုနီးသွားပါတယ်။
Crd:Nine Nine Sanay
Hey hello
ReplyDeleteမှတ်သားစရာပါ
ReplyDelete