အပြုံးအကြောင်း

 


အပြုံးအကြောင်း

Image result for smile

-အပြုံးဟာ တုပ်ကွေးထက် ပို၍ ကူးစက်လွယ်ပါတယ်။ 

-ပြုံးခြင်းဟာ သင့်ကို အခြားသူများရဲ့ အမြင်မှာ ဆွဲဆောင်မှု ပိုရှိစေပါတယ်။

-အပြုံးဟာ ပျော်ရွှင်မှုအတွက် အထင်ကရ သင်္ကေတဖြစ်ပါတယ်။

-ပြုံးခြင်းဟာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။



-အလုပ်မှာ အလုပ်ရှင်များဟာ မကြာခဏပြုံးတတ်တဲ့လူများကို ပိုမိုအလေးပေးပါတယ်။

-အပြုံးဟာ သင့်ရဲ့လက်ရှိ စိတ်ခံစားချက်အခြေအနေကို ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်ပါတယ်။

-အမျိုးသမီးများဟာ အမျိုးသားများထက် ပိုပြုံးလေ့ရှိပါတယ်။

-ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာ တစ်နေ့ကို ၆၂ကြိမ်ခန့် ပြုံးလေ့ရှိပြီး အမျိုးသားများကတော့ တစ်နေ့ကို ၈ကြိမ်ခန့် ပြုံးလေ့ရှိပါတယ်။ ကလေးများကတော့ တစ်နေ့ အကြိမ် လေးရာဝန်းကျင် ပြုံးလေ့ရှိပါတယ်။ 



-ပြုံးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

-ပြုံးလေ့ရှိသူများကို လူအများက မိမိကိုယ်ကို  ယုံကြည်ချက်ရှိသူဟု သတ်မှတ်လေ့ ရှိကြပါတယ်။

-ပြုံးတာဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

-မကြာခဏ ပြုံးခြင်းဟာ သင့်ကို အသက်ရှည်စေပါတယ်။



-အပြုံးဟာ လူတွေ မှတ်မိဆုံး/သတိထားမိဆုံး မျက်နှာအမူအရာ ဖြစ်ပါတယ်။

-သင်ဟာ တစ်ခါ ပြုံးမယ်ဆိုရင် ကြွက်သား ၅ခုမှ ၅၃ခုအထိ အသုံးပြုရပါတယ်။

-ပြုံးခြင်းဟာ သင့်ကို အသက်ပိုငယ်ရွယ်တဲ့ပုံပေါက်အောင် လုပ်ပေးနိုင်ပါတယ်။

-ပြုံးတာဟာ Endorphins (ပျော်ရွှင်စေတဲ့ ဟော်မုန်း၊ နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ ဟော်မုန်း)ကို ထုတ်ပေးနိုင်ပါတယ်။



-ပြုံးတာဟာ (မျက်နှာ) လေ့ကျင့်ခန်းလုပ်နည်း တစ်မျိုးလည်း ဖြစ်ပါတယ်။

-အမျိုးသားများဟာ ပြုံးနေတဲ့အမျိုးသမီးများကို ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်ကြပါတယ်။

-လူတွေရဲ့အမြင်မှာ မိတ်ကပ်လိမ်းထားတဲ့အမျိုးသမီးများထက် ပြုံးနေတဲ့အမျိုးသမီးများဟာ ပိုလှပတယ်လို့ ယူဆကြပါတယ်။

-လူမှုပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံကြတဲ့အခါ လူတွေရဲ့ ၄၇ရာခိုင်နှုန်းဟာ လူတစ်ယောက်ရဲ့အပြုံးကို ပထမဦးဆုံး သတိထားမိကြပါတယ်။



-အတင်းလုပ်ယူပြုံးတဲ့ အပြုံးတု ပြုံးမယ်ဆိုရင်တောင်မှ စိတ်ခံစားချက်ကို ကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

-ပြုံးတာဟာ ချောကလက်စားခြင်းထက် လူကို ပိုပြီး တက်ကြွလန်းဆန်းစေပါတယ်။

-လူတွေရဲ့ ၅၀ရာခိုင်နှုန်းဝန်းကျင်က သူတို့ကို ပြုံးပြရင် ပြန်ပြုံးပြတတ်ကြပါတယ်။

Comments

  1. Admins တွေလည်းစာရိုက်ရင်းပြုံးနေကြပြန်ပြီ အမယ်

    ReplyDelete
  2. ကမ္ဘာမှာအပြုံးလေးနဲ့ အရမ်းလှနေတာဘယ်သူလဲသိလား😆

    ReplyDelete
  3. Admin ko chit tl a myarr gyiii

    ReplyDelete
  4. Replies
    1. ဟယ် အပြုံးတုကြီး 😮‍💨

      Delete
  5. ပြုံးထားပါ ကိုကိုမမတို့ရှင် အဆင်မပြေတာတွေဖြစ်လာတောင် အကောင်းဆူံးပြုံးပြီးအကောင်းဆုံးကျော်ဖြတ်လိုက်ပါ ✨🤍

    ReplyDelete
    Replies
    1. ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      Delete
  6. အဲတာကြောင့် ကျနော်ရုပ်ရင့်နေတာ

    ReplyDelete
  7. စာဖတ်ရင်းပြုံးေနမိ

    ReplyDelete

Post a Comment