ခါးတုတ်ခြင်းကြောင့် ခံစားရနိုင်သော ရောဂါများ
Unicode
ခါးလေး သေးသေးသွယ်သွယ်က မြင်သူငေးရလောက်တဲ့ ခန္ဓာကိုယ်မျိုးဖြစ်တဲ့အပြင် ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင်လည်း အလွန်ကောင်းမွန်တဲ့ အချက်ပါပဲ။ လေ့လာမှုများစွာအရ လားအရွယ်အစားက ကျန်းမာရေးနဲ့ များစွာဆက်စပ်မှုရှိနေတယ်လို့ သိရပါတယ်။
1. သေဆုံးနိုင်ခြေမြင့်မားခြင်း
ခါးတုတ်သူတွေဟာ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေမြင့်မားတယ်လို့ အင်္ဂလန်ထုတ် ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ သင့်နဂိုရှိတဲ့ ခါးအတိုင်းအတာထက် 1.94 လက်မတက်လာတိုင်း အရွယ်မတိုင်မီသေဆုံးနိုင်ခြေ 17 ရာခိုင်နှုန်း ပိုမိုမြင့်မားလာပါတယ်။ ခါးအတိုင်းအတာက 47.2 လက်မရှိတဲ့ အမျိုးသားတွေဟာ ပုံမှန်ခါးပမာဏအတိုင်းရှိသူတွေထက် အရွယ်မတိုင်မီသေဆုံးနိုင်ခြေ နှစ်ဆပိုမိုမြင့်မားပါတယ်။ အမျိုးသားတွေရဲ့ ခါးပမာဏ 0.1 ပိုလာတိုင်း သေဆုံးနိုင်ခြေ 34 ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။
2. ခေါင်းတစ်ခြမ်းကိုက်ခြင်း
လူပေါင်း 22211 ဦးကို လေ့လာမှုအရ အဝလွန်တာမဟုတ်ဘဲ ခါးတုတ်သူတွေဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ပိုမိုခံစားရကြောင်း တွေ့ရှိပါတယ်။ အသက် 20-55 နှစ်အတွင်း ဗိုက်ပူသူအမျိုးသားတွေက ပုံမှန်အမျိုးသားတွေထက် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရနိုင်ခြေ 16 ရခိုင်နှုန်း ပိုမိုပါတယ်။
3. နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း
လတ်တလောလေ့လာမှုတွေအရ ခါးတုတ်သူတွေဟာ သတ်လတ်ပိုင်းအရွယ်မှာ နှလုံးစွမ်းဆောင်ရည် ကျဆင်းနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ BMI ပုံမှန်အတိုင်းအတာ 25 ရှိပေမယ့် ခါးတုတ်နေပါက နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ခြေများပါတယ်။
4. သွားနှင့်ခံတွင်းရောဂါ
ခါးတုတ်သူတွေဟာ သွားဝန်းကျင်မှာရှိတဲ့ တစ်သျှူးတွေ ရောင်ရမ်းမှုဖြစ်တာကြောင့် သွားနဲ့ခံတွင်းဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဟားဗတ်ပြည်သူ့ကျန်းမာရေးရဲ့ လေ့လာချက်အရ ခါးအတိုင်းအတာ 40 လက်မအထက်ရှိသူတွေက 40 လက်မအောက်ရှိသူတွေထက် သွားနဲ့ခံတွင်းဝေဒနာတွေ ခံစားရနိုင်ခြေ 19 ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သွားနဲ့ခံတွင်းရောဂါတွေက နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း များစေပါတယ်။
5. အဆုတ်လုပ်ဆောင်မှု အားနည်းခြင်း
ခါးတုတ်သူတွေရဲ့ အဆုတ်လုပ်ဆောင်မှုတွေက ပုံမှန်ရှိသူတွေထက် အားနည်းမှုရှိကြောင်းကို အမေရိကန် ရင်ခေါင်းပိုင်းဆိုင်ရာဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ခါးတုတ်တာအပြင် ဆေးလိပ်သောက်တာ၊ BMI မြင့်မားတာ စတဲ့ တခြားအကြောင်းအချက်တွေပါ ရှိနေခဲ့ရင် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားပါတယ်။
6. Restless Legs Syndrome
ခြေထောက်ပိုင်းမှာ မသက်မသာဖြစ်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ ယားယံတာတွေကို ခံစားရပြီး လမ်းလျှောက်တာ၊ ခြေထောက်လှုပ်ပေးတာတွေပြုလုပ်မှ သက်သာတဲ့ ရောဂါစုပါ။ အဲဒီရောဂါစုကို Restless Legs Syndrome (RLS) လို့ ခေါ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ 5-10 ရာခိုင်နှုန်းက ဒီရောဂါစုကို ခံစားနေရပါတယ်။ လေ့လာမှုတွေအရ ဒီရောဂါစုက ခါးအရွယ်အစားနဲ့ ဆက်စပ်မှုရှိနေပါတယ်။ အိပ်ပျက်များသူတွေဟာ ပိုမိုဆာလောင်တတ်ပြီး အစာတွေပိုစားရာကနေ အဝလွန်လာပါတယ်။ ဝလာတာနဲ့အမျှ ခါးအရွယ်အစားကလည်း တုတ်လာပါတယ်။ ခါးတုတ်သူတွေမှာ Restless Legs Syndrome ရောဂါစု ခံစားရနိုင်ခြေများပါတယ်။
Zawgyi

Comments
Post a Comment