စော်



 

Unicode 

ခုတလော "စော်" ဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်လို့ ပွဲလေးတွေ အနည်းငယ်ဖြစ်နေတာတွေ့ရတယ်။ ဒါကြောင့် ဆရာမြသန်းတင့်ရဲ့ "ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်" ဆိုတဲ့ ဝတ္ထုက စာပိုဒ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။


(တင်ထွန်းအောင်က ကိုနန္ဒာရဲ့ အမအကြီးဆုံးရဲ့သားဖြစ်ပြီး တူတော်စပ်သည်။ ရဲမြင့်ကတော့ တင်ထွန်းအောင်သူငယ်ချင်း ဝတ်လုံကြီးတစ်ဦးရဲ့ သားဖြစ်သည်။)

"ဟေ့ကောင် ရဲမြင့်၊ ဒီ 'စော်'ရဲ့ အသံက သိပ်ညံ့တယ်ကွ"
ကိုနန္ဒာသည် တင်ထွန်းအောင်ကို လှမ်းကြည့်လိုက်သည်။ တင်ထွန်းအောင်၏ မျက်နှာ၌ ပွေလီဆန်းပြားသော အမူအရာမရှိ။ ပကတိရိုးသားသောအသွင်ကို ဆောင်နေသည်။
"နင်တို့စကားတွေကလည်းဟယ်"
တင်ထွန်းအောင်အမေသည် ဤမျှပြောကာ နောက်ဖေးသို့ ထသွား၏။ သူ့မျက်နှာသည် နီရဲလျက်ရှိသည်။ ကိုနန္ဒာသည် အမ၏ အခြေအနေကို အကဲခပ်လိုက်မိသည်။
"ဘာလဲကွ မင်းတို့ စကားတွေက"

ကိုနန္ဒကလည်း မေးလိုက်သည်။ တင်ထွန်းအောင်က သူ့ဘက်သို့လှည့်၍ ရယ်သည်။ ထို့နောက် ကိုနန္ဒာကို အထင်သေးသောအကြည့်ဖြင့်ကြည့်သည်။
"ဦးလေးကလဲ တုံးလိုက်တာ။ ဒါမှ နားမလည်ဘူးလား"

ရဲမြင့်ကလည်း ကိုနန္ဒာကို ပြုံ၍ကြည့်သည်။ စင်စစ် သူတို့နှစ်ယောက်နှင့် ကိုနန္ဒာသည် အသက်သိပ်မကွာလှသေး။ သူတို့နှစ်ယောက်က 20 ပတ်ဝန်းကျင်တွင်ရှိ၍ ကိုနန္ဒာက 30 ပတ်ဝန်းကျင်၌ ရှိသေးသည်။

သို့ရာတွင် ဆယ်နှစ်လောက်မျှသာကွာခြားသည်တိုင် သူတို့နှစ်ယောက်သည် ကိုနန္ဒာကို ခေတ်နောက်ကျသူဟု ထင်နေကြပြီ။ ခေတ်ရေစီးကြောင်းတွင် သောင်တင်ကျန်ရစ်သူဟု ထင်နေကြပြ။

"ဆိုစမ်းပါဦး၊ မင်းတို့စကားလုံးအဓိပ္ပါယ်ကို"
" 'စော်' ဆိုတာ မိန်းကလေးကိုပြောတာ ဦးလေးရ" - ရဲမြင့်ကဖြေသည်။
"ဟေ၊ 'စော်' ဆိုတာ မိန်းကလေး"

ကိုနန္ဒာသာ် မျက်ခုံးကိုပင့်ကာ ပါးစပ်ဟောင်းလောင်းနှင့် ဖြစ်နေသည်။ ဤစကားလုံးကို အမေရှေ့မရှောင်အဖေရှေ့မရှောင် သူတို့ပါးစပ်က ရက်ရက်ရောရောထွက်နေသည်မှာ သူတို့အဓိပ္ပါယ်နှင့်သူတို့တော့ မှန်နေသည်။ မထွက်ရဲစရာ ဘာမှမရှိ။

သို့ရာတွင် ကိုနန္ဒာအဖို့တော့ ဤစကားလုံးသည် ပါးစပ်မှ ထွက်ရဲစရာမရှိသော စကားလုံးဖြစ်သည်။ ကိုနန္ဒာတို့ခေတ်က 'စော်' ဟူသော စကားလုံးသည် မိန်းမတို့၏ မအပ်မရာကို ခေါ်ခြင်းဖြစ်သည်။ ယခု တင်ထွန်းအောင်တို့ခေတ်ကျတော့ 'စော်' ဆိုသော ဝေါဟာရသည် ထိုသို့အဓိပ္ပါယ်မထွက်တော့။ 'မိန်းကလေး' ဟူသော သာမန်အနက်မျှသာ ထွက်တော့သည်။ ဆယ်နှစ်လောက်အတွင်း ဝေါဟာရတစ်လုံး၏အနက်သည် ဤမျှပြောင်းသွားရသလောဟု ကိုနန္ဒာ အံ့သြရသည်။

တင်ထွန်းအောင်နှင့် ရဲမြင့်သည် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြစ်နေသော ကိုနန္ဒာကိုကြည့်၍ ရယ်လိုက်ကြသည်။
"ဘာဖြစ်လို့လဲ ဦးလေးရ"

ကိုနန္ဒာက တံတွေးကို မျိုချကာ
"ဘာမှမဖြစ်ပါဘူးကွာ၊ ဘာမှမဖြစ်ပါဘူး၊ မသိလို့မေးကြည့်တာပါ"

 
 
 
 
Zawgyi
 
 
ခုတေလာ "ေစာ္" ဆိုတဲ့အသုံးအႏႈန္နဲ;႕ပတ္သက္လို႔ ပြဲေလးေတြ အနည္းငယ္ျဖစ္ေနတာေတြ႕ရတယ္။ ဒါေၾကာင့္ ဆရာျမသန္းတင့္ရဲ႕ "ဓားေတာင္ကိုေက်ာ္၍ မီးပင္လယ္ကိုျဖတ္မည္" ဆိုတဲ့ ဝတၳဳက စာပိုဒ္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

(တင္ထြန္းေအာင္က ကိုနႏၵာရဲ႕ အမအႀကီးဆုံးရဲ႕သားျဖစ္ၿပီး တူေတာ္စပ္သည္။ ရဲျမင့္ကေတာ့ တင္ထြန္းေအာင္သူငယ္ခ်င္း ဝတ္လုံႀကီးတစ္ဦးရဲ႕ သားျဖစ္သည္။)

"ေဟ့ေကာင္ ရဲျမင့္၊ ဒီ 'ေစာ္'ရဲ႕ အသံက သိပ္ညံ့တယ္ကြ"
ကိုနႏၵာသည္ တင္ထြန္းေအာင္ကို လွမ္းၾကည့္လိုက္သည္။ တင္ထြန္းေအာင္၏ မ်က္ႏွာ၌ ေပြလီဆန္းျပားေသာ အမူအရာမရွိ။ ပကတိရိုးသားေသာအသြင္ကို ေဆာင္ေနသည္။
"နင္တို႔စကားေတြကလည္းဟယ္"
တင္ထြန္းေအာင္အေမသည္ ဤမွ်ေျပာကာ ေနာက္ေဖးသို႔ ထသြား၏။ သူ႕မ်က္ႏွာသည္ နီရဲလ်က္ရွိသည္။ ကိုနႏၵာသည္ အမ၏ အေျခအေနကို အကဲခပ္လိုက္မိသည္။
"ဘာလဲကြ မင္းတို႔ စကားေတြက"

ကိုနႏၵကလည္း ေမးလိုက္သည္။ တင္ထြန္းေအာင္က သူ႕ဘက္သို႔လွည့္၍ ရယ္သည္။ ထို႔ေနာက္ ကိုနႏၵာကို အထင္ေသးေသာအၾကည့္ျဖင့္ၾကည့္သည္။
"ဦးေလးကလဲ တုံးလိုက္တာ။ ဒါမွ နားမလည္ဘူးလား"

ရဲျမင့္ကလည္း ကိုနႏၵာကို ၿပဳံ၍ၾကည့္သည္။ စင္စစ္ သူတို႔ႏွစ္ေယာက္ႏွင့္ ကိုနႏၵာသည္ အသက္သိပ္မကြာလွေသး။ သူတို႔ႏွစ္ေယာက္က 20 ပတ္ဝန္းက်င္တြင္ရွိ၍ ကိုနႏၵာက 30 ပတ္ဝန္းက်င္၌ ရွိေသးသည္။

သို႔ရာတြင္ ဆယ္ႏွစ္ေလာက္မွ်သာကြာျခားသည္တိုင္ သူတို႔ႏွစ္ေယာက္သည္ ကိုနႏၵာကို ေခတ္ေနာက္က်သဴဟု ထင္ေနၾကၿပီ။ ေခတ္ေရစီးေၾကာင္းတြင္ ေသာင္တင္က်န္ရစ္သူဟု ထင္ေနၾကျပ။

"ဆိုစမ္းပါဦး၊ မင်းတို့စကားလုံးအဓိပ္ပါယ်ကို"
" 'ေစာ္' ဆိုတာ မိန္းကေလးကိုေျပာတာ ဦးေလးရ" - ရဲျမင့္ကေျဖသည္။
"ေဟ၊ 'ေစာ္' ဆိုတာ မိန္းကေလး"

ကိုနႏၵာသာ္ မ်က္ခုံးကိုပင့္ကာ ပါးစပ္ေဟာင္းေလာင္းႏွင့္ ျဖစ္ေနသည္။ ဤစကားလုံးကို အေမေရွ႕မေရွာင္အေဖေရွ႕မေရွာင္ သူတို႔ပါးစပ္က ရက္ရက္ေရာေရာထြက္ေနသည္မွာ သူတို့အဓိပ္ပါယ်နှင့်သူတို့တော့ မွန္ေနသည္။ မထြက္ရဲစရာ ဘာမွမရွိ။

သို႔ရာတြင္ ကိုနႏၵာအဖို႔ေတာ့ ဤစကားလုံးသည္ ပါးစပ္မွ ထြက္ရဲစရာမရွိေသာ စကားလုံးျဖစ္သည္။ ကိုနႏၵာတို႔ေခတ္က 'ေစာ္' ဟူေသာ စကားလုံးသည္ မိန္းမတို႔၏ မအပ္မရာကို ေခၚျခင္းျဖစ္သည္။ ယခု တင္ထြန္းေအာင္တို႔ေခတ္က်ေတာ့ 'ေစာ္' ဆိုေသာ ေဝါဟာရသည္ ထိုသို့အဓိပ္ပါယ်မထွက်တော့။ 'မိန္းကေလး' ဟူေသာ သာမန္အနက္မွ်သာ ထြက္ေတာ့သည္။ ဆယ္ႏွစ္ေလာက္အတြင္း ေဝါဟာရတစ္လုံး၏အနက္သည္ ဤမွ်ေျပာင္းသြားရသေလာဟု ကိုနႏၵာ အံ့ၾသရသည္။

တင္ထြန္းေအာင္ႏွင့္ ရဲျမင့္သည္ မ်က္လုံးအျပဴးသား၊ ပါးစပ္အေဟာင္းသားျဖစ္ေနေသာ ကိုနႏၵာကိုၾကည့္၍ ရယ္လိုက္ၾကသည္။
"ဘာျဖစ္လို႔လဲ ဦးေလးရ"

ကိုနႏၵာက တံေတြးကို မ်ိဳခ်ကာ
"ဘာမွမျဖစ္ပါဘူးကြာ၊ ဘာမွမျဖစ္ပါဘူး၊ မသိလို႔ေမးၾကည့္တာပါ"

Comments

  1. အဲ့ စယအုပ်တော့ကြိုက်တယ်

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကြားဖူးတယ် အရင်က​မြန်မာစာဆရာကြီးဆို သူ့ရှေ့အဲလို​ပြောရင်​အရမ်းစိတ်ဆိုးတာ နောက်​အဓိပ္ပာယ်​သိတော့ မသုံးတော့ဘူး

    ReplyDelete

Post a Comment