၁၉၂၂ မှ စတင်ခဲ့သည့် မြန်မာ့ အထွေထွေရွေးကောက်ပွဲများ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တလျှောက်တွင် အထွေထွေ ရွေးကောက်ပွဲ ၁၇ ကြိမ် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးဆုံး အထွေထွေ ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သည်။ ထိုစဥ်က မြန်မာပြည်သည် ဗြိတိသျှ အိန္ဒိယ၏ လက်အောက်ခံ ဖြစ်နေသေးသည်။ ထိုရွေးကောက်ပွဲများမှာ နောင်လာမည့်နှစ်တွင် မြန်မာပြည်နှင့် အခြားသော အိန္ဒိယပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ရေး မဖြစ်စလောက်သာ ပေးမည့် ‘ဒိုင်အာခီ’အုပ်ချုပ်ရေးစနစ် အတွက် ပြုလုပ်ခြင်း ဖြစ်သည်။ ‘ဥပဒေပြုကောင်စီ’သစ် ဖွဲ့စည်းရေး အတွက် ပြုလုပ်သည့် ရွေးကောက်ပွဲများ ဖြစ်ပေသည်။ မြန်မာပြည်မ (ယနေ့ခေတ်၏ တိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်) တွင်သာ ရွေးကောက်ပွဲများကို ပြုလုပ်ခဲ့သည်။ သာမာန်ထက် အခွန်ပိုမို ပေးဆောင်ရထားသည့် အသက် ၂၅ နှစ်ပြည့်ပြီးသူများသာ (အမျိုးသမီးများ အပါအဝင်) မဲပေးနိုင်ခွင့်ရှိသည်။ ထို့အတွက်ကြောင့် သာမန်ပြည်သူ အများစုမှာ မဲပေးခွင့် မရကြ။ ထိုစဉ်က လူဦးရေ ၁၂ သန်းခန့် ရှိသော မြန်မာပြည်တွင် ပြည်သူ ၁.၈ သန်းသာ မဲပေးခွင့် ရှိခဲ့ကြသည်။
ထို့ပြင် ဥရောပလူမျိုး၊ အိန္ဒိယလူမျိုး၊ ကရင်လူမျိုး၊ ဘိုကပြားများနှင့် စီးပွားရေး အသင်းများ အတွက်လည်း ရွေးကောက်ခံ ကိုယ်စားလှယ် နေရာများ သီးသန့် ဖယ်ထားခဲ့သေးသည်။ နေရာ ၂၀ ရာခိုင်နှုန်းကို ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သည်။ မဲပေးသူမှာလည်း ၇ ရာခိုင်နှုန်းသာ ရှိသဖြင့် အလွန်ပင် နည်းခဲ့သည်။ ဦးချစ်ခိုင် ဦးဆောင်သည့် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သည်။ သို့ရာ၌ ဦးဘဖေ (ဦးဘဘေ)၏ အမျိုးသားပါတီမှာ အင်အား အကြီးဆုံး အဖြစ် ပေါ်ထွက်လာခဲ့ပြီး ဂျေအေမောင်ကြီး၏ အလယ်အလတ် လမ်းစဉ်လိုက်သော ပရိုဂရက်ဆစ်ပါတီကိုပင် အနိုင်ရခဲ့သည်။ ထို့နောက်တွင် ဘုရင်ခံက ပါတီနှစ်ခုလုံးမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် အခြားပုဂ္ဂိုလ်များ ပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ဦးချစ်လှိုင်ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ဦးဘဖေ၏ ပြည်သူပြည်သား ပါတီသစ်ကပင် နေရာအများဆုံး အနိုင်ရသည်။ ဤတစ်ကြိမ်တွင်လည်း ဘုရင်ခံက ဆာဂျေအေမောင်ကြီး၏ (မူလက ပရိုဂရက်ဆစ်ပါတီ၊ အဖွဲ့ဝင် အများစုက ရွှေတောင်ကြား ရပ်ကွက်တွင် နေထိုင်သောကြောင့် ရွှေတောင်ကြား ပါတီဟုလည်း လူသိများသော) အင်ဒီပင်းဒန့်ပါတီနှင့်သာ အစိုးရ ဖွဲ့လိုက်သည်။
ဦးဘဘေတတိယအကြိမ် ရွေးကောက်ပွဲများကို ၁၉၂၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ပြည်သူပြည်သား ပါတီသစ် (ပြည်သူ့ ပါတီကို ဟုမ္မရူးပါတီ၊ ဆွာရပ်ဂျပ်ပါတီတို့နှင့် ပေါင်းစည်းကာ ဦးဘဖေပင် ဦးဆောင်သည့်) ကပင် ထပ်မံ အနိုင်ရသော်လည်း ဘုရင်ခံက အင်ဒီပင်းဒန့်ပါတီနှင့်ပင် အစိုးရ ဖွဲ့ပြန်သည်။
ဆာဂျေအေမောင်ကြီးစတုတ္ထအကြိမ် ရွေးကောက်ပွဲကို ၁၉၃၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ အိန္ဒိယမှ ခွဲထွက်နိုင်ရေးသည် ယခုတစ်ကြိမ် ရွေးကောက်ပွဲ၏ အဓိက ဖြစ်ခဲ့သည်။ ခွဲရေးကို မလိုလားသော ဦးချစ်ခိုင်နှင့် ဒေါက်တာဘမော်တို့ ဦးဆောင်သည့် ပါတီများက ရဟန်းများ၊ အိန္ဒိယပိုင် လုပ်ငန်းများ၏ ထောက်ခံမှုကို တခဲနက် ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ခွဲထွက်ရေးအသင်းချုပ်ကြီးကို ဦးဆောင်သူမှာ ဦးဘဖေသာ ဖြစ်၏။
ပဉ္စမအကြိမ် ရွေးကောက်ပွဲကို ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ၁၉၃၅ ခုနှစ် အိန္ဒိယအက်ဥပဒေသစ် အရ အိန္ဒိယမှ မြန်မာပြည် ခွဲထွက်ပြီးနောက် ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။ ထိုဥပဒေအရ မြန်မာပြည် ကိုယ်ပိုင် အုပ်ချုပ်ရေး ပိုမိုခိုင်မာလာစေခဲ့သည်။ အောက်လွှတ်တော် အမတ်နေရာ ၁၃၂ နေရာတွင် ၉၁ နေရာကို တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်။ ဦးဘဖေ၏ ညီညွတ်ရေး ဂျီစီဘီအေ အဖွဲ့ချုပ်က ၄၆ နေရာ အနိုင်ရရှိခဲ့သော်လည်း များမကြာမီ ကွဲထွက်ကုန်ကြသည်။ ထို့နောက် ဘုရင်ခံက ဒေါက်တာဘမော် (၁၆ နေရာ အနိုင်ရရှိသည့် ဆင်းရဲသားပါတီ) နှင့် အခြားပါတီငယ်များကို စုပေါင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်ပြန်သည်။
[caption id="" align="aligncenter" width="640"]ဆဌမအကြိမ် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပသည်။ ဤရွေးကောက်ပွဲမှာမူ မကြာမီ လွတ်လပ်ရေး ရမည့် မြန်မာပြည် အတွက် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ဖြစ်သည်။ တိုင်းပြည်တစ်ဝှမ်း မငြိမ်မသက် ဖြစ်မှုများကြောင့် မဲပေးသူမှာ ၅၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်က နေရာ အနှံ့အပြားတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
သတ္တမမြောက် ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဧပြီလမှ ၁၉၅၂ ခုနှစ် ဇွန်လအထိ ကျင်းပခဲ့သည်။ ပြည်တွင်းစစ်ကြောင့် လပေါင်းများစွာကြာ ကျင်းပခဲ့ရသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ခဲ့၏။ မြန်မာပြည်မကြီး၏ အပြင်ဘက်ရှိ ဒေသများပါ ပါ၀င်သည့် ပထမဦးဆုံးသော ရွေးကောက်ပွဲလည်း ဖြစ်သည်။ မဲပေးသူ ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အဓိက အတိုက်အခံ ပါတီမှာ တော်လှန်ပုန်ကန်ဆဲ ဗမာ့ကွန်မြူနစ်ပါတီဖြစ်သည်။ ဦးနု ခေါင်းဆောင်သည့် ဖဆပလ အဖွဲ့ချုပ်က အောက်လွှတ်တော် အမတ်နေရာ ၂၅၀ တွင် ၁၉၉ နေရာ အနိုင်ရသည်။ နိုင်ငံ၏ ဒေသအတော်များများတွင် သူပုန်ဓါးပြများ ကြီးစိုးနေပြီး နိုင်ငံရေးသမားများကလည်း ကိုယ်ပိုင် လက်နက်ကိုင်တပ် ကိုယ်စီနှင့် ရှိနေကြသည်။ သို့သော်လည်း နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။
အဌမမြောက် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ် ဧပြီလတွင် ကျင်းပသည်။ ဦးနု ခေါင်းဆောင်သည့် ဖဆပလပင် အနိုင်ရသည်။ (အမတ်နေရာ ၂၅၀ တွင် ၂၀၂ နေရာကို အနိုင်ရပြီး ယှဉ်ပြိုင်သူပင် မရှိသည့် နေရာလည်း အများအပြား ရှိခဲ့သည်။) ဒုတိယ အင်အားအကြီးဆုံးသော ပါတီမှာ (လက်ဝဲ၊ လက်ယာ အတိုက်အခံ ပါတီများ စုပေါင်းပါဝင်သည့်) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖြစ်သည်။ ၁၉၅၈ ခုနှစ် ဇွန်လတွင် ဖဆပလသည် ဦးနု ခေါင်းဆောင်သည့် ‘သန့်ရှင်းဖဆပလ’နှင့် ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သည့် ‘တည်မြဲဖဆပလ’ ဟူ၍ နှစ်ခြမ်းကွဲသွားသည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် ထိုအုပ်စုနှစ်ခု အကြား တင်းမာမှု ပြင်းထန်လာသောကြောင့် ဗိုလ်ချုပ်နေဝင်းကို စစ်တပ်အာဏာသိမ်းရန် ‘ဖိတ်ခေါ်’ သလို ဖြစ်ခဲ့သည်။
နဝမမြောက် ရွေးကောက်ပွဲကို ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည်။ စစ်အုပ်ချုပ်ရေးအောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မဲပေးသူ ၆၆ ရာခိုင်နှုန်း ရှိခဲ့သည်။ သန့်ရှင်းဖဆပလက ၁၅၇ နေရာ အနိုင်ရရှိပြီး တည်မြဲဖဆပလက ၄၁ နေရာ အနိုင်ရရှိသည်။ ဦးနုသည်လည်း ဝန်ကြီးချုပ် ပြန်ဖြစ်လာသည်။ နောက်နှစ်နှစ်ခန့်ကျော်တွင် စစ်တပ်က ပြန်လည်အာဏာသိမ်းခဲ့သည်။
၁၀ ကြိမ်မြောက်မှ ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲများကို ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ တစ်ခုတည်းသာ ပါဝင်ခွင့် ရှိခဲ့သည်။ ထိုပြည်သူ့ဆန္ဒခံယူပွဲ လေးခုလုံးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကသာ ရာနှုန်းပြည့် အနိုင်ရသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဖျက်သိမ်းကာ စစ်အစိုးရသစ် တက်လာခဲ့သည်။
၁၄ ကြိမ်မြောက် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ် မေလတွင် ကျင်းပခဲ့သည်။ ၁၉၆၀ ပြည့်နှစ်က စ၍ ပထမဆုံးသော ပါတီစုံ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီများစွာ ပါဝင်ခဲ့ကြပြီး မဲပေးသူ ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း၊ ၄၉၂ နေရာတွင် ၃၉၂ နေရာ အနိုင်ရသည်။ သို့သော် ရွေးကောက်ပွဲတွင် အနိုင်ရသူများမှာ ဖွဲ့စည်းပုံ ရေးဆွဲခွင့် မရသလို လွှတ်တော် ခေါ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်လည်း မရခဲ့ကြပေ။ ထို့အစား စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။
ဒီမိုကရေစီ မဟုတ်တဟုတ် ပါတီစုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ၁၅ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစိအဖွဲ့ချုပ် ခေါင်းဆောင်၊ နေအိမ်အကျယ်ချုပ် ခံနေရသေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဥ်းကျခံရလျက်ရှိသော သူမ၏ ပါတီ၀င်များက သပိတ်မှောက်ကြသည်။ စစ်အစိုးရက ဖွဲ့စည်းသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ နေရာတွင် ၃၈၈ နေရာ အနိုင်ရသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကျင်းပခြင်း ဖြစ်သည်။ မဲပေးသူ ၇၇ ရာခိုင်နှုန်း ရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့သည်။
၁၆ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များမှ စ၍ ထိုအချိန်ထိ ကာလအတွင်း ‘လွတ်လပ်ပြီး တရားမျှတသော’ ရွေးကောက်ပွဲ ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်ပင် အနိုင်ရကာ မဲစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကျော်ဖြင့် လွှတ်တော်နှစ်ရပ်၏ ၆၆၄ နေရာတွင် ၄၉၀ နေရာ အနိုင်ရရှိခဲ့သည်။ မဲပေးသူ ၈၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
၁၇ ကြိမ်မြောက် ရွေးကောက်ပွဲများကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။
Lostfootsteps.org website မှကူယူဖော်ပြခြင်းဖြစ်ပါသည်။
Zawgyi
ျမန္မာနိုင္ငံ၏ သမိုင္းေၾကာင္း တေလၽွာက္တြင္ အေထြေထြ ေရြးေကာက္ပြဲ ၁၇ ႀကိမ္ က်င္းပျပဳလုပ္ခဲ့သည္။
ပထမဦးဆုံး အေထြေထြ ေရြးေကာက္ပြဲကို ၁၉၂၂ ခုႏွစ္ နိုဝင္ဘာလက က်င္းပခဲ့သည္။ ထိုစဥ္က ျမန္မာျပည္သည္ ၿဗိတိသၽွ အိႏၵိယ၏ လက္ေအာက္ခံ ျဖစ္ေနေသးသည္။ ထိုေရြးေကာက္ပြဲမ်ားမွာ ေနာင္လာမည့္ႏွစ္တြင္ ျမန္မာျပည္ႏွင့္ အျခားေသာ အိႏၵိယျပည္နယ္မ်ားကို ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး မျဖစ္စေလာက္သာ ေပးမည့္ ‘ဒိုင္အာခီ’အုပ္ခ်ဳပ္ေရးစနစ္ အတြက္ ျပဳလုပ္ျခင္း ျဖစ္သည္။ ‘ဥပေဒျပဳေကာင္စီ’သစ္ ဖြဲ႕စည္းေရး အတြက္ ျပဳလုပ္သည့္ ေရြးေကာက္ပြဲမ်ား ျဖစ္ေပသည္။ ျမန္မာျပည္မ (ယေန႔ေခတ္၏ တိုင္းေဒသႀကီးမ်ားႏွင့္ ရခိုင္ျပည္နယ္) တြင္သာ ေရြးေကာက္ပြဲမ်ားကို ျပဳလုပ္ခဲ့သည္။ သာမာန္ထက္ အခြန္ပိုမို ေပးေဆာင္ရထားသည့္ အသက္ ၂၅ ႏွစ္ျပည့္ၿပီးသူမ်ားသာ (အမ်ိဳးသမီးမ်ား အပါအဝင္) မဲေပးနိုင္ခြင့္ရွိသည္။ ထို႔အတြက္ေၾကာင့္ သာမန္ျပည္သူ အမ်ားစုမွာ မဲေပးခြင့္ မရၾက။ ထိုစဥ္က လူဦးေရ ၁၂ သန္းခန္႔ ရွိေသာ ျမန္မာျပည္တြင္ ျပည္သူ ၁.၈ သန္းသာ မဲေပးခြင့္ ရွိခဲ့ၾကသည္။ ထို႔ျပင္ ဥေရာပလူမ်ိဳး၊ အိႏၵိယလူမ်ိဳး၊ ကရင္လူမ်ိဳး၊ ဘိုကျပားမ်ားႏွင့္ စီးပြားေရး အသင္းမ်ား အတြက္လည္း ေရြးေကာက္ခံ ကိုယ္စားလွယ္ ေနရာမ်ား သီးသန္႔ ဖယ္ထားခဲ့ေသးသည္။ ေနရာ ၂၀ ရာခိုင္ႏႈန္းကို ဘုရင္ခံက တိုက္ရိုက္ခန္႔အပ္သည္။ မဲေပးသူမွာလည္း ၇ ရာခိုင္ႏႈန္းသာ ရွိသျဖင့္ အလြန္ပင္ နည္းခဲ့သည္။ ဦးခ်စ္ခိုင္ ဦးေဆာင္သည့္ ျမန္မာအသင္းခ်ဳပ္ႀကီး (ဂ်ီစီဘီေအ) က ေရြးေကာက္ပြဲမ်ားကို သပိတ္ေမွာက္ခဲ့သည္။ သို႔ရာ၌ ဦးဘေဖ (ဦးဘေဘ)၏ အမ်ိဳးသားပါတီမွာ အင္အား အႀကီးဆုံး အျဖစ္ ေပၚထြက္လာခဲ့ၿပီး ေဂ်ေအေမာင္ႀကီး၏ အလယ္အလတ္ လမ္းစဥ္လိုက္ေသာ ပရိုဂရက္ဆစ္ပါတီကိုပင္ အနိုင္ရခဲ့သည္။ ထို႔ေနာက္တြင္ ဘုရင္ခံက ပါတီႏွစ္ခုလုံးမွ နိုင္ငံေရး ေခါင္းေဆာင္မ်ားႏွင့္ အျခားပုဂၢိဳလ္မ်ား ပါဝင္ေသာ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။
ဦးချစ်လှိုင်ဒုတိယအႀကိမ္ ေရြးေကာက္ပြဲကို ၁၉၂၅ ခုႏွစ္ နိုဝင္ဘာလတြင္ က်င္းပခဲ့သည္။ ဦးဘေဖ၏ ျပည္သူျပည္သား ပါတီသစ္ကပင္ ေနရာအမ်ားဆုံး အနိုင္ရသည္။ ဤတစ္ႀကိမ္တြင္လည္း ဘုရင္ခံက ဆာေဂ်ေအေမာင္ႀကီး၏ (မူလက ပရိုဂရက္ဆစ္ပါတီ၊ အဖြဲ႕ဝင္ အမ်ားစုက ေရႊေတာင္ၾကား ရပ္ကြက္တြင္ ေနထိုင္ေသာေၾကာင့္ ေရႊေတာင္ၾကား ပါတီဟုလည္း လူသိမ်ားေသာ) အင္ဒီပင္းဒန္႔ပါတီႏွင့္သာ အစိုးရ ဖြဲ႕လိုက္သည္။
တတိယအႀကိမ္ ေရြးေကာက္ပြဲမ်ားကို ၁၉၂၈ ခုႏွစ္ နိုဝင္ဘာလတြင္ က်င္းပခဲ့သည္။ ျပည္သူျပည္သား ပါတီသစ္ (ျပည္သူ႔ ပါတီကို ဟုမၼ႐ူးပါတီ၊ ဆြာရပ္ဂ်ပ္ပါတီတို႔ႏွင့္ ေပါင္းစည္းကာ ဦးဘေဖပင္ ဦးေဆာင္သည့္) ကပင္ ထပ္မံ အနိုင္ရေသာ္လည္း ဘုရင္ခံက အင္ဒီပင္းဒန္႔ပါတီႏွင့္ပင္ အစိုးရ ဖြဲ႕ျပန္သည္။
ဆာဂျေအေမောင်ကြီးစတုတၳအႀကိမ္ ေရြးေကာက္ပြဲကို ၁၉၃၂ ခုႏွစ္ နိုဝင္ဘာလတြင္ က်င္းပခဲ့သည္။ အိႏၵိယမွ ခြဲထြက္နိုင္ေရးသည္ ယခုတစ္ႀကိမ္ ေရြးေကာက္ပြဲ၏ အဓိက ျဖစ္ခဲ့သည္။ ခြဲေရးကို မလိုလားေသာ ဦးခ်စ္ခိုင္ႏွင့္ ေဒါက္တာဘေမာ္တို႔ ဦးေဆာင္သည့္ ပါတီမ်ားက ရဟန္းမ်ား၊ အိႏၵိယပိုင္ လုပ္ငန္းမ်ား၏ ေထာက္ခံမႈကို တခဲနက္ ရရွိခဲ့ၿပီး ေရြးေကာက္ပြဲတြင္ အနိုင္ရရွိခဲ့သည္။ ခြဲထြက္ေရးအသင္းခ်ဳပ္ႀကီးကို ဦးေဆာင္သူမွာ ဦးဘေဖသာ ျဖစ္၏။
ပဥၥမအႀကိမ္ ေရြးေကာက္ပြဲကို ၁၉၃၆ ခုႏွစ္ နိုဝင္ဘာလတြင္ က်င္းပခဲ့သည္။ ၁၉၃၅ ခုႏွစ္ အိႏၵိယအက္ဥပေဒသစ္ အရ အိႏၵိယမွ ျမန္မာျပည္ ခြဲထြက္ၿပီးေနာက္ ပထမဆုံး က်င္းပေသာ ေရြးေကာက္ပြဲ ျဖစ္သည္။ ထိုဥပေဒအရ ျမန္မာျပည္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရး ပိုမိုခိုင္မာလာေစခဲ့သည္။ ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၁၃၂ ေနရာတြင္ ၉၁ ေနရာကို တိုက္ရိုက္ ေရြးေကာက္တင္ေျမႇာက္နိုင္ခဲ့သည္။ ဦးဘေဖ၏ ညီညြတ္ေရး ဂ်ီစီဘီေအ အဖြဲ႕ခ်ဳပ္က ၄၆ ေနရာ အနိုင္ရရွိခဲ့ေသာ္လည္း မ်ားမၾကာမီ ကြဲထြက္ကုန္ၾကသည္။ ထို႔ေနာက္ ဘုရင္ခံက ေဒါက္တာဘေမာ္ (၁၆ ေနရာ အနိုင္ရရွိသည့္ ဆင္းရဲသားပါတီ) ႏွင့္ အျခားပါတီငယ္မ်ားကို စုေပါင္းကာ ညြန္႔ေပါင္းအစိုးရ ဖြဲ႕လိုက္ျပန္သည္။
ဆဌမအႀကိမ္ ေရြးေကာက္ပြဲကို ၁၉၄၇ ခုႏွစ္ ဧၿပီလတြင္ က်င္းပသည္။ ဤေရြးေကာက္ပြဲမွာမူ မၾကာမီ လြတ္လပ္ေရး ရမည့္ ျမန္မာျပည္ အတြက္ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ ေရြးေကာက္ပြဲ ျဖစ္သည္။ တိုင္းျပည္တစ္ဝွမ္း မၿငိမ္မသက္ ျဖစ္မႈမ်ားေၾကာင့္ မဲေပးသူမွာ ၅၀ ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္သည့္ ဖဆပလ အဖြဲ႕ခ်ဳပ္က ေနရာ အႏွံ့အျပားတြင္ မဲအျပတ္အသတ္ျဖင့္ အနိုင္ရရွိခဲ့သည္
သတၱမေျမာက္ ေရြးေကာက္ပြဲကို ၁၉၅၁ ခုႏွစ္ ဧၿပီလမွ ၁၉၅၂ ခုႏွစ္ ဇြန္လအထိ က်င္းပခဲ့သည္။ ျပည္တြင္းစစ္ေၾကာင့္ လေပါင္းမ်ားစြာၾကာ က်င္းပခဲ့ရေသာ ေရြးေကာက္ပြဲတစ္ရပ္ျဖစ္ခဲ့၏။ ျမန္မာျပည္မႀကီး၏ အျပင္ဘက္ရွိ ေဒသမ်ားပါ ပါ၀င္သည့္ ပထမဦးဆုံးေသာ ေရြးေကာက္ပြဲလည္း ျဖစ္သည္။ မဲေပးသူ ၂၀ ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။ အဓိက အတိုက္အခံ ပါတီမွာ ေတာ္လွန္ပုန္ကန္ဆဲ ဗမာ့ကြန္ျမဴနစ္ပါတီျဖစ္သည္။ ဦးႏု ေခါင္းေဆာင္သည့္ ဖဆပလ အဖြဲ႕ခ်ဳပ္က ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၂၅၀ တြင္ ၁၉၉ ေနရာ အနိုင္ရသည္။ နိုင္ငံ၏ ေဒသအေတာ္မ်ားမ်ားတြင္ သူပုန္ဓါးျပမ်ား ႀကီးစိုးေနၿပီး နိုင္ငံေရးသမားမ်ားကလည္း ကိုယ္ပိုင္ လက္နက္ကိုင္တပ္ ကိုယ္စီႏွင့္ ရွိေနၾကသည္။ သို႔ေသာ္လည္း နိုင္ငံ၏ ၉၀ ရာခိုင္ႏႈန္းေသာ ေဒသမ်ားတြင္ ေရြးေကာက္ပြဲမ်ား က်င္းပခဲ့သည္။
အဌမေျမာက္ ေရြးေကာက္ပြဲကို ၁၉၅၆ ခုႏွစ္ ဧၿပီလတြင္ က်င္းပသည္။ ဦးႏု ေခါင္းေဆာင္သည့္ ဖဆပလပင္ အနိုင္ရသည္။ (အမတ္ေနရာ ၂၅၀ တြင္ ၂၀၂ ေနရာကို အနိုင္ရၿပီး ယွဥ္ၿပိဳင္သူပင္ မရွိသည့္ ေနရာလည္း အမ်ားအျပား ရွိခဲ့သည္။) ဒုတိယ အင္အားအႀကီးဆုံးေသာ ပါတီမွာ (လက္ဝဲ၊ လက္ယာ အတိုက္အခံ ပါတီမ်ား စုေပါင္းပါဝင္သည့္) တိုင္းရင္းသား စည္းလုံးညီညြတ္ေရး ပါတီ ျဖစ္သည္။ ၁၉၅၈ ခုႏွစ္ ဇြန္လတြင္ ဖဆပလသည္ ဦးႏု ေခါင္းေဆာင္သည့္ ‘သန္႔ရွင္းဖဆပလ’ႏွင့္ ဦးဘေဆြ၊ ဦးေက်ာ္ၿငိမ္းတို႔ ဦးေဆာင္သည့္ ‘တည္ျမဲဖဆပလ’ ဟူ၍ ႏွစ္ျခမ္းကြဲသြားသည္။ ၁၉၅၈ ခုႏွစ္ ေအာက္တိုဘာလတြင္ ထိုအုပ္စုႏွစ္ခု အၾကား တင္းမာမႈ ျပင္းထန္လာေသာေၾကာင့္ ဗိုလ္ခ်ဳပ္ေနဝင္းကို စစ္တပ္အာဏာသိမ္းရန္ ‘ဖိတ္ေခၚ’ သလို ျဖစ္ခဲ့သည္။
နဝမေျမာက္ ေရြးေကာက္ပြဲကို ၁၉၆၀ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ က်င္းပသည္။ စစ္အုပ္ခ်ဳပ္ေရးေအာက္တြင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။ မဲေပးသူ ၆၆ ရာခိုင္ႏႈန္း ရွိခဲ့သည္။ သန္႔ရွင္းဖဆပလက ၁၅၇ ေနရာ အနိုင္ရရွိၿပီး တည္ျမဲဖဆပလက ၄၁ ေနရာ အနိုင္ရရွိသည္။ ဦးႏုသည္လည္း ဝန္ႀကီးခ်ဳပ္ ျပန္ျဖစ္လာသည္။ ေနာက္ႏွစ္ႏွစ္ခန္႔ေက်ာ္တြင္ စစ္တပ္က ျပန္လည္အာဏာသိမ္းခဲ့သည္။
၁၀ ႀကိမ္ေျမာက္မွ ၁၃ ႀကိမ္ေျမာက္ ေရြးေကာက္ပြဲမ်ားကို ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ ႏွင့္ ၁၉၈၅ ခုႏွစ္မ်ားတြင္ ျပဳလုပ္ခဲ့သည္။ ၁၉၇၄ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အရ ဗိုလ္ခ်ဳပ္ေနဝင္း၏ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီ တစ္ခုတည္းသာ ပါဝင္ခြင့္ ရွိခဲ့သည္။ ထိုျပည္သူ႔ဆႏၵခံယူပြဲ ေလးခုလုံးတြင္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီကသာ ရာႏႈန္းျပည့္ အနိုင္ရသည္။ ၁၉၈၈ ခုႏွစ္ စက္တင္ဘာလတြင္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီကို ဖ်က္သိမ္းကာ စစ္အစိုးရသစ္ တက္လာခဲ့သည္။
၁၄ ႀကိမ္ေျမာက္ ေရြးေကာက္ပြဲကို ၁၉၉၀ ခုႏွစ္ ေမလတြင္ က်င္းပခဲ့သည္။ ၁၉၆၀ ျပည့္ႏွစ္က စ၍ ပထမဆုံးေသာ ပါတီစုံ ေရြးေကာက္ပြဲ ျပန္လည္က်င္းပနိုင္ျခင္း ျဖစ္သည္။ နိုင္ငံေရးပါတီမ်ားစြာ ပါဝင္ခဲ့ၾကၿပီး မဲေပးသူ ၇၀ ရာခိုင္ႏႈန္းေက်ာ္ ရွိခဲ့သည္။ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က မဲစုစုေပါင္း၏ ၆၀ ရာခိုင္ႏႈန္း၊ ၄၉၂ ေနရာတြင္ ၃၉၂ ေနရာ အနိုင္ရသည္။ သို႔ေသာ္ ေရြးေကာက္ပြဲတြင္ အနိုင္ရသူမ်ားမွာ ဖြဲ႕စည္းပုံ ေရးဆြဲခြင့္ မရသလို လႊတ္ေတာ္ ေခၚကာ အစိုးရအဖြဲ႕ ဖြဲ႕စည္းခြင့္လည္း မရခဲ့ၾကေပ။ ထို႔အစား စစ္အစိုးရက ဖြဲ႕စည္းပုံ အေျခခံဥပေဒသစ္ကို ေရးဆြဲရန္ လုပ္ငန္းစဥ္ကို စတင္ခဲ့သည္။
ဒီမိုကေရစီ မဟုတ္တဟုတ္ ပါတီစုံ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအတြက္ ၁၅ ႀကိမ္ေျမာက္ ေရြးေကာက္ပြဲကို ၂၀၁၀ ခုႏွစ္ နိုဝင္ဘာလတြင္ က်င္းပခဲ့သည္။ ထိုေရြးေကာက္ပြဲကို အမ်ိဳးသား ဒီမိုကေရစိအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္၊ ေနအိမ္အက်ယ္ခ်ဳပ္ ခံေနရေသးေသာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အက်ဥ္းက်ခံရလ်က္ရွိေသာ သူမ၏ ပါတီ၀င္မ်ားက သပိတ္ေမွာက္ၾကသည္။ စစ္အစိုးရက ဖြဲ႕စည္းေသာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက လႊတ္ေတာ္ႏွစ္ရပ္ေပါင္း ၆၆၄ ေနရာတြင္ ၃၈၈ ေနရာ အနိုင္ရသည္။ ၁၉၉၀ ခုႏွစ္ ေရြးေကာက္ပြဲကဲ့သို႔ စစ္အုပ္ခ်ဳပ္ေရး လက္ေအာက္တြင္ က်င္းပျခင္း ျဖစ္သည္။ မဲေပးသူ ၇၇ ရာခိုင္ႏႈန္း ရွိခဲ့သည္။ ျပည္ခိုင္ၿဖိဳးပါတီ ေခါင္းေဆာင္ ဦးသိန္းစိန္က သမၼတ ျဖစ္လာခဲ့သည္။
၁၆ ႀကိမ္ေျမာက္ ေရြးေကာက္ပြဲကို ၂၀၁၅ ခုႏွစ္ နိုဝင္ဘာလတြင္ က်င္းပခဲ့သည္။ ၁၉၆၀ ျပည့္ႏွစ္မ်ားမွ စ၍ ထိုအခ်ိန္ထိ ကာလအတြင္း ‘လြတ္လပ္ၿပီး တရားမၽွတေသာ’ ေရြးေကာက္ပြဲ ျဖစ္သည္ဟု နိုင္ငံတကာ အသိုင္းအဝိုင္းက ယူဆၾကသည္။ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က အျပတ္အသတ္ပင္ အနိုင္ရကာ မဲစုစုေပါင္း၏ ၅၅ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ လႊတ္ေတာ္ႏွစ္ရပ္၏ ၆၆၄ ေနရာတြင္ ၄၉၀ ေနရာ အနိုင္ရရွိခဲ့သည္။ မဲေပးသူ ၈၀ ရာခိုင္ႏႈန္း ရွိခဲ့သည္။ ေဒၚေအာင္ဆန္းစုၾကည္သည္လည္း အစိုးရအဖြဲ႕၏ ေခါင္းေဆာင္ ျဖစ္လာခဲ့သည္။
၁၇ ႀကိမ္ေျမာက္ ေရြးေကာက္ပြဲမ်ားကို ၂၀၂၀ ခုႏွစ္ နိုဝင္ဘာလတြင္ က်င္းပခဲ့သည္။
Lostfootsteps.org website မွကူယူေဖာ္ျပျခင္းျဖစ္ပါသည္။

Comments
Post a Comment