မြန်မာနိုင်ငံရဲ့ အရှည်ဆုံးတံတားအကြောင်း
လည်ပတ်စရာတွေများပီး သယံဇာတတွေလည်းပေါများတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာ အလွန်ကိုလှပတဲ့ သဘာဝရှုခင်းတွေ, ရှည်လျားတဲ့မြစ်ချောင်းအင်းအိုင်တွေလည်း များစွာတည်ရှိပါတယ်။ မြစ်ချောင်းတွေပေါများတာနဲ့အညီ လမ်းပန်းဆက်သွယ်ရေးအတွက် တံတားများစွာလည်း ဆောက်လုပ်ထားရှိရပါတယ်။ သို့မှသာ ပြည်သူပြည်သားများရဲ့ သွားလာဆက်သွယ်ရေး ခရီးကို အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။ ထို့ကြောင့် တိုင်းမြို့နယ်တ်ိုင်းလိုလိုမှာ တံတားပေါင်းများစွာတည်ရှိပြီး အဲ့ဒီ့ထဲမှာမှ မြန်မာနိုင်ငံရဲ့ အရှည်ဆုံး တံတားအကြောင်းကို ဘယ်မှာတည်ရှိလဲ, ဘယ်လောက်ရှည်လျားလဲ စသည့် စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ပြည့်စုံစွာ ဖော်ပြပေးလိုက်ရပါတယ်။
ထိုအရှည်ဆုံးတံတားကတော့ ဧရာဝတီတံတား (ပခုက္ကူ) လို့အမည်ရပီး မကွေးတိုင်းဒေသကြီး, ပခုက္ကူမြု့နယ်မှာတည်ရှိပါတယ်။ ယင်းက ဧရာဝတီမြစ်ကိုဖြတ်ပြီး ပခုက္ကူမြို့နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်ဆင်းဖြစ်ပါတယ်။ မိးရထားနဲ့ကားဆိုင်ကယ် သွားလို့ရပြီး လူသွားစကြ်ံနှစ်ခုရော ပါရှိတဲ့ ခိုင်မားရှည်လျားသော တံတားတစ်စင်းဖြစ်ပါတယ်။
သမိုင်းကြောင်း
မြန်မာနိုင်ငံရဲ့အရှည်ဆုံးတံတားဖြစ်လာမယ့် ဒီပခုက္ကူတံတားကို 2009 ခုနှစ်မှာ မှာ Crown Advanced Construction ဆိုတဲ့ မြန်မာဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီးတည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ မြစ်ကလည်းအတော်လေး ရှည်တာကြောင့် အလုပ်သမားပေါင်းများစွာနဲ့ ခက်ခဲပင်ပန်းစွာဆောက်လုပ်ခဲ့ရပါတယ်။ ထိုဒေသအနီးပြောစကားတွေအရ ဆောက်လုပ်နေစဉ်မှာ ထိခိုက်ဒဏ်ရာရတဲ့ လူအချို့ရှိခဲ့ပြီး အသက်ဆုံးရှုံးသွားတဲ့ သူတစ်ချို့လည်းရှိတယ်လို့ကြားသိရပါတယ်။ ၂ နှစ်ဝန်းကျင် အချိန်ပေးတည်ဆောက်ခဲ့ရပြီး တံတားကြီးက ဒီဇင်ဘာ ၃၁ ရက် ၂၀၁၁ မှာပြီးမြောက်ခဲ့ပါတယ်။ ဖွင့်ပွဲကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ ၂၀၁၂ မှာ တရားဝင်ပြုလုပ်ခဲ့ပြီး မြို့အနီးနေပြည်သူများကလည်း ဝမ်းပန်းတသာဖြင့် လာရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။
အတိုင်းအတာ
ဒီပင်မတံတားကြီးရဲ့ အရှည်အလျားကတော့ ၃.၄ ကီလိုမီတာ (၂.၁ မိုင်) ရှိပြီး မော်တော်ကားလမ်း, အမြန်လမ်းအတွက် ၄ ကီလိုမီတာ (၂.၅ မိုင်) နှင့် မီးရထာသံလမ်းအနေနဲ့ကတော့ ၆.၁၇ ကီလိုမီတာ (၃.၈၃ မိုင်) ရှည်လျားပါတယ်။
တံတားကြီးရဲ့အကျယ်ကတော့ ၂၈ ပေကျယ်ဝန်းပြီး ဘေးနှစ်ဖက်မှာတော့ ၁၄ ပေကျယ်ဝန်းတဲ့ လူသွားစင်္ကြံနှစ်ခု ( ၃ ပေနှင့် ၃လက်မ အရှည်) ရှိပြီး လမ်းလျှောက်သွားလာရန်အတွက်လည်း ခိုင်မာစွာတည်ဆောက်ထားပါတယ်။
အမြင့်အနေနဲ့ ၅၂ ပေရှိပြီး အကျယ်အနေနဲ့တော့ ၂၆၂ ပေရှိပါတယ်။ မြို့နှစ်ဖက်နှင့် ချဉ်းကပ်တံတားအရှည်ကတော့ ၅၁၂ ပေရှိပြီး ပေ ၈၅၀ ရှည်တဲ့ ချဉ်းကပ်တာတမံများလည်းရှိပါတယ်။
သုံးသပ်ချပ်နှင့်အကျဉ်းချုပ်
ဒီတံတားကြီး မရှိခင်က သွားလာဆက်သယ်ရေးအတွက် အနည်းငယ် ဒုက္ခရောက်ခဲ့ရပါတယ်။ ညောင်ဦးမြို့ဘက်ကနေ ပခုက္ကူကို လာချင်တဲ့သူတွေအတွက် တံတားမရှိသေးတော့ express ကားတွေအနေနဲ့ ဇက်ပေါ်မှတစ်ဆင့်မြစ်ကို ဖြတ်ကူးရတာဖြစ်ပြီး ခန့်မှန်းကြာချိန်အနေနဲ့ ၁ နာရီ ကျော်ကြာမြင့်ပါတယ်။ လူစီးသွားစက်လှေအနေနဲ့တော့ ၄၅ မိနစ် ဝန်းကျင်လောက်ကြာမြင့်ပီး ဒိီအတွေ့အကြုံကတော့ စာရေးသူကျွန်တော်ကိုယ်တိုင် ငယ်ငယ်က ကြုံတွေ့ခဲ့ရတာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ အချိန်ပေးရပြီး လူနည်းနည်းပန်းပေမယ့် သဘာဝမြစ်ရိုးတစ်လျှောက်ကိုကြည့်ပြီး ရေလမ်းခရီးကလည်းဖြစ်နေတော့ ထူးခြားပီး မေ့မရနိုင်တဲ့ခံစားချက်တစ်ခုပါပဲ။
နောက်ပြီး ဒီတံတားကြီး က အိန္ဒိယ၊ မြန်မာ - ထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး တံတားဆောက်လုပ်ပြီးချိန်မှစလို့ ယခုအချိန်ထိ လမ်းပန်းဆက်သွယ်ရေးအတွက် ယာဉ်လိုင်းပေါင်းများစွာနဲ့ရော ခရီးတိုအနေနဲ့ ပုဂံ/ညောင်ဦး ဘက်ကနေ ပခုက္ကူဘက်ကိုလာချင်ကြတဲ့သူအတွေအတွက်ရော အင်မတန်မှာ အဆင်ပြေအောင် ပြုလုပ်ထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ တံတာကြီးက, အလွန်ရှည်မားပြီး မြန်မာနိုင်ငံရဲ့ အရှည်ဆုံးတံတားလည်းဖြစ်နေတာကြောင့် စာဖတ်သူပရိတ်သတ်များအနေနဲ့ မရောက်ဖူးသေးရင်ဖြစ်ဖြစ် ပုဂံဘုရားဖူးလာရင်းဖြစ်ဖြစ် ရောက်ဖူးအောင် တစ်ခေါက်လောက်တော့ သွားရောက်ကြပါဦးလို့ အကြံပြုလိုက်ချင်ပါတယ်။


Done
ReplyDeleteမြစ်တွေအကြောင်းလေးလည်း ရေးပေးဖို့တောင်းဆိုပါတယ်
ReplyDeleteအားပေးနေပါတယ်
good.
ReplyDelete