အမျိုးသမီးများ ဓမ္မတာလာချိန် ဆောင်ရန်ရှောင်ရန်
လေ့လာမှုတွေအရ အမျိုးသမီးတစ်ဦးဟာ တစ်သက်မှာ အကြိမ်ရေ 400-450 ခန့် ဓမ္မတာလာလေ့ရှိပါတယ်။ ဓမ္မတာလာချိန်မှာ ခန္ဓာကိုယ်က ပုံမှန်မဟုတ်ပါဘူး။ ဆောင်ရန်ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆောင်ရန်
အနားယူပါ
Menstruation ဖြစ်နေစဥ်မှာ မဟော်မုန်းဓာတ်က အရမ်းကိုနည်းပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကလည်းကျဆင်းနေပြီး အများကြီးအနားယူသင့်ပါတယ်။
အစားအသောက်ကို မှန်ကန်စွာစားသုံးပါ
အမျိုးသမီးတွေဟာ ရာသီလာချိန်ကာလအတွင်းမှာ စိတ်ဖိစီးမှုတွေလည်းအရမ်းများသလို စိတ်အပြောင်းအလဲလည်းအရမ်းမြန်ပါတယ်။ အစားအသောက်ကို မှန်ကန်စွာရွေးခြယ်စားသောက်ဖို့က အင်မတန်အရေးကြီးပါတယ်။
ဥပမာအားဖြင့် ပဲအမျိုးမျိုးဟာ အမျှင်ဓာတ်များစွာပါဝင်လို့ ကြွက်သားနာကျင်ကိုက်ခဲတာတွေကိုလျှော့ချပေးနိုင်ပါတယ်။ ဝမ်းလည်း မှန်စေပါတယ်။
အစိမ်းရောင်အသီးအရွက်တွေစားပေးခြင်းအားဖြင့် Magnesium, Calcium နဲ့ Potassium ကြွယ်ဝပြီး ဓမ္မတာလာစဥ်မှာဖြစ်တဲ့ နာကျင်မှုတွေကို ပြေလျော့စေပါတယ်။ Vitamin K ပါဝင်တာကြောင့်လည်း သွေးအလွန်အကျွံဆင်းတာနဲ့ သွေးခဲတာတွေကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။
Omega-3 Fatty Acid လည်းစားသင့်ပါတယ်။ Salmond ငါး နဲ့ အစေ့အဆံတွေမှာ အများဆုံးတွေ့ရပြီး Menstruation နဲ့ပတ်သက်တဲ့ အဆင်မပြေမှုတွေကို လျော့နည်းစေပါတယ်။
Heating Pads
ဆေးဆိုင်တော်တော်များများမှာ Heating Pads တွေကို အလွယ်တကူဝယ်လို့ရပါတယ်။ Heating Pads သုံးနေစဥ် ကြမ်းပြင်ပေါ်လှဲချပြီး နံရံပေါ်ခြေထောက်ကိုထောင်နေပြီးတော့လည်း အဆင်ပြေစေနိုင်ပါတယ်။
ရာသီလာချိန် နွေးထွေးစွာနေခြင်းဟာ အကိုက်အခဲပျောက်ဆေးတွေသောက်တာနဲ့ အကျိုးအတူတူရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
ရေနွေးအိတ်ကပ်ပေးခြင်းဖြင့်လည်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။
ရှောင်ရန်
အချိုဓာတ် သို့မဟုတ် အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေ
သကြားဓာတ်အရမ်းများတဲ့အစားအစာတွေဟာ Menstruation ကာလမှာ စိတ်တိုလွယ်စေပါတယ်။ ဒါကြောင့် Cake တွေ, သကြားလုံးတွေ, Cereal တွေကို အကန့်အသတ်နဲ့ စားသင့်ပါတယ်။ Junk Food တွေ၊ အရမ်းငန်တဲ့ အသီးတွေ အစေ့တွေနဲ့ အာလူးချောင်းကြော် စတာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။
ထမင်းသုံးနပ်
တစ်နေ့ကို သုံးနပ် များများစားတာထက် နည်းနည်းချင်းစီကို ခဏခဏစားပေးခြင်းအားဖြင့် Glucose Level ကို ထိန်းညှိပြီးသားဖြစ်စေပါတယ်။
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း
ပြင်းထန်တဲ့ Workout Plan နဲ့ Diet တွေလုပ်ရင် အမျိုးသမီးတွေအတွက် ရာသီသွေးမမှန်တာမျိုးဖြစ်တတ်ပါတယ်။
Zawgyi
ေလ့လာမႈေတြအရ အမ်ိဳးသမီးတစ္ဦးဟာ တစ္သက္မွာ အႀကိမ္ေရ 400-450 ခန့္ ဓမၼတာလာေလ့ရွိပါတယ္။ ဓမၼတာလာခ်ိန္မွာ ခႏၶာကိုယ္က ပုံမွန္မဟုတ္ပါဘူး။ ေဆာင္ရန္ေရွာင္ရန္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ေဆာင္ရန္
အနားယူပါ
Menstruation ျဖစ္ေနစဥ္မွာ မေဟာ္မုန္းဓာတ္က အရမ္းကိုနည္းပါတယ္။ ခႏၶာကိုယ္ရဲ႕ ခုခံစြမ္းအားကလည္းက်ဆင္းေနၿပီး အမ်ားႀကီးအနားယူသင့္ပါတယ္။
အစားအေသာက္ကို မွန္ကန္စြာစားသုံးပါ
အမ်ိဳးသမီးေတြဟာ ရာသီလာခ်ိန္ကာလအတြင္းမွာ စိတ္ဖိစီးမႈေတြလည္းအရမ္းမ်ားသလို စိတ္အေျပာင္းအလဲလည္းအရမ္းျမန္ပါတယ္။ အစားအေသာက္ကို မွန္ကန္စြာေ႐ြးျခယ္စားေသာက္ဖို႔က အင္မတန္အေရးႀကီးပါတယ္။
ဥပမာအားျဖင့္ ပဲအမ်ိဳးမ်ိဳးဟာ အမွ်င္ဓာတ္မ်ားစြာပါဝင္လို႔ ႂကြက္သားနာက်င္ကိုက္ခဲတာေတြကိုေလွ်ာ့ခ်ေပးနိုင္ပါတယ္။ ဝမ္းလည္း မွန္ေစပါတယ္။
အစိမ္းေရာင္အသီးအ႐ြက္ေတြစားေပးျခင္းအားျဖင့္ Magnesium, Calcium နဲ႕ Potassium ႂကြယ္ဝၿပီး ဓမၼတာလာစဥ္မွာျဖစ္တဲ့ နာက်င္မႈေတြကို ေျပေလ်ာ့ေစပါတယ္။ Vitamin K ပါဝင္တာေၾကာင့္လည္း ေသြးအလြန္အကြၽံဆင္းတာနဲ႕ ေသြးခဲတာေတြကိုပါ ကာကြယ္ေပးနိုင္ပါေသးတယ္။
Omega-3 Fatty Acid လည္းစားသင့္ပါတယ္။ Salmond ငါး နဲ႕ အေစ့အဆံေတြမွာ အမ်ားဆုံးေတြ႕ရၿပီး Menstruation နဲ႕ပတ္သက္တဲ့ အဆင္မေျပမႈေတြကို ေလ်ာ့နည္းေစပါတယ္။
Heating Pads
ေဆးဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ Heating Pads ေတြကို အလြယ္တကူဝယ္လို႔ရပါတယ္။ Heating Pads သုံးေနစဥ္ ၾကမ္းျပင္ေပၚလွဲခ်ၿပီး နံရံေပၚေျခေထာက္ကိုေထာင္ေနၿပီးေတာ့လည္း အဆင္ေျပေစနိုင္ပါတယ္။
ရာသီလာခ်ိန္ ႏြေးေထြးစြာေနျခင္းဟာ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္တာနဲ႕ အက်ိဳးအတူတူရွိတယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။
ေရႏြေးအိတ္ကပ္ေပးျခင္းျဖင့္လည္း နာက်င္ကိုက္ခဲမႈေတြကို သက္သာေစပါတယ္။
ေရွာင္ရန္
အခ်ိဳဓာတ္ သို႔မဟုတ္ အငန္ဓာတ္လြန္ကဲတဲ့ အစားအစာေတြ
သၾကားဓာတ္အရမ္းမ်ားတဲ့အစားအစာေတြဟာ Menstruation ကာလမွာ စိတ္တိုလြယ္ေစပါတယ္။ ဒါေၾကာင့္ Cake ေတြ, သၾကားလုံးေတြ, Cereal ေတြကို အကန့္အသတ္နဲ႕ စားသင့္ပါတယ္။ Junk Food ေတြ၊ အရမ္းငန္တဲ့ အသီးေတြ အေစ့ေတြနဲ႕ အာလူးေခ်ာင္းေၾကာ္ စတာေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။
ထမင္းသုံးနပ္
တစ္ေန႕ကို သုံးနပ္ မ်ားမ်ားစားတာထက္ နည္းနည္းခ်င္းစီကို ခဏခဏစားေပးျခင္းအားျဖင့္ Glucose Level ကို ထိန္းညွိၿပီးသားျဖစ္ေစပါတယ္။
ေလ့က်င့္ခန္း အလြန္အကြၽံလုပ္ျခင္း
ျပင္းထန္တဲ့ Workout Plan နဲ႕ Diet ေတြလုပ္ရင္ အမ်ိဳးသမီးေတြအတြက္ ရာသီေသြးမမွန္တာမ်ိဳးျဖစ္တတ္ပါတယ္။

Comments
Post a Comment