ခွင့်လွှတ်ခြင်း သင်ခန်းစာ
Unicode
43 နှစ်လောက်ကြာပြီးသည့်နောက်မှာတော့ သာမန်သိကျွမ်းသူတစ်ဦးကို နာမည်မှတ်မိဖို့ မလွယ်တော့ပါ။ တကယ်လည်း ကျွန်တော်ငယ်စဥ်တုန်းက သတင်းစာပို့ခဲ့ဖူးသည့် အိမ်တစ်အိမ်မှ အဲသည်အမျိုးသမီးကြီး၏ နာမည်ကို ကျွန်တော်လုံးဝမေ့သွားခဲ့ပါပြီ။
1954 ခုနှစ်။ ဝစ္စကွန်ဆင်ပြည်နယ် မရင်နက်မြို့မှာ။ ကျွန်တော်က အသက် 12 နှစ်သားပဲရှိသေးသည်။ သို့သော် အဲသည်အချိန်က ကျွန်တော့အား သည်အမျိုးသမီးကြီးပေးခဲ့သည့် သင်ခန်းစာတစ်ခုကိုကား မနေ့တစ်နေ့ကလိုပင် ပီပီပြင်ပြင် မှတ်မိနေဆဲဖြစ်သည်။ တစ်ပါးသူသို့ လက်ဆင့်ကမ်းမျှဝေချင်စရာ "ခွင့်လွှတ်ခြင်း" သင်ခန်းစာတစ်ခု။
စနေနေ့ တစ်ညနေမှာ ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက် မဟုတ်တာတစ်ခုလုပ်မိကြသည်။ အဲသည်အမျိုးသမီးကြီး၏ အိမ်ခေါင်မိုးပေါ်သို့ သူ့အိမ်နောက်ဘက် မမြင်ကွယ်ရာတစ်ခုမှ ကျောက်ခဲနှင့် ပစ်ကြခြင်းဖြစ်သည်။ ရည်ရွယ်ချက်ကတခြားဘာမှမဟုတ်၊ အိမ်ခေါင်မိုးစောင်းမှ လိမ့်ဆင်းကျလာသည့် ကျောက်ခဲဒုံးပျံတွေ ခေါင်မိုးအစွန်းမှနေ၍ ခြံထဲသို့ အရှိန်နှင့်ထိုးကျသွားပုံမှာ ဥက္ကာခဲကြွေသည်နှင့် တူလှသည်ဟူ၍ ကျွန်တော်တို့ သဘောကျကြခြင်းသာဖြစ််သည်။
တစ်ကြိမ်မှာတော့ အလွန်ချောမွတ်သည့် ကျောက်ခဲတစ်လုံး ကျွန်တော်တွေ့ရပြီး ယူ၍ပစ်လိုက်သည့်အခါ ကျောက်ခဲကလက်ထဲချောကာ ခေါင်မိုးပေါ်မရောက်ဘဲ အမျိုးသမီးကြီး၏ အိမ်နောက်ဖေးဆင်ဝင်မှ ပြတင်းပေါက်တစ်ခုကို တို်က်ရိုက်ထိမှန်သည်။ မှန်ကွဲသံကြားသည်နှင့်တစ်ပြိုင်နက် နှစ်ယောက်သား ကျွန်တော်တို့လွှတ်သည့် ဒုံးပျံများထက် ပို၍လျှင်မြန်သောနှုန်းဖြင့် ပြေးလာခဲ့ကြသည်။
အဲသည်ညမှာတော့ လက်သည်ပေါ်မှာကြောက်သောစိတ် ဖိစီးနေသဖြင့် မှန်ကွဲသည့်ကိစ္စကိုညအမျိုးသမိးကြီးဘက်မှ ကျွန်တော်လုံးဝမစဥ်စားနိုင်ခဲ့။ သို့သော် နောက်ရက်အနည်းငယ်ကြာပြီး ကျွန်တော်တို့လုပ်မှန်း ဘယ်သူမှမသိဟု စိတ်အေးရပြီဆိုသည့်အခါ၌မူ ကျွန်တော့ကြောင့် အမျိုးသမီးကြီးမှာ ထိခိုက်နစ်နာရခြင်းအတွက် အပြစ်ရှိသလို ခံစားလာရသည်။
အမျိုးသမီးကြီးက နေ့စဥ် ကျွန်တော်သတင်းစာပို့တိုင်း အပြုံးနှင့်ပင် ဆီးကြိုသည်။ သို့သော် ကျွန်တော့်မှာတော့ ကြာလေ သူနှင့်တွေ့လျှင် အနေရခက်လေဖြစ်လာသည်။
သို့နှင့် သတင်းစာပို့ခရသည့် ငွေလေးကို စုမည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။ သုံးပတ်ခန့်ကြာသည့်အခါ၌ ပြတင်းပေါက်ပြင်ဆင်ရန် လုံလောက်သည့်ပမာဏဟု ကျွန်တော်ယူဆသည့် ငွေခုနှစ်ဒေါ်လာစုမိသည်။ သည်ငွေကို စာအိတ်ထဲထည့်ပြီးနောက်၊ မှန်ကွဲသွားသည့်အတွက် ဝမ်းနည်းပါကြောင်း၊ ယခုငွေ ခုနစ်ဒေါ်လာဖြင့် ပြန်လည်ပြင်ဆင်၍ ရနိုင်မည်ဟု မျှော်လင့်ပါကြောင်း စာတစ်စောင်ပါ ရေး၍ထည့သည််။
ထို့နောက် နေဝင်ချိန်ရောက်အောင်စောင့်ကာ အမျိုးသမီးကြီးအိမ်နား ချဥ်းကပ်ပြီး လျော်ကြေးပေးသည့် စာအိတ်ကို သူ့အိမ်တံခါးက စာတိုက်ပုံးထဲ ထည့်သည်။
အဲသည်နောက်မှာ ကျွန်တော့်ရင်ထဲ တအားပေါ့ပါးသွားသည်။ ကျွန်တော့်စိတ်မှာ လွတ်လပ်သွားသည်။ အဘွားကြီးနှင့်တွေ့လျှင် သူ့မျက်နှာကို တည့်တည့်ကြည့်ရဲပြီ၊ အဲသည်လိုလည်း ကြည့်ချင်လှပြီ။
နောက်တစ်နေ့နံနက် သတင်းစားသွားပေး၍ သူက လှိုက်လှိုက်လှဲလှဲပြုံးပြီး နှုတ်ဆက်သည့်အခါ ကျွန်တော်လည်း အလားတူ တုံ့ပြန်နိုင်ခဲ့သည်။
အမျိုးသမီးကြီးက သတင်းစာယူရင်း ကျေးဇူးတင်စကားဆိုသည်။ အဲသည်နောက်၊ "ဟောဒီမှာကွယ်၊ မင်းအတွက်" ဆိုပြီး အထုပ်ကလေးတစ်ထုပ်ပေးသည်။ အထဲမှာ ကွတ်ကီးတွေ။
ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ကျွန်တော်ကွတ်ကီးစားရင်း သတင်းစာဆက်ပို့သည်။
အတော်များများ နှိုက်စားပြီးသည့်နောက်တွင် ကွတ်ကီးထုတ်ထဲမှ စာအိတ်တစ်အိတ်စမ်းမိပြီး ကျွန်တော်ဆွဲထုတ်လိုက်သည်။ စာအိတ်ကို ဖွင့်ကြည့်သည့်အခါ ကျွန်တော်အကြီးအကျယ်အံ့အားသင့်သွားမိရသည်။ အထဲမှာ ငွေခုနှစ်ဒေါ်လာနှင့် စာတစ်ရွက်။ စာရွက်ပေါ်၌မူ၊ "မင်းအတွက် ဂုဏ်ယူပါတယ်ကွယ်" ဟူသော စာတစ်ကြောင်း ရေးသားထားလေသည်။
ဆရာဖေမြင့်၏ နှလုံးသားအာဟာရ ရသစာများမှ
Zawgyi
43 ႏွစ္ေလာက္ၾကာၿပီးသည့္ေနာက္မွာေတာ့ သာမန္သိကြၽမ္းသူတစ္ဦးကို နာမည္မွတ္မိဖို႔ မလြယ္ေတာ့ပါ။ တကယ္လည္း ကြၽန္ေတာ္ငယ္စဥ္တုန္းက သတင္းစာပို႔ခဲ့ဖူးသည့္ အိမ္တစ္အိမ္မွ အဲသည္အမ်ိဳးသမီးႀကီး၏ နာမည္ကို ကြၽန္ေတာ္လုံးဝေမ့သြားခဲ့ပါၿပီ။
1954 ခုႏွစ္။ ဝစၥကြန္ဆင္ျပည္နယ္ မရင္နက္ၿမိဳ႕မွာ။ ကြၽန္ေတာ္က အသက္ 12 ႏွစ္သားပဲရွိေသးသည္။ သို႔ေသာ္ အဲသည္အခ်ိန္က ကြၽန္ေတာ့အား သည္အမ်ိဳးသမီးႀကီးေပးခဲ့သည့္ သင္ခန္းစာတစ္ခုကိုကား မေန႕တစ္ေန႕ကလိုပင္ ပီပီျပင္ျပင္ မွတ္မိေနဆဲျဖစ္သည္။ တစ္ပါးသူသို႔ လက္ဆင့္ကမ္းမွ်ေဝခ်င္စရာ "ခြင့္လႊတ္ျခင္း" သင္ခန္းစာတစ္ခု။
စေနေန႕ တစ္ညေနမွာ ကြၽန္ေတာ္ႏွင့္ သူငယ္ခ်င္းတစ္ေယာက္ မဟုတ္တာတစ္ခုလုပ္မိၾကသည္။ အဲသည္အမ်ိဳးသမီးႀကီး၏ အိမ္ေခါင္မိုးေပၚသို႔ သူ႕အိမ္ေနာက္ဘက္ မျမင္ကြယ္ရာတစ္ခုမွ ေက်ာက္ခဲႏွင့္ ပစ္ၾကျခင္းျဖစ္သည္။ ရည္႐ြယ္ခ်က္ကတျခားဘာမွမဟုတ္၊ အိမ္ေခါင္မိုးေစာင္းမွ လိမ့္ဆင္းက်လာသည့္ ေက်ာက္ခဲဒုံးပ်ံေတြ ေခါင္မိုးအစြန္းမွေန၍ ၿခံထဲသို႔ အရွိန္ႏွင့္ထိုးက်သြားပုံမွာ ဥကၠာခဲေႂကြသည္ႏွင့္ တူလွသည္ဟူ၍ ကြၽန္ေတာ္တို႔ သေဘာက်ၾကျခင္းသာျဖစ္္သည္။
တစ္ႀကိမ္မွာေတာ့ အလြန္ေခ်ာမြတ္သည့္ ေက်ာက္ခဲတစ္လုံး ကြၽန္ေတာ္ေတြ႕ရၿပီး ယူ၍ပစ္လိုက္သည့္အခါ ေက်ာက္ခဲကလက္ထဲေခ်ာကာ ေခါင္မိုးေပၚမေရာက္ဘဲ အမ်ိဳးသမီးႀကီး၏ အိမ္ေနာက္ေဖးဆင္ဝင္မွ ျပတင္းေပါက္တစ္ခုကို တို္က္ရိုက္ထိမွန္သည္။ မွန္ကြဲသံၾကားသည္ႏွင့္တစ္ၿပိဳင္နက္ ႏွစ္ေယာက္သား ကြၽန္ေတာ္တို႔လႊတ္သည့္ ဒုံးပ်ံမ်ားထက္ ပို၍လွ်င္ျမန္ေသာႏႈန္းျဖင့္ ေျပးလာခဲ့ၾကသည္။
အဲသည္ညမွာေတာ့ လက္သည္ေပၚမွာေၾကာက္ေသာစိတ္ ဖိစီးေနသျဖင့္ မွန္ကြဲသည့္ကိစၥကိုညအမ်ိဳးသမိးႀကီးဘက္မွ ကြၽန္ေတာ္လုံးဝမစဥ္စားနိုင္ခဲ့။ သို႔ေသာ္ ေနာက္ရက္အနည္းငယ္ၾကာၿပီး ကြၽန္ေတာ္တို႔လုပ္မွန္း ဘယ္သူမွမသိဟု စိတ္ေအးရၿပီဆိုသည့္အခါ၌မူ ကြၽန္ေတာ့ေၾကာင့္ အမ်ိဳးသမီးႀကီးမွာ ထိခိုက္နစ္နာရျခင္းအတြက္ အျပစ္ရွိသလို ခံစားလာရသည္။
အမ်ိဳးသမီးႀကီးက ေန႕စဥ္ ကြၽန္ေတာ္သတင္းစာပို႔တိုင္း အၿပဳံးႏွင့္ပင္ ဆီးႀကိဳသည္။ သို႔ေသာ္ ကြၽန္ေတာ့္မွာေတာ့ ၾကာေလ သူႏွင့္ေတြ႕လွ်င္ အေနရခက္ေလျဖစ္လာသည္။
သို႔ႏွင့္ သတင္းစာပို႔ခရသည့္ ေငြေလးကို စုမည္ဟု ကြၽန္ေတာ္ဆုံးျဖတ္လိုက္သည္။ သုံးပတ္ခန့္ၾကာသည့္အခါ၌ ျပတင္းေပါက္ျပင္ဆင္ရန္ လုံေလာက္သည့္ပမာဏဟု ကြၽန္ေတာ္ယူဆသည့္ ေငြခုႏွစ္ေဒၚလာစုမိသည္။ သည္ေငြကို စာအိတ္ထဲထည့္ၿပီးေနာက္၊ မွန္ကြဲသြားသည့္အတြက္ ဝမ္းနည္းပါေၾကာင္း၊ ယခုေငြ ခုနစ္ေဒၚလာျဖင့္ ျပန္လည္ျပင္ဆင္၍ ရနိုင္မည္ဟု ေမွ်ာ္လင့္ပါေၾကာင္း စာတစ္ေစာင္ပါ ေရး၍ထည့သည္္။
ထို႔ေနာက္ ေနဝင္ခ်ိန္ေရာက္ေအာင္ေစာင့္ကာ အမ်ိဳးသမီးႀကီးအိမ္နား ခ်ဥ္းကပ္ၿပီး ေလ်ာ္ေၾကးေပးသည့္ စာအိတ္ကို သူ႕အိမ္တံခါးက စာတိုက္ပုံးထဲ ထည့္သည္။
အဲသည္ေနာက္မွာ ကြၽန္ေတာ့္ရင္ထဲ တအားေပါ့ပါးသြားသည္။ ကြၽန္ေတာ့္စိတ္မွာ လြတ္လပ္သြားသည္။ အဘြားႀကီးႏွင့္ေတြ႕လွ်င္ သူ႕မ်က္ႏွာကို တည့္တည့္ၾကည့္ရဲၿပီ၊ အဲသည္လိုလည္း ၾကည့္ခ်င္လွၿပီ။
ေနာက္တစ္ေန႕နံနက္ သတင္းစားသြားေပး၍ သူက လွိုက္လွိုက္လွဲလွဲၿပဳံးၿပီး ႏႈတ္ဆက္သည့္အခါ ကြၽန္ေတာ္လည္း အလားတူ တုံ႕ျပန္နိုင္ခဲ့သည္။
အမ်ိဳးသမီးႀကီးက သတင္းစာယူရင္း ေက်းဇူးတင္စကားဆိုသည္။ အဲသည္ေနာက္၊ "ေဟာဒီမွာကြယ္၊ မင္းအတြက္" ဆိုၿပီး အထုပ္ကေလးတစ္ထုပ္ေပးသည္။ အထဲမွာ ကြတ္ကီးေတြ။
ေက်းဇူးတင္ေၾကာင္း ေျပာၿပီးေနာက္ ကြၽန္ေတာ္ကြတ္ကီးစားရင္း သတင္းစာဆက္ပို႔သည္။
အေတာ္မ်ားမ်ား ႏွိုက္စားၿပီးသည့္ေနာက္တြင္ ကြတ္ကီးထုတ္ထဲမွ စာအိတ္တစ္အိတ္စမ္းမိၿပီး ကြၽန္ေတာ္ဆြဲထုတ္လိုက္သည္။ စာအိတ္ကို ဖြင့္ၾကည့္သည့္အခါ ကြၽန္ေတာ္အႀကီးအက်ယ္အံ့အားသင့္သြားမိရသည္။ အထဲမွာ ေငြခုႏွစ္ေဒၚလာႏွင့္ စာတစ္႐ြက္။ စာ႐ြက္ေပၚ၌မူ၊ "မင္းအတြက္ ဂုဏ္ယူပါတယ္ကြယ္" ဟူေသာ စာတစ္ေၾကာင္း ေရးသားထားေလသည္။
ဆရာေဖျမင့္၏ ႏွလုံးသားအာဟာရ ရသစာမ်ားမွUnicode

ဆရာေဖျမင့္၏ ႏွလုံးသားအာဟာရ ရသစာမ်ားမွ

Comments
Post a Comment