လူ့အခွင့်အရေးကိုအလွန်ကြည့်တဲ့ တိုကျိုအိုလံပစ်မှာ မြန်မာစစ်တပ်မိတ်ဖက်များပါဝင်နေ

 

၂၀၂၀ တိုကျိုအိုလံပစ်ဟာ မနက်ဖြန် ၂၃ရက်နေ့ ဖွင့်ပွဲကျင်းပမှာဖြစ်ပါတယ်။ ဒီနှစ် အိုလံပစ်မှာ အငြင်းပွားဖွယ်ကိစ္စတွေကလည်းများလှတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လူ ၅၅% လောက်ဟာ ကိုဗစ်ကြောင့် အိုလံပစ်မကျင်းပစေချင်ကြဘူးလို့ စစ်တမ်းတွေကဖော်ပြကြပါတယ်။ လက်ရှိအားကစားသမား ၉၁ ယောက်ဟာ ကိုဗစ် positive တွေ့ထားပါတယ်။

အိမ်ရှင်နိုင်ငံဟာ ဂျပန်နိုင်ငံလို့ဆိုတဲ့အတိုင်းလူ့အခွင့်အရေးတွေအပေါ် အလွန်ကြည့်တာလည်းတွေ့ရပါတယ်။ ပွဲမစမီတစ်နေ့အလိုဖြစ်တဲ့ ဒီနေ့မှာ ပွဲဒါရိုက်တာဖြစ်တဲ့ Kentaro Kobayashi ကို ရာထူးကထုတ်ပယ်လိုက်ပါတယ်။ အကြောင်းကတော့ သူ့အနေနဲ့ 1990 လောက်က Holocaust ( နာဇီတို့ ဂျူးများအပေါ်လူမျိုးတုန်းသတ်ဖြတ်တဲ့အဖြစ်အပျက်) ကို လှောင်ပြောင်ခဲ့တဲ့ ရုပ်သံတွေ ပြန်လည်ထွက်ပေါ်လာလို့ဖြစ်ပါတယ်။

Director of Olympics opening ceremony ousted over past comments on Holocaust | The Japan Times

အဲ့တာတင်မကပါဘူး အရှေ့ပိုင်းမှာလည်း နှုတ်ထွက်ခဲ့ရတဲ့သူ သုံးဦးရှိပါတယ်။

  • အိုလံပစ်တေးရေးတစ်ဦးဟာ အထက်တန်းကျောင်းမှာ မသန်စွမ်းတဲ့ အတန်းဖော်တွေကို နှိပ်စက်ခဲ့တာတွေ ပေါ်လာတာကြောင့် နှုတ်ထွက်ခဲ့ပါတယ်။
  • မတ်လမှာလည်း အကြီးပိုင်းအရာရှိတစ်ဦးဟာလည်း Plus-size လူရွှင်တော်တစ်ယောက်ကို "Olympig" အနေနဲ့ပါဝင်လို့ရတယ်ပြောပြီး ပြန်တောင်းပန်ခဲ့ရပါတယ်။
  • ဖေဖော်ဝါရီလမှာလည်း ကျင်းပရေး ကော်မတီဉက္ကဌရဲ့ အမျိုးသမီးတွေအပေါ် မသင့်တော်တဲ့ မှတ်ချက်ပေးတာကြောင့် နှုတ်ထွက်ဖို့ တွန်းအားပေးခံရပါတယ်။

အဲ့လို လူ့အခွင့်အရေးကိုလေးစားကြတဲ့ ပြယုဂ်တွေနဲ့ တိုကျိုအိုလံပစ်ရဲ့ စပွန်ဆာတွေမှာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေ ပါဝင်နေတာအံဩဖွယ်တွေ့ရပါတယ်။

 

(ကစားပွဲတော်အား အဓိက ထောက်ပံ့သူများတွင် Mizuho Financial Group နှင့် Sumitomo Mitsui Banking Corporation၊ တိုက “တိုကျို ၂၀၂၀ အိုလံပစ်အားကစားပွဲတော် ရွှေအဆင့်မိတ်ဖက်များ” အဖြစ်ပါဝင်ခဲ့ပြီး Daiwa House Industry က တိုကျို ၂၀၂၀ အိုလံပစ်အားကစားပွဲတော် တရားဝင်မိတ်ဖက်များ” အဖြစ် ပါဝင်ခဲ့ကြသည်။ အဆိုပါ စီးပွားရေးလုပ်ငန်း ၃ ခုလုံးသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူပေးရသည့် စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် ရန်ကုန်မြိုရှိ မြေနေရာပေါ်တွင် တည်ဆောက်လျက်ရှိသော Y Complex အိမ်ခြံမြေစီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။

 Y Complex စီမံကိန်း

Yangon | Y Complex | 9 floors | U/C | SkyscraperCity

Y Complex စီမံကိန်းကို မြန်မာစစ်တပ်နှင့် ဘီအိုတီ (တည်ဆောက်-လည်ပတ်-လွှပြောင်း) သဘောတူ စာချုပ်အရ Daiwa House Industry နှင့် Tokyo Tatemono တိုက အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး Mizuho နှင့် SMBC တိုက ပူးတွဲငွေကြေးထည့်ဝင် ကြသည်။ မြေငှားရမ်းခ နှစ်စဉ်ပေးချေငွေ အမေရိကန်ဒေါ်လာ ၂.၁၆၃ မီလီယံအပြင် ငှါးရမ်းမှုကာလပြီးဆုံးသည့်အခါတွင် ယင်းအဆောက်အအုံပိုင်ဆိုင်မှုများကို စစ်တပ်က ရရှိမည်ဖြစ်ရာ စစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အသုံးပြုနိုင်ရန် အခွန်ဘဏ္ဌာရင်းမြစ်တစ်ရပ် အဖြစ် ဆက်လက်ရရှိနေမည် ဖြစ်သည်။ Y Complex စီမံကိန်းတွင်  နာမည်ကြီး ငွေကြေးပံ့ပိုးသူ အဖွဲကြီးနှစ်ဖွဲဖြစ်ကြသည့် Japan Bank for International Cooperation (JBIC) နှင့် Japan Overseas Infrastructure Investment Corporation for Transport and Urban Development (JOIN) တို ပါဝင်ကြသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့်နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်၏ စီးပွားရေးအကျိုးစီးပွားများနှင့် ပတ်သက်၍ အစီရင်ခံတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် စီပွားရေးလုပ်ငန်းများအား မြန်မာစစ်တပ်နှင့် ၎င်းတိုပိုင် သိုမဟုတ် ၎င်းတိုထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် စီပွားရေးဆိုင်ရာဆက်ဆံရေးများကို အဆုံးသတ်ရန် အကြံပြုတိုက်တွန်းခဲ့ပြီး အိမ်ခြံမြေဆိုင်ရာငှါးရမ်းမှုသည် စီးပွါးရေးဆိုင်ရာဆက်ဆံရေးပုံစံတစ်ရပ် ဖြစ်ကြောင်း သတ်မှတ်ဖော်ပြခဲ့သည်။ Y Complex စီမံကိန်းတွင် ပါဝင်ကြသည့် အစုအဖွဲများသည် အဆိုပါ အကြံပြု တိုက်တွန်းချက်များအား အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြသည်။)

Justice For Myanmar facebook page မှ

Reference- BBC News, Justice For Myanmar facebook page

လူ႔အခြင့္အေရးကိုၾကည့္တဲ့ တိုက်ိဳအိုလံပစ္မွာ ျမန္မာစစ္တပ္မိတ္ဖက္မ်ားပါဝင္ေန

၂၀၂၀ တိုက်ိဳအိုလံပစ္ဟာ မနက္ျဖန္ ၂၃ရက္ေန႔ ဖြင့္ပြဲက်င္းပမွာျဖစ္ပါတယ္။ ဒီႏွစ္ အိုလံပစ္မွာ အျငင္းပြားဖြယ္ကိစၥေတြကလည္းမ်ားလွတာျဖစ္ပါတယ္။ ဂ်ပန္နိုင္ငံရဲ့ လူ ၅၅% ေလာက္ဟာ ကိုဗစ္ေၾကာင့္ အိုလံပစ္မက်င္းပေစခ်င္ၾကဘူးလို႔ စစ္တမ္းေတြကေဖာ္ျပၾကပါတယ္။ လက္ရွိအားကစားသမား ၉၁ ေယာက္ဟာ ကိုဗစ္ positive ေတြ႕ထားပါတယ္။

အိမ္ရွင္နိုင္ငံဟာ ဂ်ပန္နိုင္ငံလို႔ဆိုတဲ့အတိုင္းလူ႔အခြင့္အေရးေတြအေပၚ အလြန္ၾကည့္တာလည္းေတြ႕ရပါတယ္။ ပြဲမစမီတစ္ေန႔အလိုျဖစ္တဲ့ ဒီေန႔မွာ ပြဲဒါရိုက္တာျဖစ္တဲ့ Kentaro Kobayashi ကို ရာထူးကထုတ္ပယ္လိုက္ပါတယ္။ အေၾကာင္းကေတာ့ သူ႔အေနနဲ႔ 1990 ေလာက္က Holocaust ( နာဇီတို႔ ဂ်ဴးမ်ားအေပၚလူမ်ိဳးတုန္းသတ္ျဖတ္တဲ့အျဖစ္အပ်က္) ကို ေလွာင္ေျပာင္ခဲ့တဲ့ ႐ုပ္သံေတြ ျပန္လည္ထြက္ေပၚလာလို႔ျဖစ္ပါတယ္။

Director of Olympics opening ceremony ousted over past comments on Holocaust | The Japan Times

အဲ့တာတင္မကပါဘူး အေရွ႕ပိုင္းမွာလည္း ႏႈတ္ထြက္ခဲ့ရတဲ့သူ သုံးဦးရွိပါတယ္။

  • အိုလံပစ္ေတးေရးတစ္ဦးဟာ အထက္တန္းေက်ာင္းမွာ မသန္စြမ္းတဲ့ အတန္းေဖာ္ေတြကို ႏွိပ္စက္ခဲ့တာေတြ ေပၚလာတာေၾကာင့္ ႏႈတ္ထြက္ခဲ့ပါတယ္။
  • -မတ္လမွာလည္း အႀကီးပိုင္းအရာရွိတစ္ဦးဟာလည္း Plus-size လူရႊင္ေတာ္တစ္ေယာက္ကို "Olympig" အေနနဲ႔ပါဝင္လို႔ရတယ္ေျပာၿပီး ျပန္ေတာင္းပန္ခဲ့ရပါတယ္။
  • -ေဖေဖာ္ဝါရီလမွာလည္း က်င္းပေရး ေကာ္မတီဉကၠဌရဲ့ အမ်ိဳးသမီးေတြအေပၚ မသင့္ေတာ္တဲ့ မွတ္ခ်က္ေပးတာေၾကာင့္ ႏႈတ္ထြက္ဖို႔ တြန္းအားေပးခံရပါတယ္။

အဲ့လို လူ႔အခြင့္အေရးကိုေလးစားၾကတဲ့ ျပယုဂ္ေတြနဲ႔ တိုက်ိဳအိုလံပစ္ရဲ့ စပြန္ဆာေတြမွာ ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္တဲ့ ကုမၸဏီေတြ ပါဝင္ေနတာအံဩဖြယ္ေတြ႕ရပါတယ္။

(ကစားပြဲေတာ္အား အဓိက ေထာက္ပံ့သူမ်ားတြင္ Mizuho Financial Group ႏွင့္ Sumitomo Mitsui Banking Corporation၊ တိုက “တိုက်ိဳ ၂၀၂၀ အိုလံပစ္အားကစားပြဲေတာ္ ေရႊအဆင့္မိတ္ဖက္မ်ား” အျဖစ္ပါဝင္ခဲ့ၿပီး Daiwa House Industry က တိုက်ိဳ ၂၀၂၀ အိုလံပစ္အားကစားပြဲေတာ္ တရားဝင္မိတ္ဖက္မ်ား” အျဖစ္ ပါဝင္ခဲ့ၾကသည္။ အဆိုပါ စီးပြားေရးလုပ္ငန္း ၃ ခုလုံးသည္ ျမန္မာစစ္တပ္အတြက္ စစ္လက္နက္ဝယ္ယူေပးရသည့္ စစ္ေထာက္ခ်ဳပ္႐ုံးထံမွ ငွားရမ္းထားသည့္ ရန္ကုန္ၿမိဳရွိ ေျမေနရ‌ေပၚတြင္ တည္ေဆာက္လ်က္ရွိေသာ Y Complex အိမ္ၿခံေျမစီမံကိန္း၏ အစိတ္အပိုင္းမ်ား ျဖစ္ၾကသည္။

 Y Complex စီမံကိန္း

Yangon | Y Complex | 9 floors | U/C | SkyscraperCity

Y Complex စီမံကိန္းကို ျမန္မာစစ္တပ္ႏွင့္ ဘီအိုတီ (တည္ေဆာက္-လည္ပတ္-လႊေျပာင္း) သေဘာတူ စာခ်ဳပ္အရ Daiwa House Industry ႏွင့္ Tokyo Tatemono တိုက အေကာင္အထည္ေဖာ္ တည္ေဆာက္လ်က္ရွိၿပီး Mizuho ႏွင့္ SMBC တိုက ပူးတြဲေငြေၾကးထည့္ဝင္ ၾကသည္။ ေျမငွားရမ္းခ ႏွစ္စဥ္ေပးေခ်ေငြ အေမရိကန္ေဒၚလာ ၂.၁၆၃ မီလီယံအျပင္ ငွါးရမ္းမႈကာလၿပီးဆုံးသည့္အခါတြင္ ယင္းအေဆာက္အအုံပိုင္ဆိုင္မႈမ်ားကို စစ္တပ္က ရရွိမည္ျဖစ္ရာ စစ္တပ္၏ စစ္ရာဇဝတ္မႈမ်ားႏွင့္ လူသားမ်ိဳးႏြယ္ အေပၚက်ဴးလြန္သည့္ ရာဇဝတ္မႈမ်ားအတြက္ အသုံးျပဳနိုင္ရန္ အခြန္ဘဏၭာရင္းျမစ္တစ္ရပ္ အျဖစ္ ဆက္လက္ရရွိေနမည္ ျဖစ္သည္။ Y Complex စီမံကိန္းတြင္  နာမည္ႀကီး ေငြေၾကးပံ့ပိုးသူ အဖြဲႀကီးႏွစ္ဖြဲျဖစ္ၾကသည့္ Japan Bank for International Cooperation (JBIC) ႏွင့္ Japan Overseas Infrastructure Investment Corporation for Transport and Urban Development (JOIN) တို ပါဝင္ၾကသည္။

၂၀၁၉ ခုႏွစ္ ဩဂုတ္လတြင္ ကုလသမဂၢ၏ ျမန္မာနိုင္ငံဆိုင္ရာ လြတ္လပ္သည့္နိုင္ငံတကာအခ်က္အလက္ ရွာေဖြေရးမစ္ရွင္က ျမန္မာစစ္တပ္၏ စီးပြားေရးအက်ိဳးစီးပြားမ်ားႏွင့္ ပတ္သက္၍ အစီရင္ခံတစ္ေစာင္ကို ထုတ္ျပန္ခဲ့သည္။ ယင္းအစီရင္ခံစာတြင္ စီပြားေရးလုပ္ငန္းမ်ားအား ျမန္မာစစ္တပ္ႏွင့္ ၎တိုပိုင္ သိုမဟုတ္ ၎တိုထိန္းခ်ဳပ္ထားသည့္ စီးပြားေရးလုပ္ငန္းႀကီးမ်ားႏွင့္ စီပြားေရးဆိုင္ရာဆက္ဆံေရးမ်ားကို အဆုံးသတ္ရန္ အႀကံျပဳတိုက္တြန္းခဲ့ၿပီး အိမ္ၿခံေျမဆိုင္ရာငွါးရမ္းမႈသည္ စီးပြါးေရးဆိုင္ရာဆက္ဆံေရးပုံစံတစ္ရပ္ ျဖစ္ေၾကာင္း သတ္မွတ္ေဖာ္ျပခဲ့သည္။ Y Complex စီမံကိန္းတြင္ ပါဝင္ၾကသည့္ အစုအဖြဲမ်ားသည္ အဆိုပါ အႀကံျပဳ တိုက္တြန္းခ်က္မ်ားအား အေကာင္အထည္ေဖာ္ရန္ ပ်က္ကြက္ခဲ့ၾကသည္။)

Justice For Myanmar facebook page မွ

ညိဳထြန္း

Reference- BBC News, Justice For Myanmar facebook page

Comments