ညဘက်တွေမှာ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်အောင် ဘာတွေလုပ်ကြမလဲ

 

ညဘက်တွေမှာ အိပ်မပျော်ဖြစ်ရတာဟာ အတော်လေး ဆိုးရွားပါတယ်။ မျက်လုံးကို ​ဖျစ်ညှစ်ပိတ်လည်း အိပ်လို့မပျော်၊ ဟိုတွေးသည်တွေးနဲ့၊ မနက်မိုးလင်းအထိ မျက်လုံးကြောင်တောင်ကြီးဖြစ်လို့နေတတ်ပါတယ်။ သုတေသနတွေကတော့ ဒါဟာ ပူပန်ကြောင့်ကြမှုတွေ အရမ်းများနေ၊ ဒါမှမဟုတ် အရမ်းနည်းနေရင် ဒါမျိုးတွေ ဖြစ်တတ်တယ်လို့ဆိုပါတယ်။ တစ်နေကုန်လုံးရဲ့ ဆိုးရွားတဲ့အဖြစ်မပျက်တွေကို အိပ်တဲ့အချိန်မှ ပြန်တွေးတောမိပြီး တစ်ညလုံးအိပ်မရဖြစ်သွားတာမျိုးပေါ့။ လွန်ခဲ့တဲ့ရက်ကတော့ အင်တာနက်ကနေ နည်းလမ်းတချို့ ဖတ်မိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းလုပ်ကြည့်တဲ့အခါ ပိုပြီး အိပ်ပျော်လွယ်လာတာကြောင့် အဲဒီနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ချရေးလိုက်ပါ

How To Write Down Goals? - Inspirational Stories, Quotes & Poems

တစ်နေကုန်ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်တွေးတော ပူပန်နေခြင်းဟာ အော်တစ်ဇင် ဖြစ်နေတဲ့လူအများစုမှာတွေ့ရတာများပါတယ်။ အဲ့လိုဖြစ်နေပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် အော်တစ်ဇင်ဖြစ်နေပြီဆိုပြီးတော့တော့ မတွေးလိုက်နဲ့ပေါ့။ ပြောချင်တာက ကိစ္စတစ်ခုခုကိုပဲ ထပ်ခါထပ်ခါ တွေးနေမိပြီး ပူပန်မိနေခြင်းမျိုးပါ။ တကယ်လို့ ခင်ဗျားဟာ အိပ်ရာထဲကို လှဲချလိုက်တဲ့အချိန်မှာပဲ၊ တစ်နေ့လုံးက ပြောခဲ့တဲ့၊ လုပ်ခဲ့တဲ့အရာတွေကို ပြန်တွေးပြီး ငါဘာများ မှားမှားယွင်းယွင်းတွေ လုပ်ခဲ့မိပြီလည်းလို့ အကြိမ်ကြိမ် ပြန်စဉ်းစားနေမိပြီဆိုရင်တော့ ခင်ဗျားနဲ့ကျွန်တော်တူနေပါပြီ။ အဲဒါကို အင်္ဂလိပ်လိုတော့ rumination လို့ခေါ်ပါတယ်။ rumination ဟာ စိုးရိမ်ကြောင့်ကြမှု (anxiety) တွေ ပေါ်ပြီးရင်းပေါ်လာရင်း insomnia လို့ခေါ်တဲ့ အိပ်မပျော်ရောဂါကို ဖြစ်ပေါ်စေပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက လူတစ်ယောက်ကို ကိုယ့်ကိုယ် နာကျင်အောင် ပစ်ပစ်ခါခါ ပြောခဲ့အရာတစ်ခုကိုလည်း rumination ဖြစ်ပြီး ဒီနေ့ထိ ထပ်ခါထပ်ခါ ခံစားနေတတ်တယ်။ 

တခြားနည်းလမ်းတွေတော့ ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ချရေးလိုက်တာက ပိုပြီးအထောက်အကူပြုပါတယ်။ အိပ်ရာမဝင်ခင်မှာ ဖုန်း ဒါမှမဟုတ်၊ ကွန်ပျူတာကို ဖွင့်ပြီးတော့ပဲ ဖြစ်ဖြစ်၊ နီးစပ်ရာ စက္ကူ၊ စာအုပ်ကို ဆွဲယူပြီးတော့ပဲ ဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ အရာတွေအားလုံးကို ချရေးလိုက်ပါ။ ဘာမဆိုရေးနိုင်ပါတယ်။ Facebook ပေါ်က စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အကြောင်းအရာတွေကစလို့ မိသားစု ပြဿနာတွေအထိ တစ်နေ့လုံးဖြစ်ပျက်ခဲ့တဲ့ မကောင်းတဲ့အရာတွေ အကုန်ဆို အကုန်သာ ချရေးလိုက်ပါ။ သုတေသနတွေကတော့ တစ်နေ့ကို ၁၅မိနစ်လောက် စိတ်ပြေလက်ပျောက် စာရေးတဲ့အလေ့အကျင့်ကို လုပ်ပေးတာက အိပ်မပျော်ဖြစ်ခြင်းကို လျော့ကျစေပါတယ်တဲ့။

၂။ ရေပူပူလေး ချိုးလိုက်ပါ

Why your favorite hot water bath is bad for you

နောက်တစ်မျိုးကတော့ မအိပ်ခင်မှာ တစ်နာရီလောက် ရေပူပူလေးချိုးလိုက်တာပါပဲ။ ဒါကလည်း သိပ္ပံနည်းကျ နည်းတစ်မျိုးပါ။ သုတေသနတစ်ခုဆိုရင် ၄၀ ဒီဂရီ (၁၀၄ဖာရင်ဟိုက်) နဲ့အထက် ရေပူပူလေးကို ချိုးလိုက်တာက ပိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်တဲ့။ ဒါဟာဘာဖြစ်လို့လဲဆိုရင်တော့ ရေပူနဲ့ ရေချိုးလိုက်တဲ့အခါမှာ ရေပူက ကိုယ့်ရဲ့ ခြေဖျားလက်ဖျားလေးတွေဆီက အပူတွေကို ဖယ်ရှားပစ်လိုက်ပါတယ်။ အဲ့ဒီအခါမှာ အဓိက အပူချိန်က လျော့ကျသွားပြီး ကိုယ့်ရဲ့ ကိုယ်ခန္ဓာက ဒါဟာ အိပ်ဖို့အချိန်ကျပြီ ဆိုတဲ့ လက္ခဏာပဲဆိုပြီး မှတ်ယူလိုက်လို့ပါပဲတဲ့။

၃။ ဖတ်ပြီးသားစာအုပ်ကို ပြန်ဖတ်ပါ

Have trouble sleeping at night? Here's how reading a book can help | Lifestyle News,The Indian Express

ဒီရက်ပိုင်းတွေမှာ အိပ်ခါနီး စာအုပ်ဖတ်ဖြစ်တာတွေ ရှိသလို၊ မဖတ်ဖြစ်တဲ့အခါလည်း ရှိပါတယ်။ မဖတ်ဖြစ်တဲ့အခါတွေဆိုရင်တော့ အိပ်ရာထဲမှာ ဖုန်းသုံးနေလိုက်တာပါပဲ။ အဲဒီအခါကျတော့ အိပ်ရတာပိုခက်ခဲတာပေါ့။ အိပ်ချိန်မှာ ဖုန်းသုံးတာက အိပ်စက်မှုကို ပိုမိုနှောင့်နှေးစေပါတယ်တဲ့။ အကောင်းဆုံးကတော့ ပိုပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ချိန်ရင် ဖုန်းကို ကိုယ်နဲ့ဝေးရာမှာ ထားလိုက်တာပါပဲ။ အဲဒီအစား အိပ်ခါနီး အိပ်ရာထဲမှာ စာအုပ်တစ်အုပ်ဖတ်နေလိုက်ပေါ့။ စာအုပ်ဖတ်တဲ့အခါမှာလည်း စာအုပ်အသစ်ဆိုရင် စာအုပ်ကို တအားစိတ်ဝင်စားစရာကောင်းနေတဲ့အခါ ဖတ်ရင်းဖတ်ရင်းနဲ့ ညလုံးပေါက်သွားတာတွေ ဖြစ်တတ်ပါတယ်။ 

ဒါကြောင့် အိပ်ခါနီးမှာ ဖတ်ပြီးသားစာအုပ်တွေ ထပ်ခါထပ်ခါပြန်ဖတ်တာ အိပ်စက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ (ပျင်းပြီးအိပ်ပျော်သွားတာမျိုးပါ၊ ကျောင်းဖတ်စာအုပ်တွေဖတ်ရင် ပိုကောင်းမလားပဲ) ဇာတ်လမ်းကိုလည်း သိပြီးနေတဲ့အခါကျတော့ စာအုပ်ပြီးဖို့ကိုလည်း အလျင်လိုမနေတော့ဘဲ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး ဖတ်နေလိုက်ရုံပါပဲ။ ဆိုတော့ အိပ်လည်းအိပ်ပျော်၊ စာလည်းဖတ်ဖြစ်ဆိုတော့။ win-win situation ပါပဲနော်။

၄။ စိတ်၏စေရာကို ချုပ်တည်းပါ

Sleep Meditation - Zen Rince

နောက်တစ်မျိုးကို ဗုဒ္ဓဘာသာနည်းအရ တရားမှတ်(meditate) လုပ်တာပါ။ အိပ်တဲ့အခါ အိပ်ရာပေါ်လှဲချလိုက်ပြီးတာနဲ့ မီးကို အမှောင်ချ၊ ပက်လက်အနေအထားနဲ့ အကြောတွေအားလုံးကို ဖြေလျှော့ထားလိုက်ပါ။ ပြီးတာနဲ့ ဝင်လေထွက်လေကို စမှတ်ပါ။(တချို့ကလည်းက တစ်၊ နှစ်၊ သုံး၊ လေး ရေပြီး လေးအထိရောက်တာနဲ့ တစ်တာလီလို့မှတ်ပြီး တစ်ကနေ ပြန်ရေ၊ အဲ့လိုလုပ်ကျပါတယ်။ အဓိကကတော့ ဘာကိုမှ မတွေးမိဖို့ပါ။ တစ်ခုခုကို အာရုံရောက်သွားနဲ့ အဲ့အာရုံကို ပြန်ဖမ်းဆုပ်ပြီး ဝင်လေထွက်လေကို အာရုံစူးစိုက်ဖို့ပါ။ ပင့်ကူဟာ ပင့်ကူအိမ်မှာ မိထားတဲ့ သားကောင်ကို လွတ်ထွက်သွားတာနဲ့ ပြန်ပြန် ဖမ်းချုပ်ပြီး အမျှင်တွေနဲ့ ယှက်ထွေးလိုက်တဲ့ သဘောပါပဲတဲ့။ ပျံ့လွင့်သွားတဲ့အာရုံ အချိန်မီ ပြန်ပြန်ဖမ်းဆုပ်ပြီး ဝင်လေထွက်လေ မှတ်နေတဲ့ သဘောပါ။ အဲ့လိုလုပ်နေရင်း မကြာခင်မှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး နောက်နေ့မနက်မှာ စိတ်ကြည်လင်လန်းဆန်းစွာ နိုးထလာတာကို တွေ့ရပါလိမ့်မယ်။

ကဲ၊ နည်းလမ်းလေးတွေလည်းပေးပြီးသွားပြီဆိုတော့၊ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြပါစေဗျာ။

(zawgyi)

ညဘက္ေတြမွာ ပိုၿပီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္နိုင္ေအာင္ ဘာေတြလုပ္ၾကမလဲ

ညဘက္ေတြမွာ အိပ္မေပ်ာ္ျဖစ္ရတာဟာ အေတာ္ေလး ဆိုးရြားပါတယ္။ မ်က္လုံးကို ​ဖ်စ္ညႇစ္ပိတ္လည္း အိပ္လို႔မေပ်ာ္၊ ဟိုေတြးသည္ေတြးနဲ႔၊ မနက္မိုးလင္းအထိ မ်က္လုံးေၾကာင္ေတာင္ႀကီးျဖစ္လို႔ေနတတ္ပါတယ္။ သုေတသနေတြကေတာ့ ဒါဟာ ပူပန္ေၾကာင့္ၾကမႈေတြ အရမ္းမ်ားေန၊ ဒါမွမဟုတ္ အရမ္းနည္းေနရင္ ဒါမ်ိဳးေတြ ျဖစ္တတ္တယ္လို႔ဆိုပါတယ္။ တစ္ေနကုန္လုံးရဲ့ ဆိုးရြားတဲ့အျဖစ္မပ်က္ေတြကို အိပ္တဲ့အခ်ိန္မွ ျပန္ေတြးေတာမိၿပီး တစ္ညလုံးအိပ္မရျဖစ္သြားတာမ်ိဳးေပါ့။ လြန္ခဲ့တဲ့ရက္ကေတာ့ အင္တာနက္ကေန နည္းလမ္းတခ်ိဳ႕ ဖတ္မိခဲ့ပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း စမ္းလုပ္ၾကည့္တဲ့အခါ ပိုၿပီး အိပ္ေပ်ာ္လြယ္လာတာေၾကာင့္ အဲဒီနည္းလမ္းေလးေတြကို မၽွေဝေပးခ်င္ပါတယ္။

၁။ ခ်ေရးလိုက္ပါ

How To Write Down Goals? - Inspirational Stories, Quotes & Poems

တစ္ေနကုန္ျဖစ္ပ်က္ခဲ့တာေတြကို ျပန္လည္ေတြးေတာ ပူပန္ေနျခင္းဟာ ေအာ္တစ္ဇင္ ျဖစ္ေနတဲ့လူအမ်ားစုမွာေတြ႕ရတာမ်ားပါတယ္။ အဲ့လိုျဖစ္ေနၿပီဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ေအာ္တစ္ဇင္ျဖစ္ေနၿပီဆိုၿပီးေတာ့ေတာ့ မေတြးလိုက္နဲ႔ေပါ့။ ေျပာခ်င္တာက ကိစၥတစ္ခုခုကိုပဲ ထပ္ခါထပ္ခါ ေတြးေနမိၿပီး ပူပန္မိေနျခင္းမ်ိဳးပါ။ တကယ္လို႔ ခင္ဗ်ားဟာ အိပ္ရာထဲကို လွဲခ်လိုက္တဲ့အခ်ိန္မွာပဲ၊ တစ္ေန႔လုံးက ေျပာခဲ့တဲ့၊ လုပ္ခဲ့တဲ့အရာေတြကို ျပန္ေတြးၿပီး ငါဘာမ်ား မွားမွားယြင္းယြင္းေတြ လုပ္ခဲ့မိၿပီလည္းလို႔ အႀကိမ္ႀကိမ္ ျပန္စဥ္းစားေနမိၿပီဆိုရင္ေတာ့ ခင္ဗ်ားနဲ႔ကၽြန္ေတာ္တူေနပါၿပီ။ အဲဒါကို အဂၤလိပ္လိုေတာ့ rumination လို႔ေခၚပါတယ္။ rumination ဟာ စိုးရိမ္ေၾကာင့္ၾကမႈ (anxiety) ေတြ ေပၚၿပီးရင္းေပၚလာရင္း insomnia လို႔ေခၚတဲ့ အိပ္မေပ်ာ္ေရာဂါကို ျဖစ္ေပၚေစပါတယ္။ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာတုန္းက လူတစ္ေယာက္ကို ကိုယ့္ကိုယ္ နာက်င္ေအာင္ ပစ္ပစ္ခါခါ ေျပာခဲ့အရာတစ္ခုကိုလည္း rumination ျဖစ္ၿပီး ဒီေန႔ထိ ထပ္ခါထပ္ခါ ခံစားေနတတ္တယ္။

တျခားနည္းလမ္းေတြေတာ့ ရွိမွာပါ။ ဒါေပမဲ့ ကၽြန္ေတာ့္အတြက္ေတာ့ ခ်ေရးလိုက္တာက ပိုၿပီးအေထာက္အကူျပဳပါတယ္။ အိပ္ရာမဝင္ခင္မွာ ဖုန္း ဒါမွမဟုတ္၊ ကြန္ပ်ဴတာကို ဖြင့္ၿပီးေတာ့ပဲ ျဖစ္ျဖစ္၊ နီးစပ္ရာ စကၠဴ၊ စာအုပ္ကို ဆြဲယူၿပီးေတာ့ပဲ ျဖစ္ျဖစ္ စိတ္အေႏွာင့္အယွက္ျဖစ္ေနတဲ့ အရာေတြအားလုံးကို ခ်ေရးလိုက္ပါ။ ဘာမဆိုေရးနိုင္ပါတယ္။ Facebook ေပၚက စိတ္အေႏွာင့္အယွက္ ျဖစ္ေစတဲ့အေၾကာင္းအရာေတြကစလို႔ မိသားစု ျပႆနာေတြအထိ တစ္ေန႔လုံးျဖစ္ပ်က္ခဲ့တဲ့ မေကာင္းတဲ့အရာေတြ အကုန္ဆို အကုန္သာ ခ်ေရးလိုက္ပါ။ သုေတသနေတြကေတာ့ တစ္ေန႔ကို ၁၅မိနစ္ေလာက္ စိတ္ေျပလက္ေပ်ာက္ စာေရးတဲ့အေလ့အက်င့္ကို လုပ္ေပးတာက အိပ္မေပ်ာ္ျဖစ္ျခင္းကို ေလ်ာ့က်ေစပါတယ္တဲ့။

၂။ ေရပူပူေလး ခ်ိဳးလိုက္ပါ

Why your favorite hot water bath is bad for you

ေနာက္တစ္မ်ိဳးကေတာ့ မအိပ္ခင္မွာ တစ္နာရီေလာက္ ေရပူပူေလးခ်ိဳးလိုက္တာပါပဲ။ ဒါကလည္း သိပၸံနည္းက် နည္းတစ္မ်ိဳးပါ။ သုေတသနတစ္ခုဆိုရင္ ၄၀ ဒီဂရီ (၁၀၄ဖာရင္ဟိုက္) နဲ႔အထက္ ေရပူပူေလးကို ခ်ိဳးလိုက္တာက ပိုၿပီးေတာ့ လ်င္လ်င္ျမန္ျမန္နဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစပါတယ္တဲ့။ ဒါဟာဘာျဖစ္လို႔လဲဆိုရင္ေတာ့ ေရပူနဲ႔ ေရခ်ိဳးလိုက္တဲ့အခါမွာ ေရပူက ကိုယ့္ရဲ့ ေျခဖ်ားလက္ဖ်ားေလးေတြဆီက အပူေတြကို ဖယ္ရွားပစ္လိုက္ပါတယ္။ အဲ့ဒီအခါမွာ အဓိက အပူခ်ိန္က ေလ်ာ့က်သြားၿပီး ကိုယ့္ရဲ့ ကိုယ္ခႏၶာက ဒါဟာ အိပ္ဖို႔အခ်ိန္က်ၿပီ ဆိုတဲ့ လကၡဏာပဲဆိုၿပီး မွတ္ယူလိုက္လို႔ပါပဲတဲ့။

၃။ ဖတ္ၿပီးသားစာအုပ္ကို ျပန္ဖတ္ပါ

Have trouble sleeping at night? Here's how reading a book can help | Lifestyle News,The Indian Express

ဒီရက္ပိုင္းေတြမွာ အိပ္ခါနီး စာအုပ္ဖတ္ျဖစ္တာေတြ ရွိသလို၊ မဖတ္ျဖစ္တဲ့အခါလည္း ရွိပါတယ္။ မဖတ္ျဖစ္တဲ့အခါေတြဆိုရင္ေတာ့ အိပ္ရာထဲမွာ ဖုန္းသုံးေနလိုက္တာပါပဲ။ အဲဒီအခါက်ေတာ့ အိပ္ရတာပိုခက္ခဲတာေပါ့။ အိပ္ခ်ိန္မွာ ဖုန္းသုံးတာက အိပ္စက္မႈကို ပိုမိုေႏွာင့္ေႏွးေစပါတယ္တဲ့။ အေကာင္းဆုံးကေတာ့ ပိုၿပီးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ခ်ိန္ရင္ ဖုန္းကို ကိုယ္နဲ႔ေဝးရာမွာ ထားလိုက္တာပါပဲ။ အဲဒီအစား အိပ္ခါနီး အိပ္ရာထဲမွာ စာအုပ္တစ္အုပ္ဖတ္ေနလိုက္ေပါ့။ စာအုပ္ဖတ္တဲ့အခါမွာလည္း စာအုပ္အသစ္ဆိုရင္ စာအုပ္ကို တအားစိတ္ဝင္စားစရာေကာင္းေနတဲ့အခါ ဖတ္ရင္းဖတ္ရင္းနဲ႔ ညလုံးေပါက္သြားတာေတြ ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ အိပ္ခါနီးမွာ ဖတ္ၿပီးသားစာအုပ္ေတြ ထပ္ခါထပ္ခါျပန္ဖတ္တာ အိပ္စက္မႈကို ပိုမိုေကာင္းမြန္ေစပါတယ္။ (ပ်င္းၿပီးအိပ္ေပ်ာ္သြားတာမ်ိဳးပါ၊ ေက်ာင္းဖတ္စာအုပ္ေတြဖတ္ရင္ ပိုေကာင္းမလားပဲ) ဇာတ္လမ္းကိုလည္း သိၿပီးေနတဲ့အခါက်ေတာ့ စာအုပ္ၿပီးဖို႔ကိုလည္း အလ်င္လိုမေနေတာ့ဘဲ ေျဖးေျဖးေလးနဲ႔ ၿငိမ့္ၿငိမ့္ေလး ဖတ္ေနလိုက္႐ုံပါပဲ။ ဆိုေတာ့ အိပ္လည္းအိပ္ေပ်ာ္၊ စာလည္းဖတ္ျဖစ္ဆိုေတာ့။ win-win situation ပါပဲေနာ္။

၄။ စိတ္၏ေစရာကို ခ်ဳပ္တည္းပါ

Sleep Meditation - Zen Rince

ေနာက္တစ္မ်ိဳးကို ဗုဒၶဘာသာနည္းအရ တရားမွတ္(meditate) လုပ္တာပါ။ အိပ္တဲ့အခါ အိပ္ရာေပၚလွဲခ်လိုက္ၿပီးတာနဲ႔ မီးကို အေမွာင္ခ်၊ ပက္လက္အေနအထားနဲ႔ အေၾကာေတြအားလုံးကို ေျဖေလၽွာ့ထားလိုက္ပါ။ ၿပီးတာနဲ႔ ဝင္ေလထြက္ေလကို စမွတ္ပါ။(တခ်ိဳ႕ကလည္းက တစ္၊ ႏွစ္၊ သုံး၊ ေလး ေရၿပီး ေလးအထိေရာက္တာနဲ႔ တစ္တာလီလို႔မွတ္ၿပီး တစ္ကေန ျပန္ေရ၊ အဲ့လိုလုပ္က်ပါတယ္။ အဓိကကေတာ့ ဘာကိုမွ မေတြးမိဖို႔ပါ။ တစ္ခုခုကို အာ႐ုံေရာက္သြားနဲ႔ အဲ့အာ႐ုံကို ျပန္ဖမ္းဆုပ္ၿပီး ဝင္ေလထြက္ေလကို အာ႐ုံစူးစိုက္ဖို႔ပါ။ ပင့္ကူဟာ ပင့္ကူအိမ္မွာ မိထားတဲ့ သားေကာင္ကို လြတ္ထြက္သြားတာနဲ႔ ျပန္ျပန္ ဖမ္းခ်ဳပ္ၿပီး အမၽွင္ေတြနဲ႔ ယွက္ေထြးလိုက္တဲ့ သေဘာပါပဲတဲ့။ ပ်ံ႕လြင့္သြားတဲ့အာ႐ုံ အခ်ိန္မီ ျပန္ျပန္ဖမ္းဆုပ္ၿပီး ဝင္ေလထြက္ေလ မွတ္ေနတဲ့ သေဘာပါ။ အဲ့လိုလုပ္ေနရင္း မၾကာခင္မွာေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားၿပီး ေနာက္ေန႔မနက္မွာ စိတ္ၾကည္လင္လန္းဆန္းစြာ နိုးထလာတာကို ေတြ႕ရပါလိမ့္မယ္။

ကဲ၊ နည္းလမ္းေလးေတြလည္းေပးၿပီးသြားၿပီဆိုေတာ့၊ ပိုၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္နိုင္ၾကပါေစဗ်ာ။

Comments

  1. ဖတ်ရတဲ့သူ မပျင်းသွား​အောင် ထိထိမိမိ​ရေးတတ်လိုက်တာ။​ကျေးဇူးပါ။

    ReplyDelete
  2. ကျေးဇူးပါ ❤

    ReplyDelete

Post a Comment