အမြွှာများနှင့် ပတ်သက်သည့် စိတ်ဝင်စားစရာအချက်များ



 အမြွှာများနှင့် ပတ်သက်သည့် စိတ်ဝင်စားစရာအချက်များ

Image result for twins

-အမြွှာတွေမှာ Identical Twinsနှင့် Fraternal Twinsဆိုပြီး နှစ်မျိုး ရှိပါတယ်။ Identical Twinsဆိုတာ သားဥတစ်ဥနှင့် သုတ်ပိုးတို့ ပေါင်းစပ်သန္ဓေအောင်ပြီး မကြာမီမှာ သားဥဟာ နှစ်ခု(တစ်ဝက်စီ)ကွဲထွက်သွားပါတယ်။ ထိုကွဲထွက်သွားတဲ့ သားဥတစ်ဝက်စီဟာ သန္ဓေလောင်းလေးအဖြစ် ဆက်လက်ကြီးထွားလာပြီး ကလေးလေး ဖြစ်လာကြတဲ့အခါမှာ အမြွှာမွေးဖွားလာကြပါတယ်။ Identical Twinsများဟာ သားဥတစ်ဥနှင့် သုတ်ပိုးတစ်ခုတည်းကသာ သန္ဓေအောင်လာကြတာဖြစ်တဲ့တွက်ကြောင့် Chromosomes ၁၀၀%တူညီကြပြီး အမြွှာလေးတွေရဲ့ လိင်အင်္ဂါနှင့် မျိုးရိုးဗီဇလက္ခဏာများဟာ တူညီကြပါတယ်။

Image result for twins

-Fraternal Twinsဆိုတာကတော့ အမျိုးသမီးများမှာ သားဥနှစ်ဥထွက်ပြီးတော့ တစ်ဥချင်းစီက မတူညီတဲ့ သုတ်ပိုးတစ်ခုစီနဲ့ ပေါင်းပြီး သန္ဓေအောင်သွားတဲ့အခါမှာ အမြွှာဖြစ်လာတဲ့အမျိုးအစား ဖြစ်ပါတယ်။ Fraternal Twinsများဟာ မတူညီတဲ့ သားဥ၊ မတူညီတဲ့ သုတ်ပိုးတို့မှ ပေါက်ဖွားလာတာဖြစ်တဲ့အတွက်ကြောင့် မောင်နှမအရင်းတွေလို Chromosomes ၅၀%သာ တူညီကြပါတယ်။ ဒါကြောင့်မို့လို့ ရုပ်မတူတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ Fraternal Twinsများကတော့ လိင်တူတာရော၊ မတူတာရော ဖြစ်နိုင်ပါတယ်။

-အမြွှာလေးတွေဟာ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်ဆိုရင်တော့ Fraternal Twinsတွေ ဖြစ်ကြပါတယ်။ လိင်တူတဲ့ အမြွှာများကို Identical Twinsလား၊ Fraternal Twinsလားဆိုတာကိုတော့ Zygosity testingနှင့် စစ်ဆေးပြီးသာ သေချာစွာ သိရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့သော Fraternal Twinsများရဲ့ မျိုးရိုးဗီဇလက္ခဏာများဟာလည်း တော်တော်များများ ဆင်တူတတ်လို့ ဖြစ်ပါတယ်။

-အမြွှာများဟာ အဓိကအားဖြင့် Identical Twinsနှင့် Fraternal Twinsဆိုပြီး နှစ်မျိုးသာ ရှိပေမယ့် တတိယအမျိုးအစားအနေနှင့် Half Identical Twinsဆိုပြီး ထပ်ရှိပါသေးတယ်။ သားဥတစ်ဥဟာ နှစ်ခုအရင်ကွဲထွက်ပြီးမှ သုတ်ပိုးနှစ်ခုနဲ့ ပေါင်းစပ်ပြီး သန္ဓေအောင်တဲ့ အမြွှာအမျိုးအစား ဖြစ်ပါတယ်။ သို့သော် ကွဲထွက်သွားတဲ့သားဥနှစ်ဥလုံး သန္ဓေအောင်ဖို့ ခဲယဥ်းတာကြောင့် ဒီအမျိုးအစားဟာ တော်တော် ရှားပါတယ်။ Half Identical Twinsများဟာ DNA ၇၅%တူညီကြပါတယ်။ 

-အမြွှာမွေးဖွားနိုင်ခြေများစေသော အချက်များစွာ ရှိပါတယ်။ မျိုးရိုးထဲမှာ အမြွှာမွေးဖွားဖူးတဲ့ ရာဇဝင်ရှိသူများဟာ အမြွှာမွေးဖွားနှုန်း များပါတယ်။ အသက် သုံးဆယ်ကျော် မိခင်များဟာ မျိုးဥထွက်ချိန်မှာ သားဥတစ်ဥထက် ပိုထွက်နိုင်တဲ့အတွက်ကြောင့် အမြွှာမွေးဖွားနှုန်း အသက် သုံးဆယ်အောက်မိခင်များထက် ပိုများပါတယ်။ အရပ်ရှည်တဲ့ အမျိုးသမီးများမှာ IGF(Insulin-like growth factor) ပိုများတဲ့အတွက်ကြောင့် အမြွှာမွေးဖွားနိုင်ခြေ ပိုများပါတယ်။ နို့တိုက်မိခင်များမှာလည်း အမြွှာမွေးဖွားနှုန်း ပိုများပါတယ်။ ထို့ပြင် နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးတဲ့ အမျိုးသမီးများဟာ အမြွှာမွေးဖွားနိုင်ခြေ ပိုများပါတယ်။ 

Image result for famous twins

-အမြွှာတွေဟာ (မရှိသလောက် ရှားပေမယ့်) ဖခင်မတူတာမျိုး ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးများဟာ တစ်လကို သားဥတစ်ဥထွက်ပေမယ့် တစ်ခါတလေမှာ နှစ်ဥထွက်တတ်ကြပါတယ်။ ထိုအချိန်မှာ အမျိုးသားနှစ်ယောက်နှင့် လိင်ဆက်ဆံမိတဲ့အခါမှာ အမျိုးသားတစ်ယောက်စီ၏ သုတ်ပိုးတို့နှင့် သားဥနှစ်ဥတို့ဟာ တစ်ခုစီ မျိုးပွားကြတဲ့တွက်ကြောင့် မိခင်တစ်ဦးတည်းမှ မွေးတဲ့အမြွှာတွေမှာ အဖေ မတူတာမျိုးဆိုတာ ဖြစ်နိုင်ပါတယ်။ 

-အမြွှာများဟာ မိခင်၏ ဝမ်းဗိုက်ထဲမှာ ကိုယ်ဝန်ရဲ့ ၁၄ပတ်မှာ စပြီး အချင်းချင်း ထိတွေ့၊ဆက်ဆံ၊ကစားတတ်ကြပါပြီ။ မမွေးခင် ၂၆ပတ်အလိုတည်းက ရင်းနှီးနေကြတဲ့အတွက်ကြောင့် အမြွှာတွေမှာ စိတ်ချင်းဆက်တာတော့ သိပ်မထူးဆန်းတော့ပါဘူး။

Image result for famous twins tik tok

-အမြွှာတွေရဲ့ ၄၀%မှာ သူတို့ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ဘာသာစကားရှိကြပါတယ်။ ထိုဘာသာစကားမှာ စကားလုံးတွေရော အမူအရာတွေရော ပါဝင်တတ်ပါတယ်။ 

-အမြွှာတွေရဲ့ မွေးဖွားချိန်ဟာ စက္ကန့်ပိုင်းမှ ရက်ပိုင်းအထိ ကွာခြားနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် မွေးဖွားချိန်ကွာခြားချက်ဟာ ၁၇မိနစ်ဖြစ်ပါတယ်။ အမြွှာတစ်ယောက်နှင့် တစ်ယောက်ကြား မွေးဖွားချိန်ကွာခြားချက် အတိုဆုံးဟာ ၂၂.၉၇၆စက္ကန့် ဖြစ်ပြီး အရှည်ဆုံးကတော့ ၉၇ရက်ဖြစ်ပါတယ်။

-မွေးဖွားချိန်ကွာခြားမှုအလိုက် အမြွှာတွေဖြစ်လျက် မွေးနေ့မတူတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ တချို့သောဖြစ်စဥ်မှာ မွေးဖွားချိန် တစ်မိနစ်ပဲ ကွာတာတောင် အမြွှာနှစ်ယောက်ဟာ နှစ်ဟောင်းရဲ့ နောက်ဆုံးကလေးနှင့် နှစ်သစ်ရဲ့ ပထမဦးဆုံးကလေးအဖြစ် မွေးဖွားတတ်တာကြောင့် မွေးဖွားတဲ့ ခုနှစ်ကွာခြားနိုင်ပါတယ်။ တခြားသော နာရီပိုင်း၊ ရက်ပိုင်းအထိ မွေးဖွားချိန်ကွာတဲ့ အမြွှာတွေမှာ မွေးဖွားတဲ့ ခုနှစ်မတူတာမျိုးဆိုတာ ပိုတောင်ဖြစ်နိုင်ပါတယ်။

-Identical Twinsများရဲ့ ၂၅%ခန့်ဟာ Mirror Image Twinsများ ဖြစ်တတ်ကြပါတယ်။ Mirror Image Twinsဆိုတာ အမြွှာတွေမှာ ရုပ်ပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာတို့ဟာ ဆန့်ကျင်ဘက်ဖြစ်နေတာမျိုးပါ။ဥပမာ- အမြွှာတစ်ယောက်ရဲ့ ညာဘက်ပါးမှာ မှည့်ရှိရင် နောက်တစ်ယောက်ရဲ့ ဘယ်ဘက်ပါးမှာ မှည့်ရှိတာမျိုး၊ တစ်ယောက်က ညာသန်ဖြစ်ပြီး နောက်တစ်ယောက်က ဘယ်သန်ဖြစ်တာမျိုး၊ တစ်ယောက်က ဘယ်ဘက်လှည့်အိပ်ရတာကို သဘောကျပြီး နောက်တစ်ယောက်က ညာဘက်လှည့် အိပ်ရတာကို သဘောကျတာမျိုးတို့ပဲ ဖြစ်ပါတယ်။

Image result for famous twins

-Identical Twinsဖြစ်စဥ်မျိုးမှာ သားဥတစ်ဥနှင့် သုတ်ပိုးတို့ဟာ ပေါင်းစပ်သန္ဓေအောင်ပြီး ၁၃-၁၅ရက်ကြာ(နောက်ကျပြီး)မှ တစ်ဝက်ကွဲထွက်ပြီး ကွဲထွက်တဲ့ဖြစ်စဥ်ဟာ မပြီးဆုံးသေးဘဲ ရပ်သွားတဲ့အချိန်မှာ သန္ဓေသားလောင်းနှစ်ခုဟာ ခန္ဓာကိုယ်ဆက်လျက် မွေးဖွားလာကြပါတယ်။ ထိုသို့သော အမြွှာမျိုးကို Conjoined Twinsလို့ ခေါ်ပြီး မွေးဖွားတဲ့ဖြစ်စဥ်ပေါင်း ၂သိန်းမှာ တစ်ခါသာ ဖြစ်နိုင်တဲ့ အလွန်ရှားပါး ဖြစ်စဥ် ဖြစ်ပါတယ်။

-လေ့လာတွေ့ရှိချက်များအရ ပိုမိုကျန်းမာတဲ့ အမျိုးသမီးများဟာ အမြွှာမွေးဖွားနိုင်ပြီး အမြွှာမွေးဖွားထားတဲ့မိခင်များဟာ တခြားသောမိခင်များထက် အသက်ပိုရှည်ကြပါတယ်။

-အမြွှာများရဲ့ ၂၂%ဟာ ဘယ်သန်များ ဖြစ်ကြပါတယ်။

Comments

Post a Comment