သန်စွမ်းကျန်းမာတဲ့ဆံကေသာ ပိုင်ဆိုင်လိုသူများအတွက် သဘာဝနည်းလမ်းကောင်းများ


 

Unicode

 

“ဆံကေသာက လူတယောက်ရဲ့ ဒုတိယမျက်နှာ” လို့ အများက လက်ခံထားတဲ့ ဆိုရိုးတခု ရှိပါတယ်။ လူတယောက်က သူ့ရဲ့မျက်နှာကို ဂရုစိုက်ထိန်းသိမ်းသလိုပဲ ဆံကေသာ ကျန်းမာရေးအတွက်လည်း ဂရုစိုက်သင့်ပါတယ်။

 

ပျမ်းမျှအားဖြင့် လူတယောက်ရဲ့ဆံပင်ဟာ တစ်လမှာ ၀.၅ ကနေ ၁.၇ စင်တီမီတာအထိ ရှည်နိုင်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဆံပင်ပိုရှည်လွယ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူတွေရဲ့ ဆံပင် အမျိုးအစား၊ အရောင်နဲ့ အရွယ်အစားတွေဟာ မျိုးရိုးဗီဇ၊ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ ဒါ့အပြင် နေ့စဉ် နေထိုင်စားသောက်မှုပုံစံနဲ့ နေ၊ ရေ၊ လေ၊ မီးခိုး စတဲ့ ပြင်ပအခြေအနေတွေကလည်း ဆံကေသာအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ လူကြောင့်ဖြစ်တဲ့ ပျက်စီးမှုကတော့ အများဆုံး ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဆံပင်ကို ပုံစံအမျိုးမျိုးပြောင်း၊ ကောက်တာ ဖြောင့်တာတွေလုပ်၊ အရောင်ချွတ်၊ ဆေးတွေဆိုးပြီး နည်းလမ်းအမျိုးမျိုးနဲ့ လှပအောင် ပြုပြင်နေကြပေမယ့် ဆံကေသာ ပြုပြင်ထိန်းသိမ်းဖို့ကိုတော့ မေ့လျော့ထားတတ်ကြပါတယ်။ ရလဒ်အနေနဲ့ကတော့ ကိုယ့်ဆံပင်ဟာ မူလထက် ပိုမိုပျက်စီးသွားပြီး ကိုယ့်ပုံရိပ်အတွက် ဘယ်လိုမှ အထောက်အကူမဖြစ်တော့တာပါပဲ။ ဒါ့ကြောင့် မျက်နှာအလှအပအတွက် Skin Care လုပ်ကြသလို ဆံသားအလှအပအတွက် Hair Care လုပ်နိုင်ဖို့ အသုံးဝင်တဲ့ သဘာဝဆေးစွမ်းကောင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

 

အုန်းဆီ

အုန်းဆီက နေရောင်ခြည်နဲ့ ထိတွေ့မှု၊ ဓာတုဆေးပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့်ဖြစ်တဲ့ ပရိုတင်းဓာတ် ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ အုန်းဆီမှာ Lauric Acid ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆံသားအတွင်းပိုင်းအထိ အလွယ်တကူစိမ့်ဝင်နိုင်ပြီး ရှည်လျားဖြောင့်စင်းတဲ့ ဆံကေသာရရှိဖို့ အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် မှိုကြောင့်ဖြစ်တဲ့ ဗောက်ထတာကို သက်သာစေပြီး ဆံပင်ကျွတ်ခြင်း၊ ကျိုးပြတ်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ကြက်သွန်နီ

ကြက်သွန်နီရဲ့ အကျိုးကျေးဇူးကတော့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံသားကို ထူထဲသန်စွမ်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ကြက်သွန်နီကို ကြိတ်ချေပြီး ရလာတဲ့ အရည်ကို ဦးရေပြားပေါ်မှာ လိမ်းပေးရမှာပါ။ မိမိနှစ်သက်ရာ အုန်းဆီ သို့မဟုတ် သံလွင်ဆီနဲ့ ရောပြီး လိမ်းလို့လဲ ရပါတယ်။ လိမ်းပြီး ၁၅ မိနစ်လောက်ထားပြီးမှ ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်ပါ။ ကြက်သွန်နီအနံ့ကို ခံနိုင်တယ်ဆိုရင်တော့ စမ်းသပ်ကြည့်သင့်ပါတယ်။

 

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ရဲ့အစွမ်းကတော့ ဆံပင်ကို ထူထဲစေပြီး ဆံပင်နှစ်ခွဖြစ်ခြင်းနဲ့ ဗောက်ထခြင်းများကို သက်သာစေတာပါ။ သူ့ကိုလည်း ရှားစောင်းလက်ပက် အနှစ်ချည်းသက်သက် ဦးရေပြားထိအောင် လိမ်းနိုင်သလို နှစ်သက်ရာ အုန်းဆီ သို့မဟုတ် သံလွင်ဆီ သို့မဟုတ် ပျားရည်နဲ့ ရောစပ်ပြီး လိမ်းနိုင်ပါတယ်။ လိမ်းပြီး အနည်းဆုံး နာရီဝက်ခန့် ထားပြီးမှ ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။

 

ဆန်ဆေးရည်

ဆန်ဆေးရည်မှာ ပါဝင်တဲ့ Amino Acid က ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ဆန်ဆေးရည်ကို နှစ်ရက် သို့မဟုတ် သုံးရက်ခန့် အပုပ်ခံထားပြီး ဦးရေပြားထိ စိမ့်ဝင်အောင် ဖြေးဖြေးချင်း လောင်းပါ။ တနာရီ သို့မဟုတ် နှစ်နာရီခန့်ထားပြီးမှ ခေါင်းလျှော်ရည်နဲ့ သန့်စင်သွားအောင် လျှော်လိုက်ပါ။ သတိပြုရမှာက ဆံသားမှာ ပရိုတင်းဓာတ် ပြည့်ဝလွန်းတဲ့အခါ ထိခိုက် ကျိုးပဲ့လွယ်တတ်တာကြောင့် မကြာခဏ အသုံးမပြုသင့်ပါ။

 

အာဟာရဓာတ်ပြည့်ဝစွာပါဝင်သော အစားအစာများ

ဗီတာမင် A, B, C, D ပါဝင်တဲ့အစားအစာများကလည်း ဆံကေသာကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင် A မှာပါဝင်တဲ့ Sebum ဆိုတဲ့ အဆီတမျိုးက ဦးရေပြားအတွက်လိုအပ်တဲ့ အစိုဓာတ်ထိန်းပေးပါတယ်။ ဗီတာမင် A ရရှိနိုင်တဲ့အစားအစာတွေကတော့ ကန်စွန်းဥ၊ မုန်လာဥနီ၊ ဖရုံသီး၊ နွားနို့၊ ကြက်ဥနဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။ ဗီတာမင် B ကတော့ ဦးရေပြားနဲ့ ဆံခြည်မျှင်လေးတွေကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ် ပံ့ပိုးပေးနိုင်တဲ့ သွေးနီဥတွေ တိုးပွားစေပါတယ်။ အသား၊ ငါး၊ ပင်လယ်စာနဲ့ အစိမ်းရင့်ရောင် အရွက်တွေမှာ ဗီတာမင် B ပြည့်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင် C ကတော့ ဆံပင်အရှည်မြန်စေတဲ့ သတ္တုဓာတ်နဲ့ ဆံသားအတွက်အရေးပါတဲ့ collagen တို့ ပေါင်းစပ်ပါဝင်တဲ့ သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ စတော်ဘယ်ရီ၊ မာလကာသီးနဲ့ အရည်ရွှမ်းတဲ့ အသီးတွေမှာ ဗီတာမင် C ပါဝင်ပါတယ်။ ဗီတာမင် D ကတော့ ဆံပင်အသစ်ပြန်ပေါက်ဖို့ အားပေးတဲ့ ဓာတ်တမျိုးဖြစ်ပြီး အဆီများတဲ့ ငါး၊ မှိုတို့ကို စားသုံးတာအပြင် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကနေလည်း ဗီတာမင် D ဓာတ် ရရှိနိုင်ပါတယ်။

 

အထက်မှာ ဖော်ပြခဲ့တဲ့ သဘာဝပစ္စည်းတွေဟာ ကိုယ်နဲ့လက်တကမ်းမှာပဲ အလွယ်တကူ ရရှိနိုင်ပြီး စျေးလည်းသက်သာပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး ပြုပြင်ထိန်းသိမ်းသွားမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ ပေါပေါများများ ရနိုင်တာကြောင့် အများစုက သူ့ရဲ့ထိရောက်မှုကို လျှော့တွက်တတ်ကြပေမယ့် တကယ်ထိရောက်တဲ့နည်းတွေဖြစ်လို့ စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

 

 

Zawgyi

 

ဆံေကသာက လူတေယာက္ရဲ႕ ဒုတိယမ်က္ႏွာ လို႔ အမ္ားက လက္ခံထားတဲ့ ဆိုရိုးတခု ရွိပါတယ္။ လူေတယာကၠ သူ႕ရဲ႕မ်က္ႏွာကို ဂ႐ုစိုက္ထိန္းသိမ္းသလိုပဲ ဆံေကသာ က်န္းမာေရးအတြက္လည္း ဂ႐ုစိုက္သင့္ပါတယ္။

 

ပ်မ္းမွ်အားျဖင့္ လူတေယာက္ရဲ႕ဆံပင္ဟာ တလမြာ ၀.၅ ေကန ၁.၇ စင္တီမီတာအထိ ရွည္နိုင္ပါတယ္။ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ဆံပင္ပိုရွည္လြယ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ လူေတြရဲ႕ ဆံပင္ အမ်ိဳးအစား၊ အေရာင္နဲ႕ အ႐ြယ္အစားေတြဟာ မ်ိဳးရိုးဗီဇ၊ အသက္အ႐ြယ္နဲ႕ က်န္းမာေရးအေျခအေနေပၚ မူတည္ၿပီး ကြဲျပားမႈရွိပါတယ္။ ဒါ့အျပင္ ေန႕စဥ္ ေနထိုင္စားေသာက္မႈပုံစံနဲ႕ ေန၊ ေရ၊ ေလ၊ မီးခိုး စတဲ့ ျပင္ပအေျခအေနေတြကလည္း ဆံေကသာအေပၚမွာ သက္ေရာက္မႈရွိပါတယ္။ ဒါေပမဲ့ လူေၾကာင့္ျဖစ္တဲ့ ပ်က္စီးမႈကေတာ့ အမ္ားဆုံး ျဖစ္ပါတယ္။ ဒီေန႕ေခတ္မွာ ဆံပင္ကို ပုံစံအမ်ိဳးမ်ိဳးေျပာင္း၊ ေကာက္တာ ေျဖာင့္တာေတြလုပ္၊ အေရာင္ခြၽတ္၊ ေဆးေတြဆိုးၿပီး နည္းလမ္းအမ်ိဳးမ်ိဳးနဲ႕ လွပေအာင္ ျပဳျပင္ေနၾကေပမယ့္ ဆံေကသာ ျပဳျပင္ထိန္းသိမ္းဖို႔ကိုေတာ့ ေမ့ေလ်ာ့ထားတတ္ၾကပါတယ္။ ရလဒ္အေနနဲ႕ကေတာ့ ကိုယ့္ဆံပင္ဟာ မူလထက္ ပိုမိုပ်က္စီးသြားၿပီး ကိုယ့္ပုံရိပ္အတြက္ ဘယႅိုမြ အေထာက္အကူမျဖစ္ေတာ့တာပါပဲ။ ဒါ့ေၾကာင့္ မ်က္ႏွာအလွအပအတြက္ Skin Care လုပ္ၾကသလို ဆံသားအလွအပအတြက္ Hair Care လုပ္နိုင္ဖို႔ အသုံးဝင္တဲ့ သဘာဝေဆးစြမ္းေကာင္းေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။

 

အုန္းဆီ

အုန္းဆီက ေနေရာင္ျခည္နဲ႕ ထိေတြ႕မႈ၊ ဓာတုေဆးပစၥည္းေတြနဲ႕ ထိေတြ႕မႈေၾကာင့္ျဖစ္တဲ့ ပရိုတင္းဓာတ္ ဆုံးရႈံးမႈကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။ အုန္းဆီမွာ Lauric Acid ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ဆံသားအတြင္းပိုင္းအထိ အလြယ္တကူစိမ့္ဝင္နိုင္ၿပီး ရွည္လ်ားေျဖာင့္စင္းတဲ့ ဆံေကသာရရွိဖို႔ အေထာက္အကူျပဳေပးပါတယ္။ ဒါ့အျပင္ မွိုေၾကာင့္ျဖစ္တဲ့ ေဗာက္ထတာကို သက္သာေစၿပီး ဆံပင္ကြၽတ္ျခင္း၊ က်ိဳးျပတ္ျခင္း မျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

 

ၾကက္သြန္နီ

ၾကက္သြန္နီရဲ႕ အက်ိဳးေက်းဇူးကေတာ့ ေသြးလည္ပတ္မႈေကာင္းမြန္ေစၿပီး ဆံသားကို ထူထဲသန္စြမ္းေအာင္ ျပဳလုပ္ေပးနိုင္ပါတယ္။ ၾကက္သြန္နီကို ႀကိတ္ေခ်ၿပီး ရလာတဲ့ အရည္ကို ဦးေရျပားေပၚမွာ လိမ္းေပးရမွာပါ။ မိမိႏွစ္သက္ရာ အုန္းဆီ သို႔မဟုတ္ သံလြင္ဆီနဲ႕ ေရာၿပီး လိမ္းလို႔လဲ ရပါတယ္။ လိမ္းၿပီး ၁၅ မိနစ္ေလာက္ထားၿပီးမွ ပုံမွန္အတိုင္း ေခါင္းေလွ်ာ္လိုက္ပါ။ ၾကက္သြန္နီအနံ႕ကို ခံနိုင္တယ္ဆိုရင္ေတာ့ စမ္းသပ္ၾကည့္သင့္ပါတယ္။

 

ရွားေစာင္းလက္ပက္

ရွားေစာင္းလက္ပက္ရဲ႕အစြမ္းကေတာ့ ဆံပင္ကို ထူထဲေစၿပီး ဆံပင္ႏွစ္ခြျဖစ္ျခင္းနဲ႕ ေဗာက္ထျခင္းမ်ားကို သက္သာေစတာပါ။ သူ႕ကိုလည္း ရွားေစာင္းလက္ပက္ အႏွစ္ခ်ည္းသက္သက္ ဦးေရျပားထိေအာင္ လိမ္းနိုင္သလို ႏွစ္သက္ရာ အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ သို႔မဟုတ္ ပ်ားရည္နဲ႕ ေရာစပ္ၿပီး လိမ္းနိုင္ပါတယ္။ လိမ္းၿပီး အနည္းဆုံး နာရီဝက္ခန့္ ထားၿပီးမွ ပုံမွန္အတိုင္း ေခါင္းေလွ်ာ္ပါ။

 

ဆန္ေဆးရည္

ဆန္ေဆးရည္မွာ ပါဝင္တဲ့ Amino Acid က ဆံပင္ကြၽတ္ျခင္းကို သက္သာေစပါတယ္။ ဆန္ေဆးရည္ကို ႏွစ္ရက္ သို႔မဟုတ္ သုံးရက္ခန့္ အပုပ္ခံထားၿပီး ဦးေရျပားထိ စိမ့္ဝင္ေအာင္ ေျဖးေျဖးခ်င္း ေလာင္းပါ။ တနာရီ သို႔မဟုတ္ ႏွစ္နာရီခန့္ထားၿပီးမွ ေခါင္းေလွ်ာ္ရည္နဲ႕ သန့္စင္သြားေအာင္ ေလွ်ာ္လိုက္ပါ။ သတိျပဳရမွာက ဆံသားမြာ ပရိုတင္းဓာတ္ ျပည့္ဝလြန္းတဲ့အခါ ထိခိုက္ က်ိဳးပဲ့လြယ္တတ္တာေၾကာင့္ မၾကာခဏ အသုံးမျပဳသင့္ပါ။

 

အာဟာရဓာတ္ျပည့္ဝစြာပါဝင္ေသာ အစားအစာမ္ား

ဗီတာမင္ A, B, C, D ပါဝင္တဲ့အစားအစာမ်ားကလည္း ဆံေကသာက်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ ဗီတာမင္ A မွာပါဝင္တဲ့ Sebum ဆိုတဲ့ အဆီတမ်ိဳးက ဦးေရျပားအတြက္လိုအပ္တဲ့ အစိုဓာတ္ထိန္းေပးပါတယ္။ ဗီတာမင္ A ရရွိနိုင္တဲ့အစားအစာေတြကေတာ့ ကန္စြန္းဥ၊ မုႏႅာဥနီ၊ ဖ႐ုံသီး၊ ႏြားနို႔၊ ၾကက္ဥနဲ႕ ဒိန္ခ်ဥ္တို႔ ျဖစ္ပါတယ္။ ဗီတာမင္ B ေကတာ့ ဦးေရျပားနဲ႕ ဆံျခည္မွ်င္ေလးေတြကို ေအာက္ဆီဂ်င္နဲ႕ အာဟာရဓာတ္ ပံ့ပိုးေပးနိုင္တဲ့ ေသြးနီဥေတြ တိုးပြားေစပါတယ္။ အသား၊ ငါး၊ ပင္လယ္စာနဲ႕ အစိမ္းရင့္ေရာင္ အ႐ြက္ေတြမွာ ဗီတာမင္ B ျပည့္ဝစြာ ပါဝင္ပါတယ္။ ဗီတာမင္ C ေကတာ့ ဆံပင္အရွည္ျမန္ေစတဲ့ သတၱဳဓာတ္နဲ႕ ဆံသားအတြက္အေရးပါတဲ့ collagen တို႔ ေပါင္းစပ္ပါဝင္တဲ့ သံဓာတၠို ခႏၶာကိုယ္က စုပ္ယူနိုင္ဖို႔ ကူညီေပးပါတယ္။ စေတာ္ဘယ္ရီ၊ မာလကာသီးနဲ႕ အရည္႐ႊမ္းတဲ့ အသီးေတြမွာ ဗီတာမင္ C ပါဝင္ပါတယ္။ ဗီတာမင္ D ေကတာ့ ဆံပင္အသစ္ျပန္ေပါက္ဖို႔ အားေပးတဲ့ ဓာတ္တမ်ိဳးျဖစ္ၿပီး အဆီမ္ားတဲ့ ငါး၊ မွိုတို႔ကို စားသုံးတာအျပင္ ေနေရာင္ျခည္နဲ႕ ထိေတြ႕ျခင္းကေနလည္း ဗီတာမင္ D ဓာတ္ ရရွိနိုင္ပါတယ္။

 

အထက္မွာ ေဖာ္ျပခဲ့တဲ့ သဘာဝပစၥည္းေတြဟာ ကိုယ္နဲ႕လက္တကမ္းမွာပဲ အၾလယၱကူ ရရွိနိုင္ၿပီး ေစ်းလည္းသက္သာပါတယ္။ ေဘးထြက္ဆိုးက်ိဳးလည္း မရွိတာေၾကာင့္ စိတ္ရွည္ရွည္နဲ႕ အခ်ိန္ေပးၿပီး ျပဳျပင္ထိန္းသိမ္းသြားမယ္ဆိုရင္ က်န္းမာသန္စြမ္းတဲ့ ဆံေကသာကို ပိုင္ဆိုင္နိုင္မွာပဲ ျဖစ္ပါတယ္။ ေပါေပါမ်ားမ်ား ရနိုင္တာေၾကာင့္ အမ္ားစုက သူ႕ရဲ႕ထိေရာက္မႈကို ေလွ်ာ့တြက္တတ္ၾကေပမယ့္ တကယ္ထိေရာက္တဲ့နည္းေတြျဖစ္လို႔ စမ္းသပ္ၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ပါရေစ။

Comments