နှစ် ၃၀ အတွင်း နီယိုလစ်ဘရယ်ဝါဒရဲ့ အမှားများ

 


နှစ် ၃၀ အတွင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ

ဒီမိုကရေစီရေးရာနဲ့ပတ်သက်ရင် ဩဇာကြီးတဲ့ Journal of Democracy နှစ် ၃၀ ပြည့်စာစောင်မှာ နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားက ‘နှစ် ၃၀ အတွင်း ကမ္ဘာ့နိုင်ငံရေးမှာ ဘာတွေပြောင်းလဲခဲ့သလဲ’ ဆိုတဲ့ စာတမ်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလက ရေးသားဖော်ပြခဲ့ပါတယ်။ ဆရာ ရဲမြင့်ကျော်က ဘာသာပြန်ဆိုရေးသားပြီး ၂၀၂၀ ခုနှစ်၊ မေလထုတ် ပြည်သူ့အရေးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ (ကိုဗစ်-၁၉ ရောဂါ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ခင်) နှစ်ပေါင်း ၃၀ အတွင်း အဓိကပြောင်းလဲသွားတဲ့ နိုင်ငံရေးအရွေ့လေးချက်ကို တင်ပြထားပါတယ်။

နီယိုလစ်ဘရယ်ဝါဒအပေါ် မကြေလည်မှုများ

What critics of 'Neoliberalism' get wrong about markets

လူမျိုးရေးကိုယ်ပိုင်လက္ခဏာနဲ့ နည်းပညာတို့အပြင် ဒီမိုကရေစီတည်ရှိမှုကို တနဲ့နဲ့ပြောင်းလဲပစ်နေတဲ့ အခြားသောအရာတွေထဲက ပထမဆုံးတစ်ခုကတော့ စီးပွားရေးပါ။ 

၁၉၇၀ ပြည့်အလွန်နှစ်တွေမှာ တွေ့ကြုံရတဲ့ စီးပွားရေးတုန့်ဆိုင်းမှုနဲ့ ငွေကြေးဖောင်းပွမှုကို တုံ့ပြန်တဲ့အနေနဲ့ မီလ်တန်ဖရိုင်းမန်၊ ဂရေးဘက်ကာ၊ ဂျော့စတစ်ဂ်လာ၊ ရောဘတ်လူကပ်စ် စတဲ့ ဘောဂဗေဒပညာရှင်တွေက စီးပွားရေးမူဝါဒတွေကို ပြန်လည်သုံးသပ်ပြီး သမ္မတ ရော်နယ်ရေဂင်ရဲ့ အစိုးရကဏ္ဍချုံ့ပစ်ရေး၊ စျေးကွက်ပိုမိုဖြေလျှော့ရေး မူဝါဒကို ထောက်ခံခဲ့ကြတယ်။ ရေဂင်က စီးပွားရေးထဲ အစိုးရဝင်မစွက်ဖက်ရေးကို ပြတ်ပြတ်သားသားပြောလိုက်တော့ အားလုံးတုန်လှုပ်သွားပါတယ်။ အဲ့ဒီအရင်က လွှမ်းမိုးထားတဲ့ ကိန်းဝါဒီတွေရဲ့ စီးပွားရေးစီမံကိန်းထဲ အစိုးရဝင်ရောက်ပါဝင်ရေးနေရာမှာ တင်းကျပ်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်၊ အခွန်လျှော့ချမှု၊ ဗျူရိုကရေစီဖြေလျှော့မှု၊ ပုဂ္ဂလိကပိုင်ပြုမှု၊ သွင်းကုန်အခွန်လျှော့ချမှု၊ ကော်ပိုရိတ်တွေကို အားပေးမှု စတဲ့ ‘ဝါရှင်တန်သဘောတူညီချက်’ လို့ခေါ်တဲ့ အစိုးရဝင်ရောက်စွက်ဖက်မှု လျှော့ချရေးမူတွေနဲ့ အစားထိုးပြီး လုပ်ခဲ့ကြတယ်။ ၁၉၉၀ ပြည့်အလွန်နှစ်တွေဟာ လွတ်လပ်သောစျေးကွက် အထွတ်အထိပ်ကာလပါ။ 

Are Libertarian values compatible with free market capitalism? | Debate.org

သမ္မတရေဂင်နဲ့ ပညာရှင်မီလ်တန်ဖရိုင်းမင်းတို့အုပ်စုက မောင်းနှင်ခဲ့တဲ့ အဆိုပါ ‘နီယိုလစ်ဘရယ်ဝါဒ’ဟာ ဒီကနေ့ သရော်လှောင်ပြောင်စရာဖြစ်နေပေမယ့် တရုတ်နဲ့ အိန္ဒိယတို့လို ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေ ပေါ်ထွက်လာအောင် အားပေးခဲ့ပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းက လွတ်မြောက်စေခဲ့တာကိုတော့ ဝန်ခံရပါမယ်။ အန်ထရာပရာနော ခေါ် လုပ်ငန်းရှင်ပေါင်းများစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သို့သော် ၁၉၉၀ နှောင်းပိုင်းနှစ်တွေကစလို့ ကံမကောင်းအကြောင်းမလှ အန္တရာယ်များတဲ့ အကျိုးဆက်တွေကြုံလာရပါတယ်။Conceptual gap between rich and poor Royalty Free Vector

ပထမအချက်က ကမ္ဘာတစ်လွှား ဆင်းရဲချမ်းသာကွာဟမှုကြီးမားလာပြီး ဓနဥစ္စာဟာ လက်တစ်ဆုပ်စာ လူနည်းစုလက်ထဲမှာ ရှိနေတာပါ။ ကမ္ဘာ့ဓန ၈၀ ရာခိုင်နှုန်းဟာ ချမ်းသာသူ တစ်ရာခိုင်နှုန်းလက်ထဲမှာသာ ရှိနေပါတယ်။ အဲဒီဝင်ငွေမညီမျှမှုဟာ ၁၉၆၀ ပြည့်အလွန်နှစ်တွေကတည်းက တဖြည်းဖြည်း ကြီးမားလာခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယအချက်က ချမ်းသာသူတွေက သူတို့ဓနတွေကို အိမ်ခြံမြေလုပ်ငန်းတွေမှာ ကစားခဲ့ပြီး ငွေကြေးလုပ်ငန်းများ မတည်ငြိမ်မှု အကျိုးဆက်အဖြစ် လက်တင်အမေရိက၊ အရှေ့အာရှ၊ အမေရိကနဲ့ ဥရောပဇုံတို့မှာ ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြစ်စေခဲ့တာပါ။ ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ၂၀၁၀ ယူရိုအကျပ်အတည်းက နီယိုလစ်ဘရယ်တွေကို အကြီးအကျယ် သိက္ခာကျစေခဲ့ပြီး ပေါ်ပြူလစ်ဝါဒ ဇာတ်ခုံပေါ်တက်လာဖို့ လမ်းဖွင့်ပေးလိုက်ပါတော့တယ်။

The great recession 2008-13 - Economics Help

နီယိုလစ်ဘရယ်တွေ ဘယ်နေရာမှာ အကြီးအကျယ်မှားသွားလဲဆိုတော့ အင်မတန်ကောင်းမွန်စွာ လည်ပတ်နေတဲ့ စျေးကွက်စနစ်ထဲမှာတောင် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေးတည်ငြိမ်မှုရှိရေး၊ စီးပွားရေးဆောင်ရွက်မှုတွေကို ကြားနေထိန်းကျောင်းပေးရေး စတာတွေအတွက် အစိုးရကဏ္ဍာဟာ အရေးပါနေဆဲဆိုတဲ့ အချက်ကို မေ့သွားခဲ့ကြတာပါ။ ဒုတိယမြောက် မူဝါဒရေးရာအမှားကတော့ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က လွယ်လွယ်ကူကူ အောင်ပွဲရခဲ့ပြီး အမေရိကန် ပေါ်လစီမိတ်ကာတွေက ကမ္ဘာ့နိုင်ငံရေးကို ပုံဖော်နေသူများလို့ ထင်တစ်လုံးဖြစ်နေခဲ့ခြင်းပါ။

အီရတ်မှာ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေရှိတယ်ထင်ပြီး စိုးရိမ်ကြောက်လန့်စိတ်နဲ့ ဂျော့ဒဗယူဘုရှ်အစိုးရက ၂၀၁၃ မှာ ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တယ်။ အာဏာရှင်ဆဒမ်ဟူစိန်ကို ဖြုတ်ချပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံး ဒီမိုကရေစီဇာတ်သွင်းဖို့ ‘Freedom Agenda’ ကို အကောင်အထည်ဖော်တယ်။ အမေရိကန် ဝင်ရောက်ကျူးကျော်မှုကြောင့် အီရန်နဲ့ ရှီယားမဟာမိတ်တွေ အရှေ့အလယ်ပိုင်းမှာ ဩဇာတက်လာခြင်း၊ အီရတ်မှာ မတည်ငြိမ်မှုတွေ ဆက်ဖြစ်နေပြီး အကြမ်းဖက်အုပ်စုတွေနဲ့ အစ္စလာမ်နိုင်ငံတော် ထူထောင်လိုသူတွေ ပေါ်ထွက်လာခြင်း စတဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ရေရှည်အကျိုးဆက်တွေ အများကြီး ကြုံလာရတယ်။

[caption id="" align="alignnone" width="1000"]The Forever War Continues—in Iraq American soldier in Iraq[/caption]

အနောက်မဟာမိတ်နိုင်ငံတွေအချင်းချင်း အမြင်သဘောထားမတူညီမှုတွေ ရှိလာပြီး အမေရိကန်ဘာလုပ်လုပ် ထောက်ခံနေတဲ့ ဗြိတိန်ဟာ သိက္ခာကျလာတယ်။ အဆုံးမှာ အီရတ်ကို ဝင်ရောက်သိမ်းပိုက်ခြင်းဟာ ဒီမိုကရေစီမြှင့်တင်ဖို့အတွက် အမေရိကန်က စစ်ရေးပါဝါကို တစ်ကိုယ်တော်ကျိတ်အသုံးပြုခြင်းဖြစ်တယ်လို့ တစ်ကမ္ဘာလုံးက မြင်သွားပါတယ်။ အမေရိကန်လူငယ်မျိုးဆက်တွေကလည်း သူတို့အစိုးရက အခြားနိုင်ငံတွေသွားပြီး ဒီမိုကရေစီ မြှင့်တင်ရေးလုပ်တာကို သံသယစိတ်နဲ့ ကြည့်လာကြပါတယ်။ ဒါ့အပြင် အမေရိကန်တွေကို စိတ်ပျက်အားလျော့သွားစေတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွေမှာပါ။ ၂၀၀၅ ခုနှစ် ဂျော့ဒဗယူဘုရှ်ရဲ့ ဒုတိယသမ္မတသက်တမ်း မိန့်ခွန်းမှာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ ဆော်ဩပြီး ကမ္ဘာတလွှားက အာဏာရှင်စနစ်တွေ အဆုံးသတ်ရေးဟာ အမေရိကန်လုံခြုံရေးနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောခဲ့တယ်။ တကယ့်လက်တွေ့မှာတော့ အာဏာရှင်စနစ်တစ်ခုကို အဆုံးသတ်နိုင်ပေမယ့် အဲ့ဒီအာဏာရှင်ထားခဲ့တဲ့ အပျက်အစီးပုံတွေကြားမှာ ရေရှည်ခံမယ့် လစ်ဘရယ်ဒီမိုကရေစီကို တည်ဆောက်ရတာ လုံးဝမလွယ်မှန်း မြင်တွေ့သွားပါတယ်။

Comments