အပြာရောင်ကိုဘယ်နေရာတွေမှာ သုံးကြသလဲ။

 အပြာရောင်ကို ဘယ်နေရာတွေမှာ သုံးကြသလဲ။

🔷 အပြာရောင်က အခြေခံအရောင် သုံးရောင်ဖြစ်တဲ့ RGBထဲပါတဲ့ အရောင်ဘိုးအေကြီးတစ်ခု ဖြစ်ပါတယ်။ 


🔷 အပြာရောင်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လူကြိုက်အများဆုံး အရောင်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လူကြိုက်အများဆုံး အရောင်လည်းဖြစ်ပါတယ်။ အမျိုးသားတွေ အများဆုံး ကြိုက်ကြတဲ့ အရောင်လည်း ဖြစ်လို့ Color of Menလို့လည်း ခေါ်တတ်ကြပါတယ်။ အပြာရောင်ကို အကြိုက်ဆုံးမဟုတ်ရင်တောင် အပြာ​ရောင်ကို မုန်းတဲ့သူက အရမ်းရှားပါတယ်တဲ့။

🔷 ကောင်းကင်ရဲ့ အရောင်ဖြစ်လို့ လေကြောင်းလိုင်းလုပ်ငန်းတွေမှာအများဆုံး သုံးကြပါတယ်။ 

   
      

🔷 ပင်လယ်ရဲ့ အရောင်လည်းဖြစ်လို့ သင်္ဘောကုမ္ပဏီတွေ၊ သောက်ရေသန့်တွေ၊ ရေသန့်စက် စတဲ့ ရေနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာလည်း အသုံးအများဆုံးအရောင် ဖြစ်ပါတယ်။ ခင်ဗျားက ဦးရှင်ကြီး တင်တဲ့လုပ်ငန်းလုပ်တယ်ဆိုရင်တော့ အပြာရောင်ကို အကြံပြုလိုပါတယ်။

Water logos collection for companies in flat style Free Vector



🔷 ပင်လယ်နဲ့ ကောင်းကင်လို သဘာဝရဲ့ အစိတ်အပိုင်းအကြီးကြီးတွေကို အပြာရောင်က တာဝန်ယူထားပေမယ့် ကျန်တဲ့ သဘာဝကဖြစ်တဲ့ အသီးတွေ၊အစားအသောက်တွေ နဲ့ တိရစ္ဆာန်တွေမှာတော့ အပြာရောင်က အရှားဆုံး ဖြစ်ပါတယ်။ ဘလူးဘယ်ရီတောင် သေချာကြည့်ရင် ခရမ်းရောင်ဘက်သွားပါတယ်တဲ့။ ဒါ့အပြင် အစားအသောက်တွေ အသီးတွေ အပြာရောင်ဘက်သမ်းနေရင် အဆိပ်ရှိတယ်၊ မကောင်းတော့ဘူး သတ်မှတ်တတ်ကြပါတယ်။ အဲ့ဒါကြောင့် အစားအသောက်ရောင်းတဲ့ Brandတွေမှာ အပြာရောင်ကို မသုံးသင့်ပါဘူး။

🔷 သွားတိုက်တံတွေထဲမှာ အပြာရောင်က အသုံးအများဆုံးနဲ့ လူကြိုက်အများဆုံး အရောင်ပါ။ သန့်စင်မှုနဲ့ အပြာရောင်က ဆက်နွယ်နေလို့ သွားတိုက်တံမှ မဟုတ်ပဲ သန့်ရှင်းရေးပစ္စည်းတွေမှာလည်း အပြာရောင်ကို အများကြီး သုံးကြပါတယ်။ Eg. Nivea, Oral-B



🔷 အပြာရောင်ရဲ့ အဓိက ကိုယ်စားပြုစာလုံးတွေက Trust(ယုံကြည်မှု)၊ Loyalty(သစ္စာရှိမှု)၊ Security(လုံခြုံမှု)တွေပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယုံကြည်မှုကို ရေရှည်လိုအပ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေ၊ အစိုးရလုပ်ငန်းတွေ၊ အကြံပေးလုပ်ငန်းတွေ၊ ဥပဒေ အကျိုးဆောင်လို လုပ်ငန်းတွေမှာလည်း အသုံးများတဲ့ အရောင်ပဲ ဖြစ်ပါတယ်။ 

🔷  Communication ကို ကိုယ်စားပြုတဲ့ အရောင်လည်းဖြစ်လို့ Social Media လုပ်ငန်းတွေမှာ အပြာရောင်ကို အများဆုံး သုံးကြပါတယ်။ eg. Facebook, Skype,Twitter, LinkedIn



🔷  အပြာရောင်ကို Color of Business လို့လည်း ခေါ်ကြပါတယ်။ ရုံးမှာဝတ်ဖို့ နက်ခ်တိုင်တွေ၊ ရှပ်အင်္ကျီတွေကို အပြာရောင်ရွေးဝတ်ကြတာများပြီး၊ အပေါ်ကပြောခဲ့သလို အအောင်မြင်ဆုံး ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းတွေမှာ အပြာရောင်ကို တွင်တွင်ကျယ်ကျယ်သုံးကြလို့ပါ။ eg. IBM, HP, American Express

🔷 အပြာရောင်က  စိတ်ငြိမ်စေပြီး အလုပ်ကို အာရုံပိုစိုက်နိုင်စေ ပြဿနာဖြေရှင်းနိုင်စွမ်းတိုးစေတဲ့အပြင်၊ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်လို့ ရုံးတွေမှာဆို အစည်းအဝေးလုပ်တဲ့နေရာမျိုး၊ သုတေသနလုပ်တဲ့ နေရာမျိုးတွေမှာ အပြာရောင်ကို သုံးကြပါတယ်။

JWT's New Nightclub-Style Offices Include a Bar for "BS-ing With Friends" -  CBS News


🔷 အပြာရောင်သုံးထားတဲ့ Gymတွေမှာ Gymကစားတဲ့သူတွေ ပိုပြီးအားကစားလုပ်နိုင်ပါတယ်။ ပိုလေးတဲ့ ဝိတ်တုံးတွေ မ,နိုင်ပါတယ်။ ဘာကြောင့်လဲဆို အပြာရောင်က အပေါ်ကပြောသလို စိတ်ငြိမ်စေပြီး Productivity တိုးစေလို့ပါ။ 


🔷 အပြာရောင်ကို အိမ်မှာသုံးချင်ရင်တော့ စိတ်ကို ပြန်ကုစားပေးနိုင်တဲ့ ၊ စိတ်အေးချမ်းစေတဲ့ သူ့ရဲ့ ဂုဏ်သတ္တိတွေကြောင့် အိပ်ခန်းနဲ့ ရေချိုးခန်း၊ ဧည့်ခန်းမျိုးတွေမှာ သုံးလေ့ရှိကြပါတယ်။



အနီရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3z8eJyq
အစိမ်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yjvntB
အမည်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://ouo.io/17palX
အဝါရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yi6dLR

Comments

Post a Comment