တစ်ချို့သော ပန်းတွေရဲ့ အဓိပ္ပာယ်

 



ကျွန်တော်‌တို့တွေဟာ ပန်းတွေကို အလှဆင်တဲ့နေရာမှာပေါပေါသီသီသုံးကြပြီး လက်ဆောင်ပေးတဲ့နေရာမှာလဲ သုံးကြပါတယ်။ ဒီလိုလက်ဆောင်ပေးတဲ့နေရာမှာ ပန်းတွေရဲ့အဓိပ္ပာယ်နဲ့ လက်ဆောင်ပေးကြတာတွေလဲရှိပါတယ်။ အခုဖော်ပြပေးထားတာကတော့ တစ်ချို့ပန်းတွေရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။


1. Red Rose



ဥယျာဉ်ထဲမှာ စိုက်တဲ့ပန်းပင်တွေထဲမှာ နံပါတ်တစ် queen of the garden ဆိုတဲ့ နှင်းဆီပန်းတွေဟာ လှပပြီး လက်ဆောင်ပေးတဲ့နေရာမှာ အများဆုံးသုံးလေ့ရှိပါတယ်။သူ့ရဲ့အဓိပ္ပါယ်ကတော့ အချစ် နဲ့ လိုအင်ဆန္ဒကို ကိုယ်စားပြုတာမလို့ Valentine Dayမှာ အသုံးများကြတာ မဆန်းပါဘူး။


2. Lotus



ကြာပန်းကတော့ ကျွန်တော်‌တို့အများစုနှစ်သက်ကြမယ်လို့ထင်ပါတယ်။ ရွှံနွံမှာကိုမှ မနက်ခင်းရောက်မှ ဖူးပွင့်တတ်တဲ့ ပန်းမလို့ သူ့ရဲ့ အဓိပ္ပာယ်ကတော့ ပြန်လည်မွေးဖွားခြင်း၊ စိတ်အားထက်သန်ခြင်းနဲ့ ဉာဏ်ပညာကြီးမားမှုကို ကိုယ်စားပြုပါတယ်။


3. Orchid



ဒီသစ်ခွပန်းလေးတွေကို အိမ်တွေမှာ အလှစိုက်တဲ့နေရာမှာ သေချာဂရုစိုက်ပြီး ပန်းပွင့်အောင် စိုက်ကြပါတယ်။ ဒီသစ်ခွပန်းလေးတွေက စည်းစိမ်၊ အလှတရားနဲ့ ခွန်အားကို ကိုယ်စားပြုပါတယ်။ ပန်းရောင်သစ်ခွပန်းလေးတွေကတော့ မြေဆီဩဇာကောင်းမှုကို ကိုယ်စားပြုတာပါတဲ့။


4. Jasmine



ဒီစံပယ်ပန်းလေးတွေက ညဘက်မှာပွင့်တဲ့ ပန်းလေးတွေမလို့ "queen of the night" လို့တင်စားခေါ်ဝေါ်ကြပါသေးတယ်။ ဒီစံပယ်လေးတွေရဲ့ အဓိပ္ပာယ်ကတော့ နေရာဒေသကို လိုက်ပြီးကွာခြားပေမဲ့ အများစုကတော့ မွန်မြတ်သန့်စင်ခြင်း၊ အပြစ်ကင်းခြင်း နဲ့ ကံကောင်းခြင်းကို ကိုယ်စားပြုပါတယ်။


5. Sunflower



ဒီနေကြာပန်းလေးတွေကတော့ လူတိုင်းသိတဲ့အတိုင်း နေရောင်ခြည်လာရာနေရာကို ဦးတည်ပြီး ပွင့်ကြတာပါ။ ဒါကြောင့် သူတို့က လုံး၀မပြောင်းလဲတဲ့ သစ္စာရှိမှုကို ကိုယ်စားပြုပါတယ်။ ဒီနေကြာပန်းလေးတွေက ကိုယ်က သူ့အပေါ်ဘယ်လောက်ချစ်တဲ့အကြောင်း လေးနက်တဲ့ အကြောင်းပြောချင်ရင် သုံးလို့ရတဲ့ ပန်းတွေလဲဖြစ်ပါတယ်။


6. Daisy



နေကြာပန်းနဲ့ မျိုးနွယ်တူတဲ့ ဒေစီပန်းလေးတွေကလဲ နာမည်ကြီးတဲ့ပန်းလေးတွေဖြစ်ပါတယ်။ ဒီပန်းလေးတွေကလဲ သန့်စင်ခြင်း၊ အပြစ်ကင်းခြင်းကို ကိုယ်စားပြုပြီး ဘ၀အသစ်စတင်ခြင်း (ကလေးမွေးခြင်း) ကိုလဲ ကိုယ်စားပြုပါတယ်။


7. Tulip



နာမည်ကြီး ပန်းတွေထဲကတစ်ခုဖြစ်တဲ့ ကျူလစ်ပန်းကတော့ အရောင်စုံလင်စွာရှိပါတယ်။ သူတို့ရဲ့ ယေဘုယျ အဓိပ္ပာယ်ကတော့ လုံး၀ပြည့်စုံတာ ၊ နက်နက်ရှိုင်းရှိုင်းချစ်ခြင်း ဖြစ်ပါတယ်။ ပန်းရောင်ကျူလစ်က ပျော်ရွှင်မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း ၊ ခရမ်းရောင်က သစ္စာရှိခြင်း ၊ အဖြူရောင်က ခွင့်လွှတ်ခြင်း စသည်ဖြင့် အဓိပ္ပာယ်အမျိုးမျိုးလဲ ပြန်ကြပါသေးတယ်။


8. Lily



လီလီပန်းတွေကတော့ အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိပြီး သူတို့က နာမည်ကြီးပန်းတွေလဲဖြစ်ပါတယ်။ ဒီလီလီပန်းတွေကို စိုက်ဖို့ ရွှေ့တဲ့အချိန်က Sep နဲ့ Oct လတွေမှာပဲ အဆင်ပြေတော့မှု ရွှေ့ပြောင်းခြင်း၊ သံယောဇဉ်ရှိခြင်းဆိုပြီး အဓိပ္ပာယ်ဖွင့်ကြပါတယ်။


9. Hibiscus



Hibiscus ကို ကျွန်တော်တို့ဆီမှာတော့ ခေါင်းရမ်းပန်း‌လို့ခေါ်ကြပါတယ်။ သူက friendship၊ အလှတရား၊ စွဲလမ်းခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြပြီး တစ်ချို့နေရာတွေမှာတော့ ကံ‌ဆိုးမှုတွေကို ရှောင်ကွင်းစေတယ်လို့ ယုံကြည်ကြပါတယ်။


10. Chrysanthemum



ဒါကတော့ ကျွန်တော်တို့အခေါ်အရ ဂန္ဓမာပန်းပဲဖြစ်ပါတယ်။ သူကတော့ အရောင်အမျိုးမျိုးရှိတာကို အကုန်သိကြမယ်လို့ထင်ပါတယ်။ ‌ဂန္ဓာပန်းကိုတော့ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းလို့ အဓိပ္ပာယ်ကောက်ကြပေမဲ့ တစ်ချို့နေရာတွေမှာတော့ ကိုယ်ချင်းစာခြင်းနဲ့ ပူဆွေးသောကရောက်ခြင်းကို ကိုယ်စားပြုတဲ့အနေနဲ့ အဖြူရောင် ဂန္ဓမာပန်းတွေကိုသုံးကြပါတယ်။ ဒါကြောင့် Japan , Korea ဈာပနပွဲတွေမှာ အဖြူရောင်ဂန္ဓာမာပန်းတွေကို တွေ့ရခြင်းဖြစ်ပါတယ်။

Comments

Post a Comment