နှစ်သုံးဆယ်အတွင်း နည်းပညာအပြောင်းအလဲ
Unicode
မိတ်ဆွေနဲ့ရန်သူ မကွဲတဲ့ နည်းပညာ
နှစ် ၃၀ အတွင်း ဒုတိယကြီးမားတဲ့အရွေ့ကတော့ နည်းပညာရဲ့ အခန်းကဏ္ဍပါ။ နည်းပညာဖွံ့ဖြိုးမှုဟာ ‘ကိုယ်ပိုင်လက္ခဏာ’ နဲ့လည်း ဆက်စပ်ပါတယ်။ ၁၉၉၀ ပြည့်အလွန် နှစ်တွေမှာ ဂလိုဘယ်အင်တာနက် မွေးဖွားကြီးပြင်းမှုကို စမြင်ခဲ့ရပြီး ကမ္ဘာအနှံ့မှာ ဒီမိုကရက်တွေ အများအပြားထုတ်လုပ်နိုင်ဖို့ အထောက်အကူပြုမယ့်နည်းပညာလို့ အစောပိုင်းမှာ မြင်ခဲ့ကြတယ်။ အင်တာနက်ရဲ့ စွမ်းဆောင်ရည်က လူအများအပြားဆီ သတင်းအချက်အလက်တွေ တစ်မဟုတ်ချင်း ရောက်ရှိသွားပြီး ဆိုးသွမ်းအာဏာရှင်တွေ မကြာခင် ပြုတ်ကျသွားမယ်လို့ ထင်ခဲ့တယ်။ ကွန်မြူနစ်ခေတ်အလွန် နိုင်ငံအချို့ရဲ့ ရောင်စုံတော်လှန်ရေးတွေနဲ့ အာရပ်နွေဦးပုန်ကန်ထကြွမှုတွေမှာ အင်တာနက်ကို အကျိုးရှိရှိ အသုံးချပြီး အာဏာရှင်တွေကို ဖြိုချနိုင်ခဲ့တာ မျက်မြင်ပါပဲ။
သို့သော် နည်းပညာဖွံ့ဖြိုးမှုဟာ အဲဒီမှာတင် ရပ်မနေခဲ့သလို အင်တာနက်ရဲ့ဗဟိုဖြေလျှော့မှုဟာလည်း သိပ်ကြာကြာမခံခဲ့ဘူး။ ကွန်ရက်ဖွဲ့စနစ်ရဲ့ ဘေးထွက်အကျိုးနဲ့ လူမှုမီဒီယာ မြင့်တက်လာမှုတို့က ဂူဂယ်နဲ့ ဖေ့စ်ဘွတ်ကုမ္ပဏီကြီးတွေ အတွက် မြိုးမြိုးမြက်မြက် အကျိုးအမြတ်ရစေသလို သူတို့အကျိုးစီးပွားအတွက် အင်တာနက်ကို လိုသလို ထိန်းချုပ်ကစားလာတယ်။ တစ်ဖက်မှာ ပေကျင်းနဲ့ မော်စကိုက အာဏာရှင်ကြီးတွေကလည်း အထိန်းအကွပ်မဲ့အင်တာနက်ဟာ သူတို့ကို အန္တရာယ်ပေးနိုင်တာ သိပြီးနောက် သူတို့အတွက် ဘယ်လိုပုံဖော်အသုံးချမလဲဆိုတာ လေ့လာတယ်။ အကျိုးဆက်ကတော့ ဒီနေ့ ဂလိုဘယ်အင်တာနက်ဟာ ခက်ရင်းနှစ်ခွလို တစ်ဖက်က တရုတ်အာဏာရှင်စနစ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး တစ်ခြားတစ်ဖက်က လက်တစ်ဆုပ်စာရှိ အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေ ထိန်းချုပ်ဖွင့်ပေးထားတဲ့ အင်တာနက်ဖြစ်နေတော့တယ်။
နောက်ပြီး အင်တာနက်က ရေဒီယို၊ တယ်လီဗေးရှင်း၊ ပုံနှိပ်ထုတ်ဝေရေး စတဲ့ အစဉ်အလာ မီဒီယာတွေကိုလည်း ကျဆင်းသွားစေပါတယ်။ ဂူဂယ်နဲ့ ဖေ့စ်ဘွတ်တို့ မြင့်တက်လာမှုက အစဉ်အလာမီဒီယာ စီးပွားရေးမော်ဒယ်ကို ချည့်နဲ့သွားစေခဲ့သလို ဒီမိုကရက်တစ်ပြည်သူလူထုတွေ အားကိုးအားထားပြုစရာ သတင်းတွေကိုထုတ်ပေးမယ့် မီဒီယာတွေအတွက် စီးပွားရေးမက်လုံးက မသေချာမရေရာ ဖြစ်လာပါတယ်။
မကြာခင်ကမှ ဖွံ့ဖြိုးလာတဲ့ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence - AI) ကလည်း အာဏာရှင်စနစ်ဆီ ပိုဦးတည်သွားစေဖို့ပါပဲ။ လူတစ်ဦးချင်းရဲ့ မိုလ်ဘိုင်းဖုန်းထဲ AI နည်းပညာ မြုပ်ထားပြီး တရုတ်အစိုးရနဲ့ ကုမ္ပဏီကြီးတွေက ထောက်လှမ်းရေးလုပ်တယ်။ လူတစ်ဦးချင်းရဲ့ ဒေတာတွေ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ ဒေတာတွေကို သန်းထောင်ပေါင်းများစွာသော အာရုံခံစက် (Sensor Machine) တွေနဲ့ ချိတ်ဆက်ထားပြီး နှိုက်ယူတယ်။ လက်ရှိ အင်တာနက်ကွန်ရက်စနစ်ဟာ နေ့စဉ်တိုးတက်လာတာနဲ့အမျှ လူတစ်ဦးချင်းကို စောင့်ကြည့်ထောက်လှမ်းဖို့၊ အဆုံးမှာ စမတ်ကျတဲ့ အာဏာရှင်စနစ်ကို ဦးတည်စေဖို့ ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။
ဒါကြောင့် အင်တာနက်ပေါ်က အင်ဖော်မေးရှင်းပေါင်းများစွာဟာ အသုံးပြုသူတစ်ဦးချင်းကို ဒီမိုကရေစီစွမ်းဆောင်ရည်တွေ ဒီမိုကရက်တစ် အတွေးအမြင်တွေ ပိုပေးနိုင်သလား၊ လမ်းလွဲတွေဆီ ပို့ပေးနေသလားဆိုတာလည်း ဒီဘိတ်ဖြစ်လာတယ်။ နည်းပညာကို အကြီးအကျယ် အသုံးပြုလာတဲ့ အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း ဒေတာအချက်အလက်တွေကတစ်ဆင့် လူထုကို လှည့်စားပြီး မဲရရှိဖို့လုပ်ပါတယ်။ တကယ်တော့ ဒီမိုကရေစီကို ခြိမ်းခြောက်လာနေတာဟာ အင်တာနက်နဲ့ လူမှုမီဒီယာတွေတင်မကဘဲ အစဉ်အလာမီဒီယာတွေလည်း ပါပါတယ်။ ခရိုနီနဲ့ အော်လီဂါခီ စီးပွားရေးလုပ်ငန်းရှင်တွေက အစဉ်အလာသတင်းစာ၊ တီဗွီ၊ ရေဒီယိုတွေကို ငွေနဲ့ပေါက်ဝယ်ပြီး အမျိုးသားရေးဝါဒဖြန့်ယန္တရားအဖြစ် သုံးပါတယ်။ အီတလီ၊ ဟန်ဂေရီ၊ ယူကရိန်းတို့မှာ ပင်မမီဒီယာလုပ်ငန်းတွေကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ထိန်းချုပ်ပြီး အာဏာနိုင်ငံရေးအတွက် အသုံးချနေကြတယ်။
Zawgyi
မိတ္ေဆြနဲ႕ရန္သူ မကြဲတဲ့ နည္းပညာ
ႏွစ္ ၃၀ အတြင္း ဒုတိယႀကီးမားတဲ့အေ႐ြ႕ကေတာ့ နည္းပညာရဲ႕ အခန္းက႑ပါ။ နည္းပညာဖြံ႕ၿဖိဳးမႈဟာ ကိုယ္ပိုင္လကၡဏာ နဲ႕လည္း ဆက္စပ္ပါတယ္။ ၁၉၉၀ ျပည့္အလြန္ ႏွစ္ေတြမွာ ဂလိုဘယ္အင္တာနက္ ေမြးဖြားႀကီးျပင္းမႈကို စျမင္ခဲ့ရၿပီး ကမၻာအႏွံ႕မွာ ဒီမိုကရက္ေတြ အမ်ားအျပားထုတ္လုပ္နိုင္ဖို႔ အေထာက္အကူျပဳမယ့္နည္းပညာလို႔ အေစာပိုင္းမွာ ျမင္ခဲ့ၾကတယ္။ အင္တာနက္ရဲ႕ စြမ္းေဆာင္ရည္က လူအမ်ားအျပားဆီ သတင္းအခ်က္အလက္ေတြ တစ္မဟုတ္ခ်င္း ေရာက္ရွိသြားၿပီး ဆိုးသြမ္းအာဏာရွင္ေတြ မၾကာခင္ ျပဳတ္က်သြားမယ္လို႔ ထင္ခဲ့တယ္။ ကြန္ျမဴနစ္ေခတ္အလြန္ နိုင္ငံအခ်ိဳ႕ရဲ႕ ေရာင္စုံေတာ္လွန္ေရးေတြနဲ႕ အာရပ္ႏြေဦးပုန္ကန္ထႂကြမႈေတြမွာ အင္တာနက္ကို အက်ိဳးရွိရွိ အသုံးခ်ၿပီး အာဏာရွင္ေတြကို ၿဖိဳခ်နိဳင္ခဲ့တာ မ်က္ျမင္ပါပဲ။
သို႔ေသာ္ နည္းပညာဖြံ႕ၿဖိဳးမႈဟာ အဲဒီမွာတင္ ရပ္မေနခဲ့သလို အင္တာနက္ရဲ႕ဗဟိုေျဖေလွ်ာ့မႈဟာလည္း သိပ္ၾကာၾကာမခံခဲ့ဘူး။ ကြန္ရက္ဖြဲ႕စနစ္ရဲ႕ ေဘးထြက္အက်ိဳးနဲ႕ လူမႈမီဒီယာ ျမင့္တက္လာမႈတို႔က ဂူဂယ္နဲ႕ ေဖ့စ္ဘြတ္ကုမၸဏီႀကီးေတြ အတြက္ ၿမိဳးၿမိဳးျမက္ျမက္ အက်ိဳးအျမတ္ရေစသလို သူတို႔အက်ိဳးစီးပြားအတြက္ အင္တာနက္ကို လိုသလို ထိန္းခ်ဳပ္ကစားလာတယ္။ တစ္ဖက္မွာ ေပက်င္းနဲ႕ ေမာ္စကိုက အာဏာရွင္ႀကီးေတြကလည္း အထိန္းအကြပ္မဲ့အင္တာနက္ဟာ သူတို႔ကို အႏၱရာယ္ေပးနိုင္တာ သိၿပီးေနာက္ သူတို႔အတြက္ ဘယ္လိုပုံေဖာ္အသုံးခ်မလဲဆိုတာ ေလ့လာတယ္။ အက်ိဳးဆက္ကေတာ့ ဒီေန႕ ဂလိုဘယ္အင္တာနက္ဟာ ခက္ရင္းႏွစ္ခြလို တစ္ဖက္က တ႐ုတ္အာဏာရွင္စနစ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိၿပီး တစ္ျခားတစ္ဖက္က လက္တစ္ဆုပ္စာရွိ အေမရိကန္နည္းပညာကုမၸဏီႀကီးေတြ ထိန္းခ်ဳပ္ဖြင့္ေပးထားတဲ့ အင္တာနက္ျဖစ္ေနေတာ့တယ္။
ေနာက္ၿပီး အင္တာနက္က ေရဒီယို၊ တယ္လီေဗးရွင္း၊ ပုံႏွိပ္ထုတ္ေဝေရး စတဲ့ အစဥ္အလာ မီဒီယာေတြကိုလည္း က်ဆင္းသြားေစပါတယ္။ ဂူဂယ္နဲ႕ ေဖ့စ္ဘြတ္တို႔ ျမင့္တက္လာမႈက အစဥ္အလာမီဒီယာ စီးပြားေရးေမာ္ဒယ္ကို ခ်ည့္နဲ႕သြားေစခဲ့သလို ဒီမိုကရက္တစ္ျပည္သူလူထုေတြ အားကိုးအားထားျပဳစရာ သတင္းေတြကိုထုတ္ေပးမယ့္ မီဒီယာေတြအတြက္ စီးပြားေရးမက္လုံးက မေသခ်ာမေရရာ ျဖစ္လာပါတယ္။
မၾကာခင္ကမွ ဖြံ႕ၿဖိဳးလာတဲ့ ဉာဏ္ရည္တုနည္းပညာ (Artificial Intelligence - AI) ကလည္း အာဏာရွင္စနစ္ဆီ ပိုဦးတည္သြားေစဖို႔ပါပဲ။ လူတစ္ဦးခ်င္းရဲ႕ မိုလ္ဘိုင္းဖုန္းထဲ AI နည္းပညာ ျမဳပ္ထားၿပီး တ႐ုတ္အစိုးရနဲ႕ ကုမၸဏီႀကီးေတြက ေထာက္လွမ္းေရးလုပ္တယ္။ လူတစ္ဦးခ်င္းရဲ႕ ေဒတာေတြ၊ ကုမၸဏီ၊ အဖြဲ႕အစည္းေတြရဲ႕ ေဒတာေတြကို သန္းေထာင္ေပါင္းမ်ားစြာေသာ အာ႐ုံခံစက္ (Sensor Machine) ေတြနဲ႕ ခ်ိတ္ဆက္ထားၿပီး ႏွိုက္ယူတယ္။ လက္ရွိ အင္တာနက္ကြန္ရက္စနစ္ဟာ ေန႕စဥ္တိုးတက္လာတာနဲ႕အမွ် လူတစ္ဦးခ်င္းကို ေစာင့္ၾကည့္ေထာက္လွမ္းဖို႔၊ အဆုံးမွာ စမတ္က်တဲ့ အာဏာရွင္စနစ္ကို ဦးတည္ေစဖို႔ ျဖစ္ေနၿပီလားဆိုတာ ေမးခြန္းထုတ္စရာပါ။
ဒါေၾကာင့္ အင္တာနက္ေပၚက အင္ေဖာ္ေမးရွင္းေပါင္းမ်ားစြာဟာ အသုံးျပဳသူတစ္ဦးခ်င္းကို ဒီမိုကေရစီစြမ္းေဆာင္ရည္ေတြ ဒီမိုကရက္တစ္ အေတြးအျမင္ေတြ ပိုေပးနိုင္သလား၊ လမ္းလြဲေတြဆီ ပို႔ေပးေနသလားဆိုတာလည္း ဒီဘိတ္ျဖစ္လာတယ္။ နည္းပညာကို အႀကီးအက်ယ္ အသုံးျပဳလာတဲ့ အစိုးရေတြ၊ နိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ပုဂၢလိကကုမၸဏီေတြကလည္း ေဒတာအခ်က္အလက္ေတြကတစ္ဆင့္ လူထုကို လွည့္စားၿပီး မဲရရွိဖို႔လုပ္ပါတယ္။ တကယ္ေတာ့ ဒီမိုကေရစီကို ၿခိမ္းေျခာက္လာေနတာဟာ အင္တာနက္နဲ႕ လူမႈမီဒီယာေတြတင္မကဘဲ အစဥ္အလာမီဒီယာေတြလည္း ပါပါတယ္။ ခရိုနီနဲ႕ ေအာ္လီဂါခီ စီးပြားေရးလုပ္ငန္းရွင္ေတြက အစဥ္အလာသတင္းစာ၊ တီဗြီ၊ ေရဒီယိုေတြကို ေငြနဲ႕ေပါက္ဝယ္ၿပီး အမ်ိဳးသားေရးဝါဒျဖန့္ယႏၱရားအျဖစ္ သုံးပါတယ္။ အီတလီ၊ ဟန္ေဂရီ၊ ယူကရိန္းတို႔မွာ ပင္မမီဒီယာလုပ္ငန္းေတြကို စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြက ထိန္းခ်ဳပ္ၿပီး အာဏာနိုင္ငံေရးအတြက္ အသုံးခ်ေနၾကတယ္။

Comments
Post a Comment