မြန်မာ့စစ်ပွဲကင်းမဲ့နေ့ရက်များ

 





မြန်မာ့စစ်ပွဲကင်းမဲ့နေ့ရက်များ

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စစ်မီး အတိငြိမ်းသည့်အချိန် ၃၁ လသာ ရှိခဲ့သည်။ ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လမှ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော ၁၉၄၈ ခုနှစ် မတ်လအကြား ကာလပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းများ အကြောင်း စဉ်းစားကြရသည့်အခါတိုင်း နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော လက်နက်ကိုင်တိုက်ပွဲများ အကြောင်းကိုလည်း ချန်ရစ်ထား၍ မရပေ။

မြန်မာ့စစ်ပွဲကင်းမဲ့နေ့ရက်များ

ဓာတ်ပုံမှာ မြန်မာပြည်၏ တောင်တန်းဒေသများနှင့် ပြည်မဒေသများကို ပေါင်းစည်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အဖြေရှာကြိုးပမ်းခဲ့သည့် ၁၉၄၇ ခုနှစ် တောင်တန်းဒေသ စုံစမ်းရေးကော်မတီ ဖြစ်ပါသည်။ ကော်မတီကို အလယ်တည့်တည့်တွင် ထိုင်နေသော ရှေ့နေတစ်ဖြစ်လဲ နိုင်ငံရေးသမား ဒေါက်တာ ရိစ်ဝီလီယံ (Dr. Rees-William - နောင်တွင် ပထမဆုံး အော့ဂ်မိုး - Ogmore မြို့စားနှင့် လန်ဒန်ဝေလအသင်း - London Welsh Association ၏ ဥက္ကဌ) က ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အတွင်းရေးမှုးမှာ နောက်တွင် ရပ်နေသော လက်ဒ်ဝှဒ်ဂျ် (WBJ Ledwidge) ဖြစ်ပြီး ကာကီဘောင်းဘီ၊ ပန်းရောင်ခြေအိတ်များ တွဲဖက်ဝတ်ဆင်ခြင်းကြောင့် ဘုရင်ခံ၏ မျက်စိဆံပင်မွေးစူးခြင်းကို ခံခဲ့ရသော မြန်မာရုံးမှ လူငယ်တစ်ဦး ဖြစ်သည်။ နောင်တွင် သူသည် ဖင်လန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာခဲ့သည်။ ဒေါက်တာရိစ်ဝီလီယံ၏ ယာဘက်တွင် ထိုင်နေသူမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင် အိုင်စီအက်စ် ဦးတင်ထွဋ် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကန့်လန်ကာနောက်ကွယ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။ (လန်ဒန်နှင့် ပင်လုံတွင် ဗိုလ်ချုပ်အောင်ဆန်း အလွန်အားကိုးခဲ့ရသောသူ ဖြစ်သည်။) ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများစွာ ရှိပါပေသည်။ သို့ရာတွင် အမှတ်ရသင့်သည်မှာ ဒုတိယကမ္ဘာစစ်ကြောင့်သာလျှင် နိုင်ငံငယ်အတွင်း လက်နက်များ ပေါများလာပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြား သွေးကွဲကာ ပြည်တွင်းစစ်မြေပြင်များ ပေါ်ပေါက်လာသည်ဆိုသော အချက်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှနေ၍ ဖစ်ရှ်ရင်ပြင် (ယခု မဟာဗန္ဓုလပန်းခြံ)ရှိ ပရိသတ်အား နောက်ဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။  နောက်ခြောက်ရက်အကြာတွင် ဗိုလ်ချုပ် လုပ်ကြံခံရလေသည်။ (ဓာတ်ပုံနောက်ခံရှိ အဆောက်အဦအများစုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ထိကာ ပျက်စီးသွားသဖြင့် ဖြိုချခံရသည်။ ထိုနေရာတွင် ဆူးလေစင်တာပွိုင့်နှင့် AGD ဘဏ် အဆောက်အဦတို့ကို တည်ဆောက်ထားသည်။)

မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်က ရှေ့ဆက်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအတွက် မြန်မာပြည်သူပြည်သားတို့ ယခုထက်ပိုမို စည်းကမ်းရှိကြရန် တိုက်တွန်းခဲ့သည်။ စစ်ကြီးဒဏ်ကို အလူးအလဲခံခဲ့ရပြီး ဂျပန်တို့ လက်နက်ချသည်မှာ ၂ နှစ်ပင် မပြည့်သေး။ တိုင်းပြည်မှာ လက်နက်ကိုင် ပုန်ကုန်သူများလက်အောက်သို့ ကျရောက်နေပြီးဖြစ်သည်။ လက်နက်ကိုင်များထဲတွင် ကွန်မြူနစ်တပ်များ၊ အာရကန်မြောက်ပိုင်း (ယခုရခိုင်ပြည်နယ်)တွင် ပါကစ္စတန်ကိုထောက်ခံသူ မူဂျာဟီဒင်စသည်တို့ ပါဝင်သည်။

ထိုအခိုက် ကမ္ဘာပေါ်တွင် ဘာဖြစ်ပြန်မည်လဲ မသေချာ။ တရုတ်တွင် ကွန်မြူနစ်များက အရှေ့မြောက်ဒေသကို သိမ်းထားနိုင်လိုက်ပြီး ချန်ကေရှိတ်ကို အနိုင်တိုက်ရန် ပြင်ဆင်နေလျက်ရှိသည်။ စစ်ဒဏ်ထိ ဥရောပအား ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် ပါဝင်ရန် ဆိုဗီယက်တို့က ငြင်းဆန်လိုက်သောကြောင့် ဥရောပတွင် စစ်အေးတိုက်ပွဲကြောင့် အာရုံများနေကြသည်။ အိန္ဒိယတွင် ဗြိတိသျှတို့သည် တိုင်းပြည်ကို နှစ်ခြမ်းပိုင်းရန်နှင့် ပါကစ္စတန်ကို တစ်သီးတစ်သန့် နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် သဘောတူလိုက်သည်။

ရလဒ်အဖြစ် လူပေါင်းသန်းနှင့်ချီကာ ဘုံပျောက်သွားတော့သည်။ အင်ဒိုနီးရှားတွင် သွေးထွက်သံယိုများသည့် လွတ်လပ်ရေးတိုက်ပွဲက ဇာတ်ရှိန်ကောင်းနေသည်။ ပါလက်စတိုင်းမှာမူ တစ်စထက်တစ်စထက် မြင့်တက်နေသည့် အကြမ်းဖက်မှုများထဲမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေသည်။ ဗီယက်နမ်တွင် ပြင်သစ်ကိုလိုနီများနှင့် ဟိုချီမင်းဗီယက်မင်းတို့ တိုက်ပွဲဖြစ်နေကြသည်။ မြန်မာပြည်မှာ အခြေအနေမကောင်းလှ။ ကျန်အာရှတိုက်ဒေသများထက်တော့ ဆိုးဝါးနေသည် မဟုတ်။ သို့ပေသိ နောင် အနှစ် ၇၀ အတွင်း အာရှနိုင်ငံများ အားလုံးနီးပါး အားကောင်းသည်ထက် အားကောင်းလာပြီး တိုင်းသူပြည်သား အများစုမှာ အေးချမ်းသာယာ ဝပြောစွာ ရှင်သန်နေထိုင်လာနိုင်ခဲ့သည်။ မြန်မာပြည်သာလျှင် နောက်ကျကျန်ရစ်ခဲ့လေသည်။

Credit to Lostfootstep.org 

ျမန္မာ့စစ္ပြဲကင္းမဲ့ေန႔ရက္မ်ား

၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၃ ရက္ေန႔မွ ယေန႔အခ်ိန္ထိ ျမန္မာနိုင္ငံတြင္ စစ္မီး အတိၿငိမ္းသည့္အခ်ိန္ ၃၁ လသာ ရွိခဲ့သည္။ ဂ်ပန္တို႔ မဟာမိတ္တို႔ထံ လက္နက္ခ်ခဲ့ေသာ ၁၉၄၅ ခုႏွစ္ ၾသဂုတ္လမွ ကြန္ျမဴနစ္ လက္နက္ကိုင္ ေတာ္လွန္ေရး စတင္ခဲ့ေသာ ၁၉၄၈ ခုႏွစ္ မတ္လအၾကား ကာလပင္ ျဖစ္သည္။ ျမန္မာနိုင္ငံ၏ အနာဂတ္ လမ္းေၾကာင္းမ်ား အေၾကာင္း စဥ္းစားၾကရသည့္အခါတိုင္း ႏွစ္ေပါင္း ၇၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ေသာ လက္နက္ကိုင္တိုက္ပြဲမ်ား အေၾကာင္းကိုလည္း ခ်န္ရစ္ထား၍ မရေပ။

မြန်မာ့စစ်ပွဲကင်းမဲ့နေ့ရက်များ

ဓာတ္ပုံမွာ ျမန္မာျပည္၏ ေတာင္တန္းေဒသမ်ားႏွင့္ ျပည္မေဒသမ်ားကို ေပါင္းစည္းနိုင္ရန္ ၿငိမ္းခ်မ္းေရးအတြက္ အေျဖရွာႀကိဳးပမ္းခဲ့သည့္ ၁၉၄၇ ခုႏွစ္ ေတာင္တန္းေဒသ စုံစမ္းေရးေကာ္မတီ ျဖစ္ပါသည္။ ေကာ္မတီကို အလယ္တည့္တည့္တြင္ ထိုင္ေနေသာ ေရွ႕ေနတစ္ျဖစ္လဲ နိုင္ငံေရးသမား ေဒါက္တာ ရိစ္ဝီလီယံ (Dr. Rees-William - ေနာင္တြင္ ပထမဆုံး ေအာ့ဂ္မိုး - Ogmore ၿမိဳ႕စားႏွင့္ လန္ဒန္ေဝလအသင္း - London Welsh Association ၏ ဥကၠဌ) က ဥကၠဌအျဖစ္ ေဆာင္ရြက္ခဲ့သည္။

အတြင္းေရးမႈးမွာ ေနာက္တြင္ ရပ္ေနေသာ လက္ဒ္ဝွဒ္ဂ်္ (WBJ Ledwidge) ျဖစ္ၿပီး ကာကီေဘာင္းဘီ၊ ပန္းေရာင္ေျခအိတ္မ်ား တြဲဖက္ဝတ္ဆင္ျခင္းေၾကာင့္ ဘုရင္ခံ၏ မ်က္စိဆံပင္ေမြးစူးျခင္းကို ခံခဲ့ရေသာ ျမန္မာ႐ုံးမွ လူငယ္တစ္ဦး ျဖစ္သည္။ ေနာင္တြင္ သူသည္ ဖင္လန္နိုင္ငံဆိုင္ရာ သံအမတ္ႀကီး ျဖစ္လာခဲ့သည္။ ေဒါက္တာရိစ္ဝီလီယံ၏ ယာဘက္တြင္ ထိုင္ေနသူမွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္ ဘ႑ာေရး ကၽြမ္းက်င္ပညာရွင္ အိုင္စီအက္စ္ ဦးတင္ထြဋ္ ျဖစ္သည္။ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအတြက္ ကန႔္လန္ကာေနာက္ကြယ္မွ ႀကိဳးပမ္းေဆာင္ရြက္ခဲ့သူ ျဖစ္သည္။ (လန္ဒန္ႏွင့္ ပင္လုံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အလြန္အားကိုးခဲ့ရေသာသူ ျဖစ္သည္။) ျပည္တြင္းစစ္ ျဖစ္ေပၚလာရျခင္း အေၾကာင္းရင္းမ်ားစြာ ရွိပါေပသည္။ သို႔ရာတြင္ အမွတ္ရသင့္သည္မွာ ဒုတိယကမၻာစစ္ေၾကာင့္သာလၽွင္ နိုင္ငံငယ္အတြင္း လက္နက္မ်ား ေပါမ်ားလာၿပီး တိုင္းရင္းသား စည္းလုံးညီညြတ္မႈ ပ်က္ျပား ေသြးကြဲကာ ျပည္တြင္းစစ္ေျမျပင္မ်ား ေပၚေပါက္လာသည္ဆိုေသာ အခ်က္ျဖစ္သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေနာက္ဆုံးမိန႔္ခြန္း

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၃ ရက္ေန႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ၿမိဳ႕ေတာ္ခန္းမ ေလသာေဆာင္မွေန၍ ဖစ္ရွ္ရင္ျပင္ (ယခု မဟာဗႏၶဳလပန္းၿခံ)ရွိ ပရိသတ္အား ေနာက္ဆုံးအႀကိမ္အျဖစ္ မိန႔္ခြန္းေျပာၾကားခဲ့သည္။  ေနာက္ေျခာက္ရက္အၾကာတြင္ ဗိုလ္ခ်ဳပ္ လုပ္ႀကံခံရေလသည္။ (ဓာတ္ပုံေနာက္ခံရွိ အေဆာက္အဦအမ်ားစုမွာ ဒုတိယကမၻာစစ္အတြင္း ဗုံးဒဏ္ထိကာ ပ်က္စီးသြားသျဖင့္ ၿဖိဳခ်ခံရသည္။ ထိုေနရာတြင္ ဆူးေလစင္တာပြိဳင့္ႏွင့္ AGD ဘဏ္ အေဆာက္အဦတို႔ကို တည္ေဆာက္ထားသည္။)

မိန႔္ခြန္းေျပာၾကားရာတြင္ ဗိုလ္ခ်ဳပ္က ေရွ႕ဆက္ရင္ဆိုင္ရမည့္ စိန္ေခၚမႈမ်ားအတြက္ ျမန္မာျပည္သူျပည္သားတို႔ ယခုထက္ပိုမို စည္းကမ္းရွိၾကရန္ တိုက္တြန္းခဲ့သည္။ စစ္ႀကီးဒဏ္ကို အလူးအလဲခံခဲ့ရၿပီး ဂ်ပန္တို႔ လက္နက္ခ်သည္မွာ ၂ ႏွစ္ပင္ မျပည့္ေသး။ တိုင္းျပည္မွာ လက္နက္ကိုင္ ပုန္ကုန္သူမ်ားလက္ေအာက္သို႔ က်ေရာက္ေနၿပီးျဖစ္သည္။ လက္နက္ကိုင္မ်ားထဲတြင္ ကြန္ျမဴနစ္တပ္မ်ား၊ အာရကန္ေျမာက္ပိုင္း (ယခုရခိုင္ျပည္နယ္)တြင္ ပါကစၥတန္ကိုေထာက္ခံသူ မူဂ်ာဟီဒင္စသည္တို႔ ပါဝင္သည္။

ထိုအခိုက္ ကမၻာေပၚတြင္ ဘာျဖစ္ျပန္မည္လဲ မေသခ်ာ။ တ႐ုတ္တြင္ ကြန္ျမဴနစ္မ်ားက အေရွ႕ေျမာက္ေဒသကို သိမ္းထားနိုင္လိုက္ၿပီး ခ်န္ေကရွိတ္ကို အနိုင္တိုက္ရန္ ျပင္ဆင္ေနလ်က္ရွိသည္။ စစ္ဒဏ္ထိ ဥေရာပအား ျပန္လည္ထူေထာင္ေရးအစီအစဥ္တြင္ ပါဝင္ရန္ ဆိုဗီယက္တို႔က ျငင္းဆန္လိုက္ေသာေၾကာင့္ ဥေရာပတြင္ စစ္ေအးတိုက္ပြဲေၾကာင့္ အာ႐ုံမ်ားေနၾကသည္။ အိႏၵိယတြင္ ၿဗိတိသၽွတို႔သည္ တိုင္းျပည္ကို ႏွစ္ျခမ္းပိုင္းရန္ႏွင့္ ပါကစၥတန္ကို တစ္သီးတစ္သန႔္ နိုင္ငံတစ္ခုအျဖစ္ ထူေထာင္ရန္ သေဘာတူလိုက္သည္။

ရလဒ္အျဖစ္ လူေပါင္းသန္းႏွင့္ခ်ီကာ ဘုံေပ်ာက္သြားေတာ့သည္။ အင္ဒိုနီးရွားတြင္ ေသြးထြက္သံယိုမ်ားသည့္ လြတ္လပ္ေရးတိုက္ပြဲက ဇာတ္ရွိန္ေကာင္းေနသည္။ ပါလက္စတိုင္းမွာမူ တစ္စထက္တစ္စထက္ ျမင့္တက္ေနသည့္ အၾကမ္းဖက္မႈမ်ားထဲမွ ႐ုန္းမထြက္နိုင္ေအာင္ ျဖစ္ေနသည္။ ဗီယက္နမ္တြင္ ျပင္သစ္ကိုလိုနီမ်ားႏွင့္ ဟိုခ်ီမင္းဗီယက္မင္းတို႔ တိုက္ပြဲျဖစ္ေနၾကသည္။ ျမန္မာျပည္မွာ အေျခအေနမေကာင္းလွ။ က်န္အာရွတိုက္ေဒသမ်ားထက္ေတာ့ ဆိုးဝါးေနသည္ မဟုတ္။ သို႔ေပသိ ေနာင္ အႏွစ္ ၇၀ အတြင္း အာရွနိုင္ငံမ်ား အားလုံးနီးပါး အားေကာင္းသည္ထက္ အားေကာင္းလာၿပီး တိုင္းသူျပည္သား အမ်ားစုမွာ ေအးခ်မ္းသာယာ ဝေျပာစြာ ရွင္သန္ေနထိုင္လာနိုင္ခဲ့သည္။ ျမန္မာျပည္သာလၽွင္ ေနာက္က်က်န္ရစ္ခဲ့ေလသည္။

Credit to Lostfootstep.org 

Comments

Post a Comment