မိုးရာသီမှာ ဘာတွေသတိထားသင့်သလဲ
Unicode
အခုလိုမိုးတွေအရမ်းများနေတဲ့အချိန်မှာ ကျနော်တို့ပြည်သူတွေအားလုံးဟာနိုင်ငံရေးရော ကိုဗစ်ရောဂါနဲ့ပါရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာနာမကျန်းဖြစ်တာမျိုးတွေလည်းပိုမိုကြုံတွေ့နိုင်သလို အလုပ်လုပ်ရတဲ့သူတွေလည်းပိုမိုအခက်အခဲဖြစ်နိင်ပါတယ်။ ဒါတွေအားလုံးကိုတစ်နေ့အတူတူ ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ရင်း လက်ရှိမှာ မိမိကိုယ်ကိုနဲ့ မိမိပတ်ဝန်းကျင်ကအကူအညီလိုသူတွေကို အကောင်းဆုံး ထောက်ပံ့ပေးရင်းနေကြရအောင်ဗျာ။ မိုးရာသီကာလမှာ ကိုဗစ်ရောဂါကိုလည်းဂရုစိုက်ရင်းတခြား ဘာတွေသတိထားဖို့လိုအပ်သေးလဲ။
၁)လျှပ်စစ်အန္တရာယ်
ဝါယာကြိုးတွေကိုအထူးသတိထားဖို့လိုအပ်ပါလိမ့်မယ်။ အိမ်နဲ့ပတ်ပတ်လည်တွေဟာ ရေတွေအမြဲရှိနေနိုင်တာကြောင့် ဒီနေရာတွေမှာရှိတဲ့ ဝါယာကြိုးတွေကိိုကိုင်မယ်ဆို အမြဲသတိထားရမှာပါ။ အထူးသဖြင့် လမ်းမပေါ်မှာကျနေတဲ့ဝါယာကြိုးတေ့ဆိုပိုလို့တောင်သတိထားဖို့လိုပါတယ်။ သိရဲ့သားနဲ့ သတိမထားမိတာမျိုးလည်းဖြစ်နိုင်တာမလို့ သတိရှိဖို့လိုအပ်ပါတယ်။ လျှပ်စစ်အန္တရာယ်အကြောင်းကြီးကြီးမားမားမသိတဲ့ကလေးတွေရှိရင်လည်း ပြောပြပေးထားတာအကောင်းဆုံးပါ။
၂)ခြင်အန္တရာယ်
ခြင်အန္တရာယ်ကတော့အထွေအထူးပြောစရာမလိုဘဲ လူတိုင်းသိနှင့်ပြီးသားလည်းဖြစ်မှာပါ။ မိုးရာသီကတော့ ခြင်ပေါတဲ့ရာသီမလို့ ခြင်နဲ့ပတ်သက်တဲ့ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ငှက်ဖျား အစရှိတဲ့ရောဂါတွေလည်းအဖြစ်များပါတယ်။ ငြိမ်နေတဲ့ရေတွေမှာခြင်ပေါက်ပွားလွယ်တာမလို့ ကြိုတင်ကာကွယ်ထားဖို့လည်းလိုအပ်ပါတယ်။ ဒါ့အပြင်ခြင်မကိုက်ခံရအောင်လည်း ဂရုပြုနေထိုင်ကြဖို့လိုအပ်ပါတယ်။
၃)ယာဉ်အန္တရာယ်
ဒီကာလမှာအပြင်မထွက်ကြရဘူးဆိုပေမယ့်လည်းတစ်အိမ်မှာ အနည်းဆုံးတစ်ယောက်လောက်တော့မဖြစ်မနေ ထွက်
ကြရပါတယ်။ မိုးရာသီမှာယာဉ်အန္တရာယ်ကတော့အထူးသတိပြုရမယ့်အထဲမှာပါပါတယ်။ လမ်းတွေဟာရေတွေနဲ့အမြဲ
ပြည့်နေပြီး ဘီးချော်တာတွေအဖြစ်များပါတယ်။အထူးသဖြင့်မော်တော်ဆိုင်ကယ်မောင်းတဲ့သူတွေအတွက်ပါ။ မိုးအရမ်းသည်းတဲ့အခါမှာ visionကောင်းကောင်းမရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ယာဉ်ကြီးတွေကိုတတ်နိုင်သလောက်ကပ်မလိုက်ဖို့အကြံပြုချင်ပါတယ်။
၄)ကြိုတင်ပြင်ဆင်ထားခြင်း
မကြာခဏမီးပျက်တတ်တာတွေ ရေကြီးရေလျှံတတ်တာ ဟာမိုးများတဲ့အချိန်တိုင်း မကြာခဏကြုံရတတ်ပါတယ်။အဲတာတွေအတွက်ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပါ။first aidအတွက် ဆေးဝါးပစ္စည်းများ၊လက်နှိပ်ဓာတ်မီးတွေရယ်အပြင် မြေမြင့်ရာနေရာတွေကို ပြောင်းရွှေ့ဖို့ ကြိုတင်စီစဉ်ထားရမှာပါ။emergency kitsတွေလည်းကြိုတင်ပြင်ဆင်ထားရမှာပါ။သဲအိတ်တွေကိုအသုံးပြုပြီး ရေစီးကြောင်းကိုလမ်းလွှဲတာကလည်း အကုန်အကျသက်သာပြီးထိရောက်မှုရှိတဲ့နည်းလမ်းတစ်မျိုးပါ။
၅)ကျန်းမာရေး
ဒီကာလမှာ ကျန်းမာရေးအနေနဲ့က ဂရုစိုက်စရာတွေ အများ ကြီးပါ။မိုးရာသီဟာvirusesတွေbacteriaတွေပေါက်ဖွားဖို့လွယ်တဲ့အချိန်ဖြစ်တာကြောင့်ရယ် တခြားကူးစက်ရောဂါတွေလည်းပိုမိုအဖြစ်များတတ်တာကြောင့် ကျနော်တို့ရဲ့immue systemကိုအကောင်းဆုံးထိန်းသိမ်းထားကြဖို့လိုအပ်ပါတယ်။ အဲအတွက်အလွယ်ဆုံးနည်းလမ်းကvitamin C intakeပဲဖြစ်ပါတယ်။ vitaminCသောက်တာပဲဖြစ်ဖြစ် vitaminCကြွယ်ဝတာမျိုးပဲဖြစ်ဖြစ် စားပေးကြဖို့လိုအပ်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုး၊ အိပ်ရေးဝဝအိပ်တာမျိုးတွေလည်းလုပ်သင့်ပါတယ်။
Zawgyi
၁)လျှပ်စစ်အန္တရာယ်
၂)ခြင်အန္တရာယ်
၃)ယာဉ်အန္တရာယ်
၎)ကြိုတင်ပြင်ဆင်ထားခြင်း
၅)ကျန်းမာရေး
Done 🍀
ReplyDeleteကျေးဇူးပါ ♡
ReplyDelete
ReplyDelete😍😍😍ဘာဘာညာညာClickerပဲ
Wheel.........dope🏹🏹🏹
ReplyDeleteThanks🌸💜
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteNoted with thanks.
ReplyDeleteNoted! Thanks.
ReplyDelete