ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ကြီးများအကြောင်း
ကျွန်တော်တို့ နိုင်ငံမှာတော့ ပလ္လင်ပေါ်ခွေးတက်လို့ ဒုက္ခရောက်နေတဲ့အချိန် တခြားကမ္ဘာ့တစ်ဖက်ခြမ်းမှာတော့ အရှိန်အဟုန်နဲ့ တိုးတက်နေကြဆဲပါ။ ဒါပေမယ့် မပူပါနဲ့...အောင်မြင်မယ့် တစ်နေ့တစ်နေ့တည်ဆောက်မယ့် ပညာရေးစနစ်ကြီးကို စိတ်ကူးရင်း ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေဆီ အလည်သွားလိုက်ရအောင်။
1) Massachusetts Institute of Technology

နှစ်တိုင်းလိုလို Ranking No 1 ဖြစ်နေတဲ့ MIT ကတော့ အမေရိကန်နိုင်ငံ မကစ္စချူးဆက် ပြည်နယ်မှာ တည်ရှိပါတယ်။ ၁၆၈ ဧက လောက်ကျယ်ပြန့်ပြီး ရှုမောဖွယ် ခေတ်ဟောင်းခေတ်သစ် ဗိသုကာလက်ရာတွေ ပြည့်နှက်နေတဲ့ ကျောင်းဝန်းတစ်ခုလည်းဖြစ်ပါတယ်။
[caption id="" align="alignnone" width="2364"]1861 ခုနှစ်မှာတည်ထောင်ခဲ့ပြီး အစပိုင်းမှာတော့ သိပ္ပံစိတ်ဝင်စားသူတွေ စုထားတဲ့ Community သေးသေးလေးဖြစ်ပေမယ့် အခုချိန်မှာတော့ ကျောင်းသားပေါင်း ၁၀,၀၀၀ ကျော် ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ Architecture and planning; Engineering; humanities, arts and social sciences; managment; science ဆိုပြီး ကျောင်းကို ၅ ပိုင်းဖွဲ့ပြီး Research ပိုင်းမှာလည်း အလွန်နာမည်ကြီးပါတယ်။
![]()
Artificial Intelligence, ရာသီဉတုပြောင်းလဲမှု၊ HIV၊ ကင်ဆာ စတဲ့ နယ်ပယ်တွေမှာ MIT ရဲ့ သုတေသနဟာအလွန်ခေတ်ရှေ့ပြေးပြီး ခေတ်အစဉ်အဆက် တီထွင်ဖန်တီးမှုအမြောက်အမြားလဲ ပြုနိုင်ခဲ့ပါတယ်။ အနုပညာပြတိုက်နဲ့ ပြခန်းတွေ 12 ခုလောက် Campus ထဲမှာရှိပြီး လာရောက်လည်ပတ်သူတွေ တစ်နှစ်ကို ၁၂၅,၀၀၀ လောက်ကိုရှိပါတယ်။
2) University of Oxford England

နိုင်ငံ အောက်စဖို့မြို့လယ်ခေါင်မှာရှိတဲ့ အောက်စဖို့ တက္ကသိုလ်ဟာ English စကားပြောကမ္ဘာမှာ သက်တမ်းအရင့်ဆုံးတက္ကသိုလ်လို့တောင် ဆိုလို့ရပါတယ်။ စတင်တည်ထောင်တဲ့ နှစ်အတိအကျမသိရပေမယ့် ၁၁ ရာစုလောက်မှာ သင်ကြားမှုတွေ စတင်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
[caption id="" align="alignnone" width="768"]
Ashmolean Museum[/caption]ကောလိပ် 44 နဲ့စုပေါင်းဖွဲ့စည်းထားပြီး ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်စနစ်လည်း ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အောက်စဖို့တစ်မြို့လုံးမှာ ပြန့်ကျဲနေတဲ့ ကောလိပ်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ အဆောင်အဦးတွေရှိကြပါတယ်။ Oxford တက္ကသိုလ်ဟာ ပညာရေးတစ်ခုထဲတင်မဟုတ်ပဲ ကျောင်းချိန်ပြင်ပ Activity တွေမှာလည်း ကျော်ကြားပါတယ်။
[caption id="" align="alignnone" width="768"]
Museum of Natural History[/caption]ဂီတ၊ ပြဇာတ်တို့မှာလည်း နာမည်ကျော်သလို အားကစားမှာလည်း အိုလံပစ်ဆုရှင်တွေမွေးထုတ်ပေးနိုင်တဲ့အထိ အဆင့်အတန်းမြင့်မားပါတယ်။ သိမ်းမြစ်ပေါ်က Cambridge နဲ့ Oxford နှစ်စဉ် လှေပြိုင်ပွဲဟာလည်း ကမ္ဘာကျော်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ နိုဗယ်ဆုရှင်တွေ၊ ကဗျာဆရာကြီးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေမွေးထုတ်ပေးတဲ့ ကောလိပ်တွေနဲ့ အလယ်ခေတ်ဗိသုကာလက်ရာတွေ၊ လူငယ်တွေပြည့်နေတဲ့ အောက်စဖို့ဟာ သွားရောက်လည်ပတ်သင့်တဲ့နေရာဆိုတာအသေအချာပါပဲ။
3) Standford University

စတန်းဖို့ တက္ကသိုလ်ဟာ ကယ်လီဖိုးနီယား မြောက်ပိုင်းက Silicon Valley လို့ခေါ်တဲ့ Google, Yahoo, Facebook စတဲ့ နည်းပညာကုမ္ပဏီကြီးတွေ ရုံးစိုက်ရာ နေရာ အနီးမှာ တည်ရှိပါတယ်။ " ဘီလီယံနာ မွေးထုတ်တဲ့ စက်ရုံကြီး" လို့ ခေါ်ရလောက်အောင် ကျောင်းဆင်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါလှပါတယ်။
[caption id="" align="aligncenter" width="480"]
Bing Concert Hall[/caption]၈,၁၈၀ ဧကလောက်ကျယ်ဝန်းပြီး အမေရိကန်ရဲ့ အကျယ္ဆုံး တက္ကသိုလ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ Leland Stanford တို့ ဇနီးမောင်နှံက 1885 ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ သူ့တို့ရဲ့ သေဆုံးသွားတဲ့ သားငယ်ရဲ့အထိန်းအမှတ်အဖြစ် သူတို့ပိုင်တဲ့ လယ်မြေမှာ တက္ကသိုလ်ဆောက်ခဲ့တာဖြစ်ပါတယ်။ တစ်ချိန်က မြင်းတွေပြေးလွှားနေတဲ့ လယ်ကွင်းကြီးမှာ အခုဆို အထက်မြက်ဆုံး လူ ၁၀,၀၀၀ ကျော်ပညာသင်ကြားရာနေရာကြီးဖြစ်နေပြီ ဖြစ်ပါတယ်။
[caption id="" align="alignnone" width="1200"]
Stanford Memorial Church[/caption]ကျောင်းသားအဖွဲ့အစည်းပေါင်း ၆၀၀ ကျော်ရှိပြီး ကျောင်းသားဘဝကို ပြည့်ပြည့်ဝဝ ခံစားလို့ရတာလည်းဖြစ်ပါတယ်။ "စတန်းဖို့ရဲ့ အခြေခံကအားကစား" လို့ ဆိုရလောက်အောင် ဘက်စကက်ဘော၊ ဘေ့စ်ဘော၊ ဘောလုံးစတဲ့ အသင်းလိုက်ကစားနည်း ၃၂မျိုးလောက်ထိ ကစားကြပြီး ပြိုင်ပွဲတွေလည်းကျင်းပလေ့ရှိပါတယ်။ အနုပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း အထူးအားပေးပြီး ကမ္ဘာ့အဆင့် Museum ၂ ခုရှိပြီး ပြပွဲတွေဟာလည်း အမြဲမပြတ်လိုလိုရှိတာဖြစ်ပါတယ်။
4) University of Cambridge
လန်ဒန်မြို့က မိုင် ၅၀ အကွာ Cambridge မြို့ရဲ့ အလယ်ခေါင်မှာတည်ရှိပြီး တစ်ကမ္ဘာလုံးက ကျောင်းသားပေါင်း ၁၈,၀၀၀ ကျော် ပညာသင်ကြားနေပါတယ်။ ကောလိပ်ပေါင်း 31 ခုနဲ့ဖွဲ့စည်းထားပြီး ကျောင်းလျှောက်မယ်ဆို ကိုယ်ကြိုက္တဲ့ ကောလိပ်ကို တိုက်ရိုက်လျှောက်ထားရပါတယ်။ 1209 ခုနှစ်မှာတည်ထောင်ခဲ့ပြီး ကမ္ဘာ့စတုတ္ထမြောက် သက်တမ်းအရင့်ဆုံးတက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။
[caption id="" align="aligncenter" width="637"]King' Colledges Chapel, the Cripps Building တို့လို ထင်ရှားလှတဲ့ ရှေးဟောင်းအဆောက်အဦးတွေဟာလည်း Cambridge ရဲ့တမူထူးတဲ့ ပုံစံကို သရုပ်ဖော်ပေးနေသလိုပါပဲ။ စာကြည့်တိုက်ပေါင်း ၁၀၀ ကျော်ရှိပြီး စာအုပ်ပေါင်း ၁၅ သန်းကျော်ရှိပြီး ကမ္ဘာကျော် အနုပညာ, သိပ္ပံနဲ့ ယဉ်ကျေးမှုပြတိုက်ကြီးတွေလည်း ၉ ခုကျော်ရှိပါတယ်။ ကျောင်းချိန်ပြင်ပလှုပ်ရှားမှုအတွက်လည်း နာမည်ကျော် ကျောင်းသားပြဇာတ်အဖွဲ့တွေ၊ ဂီတ၊ နိုင်ငံရေးနဲ့ ရာပေါင်းများစွာသော အသင်းအဖွဲ့တွေရှိပါတယ်။
[caption id="" align="alignnone" width="980"]
Cambridge Central Mosque[/caption]အားကစားနည်းပေါင်း ၈၀ ကျော်လောက်ရှိပြီး ကြွမ်းကျင်အဆင့်ထိ လေ့ကျင့်ကစားသူတွေပါရှိပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ၁၅ ယောက်လောက်ထိ မွေးထုတ်ပေးနိုင်ခဲ့တဲ့အပြင် နိုဗယ်ဆုရှင်တွေ၊ ကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ နှစ်စဉ်မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။
Comments
Post a Comment