ကြက်တောင်ကစားနည်းသမိုင်း

ကြက်တောင်ကစားနည်းသမိုင်း

The History of Badminton

မိတ်ဆက်

Badminton | Olympic Sport | Tokyo 2020

ကြက်တောင်ကစားနည်းဆိုတာ ကမ္ဘာပေါ်မှာ လူအများဆုံးကစားကြတဲ့ ကစားနည်းထဲကတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကြက်တောင်ကလပ်တွေမှာ ကစားနေကြသူတွေရှိသလို ကျန်းမာရေးအတွက် လမ်းမပေါ်၊ အိမ်ခြံဝန်းထဲမှာ အပျော်တမ်းကစားနေကြတာလည်းရှိပါတယ်။

Badminton court: Markings, size and all you need to know

 

ဒီတော့ Badminton ခေါ် ကြက်တောင်ကစားနည်း ဘယ်ကစခဲ့သလဲ ?

Malaysian Badminton - The Inside Out of the Astonishing Game: History and Origin

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က Battledore သို့ Shuttlecock လို့ခေါ်တဲ့ ကြက်တောင်ကစားနည်းတစ်မျိုးကို ဂရိ၊ အိန္ဒိယ၊ တရုတ် စတဲ့နိုင်ငံတွေမှာ စတင်ကစားခဲ့ကြပါတယ်။ စတင်ကစားစဉ်က ငှက်မွှေးအတောင် ၁၆ တောင်ပါတဲ့ ကြက်တောင်ကိုအသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိလည်းအသုံးပြုနေဆဲပါ။ ၁၈၇၃ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံမှာ ကြက်တောင်ကစားနည်းကိုစတင်ကစားခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံ ဂလော့စတာရှား (Gloucestershire) မှာရှိတဲ့ Badminton House မှာစတင်ကစားခဲ့တာကိုအစွဲပြုပြီး “Badminton” လို့ ခေါ်ဆိုခဲ့ကြပါတယ်။ 

ဘယ်လို တွင်ကျယ်လာခဲ့သလဲ?

၁၈၉၃ မှာ အင်္ဂလန်ကြက်တောင်အဖွဲ့ချုပ် (The Badminton Association of England – BAE) က ကြက်တောင်ကစားနည်း စည်းကမ်းချက်နဲ့ ပြစ်ဒဏ်တွေကို တရားဝင်ကြေညာခဲ့ပြီး ၁၈၉၉ ခုနှစ်မှာ ပထမဆုံးကြက်တောင်ပြိုင်ပွဲ (the All England Open Badminton Championships) ကို စတင်ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ နှစ်ယောက်တွဲ (Doubles) ပြိုင်ပွဲတွေကိုပဲထည့်သွင်းကျင်းပခဲ့ပြီး ၁၉၀၀ ပြည့်နှစ်ရောက်မှ တစ်ဦးချင်း (Singles) ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်အရောက်မှာ လက်ရှိ Badminton World Federation (BWF) ကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကြက်တောင်ကစားနည်းအစပြုရာဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံကတော့ ၁၉၃၆ ခုနှစ်မှ အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့ပါတယ်။

ထို့နောက် BWF ကဦးစီးပြီး ကမ္ဘာတစ်ဝှမ်းကြက်တောင်ပြိုင်ပွဲများကျင်းပခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ ကမ္ဘာ့အိုလံပစ်မှာ သရုပ်ပြကစားနည်းတစ်ခုအဖြစ် ပထမဆုံးထည့်သွင်းခဲ့ပြီး ၁၉၉၂ မှာတော့ ပြိုင်ပွဲတစ်ခုအနေနဲ့ တရားဝင်ကျင်းပခဲ့ပါတယ်။ အခုအချိန်မှာတော့ ကြက်တောင်ကစားနည်းဟာ အာရှနဲ့ ဥရောပနိုင်ငံအတော်များများမှာ ရေပန်းအစားဆုံးကစားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့အဆင့်ကြက်တောင်ပြိုင်ပွဲတွေမှာ ဒိန်းမတ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား တို့ဟာ ထင်ရှားတဲ့ဂန္ဒဝင်ကြက်တောင်ကစားသမားတွေ အများဆုံးမွေးထုတ်ပေးနေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။

ကြက်တောင်ကစားနည်းမှာ - 
* “Singles” လို့ခေါ်တဲ့တစ်ဖက်တစ်ယောက်စီယှဉ်ပြိုင်ကစားရတဲ့နည်းနဲ့
* “Doubles” တစ်ဖက်နှစ်ယောက်စီယှဉ်ပြိုင်ကစားရတဲ့နည်းဆိုပြီး ပုံစံနှစ်မျိုးရှိပါတယ်။

ကွင်းအကျယ်အနေနဲ့

  • တစ်ဦးချင်းကစားပွဲ (Singles Game) အတွက် အရှည် ၄၄ ပေ၊ အကျယ် ၁၇ ပေ (44 ft x 17 ft) နဲ့
  • နှစ်ယောက်တွဲကစားပွဲ (Doubles Game) အတွက် အရှည် ၄၄ ပေ၊ အကျယ် ပေ ၂၀ (44 ft x 20 ft) တို့ပဲဖြစ်ပါတယ်။

Badminton Court Size | Every line explained in detail

အမှတ်ပေးစနစ်ကတော့ ၂၁ မှတ်အရင်ရောက်တဲ့ဘက်က အနိုင်ရရှိမှာပါ။ တကယ်လို့ Game Point (20 – 20) မှာ အမှတ်တူနေရင်တစ်ဖက်က ၂ မှတ်အသာရတဲ့အထိကစားရမှာဖြစ်ပါတယ်။

ဥပမာ (20 – 20) မှာအမှတ်တူနေရင် တစ်ဖက်က (20 – 22   OR    21 – 23   OR   ……) စသဖြင့် နှစ်မှတ်အသာမရမချင်း ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကြက်တောင်ကစားဖို့ဘာတွေလိုအပ်မလဲ?

  • ကစားမယ့် လူ ၂ ယောက် (သို့) ၄ ယောက်
  • ဘတ်တံ
  • ကြက်တောင်
  • မိုးလုံလေလုံကြက်တောင်ကွင်း (Outdoor မှာ အပျော်ဆော့မယ်ဆိုရင်တော့မလိုပါ)
  • လွတ်လပ်ပေါ့ပါးသော အားကစားဝတ်စုံ
  • အားကစားဖိနပ် တို့လိုအပ်ပါတယ်။

ဘာအကျိုးကျေးဇူးတွေရမလဲ?

  • အမြင့်ခုန်ရ၊ လျင်မြန်စွာ လှုပ်ရှားရတဲ့အတွက် ကြွက်သားနဲ့ အရိုးများ သန်မာလာခြင်း
  • အဆက်မပြတ် လှုပ်ရှားနေရတဲ့အတွက် နှလုံးလည်ပတ်မှုအားကောင်းခြင်း၊ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးလာခြင်း၊ အမောခံနိုင်ခြင်း
  • စိတ်ဖိစီးမှုလျော့ကျစေခြင်း
  • ကစားကွက်ကိုအမြဲပုံဖော်နေရတဲ့အတွက် စဉ်းစားတွေးခေါ်မှု ပေါ့ပါးသွက်လက်လာခြင်း တို့ရရှိမှာဖြစ်ပါတယ်။

ဆိုးကျိုး

ဆိုးကျိုးကတော့ တစ်ခုပါပဲ။ ကြက်တောင်ခဏခဏဝယ်ရတဲ့အတွက် အကုန်အကျအနည်းငယ်များပါတယ်။ ဒါကလည်း Professional ကစားမယ့် သူတွေအတွက်‌ပါပဲ။

ကြက်တောင်ကစားနည်းဟာ ရိုးရှင်းပြီး ကစားရလွယ်ကူတာကြောင့် ကျား၊ မ၊ လူကြီး၊ ကလေး၊ လူငယ် မရွေးကစားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မြို့နယ်အလိုက်ကြက်တောင်ကလပ်တွေလည်းရှိနေတော့ ကစားရလွယ်ကူနေပါပြီ။ ဒီတော့ ကပ်ဆိုးတွေကိုကျော်ဖြတ်ပြီး တိုင်းပြည်သာယာတဲ့အချိန်ရောက်ရင် ကြက်တောင်ကစားနည်းကို ကစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

အားလုံးပဲရောဂါဘယတွေကင်းဝေးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ အောင်မြင်စွာချီတက်နိုင်ပါစေကြောင်း

(zawgyi)

ၾကက္ေတာင္ကစားနည္းသမိုင္း

The History of Badminton

မိတ္ဆက္

Badminton | Olympic Sport | Tokyo 2020

ၾကက္ေတာင္ကစားနည္းဆိုတာ ကမၻာေပၚမွာ လူအမ်ားဆုံးကစားၾကတဲ့ ကစားနည္းထဲကတစ္ခု ျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာလည္း ၾကက္ေတာင္ကလပ္ေတြမွာ ကစားေနၾကသူေတြရွိသလို က်န္းမာေရးအတြက္ လမ္းမေပၚ၊ အိမ္ၿခံဝန္းထဲမွာ အေပ်ာ္တမ္းကစားေနၾကတာလည္းရွိပါတယ္။

Badminton court: Markings, size and all you need to know

ဒီေတာ့ Badminton ေခၚ ၾကက္ေတာင္ကစားနည္း ဘယ္ကစခဲ့သလဲ ?

Malaysian Badminton - The Inside Out of the Astonishing Game: History and Origin

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ ခန႔္က Battledore သို႔ Shuttlecock လို႔ေခၚတဲ့ ၾကက္ေတာင္ကစားနည္းတစ္မ်ိဳးကို ဂရိ၊ အိႏၵိယ၊ တ႐ုတ္ စတဲ့နိုင္ငံေတြမွာ စတင္ကစားခဲ့ၾကပါတယ္။ စတင္ကစားစဥ္က ငွက္ေမႊးအေတာင္ ၁၆ ေတာင္ပါတဲ့ ၾကက္ေတာင္ကိုအသုံးျပဳခဲ့ၿပီး လက္ရွိအခ်ိန္အထိလည္းအသုံးျပဳေနဆဲပါ။ ၁၈၇၃ ခုႏွစ္မွာေတာ့ အဂၤလန္နိုင္ငံမွာ ၾကက္ေတာင္ကစားနည္းကိုစတင္ကစားခဲ့ၾကပါတယ္။ အဂၤလန္နိုင္ငံ ဂေလာ့စတာရွား (Gloucestershire) မွာရွိတဲ့ Badminton House မွာစတင္ကစားခဲ့တာကိုအစြဲျပဳၿပီး “Badminton” လို႔ ေခၚဆိုခဲ့ၾကပါတယ္။

ဘယ္လို တြင္က်ယ္လာခဲ့သလဲ?

၁၈၉၃ မွာ အဂၤလန္ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ (The Badminton Association of England – BAE) က ၾကက္ေတာင္ကစားနည္း စည္းကမ္းခ်က္နဲ႔ ျပစ္ဒဏ္ေတြကို တရားဝင္ေၾကညာခဲ့ၿပီး ၁၈၉၉ ခုႏွစ္မွာ ပထမဆုံးၾကက္ေတာင္ၿပိဳင္ပြဲ (the All England Open Badminton Championships) ကို စတင္က်င္းပခဲ့ပါတယ္။ ဒီၿပိဳင္ပြဲမွာေတာ့ ႏွစ္ေယာက္တြဲ (Doubles) ၿပိဳင္ပြဲေတြကိုပဲထည့္သြင္းက်င္းပခဲ့ၿပီး ၁၉၀၀ ျပည့္ႏွစ္ေရာက္မွ တစ္ဦးခ်င္း (Singles) ၿပိဳင္ပြဲေတြကို ထည့္သြင္းက်င္းပခဲ့တာျဖစ္ပါတယ္။ ၁၉၃၄ ခုႏွစ္အေရာက္မွာ လက္ရွိ Badminton World Federation (BWF) ကိုစတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ၿပီး ၾကက္ေတာင္ကစားနည္းအစျပဳရာေဒသျဖစ္တဲ့ အိႏၵိယနိုင္ငံကေတာ့ ၁၉၃၆ ခုႏွစ္မွ အဖြဲ႕ဝင္အျဖစ္ပါဝင္လာခဲ့ပါတယ္။ ထို႔ေနာက္ BWF ကဦးစီးၿပီး ကမၻာတစ္ဝွမ္းၾကက္ေတာင္ၿပိဳင္ပြဲမ်ားက်င္းပခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္မွာေတာ့ ကမၻာ့အိုလံပစ္မွာ သ႐ုပ္ျပကစားနည္းတစ္ခုအျဖစ္ ပထမဆုံးထည့္သြင္းခဲ့ၿပီး ၁၉၉၂ မွာေတာ့ ၿပိဳင္ပြဲတစ္ခုအေနနဲ႔ တရားဝင္က်င္းပခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ၾကက္ေတာင္ကစားနည္းဟာ အာရွနဲ႔ ဥေရာပနိုင္ငံအေတာ္မ်ားမ်ားမွာ ေရပန္းအစားဆုံးကစားနည္းတစ္ခုျဖစ္လာခဲ့ပါတယ္။ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ကမၻာ့အဆင့္ၾကက္ေတာင္ၿပိဳင္ပြဲေတြမွာ ဒိန္းမတ္၊ အင္ဒိုနီးရွား၊ တ႐ုတ္၊ ထိုင္း၊ အိႏၵိယ၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ မေလးရွား တို႔ဟာ ထင္ရွားတဲ့ဂႏၵဝင္ၾကက္ေတာင္ကစားသမားေတြ အမ်ားဆုံးေမြးထုတ္ေပးေနတဲ့နိုင္ငံေတြပဲျဖစ္ပါတယ္။

ၾကက္ေတာင္ကစားနည္းမွာ -
* “Singles” လို႔ေခၚတဲ့တစ္ဖက္တစ္ေယာက္စီယွဥ္ၿပိဳင္ကစားရတဲ့နည္းနဲ႔
* “Doubles” တစ္ဖက္ႏွစ္ေယာက္စီယွဥ္ၿပိဳင္ကစားရတဲ့နည္းဆိုၿပီး ပုံစံႏွစ္မ်ိဳးရွိပါတယ္။

ကြင္းအက်ယ္အေနနဲ႔

တစ္ဦးခ်င္းကစားပြဲ (Singles Game) အတြက္ အရွည္ ၄၄ ေပ၊ အက်ယ္ ၁၇ ေပ (44 ft x 17 ft) နဲ႔
ႏွစ္ေယာက္တြဲကစားပြဲ (Doubles Game) အတြက္ အရွည္ ၄၄ ေပ၊ အက်ယ္ ေပ ၂၀ (44 ft x 20 ft) တို႔ပဲျဖစ္ပါတယ္။

Badminton Court Size | Every line explained in detail

အမွတ္ေပးစနစ္ကေတာ့ ၂၁ မွတ္အရင္ေရာက္တဲ့ဘက္က အနိုင္ရရွိမွာပါ။ တကယ္လို႔ Game Point (20 – 20) မွာ အမွတ္တူေနရင္တစ္ဖက္က ၂ မွတ္အသာရတဲ့အထိကစားရမွာျဖစ္ပါတယ္။

ဥပမာ (20 – 20) မွာအမွတ္တူေနရင္ တစ္ဖက္က (20 – 22   OR    21 – 23   OR   ……) စသျဖင့္ ႏွစ္မွတ္အသာမရမခ်င္း ဆက္လက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ၾကက္ေတာင္ကစားဖို႔ဘာေတြလိုအပ္မလဲ?

ကစားမယ့္ လူ ၂ ေယာက္ (သို႔) ၄ ေယာက္
ဘတ္တံ
ၾကက္ေတာင္
မိုးလုံေလလုံၾကက္ေတာင္ကြင္း (Outdoor မွာ အေပ်ာ္ေဆာ့မယ္ဆိုရင္ေတာ့မလိုပါ)
လြတ္လပ္ေပါ့ပါးေသာ အားကစားဝတ္စုံ
အားကစားဖိနပ္ တို႔လိုအပ္ပါတယ္။

ဘာအက်ိဳးေက်းဇူးေတြရမလဲ?

အျမင့္ခုန္ရ၊ လ်င္ျမန္စြာ လႈပ္ရွားရတဲ့အတြက္ ႂကြက္သားနဲ႔ အရိုးမ်ား သန္မာလာျခင္း
အဆက္မျပတ္ လႈပ္ရွားေနရတဲ့အတြက္ ႏွလုံးလည္ပတ္မႈအားေကာင္းျခင္း၊ ခႏၶာကိုယ္ သြက္လက္ေပါ့ပါးလာျခင္း၊ အေမာခံနိုင္ျခင္း
စိတ္ဖိစီးမႈေလ်ာ့က်ေစျခင္း
ကစားကြက္ကိုအျမဲပုံေဖာ္ေနရတဲ့အတြက္ စဥ္းစားေတြးေခၚမႈ ေပါ့ပါးသြက္လက္လာျခင္း တို႔ရရွိမွာျဖစ္ပါတယ္။

ဆိုးက်ိဳး

ဆိုးက်ိဳးကေတာ့ တစ္ခုပါပဲ။ ၾကက္ေတာင္ခဏခဏဝယ္ရတဲ့အတြက္ အကုန္အက်အနည္းငယ္မ်ားပါတယ္။ ဒါကလည္း Professional ကစားမယ့္ သူေတြအတြက္‌ပါပဲ။

ၾကက္ေတာင္ကစားနည္းဟာ ရိုးရွင္းၿပီး ကစားရလြယ္ကူတာေၾကာင့္ က်ား၊ မ၊ လူႀကီး၊ ကေလး၊ လူငယ္ မေရြးကစားနိုင္ပါတယ္။ ျမန္မာနိုင္ငံမွာလည္း ၿမိဳ႕နယ္အလိုက္ၾကက္ေတာင္ကလပ္ေတြလည္းရွိေနေတာ့ ကစားရလြယ္ကူေနပါၿပီ။ ဒီေတာ့ ကပ္ဆိုးေတြကိုေက်ာ္ျဖတ္ၿပီး တိုင္းျပည္သာယာတဲ့အခ်ိန္ေရာက္ရင္ ၾကက္ေတာင္ကစားနည္းကို ကစားၾကည့္ၾကဖို႔တိုက္တြန္းခ်င္ပါတယ္။

အားလုံးပဲေရာဂါဘယေတြကင္းေဝးၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုဆီ ေအာင္ျမင္စြာခ်ီတက္နိုင္ပါေစေၾကာင္း

Comments

Post a Comment