ဆရာအောင်သင်းပြောတဲ့ ကျောင်းသားနှင့် စာမေးပွဲအကြောင်း

 


(unicode)

ဖေဖော်ဝါရီလ ကျောင်းတွင်းစာမေးပွဲတွေ ပြီးလိုက်သည်နှင့်တစ်ပြိုင်နက် ကလေးတွေမှာ အမောပင် မလိုက်အား၊ လာမည့်နှစ်အတွက် ကျူရှင်တွေ စာသင်ဝိုင်းတွေကို အပြေးအလွှား သွားကြရ တော့သည်။ သင်္ကြန်တွင်းလေးလောက်သာ နားလိုက်ကြရသည်။ အတန်းကြီးသမားသာမဟုတ်၊ မူလတန်းက ကလေးများသည်လည်း ထို့အတူပင်။

မူလတန်း၊ အလယ်တန်း ကျွန်တော့်မြေး အထီးလေးနှစ်ယောက်ကို ကြည့်ရင်း ကလေးတွေကို သနားနေမိသည်။ သူတို့အမေ (ကျွန်တော့်သမီးကြီးကို) ကလေးတွေဘက်က စကားဆိုကြည့်မိဖူးသည်။ “ဟာ- ဖေဖေကလဲ ဘယ်ဖြစ်မလဲ။ စာမေးပွဲမှာ အမှတ်ကောင်း၊ အဆင့်ကောင်းအောင် လုပ်ထားမှပေါ့” စာမေးပွဲ၊ စာမေးပွဲ။ အထက်တန်းကျောင်းသားဟူသမျှမှာ စာမေးပွဲတစ္ဆေကြီးကို တထိတ်ထိတ် ရင်ဆိုင်နေကြရသည်။ စာမေးပွဲ အောင်ဖို့ကို နေ့နေ့ညည အားထုတ်နေကြရသည်။ စာမေးပွဲအောင်ဖို့ အားထုတ်နေရင်း စာမေးပွဲကို လှမ်းမျှော်ကြည့်နေရင်း ပညာကို မျက်ခြေပြတ်လာကြတော့သည်။ စာမေးပွဲသည် သာမည။ တတ်ကျွမ်းခြင်းသည် ပဓာန' ဟူသော အချက်ကို မေ့သွားကြတော့သည်။ စာမေးပွဲကို အရာရာနှင့် အလုံးစုံ ဖြစ်လာကြတော့သည်။ ကျူရှင်ဆိုတာတွေကလည်း များသောအားဖြင့် စာမေးပွဲအောင်ဖို့လောက်ကိုသာ - အာရုံပြုလာကြသည်။

စာမေးပွဲအောင်ချက် ကောင်းလျှင် ထိုကျူရှင်ဝိုင်း၊ ကျူရှင်ဆရာ နာမည် ကြီးသွားပါလေတော့သည်။ တကယ်ပညာရသွားလား၊ ရမသွားဘူးလား၊ စဉ်းစားချိန် မရလိုက်တော့၊ - ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်ကို မေ့သွားကြပါလေတော့သည်။ ဒီကြားထဲတွင် မေးခွန်း ‘လိုက်” တာတို့၊ စပေါ့' ရိုက်တာတို့ ဆိုတာတွေကလည်း ပါလာတတ်သေးသည်။ မှတ်စု ဆိုတာတွေ၊ အနီးကပ်ခန့်မှန်း ဆိုတာတွေကလည်း ထွက်လာတတ်သေးသည်။ - မိတ္တူကူးဆိုင်ကလည်း ချုံပေးလိုက်ရတာ နေ့မအား၊ ညမအား။ ပြီးခဲ့သည့်နှစ်က မေးပြီးသားဆိုလျှင် - ယောင်လို့ လှည့်မကြည့်တော့။ ထိုအခန်းကို ပစ်ထားလိုက်ကြသည်။ အထူးသဖြင့် သမိုင်းသာသာရပ်ဆိုလျှင် ပို၍ သိသာသေးသည်။

အလောင်းဘုရားကို ဒီနှစ်မေးလိုက်လျှင် - နောက်နှစ်ရောက်တော့ အလောင်းဘုရားဆိုတာ သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ - ပစ်ထားလိုက်ကြတော့သည်။ ခက်သည်က သမိုင်းဆိုသည်မှာ ဖြစ်ရပ်တစ်ခုနှင့် တစ်ခု ကျိုးကြောင်း - ဆက်စပ်နေသည်ဖြစ်ရာ သမိုင်းကို လေ့လာရာတွင် အရေးအကြီးဆုံးဖြစ်သော နိုင်ငံရေးကွင်းဆက်များကို မျက်ခြေပြတ်သွားတော့သည်။ သစ်ပင်တစ်ပင်စီကို ကြည့်နေရင်း သစ်တောကြီး ပျောက်သွားတာမျိုးပင်။ “ဦးပုည ဘယ်ခေတ်ကလဲ” ဟု မေးလိုက်လျှင် ပုဂံခေတ်လို့ ပြောလို့ပြော၊ “ဘုရင့်နောင် ဘယ်ခေတ်ကလဲ” - ဟု မေးလျှင် ကုန်းဘောင်ခေတ်ဟု ပြောလို့ပြော ဖြစ်နေကြသည်ကို တွေ့လိုက်ရတော့ ငိုရအခက်၊ ရယ်ရအခက်။ “

ယနေ့ နိုင်ငံရေးသည်၊ မနက်ဖြန် သမိုင်း” ဟူသော ဆိုရိုးစကား ရှိသည်။ မိမိတို့ နိုင်ငံသမိုင်းကို အကြမ်းအားဖြင့်လောက်တော့ ခြုံငုံသိထားသင့်လောက်သည်။ သမိုင်းကို မသိပါလျှင် နိုင်ငံရေးကို ဘယ်လိုလုပ် သဘောပေါက်ပါမည်နည်း။ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့မှန်း သိကြသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မည်သို့ အလုပ်ကြံခံရမှန်း မသိသော အူကြောင်ကြောင် ကျောင်းသားတွေကို မကြာခဏ တွေ့ရသည်။ သမိုင်းပညာရှင် - ဒေါက်တာသန်းထွန်းအား နာမည်ကြီး စာရေးဆရာ တစ်ရောက်က... “သမိုင်းကို ဘာကြောင့် သင်ရတာလဲ ဆရာ” ဟုမေးရာ ဆရာကြီး... “မအ, အောင်လို့...” ဟု တိုတို ပြန်ဖြေခဲ့သည်။

စာမေးပွဲကိုသာ ပဓာနထားကြလေတော့ ကလေးကလည်း စာမေးပွဲအတွက် အလွတ်ကျက်တာကိုချည်း အားသန်လာကြတော့သည်။ မှတ်ဉာဏ်ကိုချည်းသာ အားကိုးလာကြတော့ ကျိုးကြောင်းဆက်စပ် စဉ်းစားတတ်သည့် ဉာဏ်က မှိန်မှန်းမသိ၊ မှိန်လာလေတော့သည်။ စာမေးပွဲပဓာန သင်နည်းသည် ကလေးတို့၏ စဉ်းစားဉာဏ်ကို အညွန့်ဆိတ်ထားသကဲ့သို့ ဖြစ်လာသည်။ မကြာသေးမီက နိုင်ငံခြားရောက်နေသည့် လူငယ်တစ်ယောက်နှင့် စကားစမြည် ပြောခဲ့ရသည်။ “ဆရာ မြန်မာလူငယ်တွေဟာ သင်တာကို သေသေချာချာ မှတ်ထားတတ်ကြတယ်။ ဒါပေမဲ့ - ဆရာကို ပြန်မေးတာတွေ၊ ကျိုးကြောင်းဆန်းစစ်တာတွေမှာ အားနည်းတယ်။ အိုင်ကျူ (ဉာဏ်ရည်) နိမ့်သလိုလို နိုင်ငံခြားသား ဆရာတွေက ပြောကြတယ်။ အဲဒါကို ဘယ်လိုမြင်သလဲ ဆရာ” “မျိုးချစ်စိတ်ကြီး တစ်ခွဲသားလောက်နဲ့ ဖြေတယ်လို့ မထင်လိုက်ပါနဲ့။

အရှေ့တောင်အာရှမှာ မြန်မာလောက် အင်ပါယာကြီးခဲ့ဖူးတာ ဘယ်နိုင်ငံများ ရှိခဲ့ဖူးလို့လဲ။ အဲဒါက လက်ရုံးရည်ကို ပြောလိုက်တာပါ။ ယဉ်ကျေးမှုဘက်ကို ကြည့်လိုက်ရင်လဲ ဘုရားပုထိုး၊ ဗိသုကာ၊ စာပေ စသည်အားဖြင့် မြန်မာလောက် ဘယ်နိုင်ငံ မြင်ဖူးခဲ့သလဲ။ အဲဒီလို လူမျိုးကို `အိုင်ကျူ နိမ့်တယ်လို့ မင်းပြောမလား... နောက်ပြီး မင်း စဉ်းစားသတာ တစ်ခုက ခုခေတ်မြန်မာလူငယ်လေးတွေ LCCI ဆိုတဲ့ စာမေးပွဲကို ကြိုးစား နေကြတယ်။ လန်ဒန်က စစ်တာနော်။ တစ်ကမ္ဘာလုံး ဝင်ကြတာ။

အဲဒီမှာ မြန်မာလူမျိုးထဲက - တစ်ကမ္ဘာလုံးမှာ တစ်’ စွဲပြီး ရွှေတံဆိပ်ဆုရတာ သုံးကြိမ်ရှိသွားပြီ။ ငါ့တူမတစ်ယောက်တောင် ဒုတိယစွဲလို့ ပညာသင်ဆုပေးတာနဲ့ အခု မလေးရှားမှာ ဆက်သင်နေတယ်။ အဲဒီကပြီးရင် အောက်စ်ဖို့ဒ်ကို သွားရမယ်။ - ဒီလူမျိုးကို ဉာဏ်ရည်နိမ့်တယ်လို့ ဘယ်လိုပြောမလဲ။ မြန်မာကျောင်းသား လူငယ်တွေက ဆရာမိဘကို ရိုရိုသေသေ ဆက်ဆံရတဲ့ ယဉ်ကျေးမှု အမွေအနှစ်ကြီး ခိုင်လွန်းနေလေတော့ ရုတ်တရက် ဆရာကို မေးရမှာ ရွံ့သလိုလို အားနာသလိုလို ဖြစ်နေတတ်တာ အမှန်ပါပဲ။ သူတို့ကို မေးလိုက်မြန်းလိုက်၊ မေးခွင့်ပေးလိုက် သင်သွားရင် မေးလိုက်သမှ ဆရာတောင် စိတ်ညစ်သွားပါလိမ့်မယ်”

“ဆရာလဲ ကျူရှင်သင်သေးတယ် မဟုတ်လား” “အေးပေါ့ကွာ၊ ဒါပေမဲ့ နီးစပ်ရာ တပည့်ဟောင်းတွေရဲ့ သားတွေ၊ သမီးတွေလောက်ကိုသာ သင်တာပါ” “ဆရာကတော့ ဘယ်လိုသင်လ် ဆရာ” “ငါကတော့ ဆော့ခရတ္တိနည်းကို သုံးတာပဲ” “ဆော့ခရတ္တိနည်းက ဘယ်လိုလဲ ဆရာ” “ဆရာဆိုတာဟာ ဝမ်းဆွဲနဲ့ တူရမယ်တဲ့၊ ဝမ်းဆွဲဆိုတာ မိခင်ရဲ့ ဝမ်းထဲမှာရှိတဲ့ သန္ဓေသားကို ကလေးရော မိခင်ပါ အန္တရာယ်ကင်းစွာ ချောချောမောမော အပြင်ရောက်လာအောင် ကူညီပေးတာတဲ့။ ဒီလိုပဲ ဆရာကောင်းဆိုတာ တပည့်ရဲ့ ဉာဏ်ကို နိုးလာအောင် နှိုးပေးတာပဲတဲ့” “ဆရာက မြန်မာစာ သင်ဘာနော်” “အေး... ဟုတ်တယ်” “မြန်မာစာကို အဲဒီနည်းနဲ့ ဘယ်လိုသင်သလဲ ဆရာ၊ ဥပမာ တစ်ခုလောက် ပြောပြပါ” “ဆိုပါစို့ကွာ...

စကားပြေတစ်ပုဒ်ကို သူတို့ကို သေချာဖတ်စမ်းလို့ အဖတ်ခိုင်းလိုက်တယ်။ ငါက ဖတ်ပြတာ မဟုတ်ဘူးနော်၊ သူတို့ကို စိတ်နဲ့ပဲ အဖတ်ခိုင်းတာ၊ `သေချာဖတ် မေးမယ်' လို့တော့ ပြောထားရတာပေါ့။ သူတို့အားလုံး ဖတ်ပြီးမှ ကဲ... ဒီစာတစ်ပုဒ်လုံးမှာ စာရေးဟာ ဘာပြောချင်တာလဲ၊ လိုရင်းအချက်ကို အတိုဆုံးပြောစမ်း” လို့ ခိုင်းလိုက်တာပေါ့။ သူတို့ပြောလိုက်တော့မှ မှန်ရင်လဲ မှန်တယ်ပေါ့။ တိမ်းရင်လဲ တိမ်းတယ်ပေါ့။ များသောအားဖြင့် မှန်ကြပါတယ်။ အဲဒါပြီးတော့မှ `ကဲ.. သူတင်ပြလိုက်တဲ့ - အဆိုပြုချက်ကို မှန်ကန်ကြောင်း ဘယ်လို ကျိုးကြောင်းပြသလဲ ဆိုတာကို ဆက်မေးလိုက်တယ်။ အဲဒါပြီးတော့မှ သက်သေ သာဓက ဘာတွေပြထားသလဲ ဆိုတာမျိုး ဆက်မေးတာပါပဲ။

ကဗျာတို့လို စာမျိုးကို သင်တော့ တစ်မျိုးသွားရတာပေါ့။ အဲဒီမှာလဲ အကျိုးအကြောင်းတွေကို မေးပြီး သင်လို့ရတာပါပဲ။ မင်းတို့ ‘မြင်စိုင်းရွှေပြည်' သင်ခဲ့ရသေးသလား” “သင်ခဲ့ရတယ် ဆရာ” “မြင်စိုင်းရွှေပြည်ဟာ ဘက်စုံဖွံ့ဖြိုးတဲ့ နေပြည်တော်ဖြစ်ကြောင်း ဘယ်လို အထောက်အထားတွေ ပြထားသလဲ ဆိုတဲ့ မေးခွန်းတွေကို မေးသွားတာပေါ့။ နောက်တော့ သူတို့ ကျင့်သားရလာတာပါပဲ။ သူတို့ ကိုယ်ပိုင်ဉာဏ်ကို သုံးတတ်လာကြတာပါပဲ...” “စာမေးပွဲအတွက်ကော ပြင်ဆင်ပေးသေးလား ဆရာ” “ငါကတော့ တတ်အောင် သင်ပေးလိုက်တာပဲ၊ စာမေးပွဲရယ်လို့ မဟုတ်ဘူး၊ သို့သော်လဲ စာမေးပွဲနီးတဲ့အခါ သူတို့ ပြန်ကြည့်ချင်ရင် ကြည့်နိုင်အောင် မော်စုကလေးတွေကိုတော့ဖြင့် ကွန်ပျူတာစာစီ၊ - ဖယောင်းဖောက်လှည့် ပေးလိုက်တာမျိုးတော့ လုပ်ပေးရတာပေါ့။

ဒါပေမဲ့ အဲဒါတွေကို - ငါ့တပည့်တွေက ဘယ်တော့မှ အလွတ်မကျက်တော့ဘူး၊ မှတ်မိအောင် ပြန်ကြည့်တာလောက်ပဲ လုပ်ကြတော့တယ်...” “ဆရာ့သင်နည်း အောင်မြင်သလား ဆရာ...” “မင်းကမေးလာလို့ ကြားလိုက်ရဦးမယ်၊ ငါ့တစ်ပည့်မလေးတစ်ယောက်က စာမေးပွဲပြီးလို့ လာပြီး ကန်တော့ရင်း ပြောသွားတာပါ။ 'ဆရာရယ်... စာမေးပွဲ မဖြေမီနေ့မှာ မမက... - နက်ဖြန် မြန်စာမှာ မဟုတ်လား၊ စာတွေကျက်လေ စာမကျက်ဘူးလားနဲ့ တတွတ်တွတ်ခိုင်းနေတာ စိတ်ကို ညစ်ရော။ ဆရာကြီးက စာမကျက်ရအောင် သင်ပေးထားတာလို့ ပြောတာလဲ မရဘူး။ စိတ်ကိုညစ်နေတာပဲ' လို့ - ပြောတယ်”

“ဒါဖြင့် စာမေးပွဲ မလိုဘူးလို့ ဆိုလိုသလား ဆရာ...” “မလိုဘူးလို့ မပြောပါဘူး၊ ပဓာန မဟုတ်ဘူးလို့သာ ပြောတာပါ။ မေးလိုက်ရဦးမယ်။ မင်း... - သံဃာတော်တွေ စာမေးပွဲကို သိသလား...” “ပထမကြီးတို့ ပထမလတ် ပထမငယ်တို့ ဆိုတာတွေ မဟုတ်လား ဆရာ...” “အေး ဟုတ်တယ်... စာသင်တိုက်ဆိုတာ အဲဒီစာမေးပွဲတွေအတွက် သင်ပေးတာပဲ၊ ဒါတောင် ပခုက္ကူစာချနည်းဆိုတာ ရှိသေးတယ်။ သူက စာမေးပွဲကို ထည့်မစဉ်းစားဘူး။ စာတတ်ဖို့ကိုသာလျှင် ပဓာနထားတယ်။ သူ့သင်ရိုး Course က တစ်မျိုးဆိုပါတော့ကွယ်။ စာပေလိုက်စားတဲ့ နာမည်ကျော် ရဟန်းတော်ဟူသမျှ ပက္ကူတိုက်ကို မရောက်သေးရင် စာမကုန်သေးဘူးလို့ ယူဆတယ်။ “စာမေးပွဲသည် သာမည၊ တတ်ကျွမ်းမှုသည် ပဓာန” ပေါ်လစီပေါ့ကွယ်” `ဝန်မပါလဲ ပွဲမဖြစ်၊ ဝန်ပါလဲ ပွဲစိတ်ညစ်” ဟူသော ဆိုရိုးစကား ရှိပါသည်။

အောင်သင်း(၂၀၀၃)

(zawgyi)

ေဖေဖာ္ဝါရီလ ေက်ာင္းတြင္းစာေမးပြဲေတြ ၿပီးလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ကေလးေတြမွာ အေမာပင္ မလိုက္အား၊ လာမည့္ႏွစ္အတြက္ က်ဴရွင္ေတြ စာသင္ဝိုင္းေတြကို အေျပးအလႊား သြားၾကရ ေတာ့သည္။ သၾကၤန္တြင္းေလးေလာက္သာ နားလိုက္ၾကရသည္။ အတန္းႀကီးသမားသာမဟုတ္၊ မူလတန္းက ကေလးမ်ားသည္လည္း ထို႔အတူပင္။

မူလတန္း၊ အလယ္တန္း ကၽြန္ေတာ့္ေျမး အထီးေလးႏွစ္ေယာက္ကို ၾကည့္ရင္း ကေလးေတြကို သနားေနမိသည္။ သူတို႔အေမ (ကၽြန္ေတာ့္သမီးႀကီးကို) ကေလးေတြဘက္က စကားဆိုၾကည့္မိဖူးသည္။ “ဟာ- ေဖေဖကလဲ ဘယ္ျဖစ္မလဲ။ စာေမးပြဲမွာ အမွတ္ေကာင္း၊ အဆင့္ေကာင္းေအာင္ လုပ္ထားမွေပါ့” စာေမးပြဲ၊ စာေမးပြဲ။ အထက္တန္းေက်ာင္းသားဟူသမၽွမွာ စာေမးပြဲတေစၧႀကီးကို တထိတ္ထိတ္ ရင္ဆိုင္ေနၾကရသည္။ စာေမးပြဲ ေအာင္ဖို႔ကို ေန႔ေန႔ညည အားထုတ္ေနၾကရသည္။ စာေမးပြဲေအာင္ဖို႔ အားထုတ္ေနရင္း စာေမးပြဲကို လွမ္းေမၽွာ္ၾကည့္ေနရင္း ပညာကို မ်က္ေျချပတ္လာၾကေတာ့သည္။ စာေမးပြဲသည္ သာမည။ တတ္ကၽြမ္းျခင္းသည္ ပဓာန' ဟူေသာ အခ်က္ကို ေမ့သြားၾကေတာ့သည္။ စာေမးပြဲကို အရာရာႏွင့္ အလုံးစုံ ျဖစ္လာၾကေတာ့သည္။ က်ဴရွင္ဆိုတာေတြကလည္း မ်ားေသာအားျဖင့္ စာေမးပြဲေအာင္ဖို႔ေလာက္ကိုသာ - အာ႐ုံျပဳလာၾကသည္။

စာေမးပြဲေအာင္ခ်က္ ေကာင္းလၽွင္ ထိုက်ဴရွင္ဝိုင္း၊ က်ဴရွင္ဆရာ နာမည္ ႀကီးသြားပါေလေတာ့သည္။ တကယ္ပညာရသြားလား၊ ရမသြားဘူးလား၊ စဥ္းစားခ်ိန္ မရလိုက္ေတာ့၊ - ပညာသင္ၾကားျခင္း၏ ရည္ရြယ္ခ်က္ကို ေမ့သြားၾကပါေလေတာ့သည္။ ဒီၾကားထဲတြင္ ေမးခြန္း ‘လိုက္” တာတို႔၊ စေပါ့' ရိုက္တာတို႔ ဆိုတာေတြကလည္း ပါလာတတ္ေသးသည္။ မွတ္စု ဆိုတာေတြ၊ အနီးကပ္ခန႔္မွန္း ဆိုတာေတြကလည္း ထြက္လာတတ္ေသးသည္။ - မိတၱဴကူးဆိုင္ကလည္း ခ်ဳံေပးလိုက္ရတာ ေန႔မအား၊ ညမအား။ ၿပီးခဲ့သည့္ႏွစ္က ေမးၿပီးသားဆိုလၽွင္ - ေယာင္လို႔ လွည့္မၾကည့္ေတာ့။ ထိုအခန္းကို ပစ္ထားလိုက္ၾကသည္။ အထူးသျဖင့္ သမိုင္းသာသာရပ္ဆိုလၽွင္ ပို၍ သိသာေသးသည္။

အေလာင္းဘုရားကို ဒီႏွစ္ေမးလိုက္လၽွင္ - ေနာက္ႏွစ္ေရာက္ေတာ့ အေလာင္းဘုရားဆိုတာ သမိုင္းတြင္ တစ္ခါမွ မရွိခဲ့ဖူးသကဲ့သို႔ - ပစ္ထားလိုက္ၾကေတာ့သည္။ ခက္သည္က သမိုင္းဆိုသည္မွာ ျဖစ္ရပ္တစ္ခုႏွင့္ တစ္ခု က်ိဳးေၾကာင္း - ဆက္စပ္ေနသည္ျဖစ္ရာ သမိုင္းကို ေလ့လာရာတြင္ အေရးအႀကီးဆုံးျဖစ္ေသာ နိုင္ငံေရးကြင္းဆက္မ်ားကို မ်က္ေျချပတ္သြားေတာ့သည္။ သစ္ပင္တစ္ပင္စီကို ၾကည့္ေနရင္း သစ္ေတာႀကီး ေပ်ာက္သြားတာမ်ိဳးပင္။ “ဦးပုည ဘယ္ေခတ္ကလဲ” ဟု ေမးလိုက္လၽွင္ ပုဂံေခတ္လို႔ ေျပာလို႔ေျပာ၊ “ဘုရင့္ေနာင္ ဘယ္ေခတ္ကလဲ” - ဟု ေမးလၽွင္ ကုန္းေဘာင္ေခတ္ဟု ေျပာလို႔ေျပာ ျဖစ္ေနၾကသည္ကို ေတြ႕လိုက္ရေတာ့ ငိုရအခက္၊ ရယ္ရအခက္။ “

ယေန႔ နိုင္ငံေရးသည္၊ မနက္ျဖန္ သမိုင္း” ဟူေသာ ဆိုရိုးစကား ရွိသည္။ မိမိတို႔ နိုင္ငံသမိုင္းကို အၾကမ္းအားျဖင့္ေလာက္ေတာ့ ျခဳံငုံသိထားသင့္ေလာက္သည္။ သမိုင္းကို မသိပါလၽွင္ နိုင္ငံေရးကို ဘယ္လိုလုပ္ သေဘာေပါက္ပါမည္နည္း။ ဇူလိုင္ ၁၉ ရက္ေန႔ကို အာဇာနည္ေန႔မွန္း သိၾကသည္။ သို႔ေသာ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား မည္သို႔ အလုပ္ႀကံခံရမွန္း မသိေသာ အူေၾကာင္ေၾကာင္ ေက်ာင္းသားေတြကို မၾကာခဏ ေတြ႕ရသည္။ သမိုင္းပညာရွင္ - ေဒါက္တာသန္းထြန္းအား နာမည္ႀကီး စာေရးဆရာ တစ္ေရာက္က... “သမိုင္းကို ဘာေၾကာင့္ သင္ရတာလဲ ဆရာ” ဟုေမးရာ ဆရာႀကီး... “မအ, ေအာင္လို႔...” ဟု တိုတို ျပန္ေျဖခဲ့သည္။

စာေမးပြဲကိုသာ ပဓာနထားၾကေလေတာ့ ကေလးကလည္း စာေမးပြဲအတြက္ အလြတ္က်က္တာကိုခ်ည္း အားသန္လာၾကေတာ့သည္။ မွတ္ဉာဏ္ကိုခ်ည္းသာ အားကိုးလာၾကေတာ့ က်ိဳးေၾကာင္းဆက္စပ္ စဥ္းစားတတ္သည့္ ဉာဏ္က မွိန္မွန္းမသိ၊ မွိန္လာေလေတာ့သည္။ စာေမးပြဲပဓာန သင္နည္းသည္ ကေလးတို႔၏ စဥ္းစားဉာဏ္ကို အညြန႔္ဆိတ္ထားသကဲ့သို႔ ျဖစ္လာသည္။ မၾကာေသးမီက နိုင္ငံျခားေရာက္ေနသည့္ လူငယ္တစ္ေယာက္ႏွင့္ စကားစျမည္ ေျပာခဲ့ရသည္။ “ဆရာ ျမန္မာလူငယ္ေတြဟာ သင္တာကို ေသေသခ်ာခ်ာ မွတ္ထားတတ္ၾကတယ္။ ဒါေပမဲ့ - ဆရာကို ျပန္ေမးတာေတြ၊ က်ိဳးေၾကာင္းဆန္းစစ္တာေတြမွာ အားနည္းတယ္။ အိုင္က်ဴ (ဉာဏ္ရည္) နိမ့္သလိုလို နိုင္ငံျခားသား ဆရာေတြက ေျပာၾကတယ္။ အဲဒါကို ဘယ္လိုျမင္သလဲ ဆရာ” “မ်ိဳးခ်စ္စိတ္ႀကီး တစ္ခြဲသားေလာက္နဲ႔ ေျဖတယ္လို႔ မထင္လိုက္ပါနဲ႔။

အေရွ႕ေတာင္အာရွမွာ ျမန္မာေလာက္ အင္ပါယာႀကီးခဲ့ဖူးတာ ဘယ္နိုင္ငံမ်ား ရွိခဲ့ဖူးလို႔လဲ။ အဲဒါက လက္႐ုံးရည္ကို ေျပာလိုက္တာပါ။ ယဥ္ေက်းမႈဘက္ကို ၾကည့္လိုက္ရင္လဲ ဘုရားပုထိုး၊ ဗိသုကာ၊ စာေပ စသည္အားျဖင့္ ျမန္မာေလာက္ ဘယ္နိုင္ငံ ျမင္ဖူးခဲ့သလဲ။ အဲဒီလို လူမ်ိဳးကို `အိုင္က်ဴ နိမ့္တယ္လို႔ မင္းေျပာမလား... ေနာက္ၿပီး မင္း စဥ္းစားသတာ တစ္ခုက ခုေခတ္ျမန္မာလူငယ္ေလးေတြ LCCI ဆိုတဲ့ စာေမးပြဲကို ႀကိဳးစား ေနၾကတယ္။ လန္ဒန္က စစ္တာေနာ္။ တစ္ကမၻာလုံး ဝင္ၾကတာ။

အဲဒီမွာ ျမန္မာလူမ်ိဳးထဲက - တစ္ကမၻာလုံးမွာ တစ္’ စြဲၿပီး ေရႊတံဆိပ္ဆုရတာ သုံးႀကိမ္ရွိသြားၿပီ။ ငါ့တူမတစ္ေယာက္ေတာင္ ဒုတိယစြဲလို႔ ပညာသင္ဆုေပးတာနဲ႔ အခု မေလးရွားမွာ ဆက္သင္ေနတယ္။ အဲဒီကၿပီးရင္ ေအာက္စ္ဖို႔ဒ္ကို သြားရမယ္။ - ဒီလူမ်ိဳးကို ဉာဏ္ရည္နိမ့္တယ္လို႔ ဘယ္လိုေျပာမလဲ။ ျမန္မာေက်ာင္းသား လူငယ္ေတြက ဆရာမိဘကို ရိုရိုေသေသ ဆက္ဆံရတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ႀကီး ခိုင္လြန္းေနေလေတာ့ ႐ုတ္တရက္ ဆရာကို ေမးရမွာ ရြံ့သလိုလို အားနာသလိုလို ျဖစ္ေနတတ္တာ အမွန္ပါပဲ။ သူတို႔ကို ေမးလိုက္ျမန္းလိုက္၊ ေမးခြင့္ေပးလိုက္ သင္သြားရင္ ေမးလိုက္သမွ ဆရာေတာင္ စိတ္ညစ္သြားပါလိမ့္မယ္”

“ဆရာလဲ က်ဴရွင္သင္ေသးတယ္ မဟုတ္လား” “ေအးေပါ့ကြာ၊ ဒါေပမဲ့ နီးစပ္ရာ တပည့္ေဟာင္းေတြရဲ့ သားေတြ၊ သမီးေတြေလာက္ကိုသာ သင္တာပါ” “ဆရာကေတာ့ ဘယ္လိုသင္လ္ ဆရာ” “ငါကေတာ့ ေဆာ့ခရတၱိနည္းကို သုံးတာပဲ” “ေဆာ့ခရတၱိနည္းက ဘယ္လိုလဲ ဆရာ” “ဆရာဆိုတာဟာ ဝမ္းဆြဲနဲ႔ တူရမယ္တဲ့၊ ဝမ္းဆြဲဆိုတာ မိခင္ရဲ့ ဝမ္းထဲမွာရွိတဲ့ သေႏၶသားကို ကေလးေရာ မိခင္ပါ အႏၲရာယ္ကင္းစြာ ေခ်ာေခ်ာေမာေမာ အျပင္ေရာက္လာေအာင္ ကူညီေပးတာတဲ့။ ဒီလိုပဲ ဆရာေကာင္းဆိုတာ တပည့္ရဲ့ ဉာဏ္ကို နိုးလာေအာင္ ႏွိုးေပးတာပဲတဲ့” “ဆရာက ျမန္မာစာ သင္ဘာေနာ္” “ေအး... ဟုတ္တယ္” “ျမန္မာစာကို အဲဒီနည္းနဲ႔ ဘယ္လိုသင္သလဲ ဆရာ၊ ဥပမာ တစ္ခုေလာက္ ေျပာျပပါ” “ဆိုပါစို႔ကြာ...

စကားေျပတစ္ပုဒ္ကို သူတို႔ကို ေသခ်ာဖတ္စမ္းလို႔ အဖတ္ခိုင္းလိုက္တယ္။ ငါက ဖတ္ျပတာ မဟုတ္ဘူးေနာ္၊ သူတို႔ကို စိတ္နဲ႔ပဲ အဖတ္ခိုင္းတာ၊ `ေသခ်ာဖတ္ ေမးမယ္' လို႔ေတာ့ ေျပာထားရတာေပါ့။ သူတို႔အားလုံး ဖတ္ၿပီးမွ ကဲ... ဒီစာတစ္ပုဒ္လုံးမွာ စာေရးဟာ ဘာေျပာခ်င္တာလဲ၊ လိုရင္းအခ်က္ကို အတိုဆုံးေျပာစမ္း” လို႔ ခိုင္းလိုက္တာေပါ့။ သူတို႔ေျပာလိုက္ေတာ့မွ မွန္ရင္လဲ မွန္တယ္ေပါ့။ တိမ္းရင္လဲ တိမ္းတယ္ေပါ့။ မ်ားေသာအားျဖင့္ မွန္ၾကပါတယ္။ အဲဒါၿပီးေတာ့မွ `ကဲ.. သူတင္ျပလိုက္တဲ့ - အဆိုျပဳခ်က္ကို မွန္ကန္ေၾကာင္း ဘယ္လို က်ိဳးေၾကာင္းျပသလဲ ဆိုတာကို ဆက္ေမးလိုက္တယ္။ အဲဒါၿပီးေတာ့မွ သက္ေသ သာဓက ဘာေတြျပထားသလဲ ဆိုတာမ်ိဳး ဆက္ေမးတာပါပဲ။

ကဗ်ာတို႔လို စာမ်ိဳးကို သင္ေတာ့ တစ္မ်ိဳးသြားရတာေပါ့။ အဲဒီမွာလဲ အက်ိဳးအေၾကာင္းေတြကို ေမးၿပီး သင္လို႔ရတာပါပဲ။ မင္းတို႔ ‘ျမင္စိုင္းေရႊျပည္' သင္ခဲ့ရေသးသလား” “သင္ခဲ့ရတယ္ ဆရာ” “ျမင္စိုင္းေရႊျပည္ဟာ ဘက္စုံဖြံ့ၿဖိဳးတဲ့ ေနျပည္ေတာ္ျဖစ္ေၾကာင္း ဘယ္လို အေထာက္အထားေတြ ျပထားသလဲ ဆိုတဲ့ ေမးခြန္းေတြကို ေမးသြားတာေပါ့။ ေနာက္ေတာ့ သူတို႔ က်င့္သားရလာတာပါပဲ။ သူတို႔ ကိုယ္ပိုင္ဉာဏ္ကို သုံးတတ္လာၾကတာပါပဲ...” “စာေမးပြဲအတြက္ေကာ ျပင္ဆင္ေပးေသးလား ဆရာ” “ငါကေတာ့ တတ္ေအာင္ သင္ေပးလိုက္တာပဲ၊ စာေမးပြဲရယ္လို႔ မဟုတ္ဘူး၊ သို႔ေသာ္လဲ စာေမးပြဲနီးတဲ့အခါ သူတို႔ ျပန္ၾကည့္ခ်င္ရင္ ၾကည့္နိုင္ေအာင္ ေမာ္စုကေလးေတြကိုေတာ့ျဖင့္ ကြန္ပ်ဴတာစာစီ၊ - ဖေယာင္းေဖာက္လွည့္ ေပးလိုက္တာမ်ိဳးေတာ့ လုပ္ေပးရတာေပါ့။

ဒါေပမဲ့ အဲဒါေတြကို - ငါ့တပည့္ေတြက ဘယ္ေတာ့မွ အလြတ္မက်က္ေတာ့ဘူး၊ မွတ္မိေအာင္ ျပန္ၾကည့္တာေလာက္ပဲ လုပ္ၾကေတာ့တယ္...” “ဆရာ့သင္နည္း ေအာင္ျမင္သလား ဆရာ...” “မင္းကေမးလာလို႔ ၾကားလိုက္ရဦးမယ္၊ ငါ့တစ္ပည့္မေလးတစ္ေယာက္က စာေမးပြဲၿပီးလို႔ လာၿပီး ကန္ေတာ့ရင္း ေျပာသြားတာပါ။ 'ဆရာရယ္... စာေမးပြဲ မေျဖမီေန႔မွာ မမက... - နက္ျဖန္ ျမန္စာမွာ မဟုတ္လား၊ စာေတြက်က္ေလ စာမက်က္ဘူးလားနဲ႔ တတြတ္တြတ္ခိုင္းေနတာ စိတ္ကို ညစ္ေရာ။ ဆရာႀကီးက စာမက်က္ရေအာင္ သင္ေပးထားတာလို႔ ေျပာတာလဲ မရဘူး။ စိတ္ကိုညစ္ေနတာပဲ' လို႔ - ေျပာတယ္”

“ဒါျဖင့္ စာေမးပြဲ မလိုဘူးလို႔ ဆိုလိုသလား ဆရာ...” “မလိုဘူးလို႔ မေျပာပါဘူး၊ ပဓာန မဟုတ္ဘူးလို႔သာ ေျပာတာပါ။ ေမးလိုက္ရဦးမယ္။ မင္း... - သံဃာေတာ္ေတြ စာေမးပြဲကို သိသလား...” “ပထမႀကီးတို႔ ပထမလတ္ ပထမငယ္တို႔ ဆိုတာေတြ မဟုတ္လား ဆရာ...” “ေအး ဟုတ္တယ္... စာသင္တိုက္ဆိုတာ အဲဒီစာေမးပြဲေတြအတြက္ သင္ေပးတာပဲ၊ ဒါေတာင္ ပခုကၠဴစာခ်နည္းဆိုတာ ရွိေသးတယ္။ သူက စာေမးပြဲကို ထည့္မစဥ္းစားဘူး။ စာတတ္ဖို႔ကိုသာလၽွင္ ပဓာနထားတယ္။ သူ႔သင္ရိုး Course က တစ္မ်ိဳးဆိုပါေတာ့ကြယ္။ စာေပလိုက္စားတဲ့ နာမည္ေက်ာ္ ရဟန္းေတာ္ဟူသမၽွ ပကၠဴတိုက္ကို မေရာက္ေသးရင္ စာမကုန္ေသးဘူးလို႔ ယူဆတယ္။ “စာေမးပြဲသည္ သာမည၊ တတ္ကၽြမ္းမႈသည္ ပဓာန” ေပၚလစီေပါ့ကြယ္” `ဝန္မပါလဲ ပြဲမျဖစ္၊ ဝန္ပါလဲ ပြဲစိတ္ညစ္” ဟူေသာ ဆိုရိုးစကား ရွိပါသည္။

ေအာင္သင္း(၂၀၀၃)

Comments