ပိုကောင်းတဲ့လေ ပိုကောင်းတဲ့ကျန်းမာရေး (ဂျူး)
ပိုကောင်းတဲ့လေ ပိုကောင်းတဲ့ကျန်းမာရေး (ဂျူး)
လေထုအရည်အသွေးကို ဘယ်လိုတိုင်းတာသလဲ?
လေထုအရည်အသွေးကို လေအရည်အသွေးညွှန်းကိန်း (Air Quality Index – AQI)နဲ့ တိုင်းတာပါတယ်။ အဓိကကတော့ တကုဗမီတာ ပတ်လည်ထုရှိတဲ့ လေထဲမှာ ပီအမ် ၂.၅ (PM 2.5) လို့ခေါ်တဲ့ (Aparticulate matter 2.5) ဘယ်လောက်ပါဝင်လဲ တိုင်းတာတာပါ။ ကျွန်မတို့ အိမ်တွင်းအိမ်ပြင်မှာ မြင်နေကျ ဖုန်တွေထက် အဆများစွာသေးငယ်တဲ့ အမှုန်လေးတွေပေါ့။ အနီးစပ်ဆုံးနှိုင်းရရင် ဆံချည်မျှင်တခုရဲ့ ကန့်လန့်ဖြတ်အချင်းက ၆၅ မိုက်ခရွန်တဲ့။ ဒီတော့ ကိုယ့်ဆံပင်ရဲ့ ကန့်လန့်ဖြတ်အချင်းထက် အဆ ၃၀ လောက်သေးတဲ့ ပီအမ်၂.၅ အမှုန်လေးတွေ ကျွန်မတို့ကိုယ်ထဲကို ဘယ်လောက်ထိ အလွယ်တကူဝင်နိုင်လဲ တွေးကြည့်လို့ရပါတယ်။ ဒါကြောင့် သိပ်အန္တရာယ်ကြီးတာပါ။
What is Air Quality Index and why is it important? - Blue Sky Analytics
လေထုထဲ တမီတာ ကုဗပတ်လည်မှာ ပီအမ် ၂.၅ အမှုန်အမွှား ၀-၅ အတွင်းရှိတယ်ဆိုရင် သိပ်ကောင်းတယ်။ သန့်စင်တယ်။ ၅၀-၁၀၀ ကြားဆိုရင်လည်း မဆိုးလှဘူး။ ၁၀၁-၁၅၀ အတွင်းဆိုရင် ကိုယ်ခံအားမကောင်းသူ၊ မူလရောဂါရှိသူတွေအတွက် အန္တရာယ်ရှိတယ်။ သာမန်လူတွေအတွက်တော့ သိပ်မဆိုးသေးဘူး။ ၁၅၁ ကနေ လွန်သွားရင်တော့ သာမန်ကျန်းမာနေသူတွေအတွက်ကိုပဲ မကောင်းတော့ပါဘူး။
မြန်မာနိုင်ငံရဲ့လေထုအရည်အသွေး
၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်တခုအရ မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုနဲ့ဆက်စပ်ပြီး သေဆုံးရသူပေါင်း ၂၂၀၀၀ ရှိပါသတဲ့။ (ဆွစ်ဇာလန်နိုင်ငံအခြေစိုက် IQAir အဖွဲ့အစည်းရဲ့ ၂၀၂၀ ခုနှစ် ကမ္ဘာ့လေထုအရည်အသွေး အစီရင်ခံစာ (World Air Quality Report)အရ မြန်မာနိုင်ငံဟာ အဆင့် ၁၉ မှာရှိပါတယ်)။ အဲ့ဒီတော့ ကိုဗစ် ၁၉ ကိုပြောသလို ပြောရမယ်ဆိုရင် မကြောက်နဲ့၊ သို့သော် မပေါ့နဲ့။ ရန်ကုန်မြို့ရဲ့လေထုအရည်အသွေးကို Air Quality Yangon Facebook Page ကနေ ဖော်ပြပေးနေတာရှိသလို လက်ကိုင်ဖုန်းထဲမှာ အပလီကေးရှင်းထည့်ထားပြီး ကိုယ့်ပတ်ဝန်းကျင်လေထုအရည်အသွေးကို သိနိုင်ပါတယ်။
လေထုညစ်ညမ်းရတဲ့အကြောင်းရင်း
လေထဲမှာပါဝင်သင့်တဲ့ ဓာတ်ငွေ့အချိုးအဆတွေ ပြောင်းကုန်လို့ လေထုညစ်ညမ်းရတယ်လို့ ပြောလို့ရပါတယ်။ လေထုထဲမှာ နိုက်ထြိုဂျင်၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေငွေ့နဲ့ အာဂွန် ဆိုပြီး အဓိက ဓာတ်ငွေ့ ၅မျိုး ပါဝင်တယ်လို့ သိရပါတယ်။ ဓာတ်ငွေ့တွေ သူ့အချိုးအတိုင်း မှန်ကန်စွာရှိနေရင် လေထုသန့်စင်နေပါတယ်။ မများသင့်တဲ့ဓာတ်ငွေ့တွေ လေထုထဲများနေရင် အသက်ရှူဖို့သင့်တော်တဲ့လေ မဟုတ်တော့ပါဘူး။
Urban Air Pollution: Sources and Pollutants - Airqoon
လေထုညစ်ညမ်းမှုတာက မီးတောင်ပေါက်ကွဲတာတို့ သဲမုန်တိုင်းတိုက်တာတို့လို သဘာဝကြောင့်ဖြစ်တာရှိပေမယ့် အဓိကကတော့ လူတွေလုပ်လို့ ဖြစ်ရတာပါ။ နယ်နဲ့မြို့ကြီးတွေမှာ လေထုညစ်ညမ်းရခြင်း အကြောင်းရင်း အနည်းငယ် ကွာခြားပါလိမ့်မယ်။
နယ်မြို့များတွင် လေထုညစ်ညမ်းရသည့် အကြောင်းရင်း
၁။ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာများ
၂။ တောင်ယာ၊ ကောက်ပဲသီးနှံအကြွင်းအကျန် မီးရှို့ခြင်း
၃။ ထင်းမီးသွေးပြုလုပ်ခြင်း
၄။ ကောက်ရိုး၊ မိုးနှင့် နေတို့ထိတွေ့မှုကြောင့် ထွက်လာသော မီသိန်းဓာတ်ငွေ့
၅။ မိုင်းလုပ်ငန်း (သတ္တုမိုင်း၊ ကျောက်မီးသွေးမိုင်း၊ ကျောက်စိမ်းမိုင်း၊ ရွှေမိုင်း၊ ပယင်းမိုင်း၊ နီကယ်မိုင်း၊ ကြေးနီမိုင်း)
မြို့ကြီးများတွင် လေထုညစ်ညမ်းရသည့် အကြောင်းရင်း
၁။ စက်ရုံကထွက်သော မီးခိုးငွေ့များ
၂။ မော်တော်ယာဉ်အိပ်ဇောကထွက်တဲ့ နိုက်ထြိုဂျင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ
၃။ ဆောက်လုပ်ရေးလုပ်ငန်းများ
၄။ အမှိုက်ပုံကြီးတွေကနေထွက်နေတဲ့ အငွေ့
၅။ အိမ်တွင်း မီးဖိုချောင်ကနေထွက်တဲ့ ကာဗွန်ငွေ့
၆။ ဖယောင်းတိုင်၊ အမွှေးတိုင်အငွေ့
ဘယ်လိုဆောင်ရွက်ရင် လေထုညစ်ညမ်းမှု လျှော့ချနိုင်မလဲ?
၁။ အမှိုက်မီးမရှို့နဲ့
ဘယ်အမှိုက်ကိုမှ မီးရှို့ဖို့ မသင့်တော်ဘူး။ ပလတ်စတစ်ပါရင် ပိုတောင်မရှို့သင့်ဘူး။ အဲဒီမီးခိုးတွေကပါတဲ့ အဆိပ်ငွေ့တွေကြောင့် နှလုံးရောဂါ၊ ဦးနှောက်အာရုံကြောရောဂါ၊ အဆုပ်ရောဂါနဲ့ ကြာရှည်ရှူမိရင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တယ်။
မီးမရှို့ရင် ဒီလောက်များတဲ့အမှိုက်တွေ ဘာလုပ်ရမလဲ။
ပထမတော့ အမှိုက်နည်းအောင် ကျွန်မတို့ကြိုးစားရမှာပါ။ အမှိုက်လျှော့ချဖို့က 5 R လို့ သိကြတဲ့ အချက်တွေပါပဲ။ Reduce လျှော့ချတာ၊ Reuse ပြန်သုံးတာ၊ Recycyle အသစ်တဖန်ပြန်သုံးတာ၊ Reject ပလတ်စတစ်ကို ငြင်းပယ်တာ၊ Return ယူပြီးရင် ဆေးကြောပြီး ပြန်ပေးတာ။
သစ်ရွက်မှိုက်လို အော်ဂဲနစ်အမှိုက်လိုဆိုရင် မြေဆွေး ကွန်ပို့စ်(compose) လုပ်ရမှာပေါ့။ မြေပေါ်မှာ ၃၊ ၄ ပေရှိတဲ့ လေးထောင့်တွင်းတခု ခပ်တိမ်တိမ်တူးမယ်။ သစ်ရွက်မှိုက်၊ စက္ကူမှိုက်၊ ဂျပ်ဘူးခွံဟောင်း၊ ကိုင်းခြောက်အဖျားအနား၊ သစ်သားစတွေ တလွှာချင်းထည့်မယ်။ အပေါ်က ရေဖျန်းပေးထားပြီး သုံးလေးရက်တခါ အထက်အောက်လှန်ပေးရမယ်။ လနဲ့ချီပြီးကြာတဲ့အခါ အလွန်ကောင်းတဲ့ သဘာဝမြေဆွေး ရမယ်။ ဒါပေမယ့် ထမင်းကျန် ဟင်းကျန် အသိုးတွေနဲ့ ဆီပေနေတဲ့အရာတွေ၊ ပလတ်စတစ်တွေ မထည့်ရပါဘူး။
၂။ အမွှေးတိုင်တွေ လျှော့ပြီးထွန်းမယ်
အမွှေးတိုင်က သစ်ပင်တွေကုန်ပါတယ်။ အမွှေးတိုင်ထက်ပိုဆိုးတဲ့ ခြင်ဆေးခွေတွေကို လုံးဝမထွန်းဘဲ ထားမယ်။ ခြင်ဆေးခွေက ကင်ဆာဖြစ်စေနိုင်တဲ့အဆိပ်ငွေ့တွေ အများကြီးပါတယ်။
ဒါဆိုခြင်မကိုက်အောင် ဘယ်လိုလုပ်မလဲ။ ကိုယ့်အိမ်နားက ရေဝပ်တဲ့နေရာတွေ၊ ရေမြောင်းတွေကို ရှင်းမယ်။ ဘုရားပန်းအိုးတွေကို နှစ်ရက်တခါ လဲမယ်။ ခြင်မကိုက်အောင် စပါးလင်နဲ့ထုတ်ထားတဲ့ သဘာဝခြင်ဆေးတွေ လိမ်းလို့ ဖျန်းလို့ရတယ်။ သနပ်ခါးနဲ့ သံပုရာသီးညှစ်ပြီး လိမ်းတာလည်း တွေ့ဖူးပါတယ်။
၃။ ကားတွေနဲ့ပတ်သက်လို့ လျှော့ချနိုင်တာတွေရှိတယ်
စက်အင်ဂျင်ကောင်းအောင်ပြင်ဆင်ဖို့ အိပ်ဇောကနေ မီးခိုးမထွက်အောင်လုပ်ဖို့က ကားစီးသူတွေရဲ့ တာဝန်ပါ။ အပြင်ထွက်စရာရှိတာတွေ စုထား၊ ကားနဲ့တခေါက်တည်းထွက်ပြီး ဆောင်ရွက်စရာရှိတာတွေ အကုန်ဆောင်ရွက်။ ကိုယ့်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထြိုဂျင်အောက်ဆိုက် အထွက်နည်းအောင် လုပ်ရမှာပါ။ ကာဗွန်ခြေရာနည်းအောင် ထိန်းသိမ်းခြင်းပေါ့။
ကိုယ်ပိုင်ကားမစီးဘဲ အများပြည်သူစီးတဲ့ ဘတ်စ်ကားကို စီးပါလို့ သာမန်အချိန်တွေမှာ ပြောလို့ရပေမယ့် ကိုဗစ် ၁၉ ဗိုင်းရပ်စ်အချိန်ကာလမှာတော့ ဘတ်စ်ကားထဲမှာ လူတွေနီးကပ်နေနိုင်တဲ့အတွက် ဆင်ခြင်ကြရမှာပါ။
၄။ လျှပ်စစ်ကို လျှော့သုံးဖို့ အလေ့အကျင့်လုပ်ရမှာပါ
ကျောက်မီးသွေး မီးလောင်စေရာကရတဲ့ လျှပ်စစ်ဓာတ်အား၊ အမှိုက်မီးရှို့စက်(incinerator) ကနေထုတ်လုပ်တဲ့ လျှပ်စစ်၊ ရေအားလျှပ်စစ် စတဲ့ လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းတွေကြောင့် လေထုညစ်ညမ်းပါတယ်။ လေထုသန့်စင်စေချင်ရင် လျှပ်စစ်ကို ကျွန်မတို့လျှော့သုံးရမယ်။ မလိုအပ်ဘဲ ပန်ကာ၊ မီးတွေဖွင့်ထားတာမျိုး၊ ကွန်ပျူတာနဲ့ ရုပ်မြင်သံကြားတွေကို အဆင့်သင့်အနေအထား (standby) လုပ်ထားတာမျိုး ရှောင်ရမယ်။ ပါဝါခလုပ်ဖြုတ်ရမယ်။ ညအိပ်ရင် မီးပိတ်ရမယ် စသည်ဖြင့်ပေါ့။
အစိုးရအဖွဲ့အစည်းအနေနဲ့ သန့်စင်တဲ့လျှပ်စစ်ရအောင်၊ နေရောင်ခြည်နဲ့သုံးတဲ့ ဆိုလာစွမ်းအင် လျှပ်စစ်ကို ဆောင်ရွက်နိုင်ရင် အတိုင်းထက်အလွန် ကောင်းမှာပါ။
၅။ သစ်ပင်တွေစိုက်ရမယ်။
သစ်ပင်သစ်ရွက်က ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတယ်။ လူနဲ့သစ်ပင်က တကယ့်ကို အပြန်အလှန်အကျိုးပေးတာပါ။ သစ်ပင်တွေကို ကမ္ဘာကြီးရဲ့အဆုပ်လို့ တင်စားကြတာကို ကြားဖူးကြမှာပါ။ သစ်ပင်တွေက ကမ္ဘာကြီးရဲ့အသည်းလည်းဖြစ်သတဲ့။ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထြိုဂျင်အောက်ဆိုက်နဲ့ အဆိပ်ငွေ့တွေကို သူ့အရွက်တွေက စုပ်ယူသန့်စင်ပေးလိုက်တာမို့ လူ့အသည်းနဲ့တင်စားကြတယ်။ လူ့အသည်းကလည်း လာသမျှ အဆိပ်တွေအကုန်စုပ်ယူပြီး ပြန်သန့်စင်ပေးရတာကိုး။
ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးတဲ့ ပီအမ် ၂.၅ အမှုန်တွေကို သစ်ပင်တွေက နည်းနှစ်မျိုးနဲ့ လျှော့ချပေးနိုင်ပါတယ်။
ပထမနည်းက အမှုန်အမွှားပီအမ်လေးတွေ အုပ်စုလိုက်ကို ပြန့်ကျဲသွားအောင် သစ်ရွက်သစ်ကိုင်းတွေက ခွဲပေးလိုက်ပါတယ်။ ပြန့်သွားတဲ့အခါ လေနဲ့ရောပြီးတော့ ပါဝင်မှု ပမာဏကျဲသွားပါတယ်။ ရေဖျော်သလို လေနဲ့ဖျော်ပေး (dilute)လိုက်တာပေါ့။ လူ့အသက်ရှူလမ်းကြောင်းထဲကို အစုလိုက်အပြုံလိုက် မဝင်တော့ဘူးပေါ့။
ဒုတိယနည်းကတော့ သစ်ရွက်မှာ အနယ်ထိုင်ကပ်သွားတာပါ။ အဲဒီအမှုန်တွေက ဖယောင်းဆန်ဆန် သစ်ရွက်နဲ့ အမွှေးအမျှင်လေးတွေရှိတဲ့ သစ်ရွက်မှာ ကပ်သွားပြီး မိုးရွာလာတဲ့အခါ ရေနဲ့အတူပျော်ဆင်းသွားပါတယ်။ သစ်ရွက်အရွယ်အစားနဲ့ သစ်ပင်ရဲ့ ရွက်အုပ်မိုး (canopy) အပေါ်မှာလည်း မူတည်ပါတယ်။ ရွက်အုပ်မိုးကြီးလေ အမှုန်အမွှားတွေကို တားဆီးထားဖို့ ပိုအစွမ်းထက်လေပါ။
ဒါတွေကတော့ ကျွန်မတို့ တဦးချင်း၊ တအိမ်ချင်း၊ တရပ်ကွက်ချင်း ဆောင်ရွက်နိုင်တဲ့ အရာတွေပါ။
(၅.၅.၂၀၂၀ ရက်နေ့တွင် ဂျူး ရေးသားသည့် “ပိုကောင်းတဲ့လေ ပိုကောင်းတဲ့ကျန်းမာရေး” မှ ထုတ်နုတ်တင်ပြပါသည်။)
(Zawgyi)
ပိုကောင်းတဲ့လေ ပိုကောင်းတဲ့က်န်းမာရေး (ဂ်ူး)
လေထုအရည်ေအသြးကို ဘယ္လိုတိုင်းတာသလဲ?
လေထုထဲ တမီတာ ကုဗပတ္လည္မွာ ပီအမ် ၂.၅ အမှုန်အမွှား ၀-၅ အတြင်းရွိတယ္ဆိုရင် သိပ်ကောင်းတယ်။ သန့်စင္တယ်။ ၅၀-၁၀၀ ကြားဆိုရင္လည်း မဆိုးလွဘူး။ ၁၀၁-၁၅၀ အတြင်းဆိုရင် ကိုယ္ခံအားမေကာင်းသူ၊ မူလေရာဂါရွိသူတြေအတြက် အန္တရာယ်ရွိတယ်။ သာမန္လူတြေအတြက်တော့ သိပ္မဆိုးသေးဘူး။ ၁၅၁ ကေန လြန်ြသားရင်တော့ သာမန္က်န်းမာနေသူတြေအတြက္ကိုပဲ မေကာင်းတော့ပါဘူး။
ျမန္မာနိုင်ငံရဲ့လေထုအရည်ေအသြး
၂၀၁၉ ခုနွစ် ထုတ်ျပန္ခ်က္တခုအရျမန္မာနိုင်ငံမွာ လေထုညစ်ညမ်းမှုနဲ့ဆက္စပ်ပြီး သေဆုံးရသူပေါင်း ၂၂၀၀၀ ရွိပါသတဲ့။ (ဆြစ္ဇာလန္နိုင်ငံအျေခစိုက် IQAir အဖြဲ့အစည်းရဲ့ ၂၀၂၀ ခုနွစ် ကမ္ဘာ့လေထုအရည်ေအသြး အစီရင္ခံစာ (World Air Quality Report)အရျမန္မာနိုင်ငံဟာ အဆင့် ၁၉ မွာရွိပါတယ်)။ အဲ့ဒီတော့ ကိုဗစ် ၁၉ ကိျုေပာသလိုျေပာရမယ္ဆိုရင် မေကြာက္နဲ့၊ သို့သော် မေပါ့နဲ့။ ရန္ကုန်မြို့ရဲ့လေထုအရည်ေအသြးကို Air Quality Yangon Facebook Page ကေန ဖော်ျပေပးနေတာရွိသလို လက္ကိုင္ဖုန်းထဲမွာ အပလီကေးရွင်းထည့်ထားပြီး ကိုယ့်ပတ်ဝန်းက်င်လေထုအရည်ေအသြးကို သိနိုင္ပါတယ်။
လေထုညစ်ညမ်းရတဲ့အေကြာင်းရင်း
လေထဲမွာပါဝင်သင့်တဲ့ ဓာတ်ငြေ့အခိုးအဆေတြျေပာင်းကုန္လို့ လေထုညစ်ညမ်းရတယ္လို့ျေပာလို့ရပါတယ်။ လေထုထဲမွာ နိုက်ထြိုဂ်င်၊ အောက္ဆီဂ်င်၊ ကာဗြန္ဒိုင်အောက္ဆိုဒ်၊ ရေငြ့နဲ့ အာဂြန် ဆိုပြီး အဓိက ဓာတ်ငြေ့ ၅မိုး ပါဝင္တယ္လို့ သိရပါတယ်။ ဓာတ်ငြေ့တြေ သူ့အခိုးအတိုင်း မွန္ကန္စြာရွိနေရင် လေထုသန့်စင်နေပါတယ်။ မမ်ားသင့်တဲ့ဓာတ်ငြေ့တြေ လေထုထဲမ်ားနေရင် အသက်ရှူဖို့သင့်တ္တောဲ့လေ မဟုတ်တော့ပါဘူး။
လေထုညစ်ညမ်းမှုတာက မီးတောင်ပေါက္ကြဲတာတို့ သဲမုန္တိုင်းတိုက္တာတို့လို သဘာဝေကြာင့်ျဖစ္တာရွိပေမယ့် အဓိကကေတာ့ လူတြေလုပ္လိျု့ဖစ်ရတာပါ။ နယ္နဲ့မြို့ကြီးတြေမွာ လေထုညစ်ညမ်းရျခင်း အေကြာင်းရင်း အနည်းငယ် ကျြာခားပါလိမ့်မယ်။
နယ်မြို့မ်ားတြင် လေထုညစ်ညမ်းရသည့် အေကြာင်းရင်း
၁။ စိုက္ပိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးနဲ့ ဓာတ်ျေမဩဇာမ်ား
၂။ တောင်ယာ၊ ကောက္ပဲသီးနွံအကြင်းအက်န် မီးရွိျု့ခင်း
၃။ ထင်းမီးသြေျးပုလုပ်ျခင်း
၎။ ကောက်ရိုး၊ မိုးနွင့် နေတို့ထိတြေ့မှုကြောင့် ထြက္လာသော မီသိန်းဓာတ်ငြေ့
၅။ မိုင်းလုပ်ငန်း (သတ္တုမိုင်း၊ ကော်က္မီးသြေးမိုင်း၊ ကော်က္စိမ်းမိုင်း၊ ရွှေမိုင်း၊ ပယင်းမိုင်း၊ နီကယ္မိုင်း၊ ကြေးနီမိုင်း)
မြို့ကြီးမ်ားတြင် လေထုညစ်ညမ်းရသည့် အေကြာင်းရင်း
၁။ စက်ရုံကထြက်သော မီးခိုးငြေ့မ်ား
၂။ မော်တော်ယာဉ်အိပ်ဇောကထြက္တဲ့ နိုက်ထြိုဂ်င်အောက္ဆိုက်၊ ကာဗြန္မိုနောက္ဆိုက်၊ ကာဗြန္ဒိုင်အောက္ဆိုက် ဓာတ်ငြေ့မ်ား
၃။ ဆောက္လုပ်ရေးလုပ်ငန်းမ်ား
၎။ အမွိုက္ပုံကြီးတြေကေနထြက်နေတဲ့ အေငြ့
၅။ အိမ္တြင်း မီးဖိုခော်င္ကေနထြက္တဲ့ ကာဗြန်ငြေ့
၆။ ဖေယာင်းတိုင်၊ အေမွှးတိုင်ေအငြ့
ဘယ္လိုဆောင်ြရက်ရင် လေထုညစ်ညမ်းမှု လျွော့ခ်နိုင္မလဲ?
၁။ အမွိုက္မီးမရွို့နဲ့
ဘယ်အမွိုက္ကိုမွ မီးရွို့ဖို့ မသင့်တ္ဘောူး။ ပလတ္စတစ္ပါရင် ပိုတောင္မရွို့သင့်ဘူး။ အဲဒီမီးခိုးတြေကပါတဲ့ အဆိပ်ငြေ့တြေကြာင့် နွလုံးရောဂါ၊ ဦးနွောက်အာရုံကြောရောဂါ၊ အဆုပ်ရောဂါနဲ့ ကြာရွည်ရှူမိရင် နွလုံးရောဂါနဲ့ ကင္ဆျာဖစ်စေနိုင္တယ်။
မီးမရွို့ရင် ဒီလောက္မ်ားတဲ့အမွိုက်တြေ ဘာလုပ်ရမလဲ။
ပထမေတာ့ အမွိုက္နည်းအောင် ကျန္မြတို့ကြိုးစားရမွာပါ။ အမွိုက်လျွော့ခ်ဖို့က 5 R လို့ သိကြတဲ့ အခ်က်တြေပါပဲ။ Reduce လျွော့ခ်တာ၊ Reuseျပန်သုံးတာ၊ Recycyle အသစ္တဖန်ျပန်သုံးတာ၊ Reject ပလတ္စတစ္ကျိုငင်းပယ္တာ၊ Return ယူပြီးရင် ဆေးကြောပြီျးပန်ပေးတာ။
သစ်ြရက္မွိုက္လို အ္ဂောဲနစ်အမွိုက္လိုဆိုရင်ျေမေဆြး ကြန္ပို့စ်(compose) လုပ်ရမွာပေါ့။ျေမေပ်ါမွာ ၃၊ ၄ ပေရွိတဲ့ လေးထောင့်တြင်းတခု ခပ္တိမ္တိမ္တူးမယ်။ သစ်ြရက္မွိုက်၊ စက္ကူမွိုက်၊ ဂ်ပ္ဘူးခြံဟောင်း၊ ကိုင်ျးေခာက်အဖ်ားအနား၊ သစ်သားစေတြ တလွှာခ်င်းထည့်မယ်။ အေပ်ါက ရေဖ်န်းပေးထားပြီး သုံးလေးရက္တခါ အထက်အောက္လွန်ပေးရမယ်။ လနဲ့ခ်ီပြီးကြာတဲ့အခါ အလြန်ကောင်းတဲ့ သဘာဝျေမေဆြး ရမယ်။ ဒါပေမယ့် ထမင်းက်န် ဟင်းက်န် အသိုးတြေနဲ့ ဆီပေနတဲ့အရာတြေ၊ ပလတ္စတစ်တြေ မထည့်ရပါဘူး။
၂။ အေမွှးတိုင်တြေ လျွော့ပြီးထြန်းမယ်
အေမွှးတိုင္က သစ္ပင်တြေကုန္ပါတယ်။ အေမွှးတိုင္ထက္ပိုဆိုးတျဲ့ခင်ဆေးခြေတြကို လုံးဝမထြန်းဘဲ ထားမယ်။ျခင်ဆေးခြေက ကင္ဆျာဖစ်စေနိုင္တဲ့အဆိပ်ငြေ့တြေ အမ်ားကြီးပါတယ်။
ဒါဆျိုခင္မကိုက်အောင် ဘယ္လိုလုပ္မလဲ။ ကိုယ့်အိမ္နားက ရေဝပ္တဲ့နေရာတြေ၊ ရျေမာင်းတြေကို ရွင်းမယ်။ ဘုရားပန်းအိုးတြေကို နွစ်ရက္တခါ လဲမယ်။ျခင္မကိုက်အောင် စပါးလင္နဲ့ထုတ္ထားတဲ့ သဘာဝျခင်ဆေးတြေ လိမ်းလို့ ဖ်န်းလို့ရတယ်။ သနပ္ခါးနဲ့ သံပုရာသီးညှစ်ပြီး လိမ်းတာလည်း တြေ့ဖူးပါတယ်။
၃။ ကားတြေနဲ့ပတ်သက္လို့ လျွော့ခ်နိုင္တာတြေရွိတယ်
စက်အင္ဂ်င်ကောင်းအောင်ျပင္ဆင္ဖို့ အိပ်ဇောကေန မီးခိုးမထြက်အောင္လုပ္ဖို့က ကားစီးသူတြေရဲ့ တာဝန္ပါ။ အျပင္ထြက္စရာရွိတာတြေ စုထား၊ ကားနဲ့တေခါက္တည်းထြက်ပြီး ဆောင်ြရက္စရာရွိတာတြေ အကုန်ဆောင်ြရက်။ ကိုယ့်ကြောင့် ကာဗြန္ဒိုင်အောက္ဆိုက်၊ နိုက်ထြိုဂ်င်အောက္ဆိုက် အထြက္နည်းအောင် လုပ်ရမွာပါ။ ကာဗြန်ျေခရာနည်းအောင် ထိန်းသိမ်ျးခင်းပေါ့။
ကိုယ္ပိုင္ကားမစီးဘဲ အမ်ာျးပည်သူစီးတဲ့ ဘတ္စ္ကားကို စီးပါလို့ သာမန်အခိန်တြေမွာျေပာလို့ရေပမယ့် ကိုဗစ် ၁၉ ဗိုင်းရပ္စ်အခိန္ကာလမွာတော့ ဘတ္စ္ကားထဲမွာ လူတြေနီးကပ်နေနိုင္တဲ့အတြက် ဆင်ျခင်ကြရမွာပါ။
၎။ လျွပ္စစ္ကို လျွော့သုံးဖို့ အေလ့အက်င့်လုပ်ရမွာပါ
ကော်က္မီးသြေး မီးလောင်စေရာကရတဲ့ လျွပ္စစ္ဓာတ်အား၊ အမွိုက္မီးရွို့စက်(incinerator) ကေနထုတ္လုပ္တဲ့ လျွပ္စစ်၊ ရေအားလျွပ္စစ် စတဲ့ လျွပ္စစ္ထုတ္လုပ္မှုလုပ်ငန်းတြေကြာင့် လေထုညစ်ညမ်းပါတယ်။ လေထုသန့်စင်စေခ်င်ရင် လျွပ္စစ္ကို ကျန္မြတို့လျွော့သုံးရမယ်။ မလိုအပ္ဘဲ ပန္ကာ၊ မီးတြေဖြင့်ထားတာမိုး၊ ကြန္ပ်ူတာနဲ့ ရုပ်ျမင်သံကြားတြေကို အဆင့်သင့်အေနအထား (standby) လုပ္ထားတာမိုး ရွောင်ရမယ်။ ပါဝါခလုပ်ျဖုတ်ရမယ်။ ညအိပ်ရင် မီးပိတ်ရမယ် စသည်ျဖင့်ပေါ့။
အစိုးရအဖြဲ့အစည်းအေနနဲ့ သန့်စင္တဲ့လျွပ္စစ်ေရအာင်၊ နေရာင်ျခည္နဲ့သုံးတဲ့ ဆိုလာစြမ်းအင် လျွပ္စစ္ကို ဆောင်ြရက္နိုင်ရင် အတိုင်းထက်အလြန် ကောင်းမွာပါ။
၅။ သစ္ပင်တြေစိုက်ရမယ်။
သစ္ပင်သစ်ြရက္က ကာဗြန္ဒိုင်အောက္ဆိုက္ကို စုပ်ယူပြီး အောက္ဆီဂ်င္ကျိုပန္ထုတ်ပေးတယ်။ လူနဲ့သစ္ပင္က တကယ့်ကို အျပန်အလွန်အကိုးပေးတာပါ။ သစ္ပင်တြေကို ကမ္ဘာကြီးရဲ့အဆုပ္လို့ တင္စားကြတာကို ကြားဖူးကြမွာပါ။ သစ္ပင်တြေက ကမ္ဘာကြီးရဲ့အသည်းလည်ျးဖစ်သတဲ့။ ဆာလ္ဖာဒိုင်အောက္ဆိုက်၊ နိုက်ထြိုဂ်င်အောက္ဆိုက္နဲ့ အဆိပ်ငြေ့တြေကို သူ့အရြက်တြေက စုပ်ယူသန့်စင်ပေးလိုက္တာမို့ လူ့အသည်းနဲ့တင္စားကြတယ်။ လူ့အသည်းကလည်း လာသမျွ အဆိပ်တြေအကုန္စုပ်ယူပြီျးပန်သန့်စင်ပေးရတာကိုး။
က်န်းမာရေးအတြက် အလြန်အန္တရာယ်ကြီးတဲ့ ပီအမ် ၂.၅ အမှုန်တြေကို သစ္ပင်တြေက နည်းနွစ္မိုးနဲ့ လျွော့ခ်ပေးနိုင္ပါတယ်။
ပထမနည်းက အမှုန်အမွှားပီအမ်လေးတြေ အုပ္စုလိုက္ကျိုပန့်က်ဲသြားအောင် သစ်ြရက်သစ္ကိုင်းတြေက ခြဲပေးလိုက္ပါတယ်။ျပန့်သြားတဲ့အခါ လေနဲ့ရောပြီးတော့ ပါဝင္မှု ပမာဏက်ဲသြားပါတယ်။ ရေဖ်ာ်သလို လေနဲ့ဖော််ပေး (dilute)လိုက္တာပေါ့။ လူ့အသက်ရှူလမ်းကြောင်းထဲကို အစုလိုက်အျပုံလိုက် မဝင်တော့ဘူးပေါ့။
ဒုတိယနည်းကေတာ့ သစ်ြရက္မွာ အနယ္ထိုင္ကပ်ြသားတာပါ။ အဲဒီအမှုန်တြေက ဖေယာင်းဆန္ဆန် သစ်ြရက္နဲ့ အေမွှးအမျွင်လေးတြေရွိတဲ့ သစ်ြရက္မွာ ကပ်ြသားပြီး မိုးရြာလာတဲ့အခါ ရေနဲ့အတူပေ်္ဆာင်းသြားပါတယ်။ သစ်ြရက်အရြယ်အစားနဲ့ သစ္ပင်ရဲ့ ရြက်အုပ္မိုး (canopy) အေပ်ါမွာလည်း မူတည္ပါတယ်။ ရြက်အုပ္မိုးကြီးလေ အမှုန်အမွှားတြေကို တားဆီးထားဖို့ ပိုအစြမ်းထက်လေပါ။
ဒါတြေကေတာ့ ကျန္မြတို့ တဦးခ်င်း၊ တအိမ္ခ်င်း၊ တရပ္ကြက္ခ်င်း ဆောင်ြရက္နိုင္တဲ့ အရာတြေပါ။
(၅.၅.၂၀၂၀ ရက်နေ့တြင် ဂ်ူး ရေးသားသည့် “ပိုကောင်းတဲ့လေ ပိုကောင်းတဲ့က်န်းမာရေး” မွ ထုတ်နုတ္တင်ျပပါသည်။)
Comments
Post a Comment