အရပ်ပုခြင်းရဲ့ကောင်းကျိုးတွေကဘာတွေလဲ

အရပ်ပုလို့စိတ်ဓာတ်ကျနေသလား။ ရော့ ဒီမှာ APPETON Teengrow။

စ,တာ အရပ်ပုတဲ့လူတွေက ရှည်တဲ့လူတွေထက်ကောင်းကျိုးတွေလည်းရှိတာမို့လို့ အရပ်ပုတာစိတ်ဓာတ်ကျစရာမလိုပါဘူး။
အရပ်ပုခြင်းရဲ့ကောင်းကျိုးတွေကဘာတွေလဲကြည့်ရအောင်။

၁။ ပုတဲ့လူတွေက ကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။ (အဲတာကြောင့် မအလ ကင်ဆာမဖြစ်ပြီးသေမသွားသေးတာထင်တယ်။) ၂၀၁၄ ခုနှစ်က research တစ်ခုမှာ အရပ်ရှည်တဲ့ ယောက်ျားတွေရော မိန်းမတွေပါ ကင်ဆာပိုဖြစ်နိုင်တာတွေ့ရပါတယ်။ အဲ research ကိုထောက်ခံတဲ့နောက်ထပ် research တစ်ခုမှာ ခြေရှည်တဲ့လူတွေမှာ အူနဲ့ပတ်သတ်တဲ့ကင်ဆာဖြစ်နိုင်ခြေပိုများတာတွေ့ရပါတယ်။ ခြေရှည်တိုင်းမကောင်းဘူးနော် မိတ်ဆွေတို့။

၂။ သွေးခဲနိုင်ခြေနည်းခြင်းပုပုသေးသေးလေးတွေက ရှည်ရှည်ထွားထွားတွေထက် သွေးခဲနိုင်ခြေနည်းပါတယ်တဲ့။

၃။ ဒါကတော့ယောက်ျားလေးတွေအတွက်နက်နဲတဲ့ကိစ္စဖြစ်သွားပြီ။ အရပ်ရှည်တဲ့လူတွေထက် စွမ်းဆောင်ရည်ပိုများပါတယ်တဲ့။ You know what :3
၄။ အပြေးပြိုင်တဲ့ ရှည်တဲ့လူတွေက ပုတဲ့လူတွေထက် ပိုမြန်တယ်ထင်ရင်တော့ သင်မှားသွားပါလိမ့်မယ်။ သေးသေးသွယ်သွယ်ခြေထောက်တွေကပြေးတဲ့အခါမှာပိုအဆင်ပြေပြီး ခြေရှည်တဲ့လူတွေက ရေကူးတဲ့နေရာမှာပိုအားသန်တာတွေ့ရပါတယ်တဲ့။
၅။ အသက်ပိုရှည်ပါတယ်။ ပုရင်နုတယ်ဆိုတဲ့စကားလည်းရှိသေးတာဆိုတော့ နုလည်းနုတယ် အသက်လည်းရှည်တယ်ဆိုတော့ဘယ်လောက်ကောင်းလိုက်တဲ့အကျိုးကျေးဇူးလဲလို့။ (မကောင်းတာဆိုလို့ မင်းအောင်လှိုင်တစ်ကောင် အသက်ရှည်အဆိပ်ပြင်းနေတာတစ်ခုပဲ။ သူကတော့ပုပေမယ့်မနုပါဘူး အိုစာနေလိုက်တာများ မအိုစာတောင် အရှုံးပေးရမယ်။)

၆။ ကောင်မလေးတွေဆို high heel လေးတွေဝတ်ပြီးဖလန်းဖလန်းလုပ်နိုင်သေးတယ်နော်။ အရပ်ရှည်တဲ့ကောင်မလေးတို့ခမျာမှာတော့ high heel စီးပြီးယွချင်ရင်တောင် ကိုယ့်အရပ်ကိုအားနာနေရတယ်။ high heel စီးပြီး ဖလန်းဖလန်းထ မလား။ ကောင်လေးမရှိတော့ မမီမကန်းကပစ္စည်းလှမ်းယူရင်း ဉာဏ်ဆင်မလား။ ရင်ခွင်မီအရပ်လေးနဲ့ကောင်လေးရင်ခွင်ထဲပဲဝင်နေမလား ရွေးချယ်စရာတွေနော်။ (ခုစာရေးနေတဲ့လူက အရပ်ရှည်လို့ high heel နဲ့ဂေါ်မရတဲ့အပြင် ကောင်လေးကလည်းရှိမနေတော့ စာရေးရင်းငိုနေပါပြီ)
ကောင်မလေးဖြစ်ဖြစ် ကောင်လေးဖြစ်ဖြစ်ပုတာကိုစိတ်ဓာတ်ကျနေစရာမလိုပါဘူးနော်။ ကျန်းမာရေးအရကောင်းကျိုးလည်းများသလို ဘာညာအတွက်ကောင်းကျိုးတွေလည်းရှိတာမို့ ပျော်ပျော်ကြီးသာ နေလိုက်ကြပါမိတ်ဆွေတို့။
ဖတ်လို့မရဘူး
ReplyDeleteရသွားပြီ
DeleteI know what you mean but I'm a girl 🤣
ReplyDeletegood.
ReplyDeleteဘဲရှိလား op
ReplyDelete