ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ
ပထမဆုံးကမ္ဘာ့ဖလား
လွန်ခဲ့တဲ့ နှစ်ပေါင်း 91 နှစ်၊ 1930 ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့မှာ ပထမဆုံးကမ္ဘာ့ဖလားပွဲကို ကျင်းပခဲ့ပါတယ်။ ဉရုဂွေးနိုင်ငံ မွန်တီဗီဒီယိုမြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။
ပထမဆုံးပွဲစဉ်တွေမှာ ပြင်သစ်က မက္ကစီကိုကို 4-1 နဲ့ အနိုင်ရပြီး အမေရိကန်က ဘယ်လ်ဂျီယန်ကို 3-0 နဲ့အနိုင်ယူခဲ့ပါတယ်။ အခုချိန်မှာတော့ ကမ္ဘာ့ဖလားဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး အားကစားပွဲဖြစ်နေပြီ ဖြစ်ပါတယ်။
![]() |
| Football World Cup Uruguay 1930 - Stamp Poster Of Uruguay 1930 World Cup |
1932 လော့စ်အိန်ဂျယ်လိစ် အိုလံပစ်မှာ ဘောလုံးကစားနည်းမပါဘူးလို့ ကြေငြာလိုက်ချိန်မှာ FIFA ဉက္ကဌ ဂျူးစ်ရီမတ် အနေနဲ့ 1930 အတွင်း နိုင်ငံတကာပြိုင်ပွဲတစ်ခု ကျင်းပဖို့ စတင်ကြိုးပမ်းပါတော့တယ်။ 1924 နဲ့ 1928 အိုလံပစ်တွေမှာ ရွှေတံဆိပ်တွေယူခဲ့တဲ့ ဉရုဂွေးနိုင်ငံကို ပထမဆုံးကမ္ဘာ့ဖလားရဲ့ အိမ်ရှင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။
အဲ့အချိန်ကဘောလုံးသမားတွေဟာ အလုပ်လုပ်ရင်း ဘောလုံးကစားရတာဖြစ်ပါတယ်။ အဲ့ကာလဟာ The Great Depression လို့ခေါ်တဲ့ စီးပွာရေးကျဆင်းမှု အကြီး အကျယ်ဖြစ်နေတဲ့ ကာလဖြစ်တာကြောင့် ဘောလုံးသမားတွေဟာ ကစားပြီး ပြန်လာရင် အလုပ်တွေမရှိတော့မှာ စိုးရိမ်ပြီး မကစားချင်ခဲ့ကြပါဘူး။ အဲ့တာကြောင့် အောင်မြင်တဲ့အသင်းတွေဖြစ်တဲ့ ရွှေတံဆိပ်သုံးကြိမ်ရ အင်္ဂလန်အသင်းနဲ့ အီတလီ၊ စပိန်၊ ဂျာမနီ၊ ဟော်လန်တို့က ပြိုင်ပွဲမဝင်ခဲ့ပါဘူး။
ဒါပေမယ့် ဉရောဂွေးအစိုးရက ခရီးစရိတ်ပေးမယ်ဆိုပြီး ခေါ်တာကြောင့် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ရိုမေးနီးယားနဲ့ ယူဂိုစလားဗီးယား တို့တော့ ပါဝင်လာခဲ့ပါတယ်။

ပြိုင်ပွဲအတွင်းမှာတော့ ဉရုဂွေးနဲ့ အာဂျင်တီးနားတို့ ကို လူကြိုက်အများဆုံးဖြစ်ပြီး ပြင်သစ်နဲ့ အမေရိကန်တို့ကလည်း ပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့ပါတယ်။ ပထမဆုံးပွဲမှာတော့ ပြင်သစ်အသင်းက Lucien Laurent က ပထမဆုံးသော ကမ္ဘာ့ဖလားဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပွဲမှာတော့ အာဂျင်တီးနားက ပြင်သစ်ကို 1-0 နဲ့အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်က အချိန် ၆မိနစ်လိုသေးတာကို ပွဲသိမ်းခရာမှုတ်ခဲ့တာကြောင့် အငြင်းပွားခဲ့ကြပြီး အချိန်ပိုပြန်ကန်ခဲ့ရပါတယ်။
ဘယ်လ်ဂျီယန်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်လာတဲ့ အမေရိကန်ဟာ ပါရဂွေးကိုတော့ 6-1 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
![]() |
| ပထမဆုံး final ပွဲ |
ပထမဆုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတော့ 1930 ခုနှစ် ဂျူလိုင်လ 30 ရက်နေ့မှာကျင်းပခဲ့ပြီး ပရိတ်သတ် 93,000 လောက်ကြည့်ရှုခဲ့ကြပါတယ်။ ဉရုဂွေးအနေနဲ့ ပြိုင်ဘက် အာဂျင်တီးနားကို 4-2 ဆိုတဲ့ ရလဒ်နဲ့အနိုင်ရပြီး ပထမဆုံးကမ္ဘာ့ဖလားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


Done 🍀
ReplyDelete🍁🌸Done✅
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteWe must Win
ReplyDeleteThanks for sharing 🌧️
ReplyDelete