တူနီရှားမှာ အာရပ်‌နွေဉီးရဲ့ ဒီမိုကရေစီ ပျောက်ဆုံးတော့မှာလား

 အာရပ်နွေဦးတော်လှန်ရေးကို အစပြုပေးခဲ့တဲ့ တူနီးရှားမှာ ဆယ်နှစ်အကြာမှာတော့ ဒီမိုကရေစီ ပျက်သုဉ်းတော့မလိုဖြစ်နေပါတယ်။ တူနီးရှားဟာ အာရပ်နွေဦးကနေ အာဏာရှင်ကို ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရတင်နိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းက သမ္မတ Kais Saied ရဲ့ ဝန်ကြီးချုပ်ကိုဖြုတ်၊ ပါလီမန်ကိုရပ်ဆိုင်းပြီး ကိုယ့်ကိုယ်ကို နိုင်ငံဉသျှောင်ဆိုပြီး ကြေငြာလိုက်တာက တူနီးရှားရဲ့ဒီမိုကရေစီခေတ်ကုန်တော့မှာလား မေးစရာတွေဖြစ်လာပါတယ်။ သူကတော့ ဒါဟာ အာဏာသိမ်းတာမဟုတ်ပဲ ဖွဲ့စည်းပုံဉပ‌ဒေအတိုင်းပဲလို့ဆိုပါတယ်။

Tunisia's President Moves on Economy and COVID-19 After Dismissing Government | Voice of America - English သမ္မတ Kais Saied

ဒီလုပ်ရပ်ကို အစ္စလာမ်နိုင်ငံရေးပါတီဖြစ်တဲ့ Ennahda ကတော့ အာဏာသိမ်းတာပဲလို့ ထုတ်ပြန်ပြောခဲ့ပါတယ်။

ဆိုတော့ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။

အဖြစ်အပျက်တွေကိုတော့ နှစ်ပိုင်းခွဲပြီးပြောလို့ရပါတယ်။ လက်တလော အဖြစ်အပျက်တွေနဲ့ အတွင်းပိုင်းက လှိုက်စားနေတဲ့ အဖြစ်အပျက်ဆိုပြီးတော့ပါ။

သမ္မတဖြစ်တဲ့ Saided ဟာ ဉပဒေပါမောက္ခ တစ်ဦးဖြစ်ပြီး တူနီးရှားလူငယ်အများစုရဲ့ ထောက်ခံမှုနဲ့ ၂၀၁၉ မှာ ရွေးကောက်ပွဲအနိုင်ရခဲ့ပါတယ်။ ပါလီမန်အတွင်းမှာ နေရာအများစုရထားတဲ့ Ennahda ပါတီနဲ့ မတည့်ပါဘူး။

2014ဖွဲ့စည်းပုံအရ အာဏာဟာ သမ္မတနဲ့ ပါလီမန်အကြားခွဲဝေထားပြီး အငြင်းပွားမှုဖြစ်လာရင် ဖွဲ့စည်းပုံဉပဒေခုံရုံးက ဆုံးဖြတ်ပေးရပါတယ်။ ဒါပေမယ့် Saided က ပါဝင်သူတွေကို သဘောမတူတာကြောင့် ခုံရုံးကအခုထိမဖွဲ့ရသေးတာလည်း ဖြစ်ပါတယ်။  ဒီလိုအတွင်းပိုင်းက တင်းမာမှုတွေက လက်တလော ကပ်ရောဂါအတွင်းမှာတော့ ပိုဆိုးလာခဲ့တာဖြစ်ပါတယ်။

Tunisia: Thousands protest amid political standoff | News | DW | 27.02.2021 လူထုဆန္ဒပြပွဲများ[/caption]

အခုချိန်မှာ တူနီးရှားဟာ အာဖရိမှာ ကိုဗစ်ဒဏ် အဆိုးရွားဆုံးခံနေရတဲ့ နိုင်ငံလို့ဆိုလို့ရပါတယ်။ ကာကွယ်ဆေးထိုးပေးရာမှာလည်း ကိုင်တွယ်မှုညံ့ဖျင်းတာကြောင့်ပြည်သူတွေအနေနဲ့ ဝန်ကြီးချုပ်အပေါ် မကျေမနပ်ဖြစ်နေကြပါတယ်။ စီးပွာ‌း‌ရေးကျဆင်းမှုတွေနဲ ကိုဗစ်အခြအနေဆိုးဝါးမှုတွေကြောင့် လူထုဆန္ဒပြပွဲတွေလည်းပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။  Saided အနေနဲ့ ဒီလုပ်ရပ်တွေမစခင် ကျန်းမာရေးကိစ္စတွေ ကိုင်တွယ်ဖို့ စစ်တပ်ကို လွှဲပေးခဲ့ပါသေးတယ်။ 

လူထုရဲ့ တုံ့ပြန်မှု

ဒီကိစ္စအပေါ် လူထုတုံပြန်မှုကတော့ ၂မျိုးကွဲထွက်သွားပါတယ်။ ဝန်ကြီးချုပ်အပေါ် ကိုဗစ်အရေးနဲ့ ပတ်သက်ပြီး မနှစ်သက်တော့တဲ့ သူတွေ၊ ပါလီမန်အတွင်း အစ္စလာမ်ပါတီ လွှမ်းမိုးတာကို မနှစ်သက်သူတွေက ဒီလုပ်ရပ်ကို ထောက်ခံပြီး လမ်းပေါ်ထွက် နိုင်ငံတော်သီချင်းဆိုကြပါတယ်။ တစ်ဖက်မှာလည်း ဆယ်နှစ်သား ဒီမိုကရေစီ ပျက်သုဉ်းသွားပြီး အာဏာရှင်Ben Ali  ‌ခေတ်လိုပြန်ဖြစ်သွားမှာ ကြောက်သူတွေကတော့ ဒီလုပ်ရပ်အပေါ်ဆန့်ကျင် ဆန္ဒပြတာကို တွေ့ရပါတယ်။

[caption id="" align="alignnone" width="700"]Zein al-Abidine Ben Ali, Tunisian dictator president, 1936-2019 | Financial Times အာဏာရှင် Ben Ali[/caption]

ဒီလုပ်ရပ်က ဖွဲ့စည်းပုံနဲ့ ညီလား

Saided ကတော့ ဖွဲ့စည်းပုံရဲ့ Article 80 နဲ့ညီတယ်လို့ဆိုပေမယ့် အဲ့ article မှာ သမ္မတအနေနဲ့ အရေးပေါ်အာဏာယူချင်ရင် ပါလီမန်နဲ့ တိုင်ပင်ရမယ်လို့ ပါဝင်ပါတယ်။ ဒီလို ပါလီမန်ကို စိတ်ကြိုက် ရက်၃၀ ရပ်နားတာကတော့ ဉပဒေဘောင်အပြင်ဘက်ကလုပ်ရပ်လို့ဆိုနိုင်ပါတယ်။

ဘာတွေဆက်ဖြစ်နိုင်လာနိုင်လဲ။

အခု အခြေအနေအရ ရဲနဲ့ စစ်တပ်ဟာ သမ္မတရဲ့ လက်အောက်ကို တိုက်ရိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ အဲ့တော့ သူ့ရဲ့ ပါလီမန်ကို ရက်၃၀ နားအပြီးမှာ ပြန်စမလား။ ဝန်ကြီးချုပ်အသစ်ကို ပြန်ခန့်အပ်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအခြေမခိုင်သေးတဲ့ နေရာတွေမှာ ဒီဂယက်တွေဟာ ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲဆိုတာလည်း စောင့်ကြည့်စရာပါပဲ။ စစ်တပ်နဲ့ မသက်ဆိုင်တဲ့ အရပ်သားအာဏာသိမ်းပွဲပုံစံမျိုးလို့တောင် ဆိုလို့ရတဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

How did America not hear about the coup in Tunisia? | Column

ညိုထွန်း

Comments