အရက်သမားမျောက်သောင်းကျန်းသဖြင့် လူတစ်ဦးသေဆုံးပြီး ထောင်ဒဏ်တစ်သက်ချခံရ

 Unicode

 


အရက်ကြိုက်သည့်မျောက်တစ်ကောင် သောင်းကျန်းသဖြင့် အိန္ဒိယတွင် လူတစ်ဦးသေဆုံးသွားကာ လူပေါင်း 250 ကျော် ထိခိုက်ဒဏ်ရာရသွားသည့်အတွက် အဆိုပါမျောက်ကို တိရစ္ဆာန်ရုံရှိ လှောင်အိမ်ထဲတွင် တစ်ကောင်တည်း တစ်သက်လုံးပိတ်လှောင်ထားရန် တိရစ္ဆာန်ရုံတာဝန်ရှိသူများက ဆုံးဖြတ်လိုက်ကြသည်။ ယင်းမျောက်ကို ဥတာပရာဒေ့ရှ်ပြည်နယ်တွင် နေထိုင်သည့် ဂမ္ဘီရပညာရှင်တစ်ဦးက မွေးထားခြင်းဖြစ်ပြီး မျောက်ကို ၎င်းက အရက်တိုက်လေ့ရှိသည်။ ပိုင်ရှင်သေသွားသည့်အခါ မျောက်သည် အရက်မသောက်ရတော့သဖြင့် လမ်းတွင်သာသောင်းကျန်းနေတော့သည်။

အဆိုပါမျောက်သည် အမျိုးသမီးနှင့် မိန်းကလေးများကိုသာ အဓိကထားရန်မူတိုက်ခိုက်လေ့ရှိသည်။ ထို့ကြောင့် အချို့ကလေးများဆိုလျှင် မျက်နှာပုံပျက်ပန်းပျက်ဖြစ်သွားသဖြင့် မျက်နှာကို ပလတ်စတစ်ဆာဂျရီလုပ်လိုက်ရတော့သည်။ အဆိုပါမျောက်သောင်းကျန်းလွန်းလှသဖြင့် ယင်းကို တာဝန်ရှိသူများက ဖမ်းဆီးကာ လှောင်အိမ်ထဲတွင် တစ်သက်လုံး ပိတ်လှောင်ထားရန် ဆုံးဖြတ်လိုက်တော့သည်။ မျောက်သည် အရက်ကြိုက်သည့်အပြင် အသီးအနှံလည်း လုံးဝမစားပေ။ သခင်က မျောက်ကို အသားသာကျွေးခဲ့ခြင်းဖြစ်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းသည်။ မျောက်ရန်မူတိုက်ခိုက်သည််ကို ခံလိုက်ရသူများအနက် တစ်ဦးသည် ဒဏ်ရာအရှိန်ကြောင့် သေဆုံးသွားခဲ့သည်။

Credit

 

 

Zawgyi

 

အရက္ႀကိဳက္သည့္ေမ်ာက္တစ္ေကာင္ ေသာင္းက်န္းသျဖင့္ အိႏၵိယတြင္ လူတစ္ဦးေသဆုံးသြားကာ လူေပါင္း 250 ေက်ာ္ ထိခိုက္ဒဏ္ရာရသြားသည့္အတြက္ အဆိုပါေမ်ာက္ကို တိရစ္ဆာန္႐ုံရွိ ေလွာင္အိမ္ထဲတြင္ တစ္ေကာင္တည္း တစ္သက္လုံးပိတ္ေလွာင္ထားရန္ တိရစ္ဆာန္႐ုံတာဝန္ရွိသူမ်ားက ဆုံးျဖတ္လိုက္ၾကသည္။ ယင္းေမ်ာက္ကို ဥတာပရာေဒ့ရွ္ျပည္နယ္တြင္ ေနထိုင္သည့္ ဂမၻီရပညာရွင္တစ္ဦးက ေမြးထားျခင္းျဖစ္ၿပီး ေမ်ာက္ကို ၎က အရက္တိုက္ေလ့ရွိသည္။ ပိုင္ရွင္ေသသြားသည့္အခါ ေမ်ာက္သည္ အရက္မေသာက္ရေတာ့သျဖင့္ လမ္းတြင္သာေသာင္းက်န္းေနေတာ့သည္။

အဆိုပါေမ်ာက္သည္ အမ်ိဳးသမီးႏွင့္ မိန္းကေလးမ်ားကိုသာ အဓိကထားရန္မူတိုက္ခိုက္ေလ့ရွိသည္။ ထို႔ေၾကာင့္ အခ်ိဳ႕ကေလးမ်ားဆိုလွ်င္ မ်က္ႏွာပုံပ်က္ပန္းပ်က္ျဖစ္သြားသျဖင့္ မ်က္ႏွာကို ပလတ္စတစ္ဆာဂ်ရီလုပ္လိုက္ရေတာ့သည္။ အဆိုပါေမ်ာက္ေသာင္းက်န္းလြန္းလွသျဖင့္ ယင္းကို တာဝန္ရွိသူမ်ားက ဖမ္းဆီးကာ ေလွာင္အိမ္ထဲတြင္ တစ္သက္လုံး ပိတ္ေလွာင္ထားရန္ ဆုံးျဖတ္လိုက္ေတာ့သည္။ ေမ်ာက္သည္ အရက္ႀကိဳက္သည့္အျပင္ အသီးအႏွံလည္း လုံးဝမစားေပ။ သခင္က ေမ်ာက္ကို အသားသာေကြၽးခဲ့ျခင္းျဖစ္မည္ဟု ကြၽမ္းက်င္သူမ်ားက ခန့္မွန္းသည္။ ေမ်ာက္ရန္မူတိုက္ခိုက္သည္္ကို ခံလိုက္ရသူမ်ားအနက္ တစ္ဦးသည္ ဒဏ္ရာအရွိန္ေၾကာင့္ ေသဆုံးသြားခဲ့သည္။

Credit

Comments