ဖုန်းအားသွင်းရာမှာ ဖြစ်တတ်သည့်အမှားများ

Mobile phone ​တွေဟာ ကျွန်​​တော်တို့​​​နေ့စဥ်ဘဝမှာ မရှိမဖြစ်​သော device တစ်ခုအဖြစ််နေရာယူ​နေခဲ့တာ နှစ်အ​တော်ကြာခဲ့ပါပြီ။ထို့​ကြောင့် ​နေ့စဥ်​သုံးစွဲသည့်အ​လျောက် အချိန်ကြာကြာနဲ့ လိုအပ်သည့်အချိန်တိုင်း အသုံးပြုနိုင်ရန်အတွက် အားသွင်း (charging) ဖို့ မဖြစ်မ​နေလိုအပ်လာပါတယ်။သာမန်အားဖြင့် လွယ်ကူ​သောကိစ္စဖြစ်​ပေမဲ့ ​​သေချာသတိမထားမိပဲ လုပ်မိ​သော​ကြောင့် ​ရေရှည်မှာ ဖုန်း batteryကို ထိခိုက်​စေနိုင်တဲ့အမှား​လေး​တွေရှိ​နေတတ်ပါတယ်။အဲဒါ​ကြောင့်ဒီ​နေ့မှာ​တော့ ဖုန်းအားသွင်းတဲ့အခါမှာ လူတိုင်းလုပ်မိတတ်တဲ့ အမှား​​​​အချို့ကို ဆင်ခြင်နိုင်ဖို့ရာ ​​ပြောပြ​​ပေးသွားမှာဖြစ်ပါတယ်။




၁။ မိမိအိပ်​နေစဥ် ညဘက်​တောက်​​လျှောက် ဖုန်းအားသွင်းခြင်း



ဒီအချက်က အများစုလုပ်တတ်ကြတဲ့အမှားတစ်ခုပါ။ကျွန်​တော်တို့ဟာတစ်​​နေ့တာအသုံးပြုပြီး​နောက် ​နောက်တစ်​နေ့လုံ​လောက်စွာ ထပ်မံသုံးနိုင်ဖို့အတွက် ညဘက်အိပ်ရာဝင်ချိန်တွင် ဖုန်းအားသွင်းထား​လေ့ရှိပါတယ်။ထိုအခါ လိုအပ်သည်ထက် ပိုမိုအချိန်ကြာမြင့်စွာ အားသွင်းထား​သော​ကြောင့် ဖုန်း battery ကို ထိခိုက်​​စေကာ battery အရည်အ​သွေးကျ (battery degrading) ဖြစ်​စေပါတယ်။အဲဒါ​ကြောင့် အ​ကောင်းဆုံးနည်းလမ်းက​တော့ အားပြည့် (fully charged) ဖြစ်တာနဲ့ အားသွင်းကြိုးဖြုတ်​ပေးဖို့လိုပါတယ်။အခု​နောက်ပိုင်း​ပေါ်​​သော latest phone များတွင် ဤဖြစ်စဥ်အား ကာကွယ်ရန် နည်းပညာ (အားပြည့်ခါနီး အားသွင်းခြင်းအား ရပ်တန့်(သို့မဟုတ်)​လျှော့ချခြင်းဖြင့် မိမိ အိပ်ရာထ​သောအခါ (100 % fully charged) အားပြည့်​ခြင်း) ပါရှိ​သော်လည်း ဖုန်းအားလုံးတွင် မပါဝင်​သေး​သော​​​ကြောင့် အိပ်ခါနီး ဖုန်းအားသွင်း​ချင်သောအခါ ဖုန်းအားပြည့်သွားသည့်အချိန်ကို​စောင့်၍ အားသွင်းကြိုးဖြုတ်ပြီးမှ အိပ်ခြင်းသည်သာလျှင် အ​ကောင်းဆုံးဖြစ်​​ပါတယ်။ Modern phone အများစုတွင် Fast charging စနစ်ပါလာ​သော​ကြောင့် ဖုန်းအားသွင်းချိန်ကြာမြင့်မည်ကိုလည်း စိတ်ပူစရာမလိုပဲ အချိန်အနည်းငယ်အတွင်း အားပြည့်နိုင်​​​ပါတယ်။ထို့​ကြောင့် မိမိအ​နေဖြင့် အိပ်ရာဝင်ခါနီးအချိန်တိုင်း ဖုန်းအားသွင်း​​လေ့ရှိပါက ဤအချက်အား ဆင်ခြင်သင့်​ပါတယ်။

၂။ ဖုန်းအားခဏခဏသွင်း​ပေးခြင်း



ကျွန်​တော်တို့ဟာ ဖုန်းအားကို မကြာခဏသွင်းခြင်းဖြင့် ဖုန်းအားသွင်းရန်ကြာမြင့်ချိန်ကို ​​​​လျှော့ချ​လေ့ရှိပါတယ်။ဤအချက်သည် မ​ကောင်းဘူးဟုမဆိုနိုင်​သော်လည်း အလုံးစုံမှန်ကန်​နေခြင်းမဟုတ်​ပေ။ဖြစ်နိုင်ပါက အားသွင်းမည်ဆိုရင်လည်း ၈၀ % ​လောက်ထိသွင်းလိုက်ကာ ၂၀% (အလွန်ဆုံး ၁၀%) ​လောက်မှသာ ပြန်လည်အားသွင်းသင့်​ပါတယ်။ဘာလို့လဲဆို​တော့ဖုန်းအားခဏခဏသွင်းခြင်းက ဘက်ထရီသက်တမ်းအား ထိခိုက်​စေသည်

ဆို​သော အချက်​ကြောင့်ဖြစ်ပါတယ်။မဖြစ်​မ​​နေအားသွင်းရမည့်အ​​​ခြေအ​နေများကြုံလာနိုင်သည့် အ​ခြေအ​နေများရှိနိုင်​သော​ကြောင့် သိသာ​လောက်​သောထိခိုက်မှုမဖြစ်နိုင်​​သော်လည်း ​​အကျင့်​ကောင်းတစ်ခုအဖြစ် ​​လုပ်​ဆောင်သင့်​ပါတယ်။

၃။ ဖုန်းအားသွင်း​နေစဥ် ဂိမ်း​ဆော့ခြင်း(သို့မဟုတ်)ကြီးမား​သော apps များအသုံးပြု​​နေခြင်း



တစ်ခါတစ်​လေကျ ဖုန်းအားသွင်းနေရင်းဖြင့် သတိလက်လွတ်ဖြစ်​စေ တမင်သက်သက်ဖြစ်​စေ ဆက်လက်အသုံးပြု​နေတတ်ပါတယ်။ဤကဲ့သို့ အသုံးပြုခြင်းက ဖုန်းဘက်ထရီအား အမှန်အကန်ထိခိုက်​​စေပါတယ်။ဖုန်းဖြင့် ဂိမ်း​ဆော့ခြင်း(သို့မဟုတ်)ကြီးမား​သော ​apps များ အသုံးပြုခြင်းက အချိန်ကြာလာသည်နှင့်အမျှ ဖုန်းမှ အပူ (heat)ထွက်လာ​စေပါတယ်။ဖုန်းအားသွင်းရင်းအသုံးပြု​နေပါလျှင် ထိုအပူက ဖုန်းအားသွင်းထား​သော​ကြောင့်ထွက်လာ​သော အပူနဲ့​ပေါင်းစပ်သွားပြီး ဖုန်းဘက်ထရီကို ဒုက္ခ​​ကောင်း​ကောင်း​ပေးနိုင်ပါတယ်။ထို့​ကြောင့်ဖုန်းအားနည်း​​နေသည့်အခါတိုင်း အချိန်အား စဥ်းစားချင့်ချိန်ကာ အသုံးပြုနိုင်လျှင် အ​ကောင်းဆုံးဖြစ်​ပါတယ်။

၄။ ဖုန်းကို ​အိပ်ရာ​ပေါ်ထားကာ အားသွင်း​လေ့ရှိခြင်း



ဒီတစ်ချက်က​တော့ အိပ်ရာ​​ပေါ်မှာ ဖုန်းထား​​လေ့ရှိတဲ့သူ​တွေဖြစ်တတ်တာပါ။ဖုန်းကို လွယ်လွယ်ကူကူယူလို့ရ​အောင် အနားမှာထားကြတာများပါတယ်။အကယ်၍ မိမိသည် အိပ်ရာ​ပေါ်မှာရှိ​နေရင်လည်း ​​ခေါင်းအုံး​​ဘေးမှာ
ပဲဖြစ်ဖြစ် တင်ထားတတ်ကြပါတယ်။ထိုအခါ အားသွင်းဖို့လိုလာ​သည့်အချိန်တိုင်း အားသွင်းကြိုးတပ်ကာ အိပ်ရာ​ပေါ်မှာပဲတင်ထားတတ်ကြပါတယ်။အချိန်ကြာလာသည်နဲ့အမျှ အထက်ပါ​ဖော်ပြခဲ့သည့်အတိုင်း ဖုန်းမှ အပူထွက်လာ​သော​ကြောင့် အပူဖယ်ထုတ် (dissipate) ဖို့လိုအပ်လာပါတယ်။သို့​သော် ​အိပ်ရာ​ပေါ်မှာထားထား​သော​ကြောင့် အပူမထွက်ဘဲ ပိုပြီးအပူတက်လာပါတယ်။အဆိုးဆုံးအ​ခြေ​အ​နေအဖြစ် မီးစွဲကာ အိပ်ရာခင်းတစ်ခုလုံးမှတစ်ဆင့် တစ်ခန်းလုံး မီးအန္တရာယ်ကျ​ရောက်နိုင်ပါတယ်geez။ ထို့​ကြောင့် မိမိအ​နေဖြင့် တတ်နိုင်သမျှ အိပ်ရာ​ပေါ်အားသွင်းခြင်းကို ​​ရှောင်ရှားသင့်ပါတယ်။ညဘက်အားသွင်းထားချိန် ဖုန်းကို အနီးအနားထားချင်ပါကလည်း အခန်းထဲရှိ စားပွဲတစ်ခုခု​ပေါ်တင်၍သာ အားသွင်းထားသင့်ပါတယ်။ဖုန်းကို အနားမှာထားတာ​ကလည်း တကယ်​တော့ မ​ကောင်းပါဘူး။ဖုန်းက ထုတ်လွှတ်တဲ့​ရောင်ခြည် (radiation) က ကိုယ်ခန္ဓာကျန်းမာ​ရေးကို ဆိုးရွားစွာထိခိုက်​စေနိုင်သည့်အပြင် အလွန်ဆုံးအဆင့်အ​နေဖြင့် ဦး​​နှောက်ကိုပါထိခိုက်နိုင်ပါတယ်။ထို့​ကြောင့် ဤအချက်ကိုလည်း အထူးသတိထားသင့်ပါတယ်။



၅။ အရည်အ​သွေးနိမ့် အားသွင်း​ခေါင်း (charger) များအသုံးပြု၍ အားသွင်းခြင်း




ကျွန်​တော်တို့တစ်ခါတစ်​​လေကြားရတတ်တဲ့ ဖုန်းဘက်ထရီ​လောင်သွားတယ်တို့ ​​ပေါက်ကွဲသွားတယ်တို့ဆိုတဲ့သတင်း​တွေက တကယ်​တော့ အ​ပေါစား အရည်အ​သွေးနိမ့် အားသွင်း​ခေါင်း​တွေ​နဲ့ အားသွင်းတာကြောင့် ဖြစ်တာများပါတယ်။ဆို​တော့ကား အ​ပေါ်ကလို အဖြစ်အပျက်မျိုး​တွေမကြုံချင်ရင်​တော့ အသိအမှတ်ပြု (Official or Certified) အားသွင်း​ခေါင်း​တွေပဲသုံးဖို့ အကြံ​ပေးချင်ပါတယ်ဗျ။ဝယ်ကတည်းကပါတဲ့ မူလ (Original)​ အားသွင်း​ခေါင်း​တွေကိုလည်း ​​မ​ပျောက်မပျက်​အောင် ​သေချာ​လေးကိုင်​ထားတာ​တော့ အ​​ကောင်းဆုံး​ပေါ့ဗျာ။

အချုပ်ဆိုရရင် ဖုန်းဘက်ထရီ ရဲ့အကြီးမားဆုံး​သောရန်သူ​တော်နှစ်ပါးက ဖုန်းအပူအလွန်အကျွံတက်ခြင်းနဲ့ ဖုန်းကို ပုံမှန်အားမသွင်းခြင်း (ဖုန်းအားအပြည့်မသွင်းပဲ သွင်းလိုက်သုံးလိုက်ပြန်သွင်းလိုက်လုပ်ခြင်း)လို့​ပဲ ပြောရမှာ​ဖြစ်ပါတယ်။ ဆိုင်မှာ​စော​​စောစီးစီး ဖုန်းဘက်ထရီသွားလဲရတာမျိုးမဖြစ်​​အောင် အ​ပေါ်မှာ​​​ပြောပြခဲ့တဲ့အချက်ငါးချက်ကို ​ရှောင်ရှားနိုင်မယ်ဆိုရင် မိမိဖုန်းဘက်ထရီကို သက်တမ်းကြာကြာ အသုံးပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။

အချိန်ရှိရင်အောက်က link လေးတွေနှိပ််ပေးသွားကြပါ။

1.https://ouo.io/PJOEIUY

2. https://ouo.io/xIpFzhI

3. https://ouo.io/05Vm6v

Comments

  1. Replies
    1. Ohhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh

      Delete
  2. It'd be better if the writing is completely informal, or completely formal. Now it's mixed xD

    ReplyDelete
  3. Links are dead or no content is written. Fix it plz so we can help clicking on.

    ReplyDelete

Post a Comment