ဘေးနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပြီလား
Unicode
သင်ဟာ တစ်ခါတလေ မျက်နှာသစ်နေတဲ့အချိန်မှာပဲ ဖြစ်ဖြစ်၊ အခန်းထဲ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာပဲ ဖြစ်ဖြစ် အနားမှာ မည်သူတစ်ယောက်မှ မရှိဘဲ တစ်ယောက်ယောက်ရှိနေတယ်လို့ ခံစားရဖူးပါသလား။ တစ်ယောက်ယောက်က သင့်ကို စောင့်ကြည့်နေတာမျိုး သို့မဟုတ် ဘေးက ဖြတ်လျှောက်သွားတာမျိုး သို့မဟုတ် အသားလာထိတယ်လို့တောင် ခံစားရတာမျိုးတွေရော ဖြစ်ဖူးလား။

ဒီလိုဖြစ်စဥ်ဟာ သင်ထင်ထားတာထက် လူအတော်များများမှာ ဖြစ်တတ်ကြပါတယ်။
ဒါဟာ တကယ်ပဲ ဘေးနားမှာ တစ်စုံတစ်ယောက် (သရဲ)လိုမျိုး ရှိနေတာလား။
သိပ္ပံပညာရှင်များဟာ ဒီဖြစ်စဥ်ကို ယုတ္တိဆန်ဆန်နှင့် သိပ္ပံနည်းကျ ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် အရင်က ဒီလို ဖြစ်စဥ်ကို ခံစားဖူးတဲ့ လူ ၄၈ယောက်ကို စုဆောင်းလိုက်တယ်။ ထို့နောက် သူတို့ရဲ့ မျက်လုံးများကို အုပ်လိုက်ပြီး နောက်ကွယ်မှာ စက်ရုပ်ကို ထားထားတဲ့ စမ်းသပ်မှုမျိုးကို လုပ်ဆောင်ကြပါတယ်။ စမ်းသပ်မှုအတွင်းမှာ စက်ရုပ်ကို စမ်းသပ်ခံလူများရဲ့ လှုပ်ရှားမှုအတိုင်း တစ်တဝေမတိမ်း ချက်ချင်း လိုက်လုပ်ခိုင်းလိုက်တဲ့အချိန်မှာ စမ်းသပ်ခံရတဲ့လူများဟာ ပုံမှန်ပဲ ခံစားရပါတယ်။

သို့သော် စမ်းသပ်ခံလူများရဲ့ လှုပ်ရှားမှု အတိုင်း ချက်ချင်းလိုက်လုပ်နေတဲ့ စက်ရုပ်ရဲ့ လှုပ်ရှားမှုကို စက္ကန့်ဝက်လောက် နောက်ကျအောင် နှေးလိုက်တဲ့အချိန်မှာ စမ်းသပ်ခံလူတွေဟာ အနီးအနားမှာ တစ်ယောက်ယောက်ရှိတယ် သို့မဟုတ် အလွတ်နီးပါးဖြစ်နေတဲ့အခန်းဟာ လူတွေ ပြည့်နေတယ်လို့ ခံစားလာရကြပါတယ်။ တချို့ စမ်းသပ်ခံလူတွေဆိုရင် ကြောက်လန့်ပြီး မျက်လုံးအုပ်ထားတာကို ပြန်ဖွင့်ပေးဖို့နှင့် စမ်းသပ်မှုကို ရပ်လိုက်ဖို့တောင် တောင်းဆိုလာကြပါတယ်။

ဒီစမ်းသပ်မှုမှာဆိုရင် စက်ရုပ်ရဲ့ လှုပ်ရှားမှုကို သတိထားမိခြင်းဟာ ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်အပေါ် သက်ရောက်နေတဲ့ အသိစိတ်ကို ဖော်ညွှန်းထားတာဖြစ်ပြီး အထက်ပါစမ်းသပ်မှုအရ စမ်းသပ်ခံလူများဟာ မိမိကိုယ်တိုင် လုပ်နေတဲ့ လှုပ်ရှားမှု(ကိုယ်လုပ်နေတဲ့ အရာအပေါ်မှာ အသိစိတ်)နှင့် စက်ရုပ်ရဲ့ နောက်ကျသွားတဲ့ လှုပ်ရှားမှု (ဘေးပတ်ဝန်းကျင်အပေါ် သက်ရောက်နေတဲ့အသိစိတ်)တို့ကြားမှာ စက္ကန့်ပိုင်းလောက် နှောင့်နှေးမှု တစ်ခု ဖြစ်ပေါ်တဲ့အခါမှာ အထင်အယောင် မှားတာမျိုး ဖြစ်ပေါ်လာတာပါ။

ဒါကြောင့် သိပ္ပံပညာရှင်အဖွဲ့က ကျွန်တော်တို့ လုပ်နေတဲ့အလုပ်အပေါ်ထားတဲ့အသိစိတ်နှင့် ဘေးပတ်ဝန်းကျင်အပေါ် သက်ရောက်နေတဲ့ အသိစိတ်တို့ကြားမှာ နှောင့်နှေးမှုတစ်ခု ဖြစ်ပေါ်တဲ့အခါမျိုးမှာသာ တစ်ယောက်ယောက်ရှိတယ်လို့ ခံစားရတာမျိုးဖြစ်ပြီး ဦးနှောက်ရဲ့ အထင်အမှားတစ်ခုသာ ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိရပါတယ်။

သိပ္ပံပညာရှင်များဟာ အထက်ပါ စမ်းသပ်မှုကို ပြုလုပ်ရင်း စမ်းသပ်ခံလူများရဲ့ ဦးနှောက်ကို scanဖတ်တာ ပြုလုပ်ခဲ့ပါတယ်။ ဦးနှောက်နှင့် ဒီဖြစ်စဥ်ဟာ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို အဖြေရှာဖို့ အတွက်ပါ။ ထိုအခါမှာ ဒီဖြစ်စဥ်ဟာ self-awareness၊ လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်၏ အနေအထားတို့ကို သိမြင်နိုင်စွမ်းရှိတဲ့ ဦးနှောက်ရဲ့ Frontoparietal cortexesနားမှာ အစက်တွေပေါ်လာပြီး ၎င်းအစိတ်အပိုင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။
Zawgyi
သင္ဟာ တစ္ခါတေလ မ်က္ႏွာသစ္ေနတဲ့အခ်ိန္မွာပဲ ျဖစ္ျဖစ္၊ အခန္းထဲ တစ္ေယာက္တည္း ရွိေနတဲ့အခ်ိန္မွာပဲ ျဖစ္ျဖစ္ အနားမွာ မည္သူတစ္ေယာက္မွ မရွိဘဲ တစ္ေယာက္ေယာက္ရွိေနတယ္လို႔ ခံစားရဖူးပါသလား။ တစ္ေယာက္ေယာက္က သင့္ကို ေစာင့္ၾကည့္ေနတာမ်ိဳး သို႔မဟုတ္ ေဘးက ျဖတ္ေလွ်ာက္သြားတာမ်ိဳး သို႔မဟုတ္ အသားလာထိတယ္လို႔ေတာင္ ခံစားရတာမ်ိဳးေတြေရာ ျဖစ္ဖူးလား။

ဒီလိုျဖစ္စဥ္ဟာ သင္ထင္ထားတာထက္ လူအေတာ္မ်ားမ်ားမွာ ျဖစ္တတ္ၾကပါတယ္။
ဒါဟာ တကယ္ပဲ ေဘးနားမွာ တစ္စုံတစ္ေယာက္ (သရဲ)လိုမ်ိဳး ရွိေနတာလား။
သိပၸံပညာရွင္မ်ားဟာ ဒီျဖစ္စဥ္ကို ယုတၱိဆန္ဆန္ႏွင့္ သိပၸံနည္းက် ေျဖရွင္းနိုင္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဒါေၾကာင့္ အရင္က ဒီလို ျဖစ္စဥ္ကို ခံစားဖူးတဲ့ လူ ၄၈ေယာက္ကို စုေဆာင္းလိုက္တယ္။ ထို႔ေနာက္ သူတို႔ရဲ႕ မ်က္လုံးမ်ားကို အုပ္လိုက္ၿပီး ေနာက္ကြယ္မွာ စက္႐ုပ္ကို ထားထားတဲ့ စမ္းသပ္မႈမ်ိဳးကို လုပ္ေဆာင္ၾကပါတယ္။ စမ္းသပ္မႈအတြင္းမွာ စက္႐ုပ္ကို စမ္းသပ္ခံလူမ်ားရဲ႕ လႈပ္ရွားမႈအတိုင္း တစ္တေဝမတိမ္း ခ်က္ခ်င္း လိုက္လုပ္ခိုင္းလိုက္တဲ့အခ်ိန္မွာ စမ္းသပ္ခံရတဲ့လူမ်ားဟာ ပုံမွန္ပဲ ခံစားရပါတယ္။

သို႔ေသာ္ စမ္းသပ္ခံလူမ်ားရဲ႕ လႈပ္ရွားမႈ အတိုင္း ခ်က္ခ်င္းလိုက္လုပ္ေနတဲ့ စက္႐ုပ္ရဲ႕ လႈပ္ရွားမႈကို စကၠန႔္ဝက္ေလာက္ ေနာက္က်ေအာင္ ႏွေးလိုက္တဲ့အခ်ိန္မွာ စမ္းသပ္ခံလူေတြဟာ အနီးအနားမွာ တစ္ေယာက္ေယာက္ရွိတယ္ သို႔မဟုတ္ အလြတ္နီးပါးျဖစ္ေနတဲ့အခန္းဟာ လူေတြ ျပည့္ေနတယ္လို႔ ခံစားလာရၾကပါတယ္။ တခ်ိဳ႕ စမ္းသပ္ခံလူေတြဆိုရင္ ေၾကာက္လန႔္ၿပီး မ်က္လုံးအုပ္ထားတာကို ျပန္ဖြင့္ေပးဖို႔ႏွင့္ စမ္းသပ္မႈကို ရပ္လိုက္ဖို႔ေတာင္ ေတာင္းဆိုလာၾကပါတယ္။

ဒီစမ္းသပ္မႈမွာဆိုရင္ စက္႐ုပ္ရဲ႕ လႈပ္ရွားမႈကို သတိထားမိျခင္းဟာ ကြၽန္ေတာ္တို႔ရဲ႕ ေဘးပတ္ဝန္းက်င္အေပၚ သက္ေရာက္ေနတဲ့ အသိစိတ္ကို ေဖာ္ၫႊန္းထားတာျဖစ္ၿပီး အထက္ပါစမ္းသပ္မႈအရ စမ္းသပ္ခံလူမ်ားဟာ မိမိကိုယ္တိုင္ လုပ္ေနတဲ့ လႈပ္ရွားမႈ(ကိုယ္လုပ္ေနတဲ့ အရာအေပၚမွာ အသိစိတ္)ႏွင့္ စက္႐ုပ္ရဲ႕ ေနာက္က်သြားတဲ့ လႈပ္ရွားမႈ (ေဘးပတ္ဝန္းက်င္အေပၚ သက္ေရာက္ေနတဲ့အသိစိတ္)တို႔ၾကားမွာ စကၠန႔္ပိုင္းေလာက္ ႏွောင့္ႏွေးမႈ တစ္ခု ျဖစ္ေပၚတဲ့အခါမွာ အထင္အေယာင္ မွားတာမ်ိဳး ျဖစ္ေပၚလာတာပါ။

ဒါေၾကာင့္ သိပၸံပညာရွင္အဖြဲ႕က ကြၽန္ေတာ္တို႔ လုပ္ေနတဲ့အလုပ္အေပၚထားတဲ့အသိစိတ္ႏွင့္ ေဘးပတ္ဝန္းက်င္အေပၚ သက္ေရာက္ေနတဲ့ အသိစိတ္တို႔ၾကားမွာ ႏွောင့္ႏွေးမႈတစ္ခု ျဖစ္ေပၚတဲ့အခါမ်ိဳးမွာသာ တစ္ေယာက္ေယာက္ရွိတယ္လို႔ ခံစားရတာမ်ိဳးျဖစ္ၿပီး ဦးႏွောက္ရဲ႕ အထင္အမွားတစ္ခုသာ ျဖစ္ေၾကာင္းကို ရွာေဖြေတြ႕ရွိရပါတယ္။

သိပၸံပညာရွင္မ်ားဟာ အထက္ပါ စမ္းသပ္မႈကို ျပဳလုပ္ရင္း စမ္းသပ္ခံလူမ်ားရဲ႕ ဦးႏွောက္ကို scanဖတ္တာ ျပဳလုပ္ခဲ့ပါတယ္။ ဦးႏွောက္ႏွင့္ ဒီျဖစ္စဥ္ဟာ ဘယ္လိုဆက္စပ္ေနမလဲဆိုတာကို အေျဖရွာဖို႔ အတြက္ပါ။ ထိုအခါမွာ ဒီျဖစ္စဥ္ဟာ self-awareness၊ လႈပ္ရွားမႈႏွင့္ ခႏၶာကိုယ္၏ အေနအထားတို႔ကို သိျမင္နိုင္စြမ္းရွိတဲ့ ဦးႏွောက္ရဲ႕ Frontoparietal cortexesနားမွာ အစက္ေတြေပၚလာၿပီး ၎အစိတ္အပိုင္းႏွင့္ ဆက္စပ္ေနေၾကာင္း ေတြ႕ရွိရပါတယ္။
Comments
Post a Comment