ဗီယက်နမ်စစ်ပွဲအကြောင်း
ဗီယက်နမ်စစ်ပွဲဟာ တစ်ခြားသော အရှေ့တောင်အာရှနိုင်ငံများလို လွတ်လပ်ရေးကြိုးပမ်းခဲ့သော စစ်ပွဲဖြစ်သော်လည်း အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားတို့ ပါဝင်ပက်သက်မှုကြောင့် ကာလရှည်ကြာခဲ့ပြီး 1950 မှ 1975 အထိကြာမြင့်ခဲ့ပါတယ်။
နောက်ခံသမိုင်းကြောင်း
1887 ခုနှစ်မှာ ပြင်သစ်က ဗီယက်နမ်နိုင်ငံကို ပြင်သစ်အင်ဒိုချိုင်းနားလို့ ခေါ်တဲ့ ကိုလိုနီအဖြစ် သွတ်သွင်းခဲ့ပါတယ်။ 1923 မှာ ဗီယက်နမ် လွတ်လပ်ရေးဖခင်အဖြစ်ထင်ရှားတဲ့ Ho Chi Minh( ဟိုချီမင်း) ဟာ ဆိုဗီယက်ယူနီယံမှာ လေ့ကျင့်ခဲ့ပြီး 1930မှာတော့ ဟောင်ကောင်မြို့မှာ အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီကို ထည်ထောင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ကို ဂျာမနီက သိမ်းယူပြီးချိန်မှာတော့ ပြင်သစ်ကိုလိုနီ အင်ဒိုချိုင်းနားကို ဂျပန်ကဝင်ရောက်ကျူးကျော်ပါတော့တယ်။ မြန်မာနိုင်ငံမှာလိုပဲ ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေးကြေငြာပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန် စစ်ရှုံး ပြီး ချိန်မှာတော့ အင်ဒိုချိုင်းနားကို ပြင်သစ်တို့ ပြန်လည် ဝင်ရောက်အုပ်ချုပ်ပါတော့တယ်။
ဟိုချီမင်းကတော့ ဗီယက်နမ်မြောက်ပိုင်းကို လွတ်လပ်ရေးကြေငြာခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ အထောက်အပံ့မျှော်လင့်ခဲ့ပေမယ့်မရခဲ့ပါဘူး။
1946 မှာတော့ ဟိုချီမင်းကပြင်သစ်ရဲ့ အယောင်ပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ငြင်းပယ်ပြီး ' ဗီယက်မင်'တွေ ပျောက်ကြားစစ်တွေစတင်ဆင်နွှဲပါတော့တယ်။
1949 ခုနှစ်မှာ ဘုရင်ဟောင်း Bai Dai ကို ပြင်သစ်က ဗီယက်နမ်နိုင်ငံခေါင်းဆောင်နေရာပေးခဲ့ပါတယ်။
1949 ခုနှစ်အတွင်းမှာပဲ ဆိုဗီယက်ရဲ့ အနုမြူဗုံး စမ်းသပ်အောင်မြင်မှု၊ မော်စီတုန်းရဲ့ တရုတ်နိုင်ငံမှာ အောင်ပွဲရမှုတွေကြောင့် ကွန်မြူနစ်နိုင်ငံတွေ အင်အားကောင်းလာပါတယ်။ အဆိုပါကွန်မြူနစ်နိုင်ငံများအနေနဲ့ ဗီယက်နမ်ကွန်မြူနစ်များကို ငွေကြေး လက်နက်များထောက်ပံ့ပေးပါတယ်။
ဗီယက်မင်များ အားကောင်းလာတာနဲ့အမျှ ပြင်သစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးဖြစ်တဲ့ အမေရိကန်နိုင်ငံကတော့ ပြင်သစ်ကို အထောက်အပံ့ပေးခဲ့ပါတယ်။
1954 ခုနှစ်မှာတော့ Dien Bien Phu မှာ ပြင်သစ်တပ်တို့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီး အင်ဒိုချိုင်းနားကို လက်လွတ်လိုက်ရပါတော့တယ်။
အမေရိကန်သမ္မတ အီဆင်ဟောင်ဝါကတော့ ပြင်သစ်ရဲ့ အင်ဒိုချိုင်းနား ကွန်မြူနစ်များလက်အောက်ကျရောက်သွားခြင်းဟာ အရှေ့တောင်အာရှကို ကွန်မြူနစ်နိုင်ငံများဖြစ်လာစေနိုင်တယ်လို့ ဆိုခဲ့ပြီး အဲ့လို တွေးခေါ်မှုကလည်း အမေရိကန်ရဲ့ ဗီယက်နမ်စစ်ပွဲအစဖြစ်လာပါတော့တယ်။
ဂျီနီဗာသဘောတူညီချက်
ဂျီနီဗာသဘောတူညီချက်အရ တောင်နဲ့မြောက် ဗီယက်နမ်ကို 17th parallel လိုင်းနဲ့ ခွဲခြားထားပြီး ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပကာ ပြန်လည်ပေါင်းစည်းကြမယ်လို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါ။
တောင်ဗီယက်နမ်မှာတော့ အမေရိကန် အထောက်အပံ့နဲ့ ကတ်သလစ်အမျိုးသားရေးသမား Ngo Sinh Diem က ခေါင်းဆောင်ဖြစ်လာပြီး မြောက်ပိုင်းမှာတော့ ဟိုချီမင်းက ကွန်မြူနစ်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။
မြောက်ဗီယက်နမ် တပ်များအနေနဲ့ လာအို၊ ကမ္ဘောဒီယားကနေတစ်ဆင့် တောင်ဗီယက်နမ်ကိုဝင်ရောက်ပြီး ပျောက်ကြားစစ်တွေ ဆင်နွှဲပါတယ်။ အဲ့လမ်းကြောင်းကို ဟိုချီမင်းလမ်းကြောင်းလို့လဲ ခေါ်ကြပါတယ်။ 1959 မှာတော့ ဆေဂုံမြို့အနီးပျောက်ကြားတိုက်ပွဲအတွင်းမှာ ပထမဆုံး အမေရိကန်စစ်သားတွေကျဆုံးခဲ့ပါတယ်။
1960 ပြည့်နှစ်မှာ မြောက်ဗီယက်နမ်ရဲ့ အထောက်အပံ့နဲ့ တောင်ဗီယက်နမ်အစိုးရအတိုက်အခံအဖွဲ့ The National Liberation Front( NLF)ကိုဖွဲ့စည်းခဲ့ပါတယ်။ အမေရိကန်ကတော့ NLF ကိုမြောက်ဗီယက်နမ်ရဲ့ အစွယ်အပွားတစ်ခုလို့ မြင်ပြီး NLFရဲ့ လက်နက်ကိုင်များကို " ဗီယက်ကောင်း" ခေါ် ဗီယက်နမ်ကွန်မြူနစ်များလို့ခေါ်ခဲ့ပါတယ်။
1961 မှာ အမေရိကန်သမ္မတ ကနေဒီက ရဟတ်ယာဉ်များနဲ့ အမေရိကန်တပ်ဖွဲ့ ၄၀၀ လောက်ကို တောင်ဗီယက်နမ်ကို စေလွှတ်ပြီး ဗီယက်ကောင်းတွေကို ချေမှုန်းစေခဲ့တယ်။ အမေရိကန် လေယာဉ်တွေနဲ့ Agent Orange လို့ခေါ်တဲ့ ဓါတုဆေးတွေကို တောင်ဗီယက်နမ်ရဲ့ လယ်ကွင်းတွေပေါ်ကြဲချခဲ့ပြီး ပြောက်ကြားတပ်သားတွေအတွက် စားစရာမရှိအောင်လုပ်ခဲ့ပါတယ်။
Ngo Sinh Diem ရဲ့ ကတ်သလစ်လူမျိုးများအပေါ် အလေးပေးလွန်းမှုကြောင့် တခြားဘာသာဝင်များရဲ့ မနှစ်ခြိုက်မှုကို ခံလာရပါတယ်။ 1963 ခုနှစ်မှာ " ဗုဒ္ဓအရေးအခင်း" လို့ခေါ်တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ Ngo Sinh Diem အစိုးရရဲ့ ဆန္ဒပြဗုဒ္ဓဘာသာကိုးကွယ်သူလူထုကို ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် လူရှစ်ဦးသေဆုံးခဲ့ရပါတယ်။
ဒီလိုနဲ့လူကြိုက်နည်းလာတဲ့ Diem ရဲ့အစိုးရကို ဖြုတ်ချဖို့ အမေရိကန်အထောက်အပံ့နဲ့ တောင်ဗီယက်နမ်မှာ အာဏာသိမ်းမှုတစ်ခု 1963မှာဖြစ်ပွားခဲ့ပါတယ်။ 1963 ကနေ 65 အတွင်း အာဏာသိမ်းမှုများနဲ့ အစိုးရ 12 ကြိမ် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
အမေရိကန် ဗီယက်နမ်စစ်ပွဲထဲပါဝင်လာပုံ
1964 ဩဂတ်လမှာ အမေရိကန် စစ်ရေယာဉ်တစ်စီးဖြစ်တဲ့ USS Maddox ဟာမြောက်ဗီယက်နမ် ရဲ့ ကင်းလှည့်လှေတစ်စီးက ခြောက်လှန့်တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ သမ္မတ ဂျွန်ဆင်အနေနဲ့ မြောက်ဗီယက်နမ် ကင်းလှည့်လှေများကို လေကြောင်းနဲ့ပြန်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် လေယာဉ် ၂စီး ပစ်ချခံလိုက်ရပြီး ပိုင်းလော့တစ်ဦး ဖမ်းဆီးခံလိုက်ရပါတယ်။
1964 ခုနှစ်အတွင်းမှာ ဆိုဗီယက်နဲ့ တရုတ်တို့ရဲ့လေယာဉ်၊ လက်နက်၊ ရေဒါ၊ အစားအစာနဲ့ ဆေးဝါးထောက်ပံ့မှုတွေ မြောက်ဗီယက်နမ်က ရရှိခဲ့ပါတယ်။
သမ္မတ ဂျွန်ဆင်အနေနဲ့ မြောက်ဗီယက်နမ်နဲ့ ဟိုချီမင်းလမ်းကြောင်းကို ဗုံးကြဲမယ့် Rolling Thunder အော်ပရေးရှင်းကို ချမှတ်ခဲ့ပါတယ်။ 1965 မှာတော့ ဗီယက်နမ်စစ်တပ်ရဲ့ ဗိုလ်ချုပ် Nguen Van Thiru က တောင်ဗီယက်နမ်သမ္မတဖြစ်လာပါတယ်။
ပိုမိုများပြားလာသော စစ်သည်များနှင့် သေဆုံးမှုများ၊ ဆန္ဒပြပွဲများ
အမေရိကန်အနေနဲ့ စစ်သား 50,000 ကို ဂျူလိုင်လမှာပေးပို့ခဲ့ပြီး တစ်လကို 35,000 နှုန်းလောက်ထပ်ပြီး ပို့ခဲ့ပါတယ်။
Starlite Operationအတွင်း ဗီယက်ကောင်းနယ်မြေများကို ရေကြောင်းတိုက်ခိုက်မှု အကြိမ် 5500 လောက်ပြုလုပ်ခဲ့ပေမယ့် ဗီယက်ကောင်းများအနေနဲ့ ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။
ငြိမ်ချမ်းရေးသမားတစ်ဦးဖြစ်သူ Norman Morrison အနေနဲ့ ပင်တဂွန်ရှေ့မှာ ကိုယ့်ကိုကိုယ်မီးရှို့ပြီး ဗီယက်နမ်စစ်ပွဲရပ်တန့်ဖို့ ဆန္ဒပြခဲ့ပါတယ်။
1967 မှာတော့ ဗီယက်နမ်နိုင်ငံအတွင်း အမေရိကန်စစ်သား 500,000 လောက်ထိရှိလာခဲ့ပြီး အသေအပျောက်လဲများပြားခဲ့ပါတယ်။ အမေရိကန် နိုင်ငံတွင်းမှာလဲ စစ်ပွဲဆန့်ကျင့်ရေးဆန္ဒပြပွဲများပေါ်ပေါက်လာပါတယ်။
အမေရိကန်ကို ခြောက်ခြားသွားစေခဲ့တဲ့ မြောက်ဗီယက်နမ်
1968 နှစ္ဦးမှာတော့ The Tet Offences လို့ ခေါ်တဲ့ မြောက်ဗီယက်နမ်နဲ့ ဗီယက်မင်တို့ပူးပေါင်းပြီး မြို့ပေါင်း ၁၀၀ ကျော်နဲ့ တောင်ဗီယက်နမ် တပ်စခန်းများကို တိုက်ခိုက်ပြီး အမေရိကန် သံရုံးကိုပါသိမ်းယူခဲ့ပါတယ်။ ဒီထိုးစစ်ဟာ စစ်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်စေခဲ့ပြီး အမေရိကန်တို့ ဗီယက်နမ်ကနေ ဆုတ်ခွာခဲ့ရပါတော့တယ်။
မိုင်လိုင်မြို့မှာတော့ အမေရိကန်တပ်များရဲ့သတ်ဖြတ်မှုကြောင့် အရပ်သား ၅၀၀ကျော်သေကျေခဲ့ရပါတယ်။ ဗီယက်နမ်စစ်ပွဲကြောင့် အမေရိကန်သမ္မတဂျွန်ဆင်အနေနဲ့ ရွေးကောက်မခံတော့ဘူးလို့ ကြေငြာခဲ့ရပါတယ်။
1969 ခုနှစ်မှာတော့ ဟိုချီမင်းတစ်ယောက် နှလုံးရောဂါနဲ့ ဟနွိုင်းမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
တဖြည်းဖြည်းဆုတ်ခွာသွားကြခြင်း
အမေရိကန်နိုင်ငံမှာ သမ္မတနစ်ဆင်တက်လာပြီး အချိန်မှာတော့ တောင်ဗီယက်နမ်ထဲကတပ်တွေ ကိုတစ်ဖြည်းဖြည်းပြန်လည်လျှော့ချခဲ့ပြီး Vietnamization လို့ လူသိများတဲ့ ဗီယက်နမ်သားများ အချင်းချင်းသာပြန်တိုက်ခိုင်းတဲ့ ဗျူဟာကို အသုံးပြုလာပါတယ်။ အမေရိကန်တပ်သား 549,000 ကျော်ရှိရာကနေ 1972မှာတော့ 69,000 လောက်သာကျန်တဲ့အထိအထိအင်အားလျှော့ချခဲ့ပါတယ်။
1970 မှာအမေရိကန်နဲ့ တောင်ဗီယက်နမ်ပူးပေါင်းပြီး ကမ္ဘောဒီးယားနိုင်ငံရှိ ကွန်မြူနစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသေးတယ်။
အမေရိကန်ထွက်သွားပြီး ကျန်ခဲ့တဲ့ ဗီယက်နမ်
1971 မှာအမေရိကန်နဲ့ တောင်ဗီယက်နမ်တို့ပူးပေါင်းပြီး Lam Son 719 စစ်ဆင်ရေးလို့ခေါ်တဲ့ လာအိုကိုကျူးကျော်ပြီး ဟိုချီမင်းလမ်းကြောင်းကို ပိတ်ဆို့ရန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အထိအခိုက်များစွာနဲ့ တပ်ပြန်ခေါက်ခဲ့ရပါတယ်။
1972 မှာတော့ ကွန်မြူနစ် ဗီယက်နမ်များရဲ့ တပ်များက တောင်ဗီယက်နမ်နဲ့ အမေရိကန် တပ်များအပေါ် ထိုးစစ်ကြီး သုံးခုဆင်ခဲ့ပြီး တောင်ဗီယက်နမ်ရဲ့ နယ်မြေအများစုကို မြောက်ဗီယက်နမ်က သိမ်းနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာလမှာတော့ သမ္မတနစ်ဆစ်အနေနဲ့ Operation Linebacker လို့ခေါ်တဲ့ ပြင်းထန်တဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးခဲ့ပါတယ်။ ဟနွိုင်းနဲ့ Haiphong လို လူထူထပ်တဲ့နေရာတွေကို ဗုံးတန်ချိန် ၂၀,၀၀၀ လောက်ကြဲချခဲ့ပါတယ်။
1973 ဇန်နဝါရီမှာတော့ နစ်ဆင်အနေနဲ့ ပါရီငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ်စစ်ပွဲအတွင်းပါဝင်မှုကို ရပ်တန့်ခဲ့ပါတော့တယ်။ မြောက်ဗီယက်နမ်အနေနဲ့လည်း စစ်ပြေငြိမ်းဖို့သဘောတူခဲ့ပါတယ်။ ဒါပေမယ့်လည်း မြောက်ဗီယက်နမ်အနေနဲ့အမေရိကန်ထွက်သွားပြီးတာနဲ့ တောင်ဗီယက်နမ်ကို သိမ်းယူရန် ကြိုးပမ်းပါတော့တယ်။
လူတွေဘယ်လောက်သေကျေခဲ့ရသလဲ?
1975 ဧပြီရယ်မှာတော့ တောင်ဗီယက်နမ်ရဲ့မြို့တော် ဆေးဂုံမြို့ကျဆုံးမှုနဲ့အတူ လက်နက်ချ အရှုံးပေးလိုက်ရပါတော့တယ်။ ဂျူလိုင်လမှာတော့ တောင်နဲ့မြောက်ပြန်လည်ပေါင်းစည်းသွားပြီး ဆိုရှယ်လစ် ဗီယက်နမ်နိုင်ငံအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကွန်မြူနစ်ပါတီက ယနေ့တိုင် အုပ်ချုပ်လျက်ရှိပါတယ်။
စစ်ပွဲပြီးချိန်မှာတော့ အမေရိကန်လူမျိုးစစ်သား 58000 ကျော် သေဆုံးခဲ့ပါတယ်။ မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်း တို့ 1.1သန်းကျော် သေဆုံးခဲ့ပြီး တောင်ဗီယက်နမ်စစ်သား 2သိန်း ၅သောင်းကျော် နဲ့ အရပ်သား 2သန်းကျော်သေကြေပျက်စီးခဲ့ရတာလည်းဖြစ်ပါတယ်။
ညိုထွန်း
(zawgyi)
ဗီယက္နမ္စစ္ပြဲဟာ တစ္ျခားေသာ အေရွ႕ေတာင္အာရွနိုင္ငံမ်ားလို လြတ္လပ္ေရးႀကိဳးပမ္းခဲ့ေသာ စစ္ပြဲျဖစ္ေသာ္လည္း အေမရိကန္၊ ျပင္သစ္၊ တ႐ုတ္၊ ႐ုရွားတို႔ ပါဝင္ပက္သက္မႈေၾကာင့္ ကာလရွည္ၾကာခဲ့ၿပီး 1950 မွ 1975 အထိၾကာျမင့္ခဲ့ပါတယ္။
ေနာက္ခံသမိုင္းေၾကာင္း
1887 ခုႏွစ္မွာ ျပင္သစ္က ဗီယက္နမ္နိုင္ငံကို ျပင္သစ္အင္ဒိုခ်ိဳင္းနားလို႔ ေခၚတဲ့ ကိုလိုနီအျဖစ္ သြတ္သြင္းခဲ့ပါတယ္။ 1923 မွာ ဗီယက္နမ္ လြတ္လပ္ေရးဖခင္အျဖစ္ထင္ရွားတဲ့ Ho Chi Minh( ဟိုခ်ီမင္း) ဟာ ဆိုဗီယက္ယူနီယံမွာ ေလ့က်င့္ခဲ့ၿပီး 1930မွာေတာ့ ေဟာင္ေကာင္ၿမိဳ႕မွာ အင္ဒိုခ်ိဳင္းနား ကြန္ျမဴနစ္ပါတီကို ထည္ေထာင္ခဲ့ပါတယ္။
ဒုတိယကမၻာစစ္အတြင္း ျပင္သစ္ကို ဂ်ာမနီက သိမ္းယူၿပီးခ်ိန္မွာေတာ့ ျပင္သစ္ကိုလိုနီ အင္ဒိုခ်ိဳင္းနားကို ဂ်ပန္ကဝင္ေရာက္က်ဴးေက်ာ္ပါေတာ့တယ္။ ျမန္မာနိုင္ငံမွာလိုပဲ ဂ်ပန္က ေရႊရည္စိမ္ လြတ္လပ္ေရးေၾကျငာေပးခဲ့ပါတယ္။ ဒုတိယကမၻာစစ္အၿပီး ဂ်ပန္ စစ္ရႈံး ၿပီး ခ်ိန္မွာေတာ့ အင္ဒိုခ်ိဳင္းနားကို ျပင္သစ္တို႔ ျပန္လည္ ဝင္ေရာက္အုပ္ခ်ဳပ္ပါေတာ့တယ္။
ဟိုခ်ီမင္းကေတာ့ ဗီယက္နမ္ေျမာက္ပိုင္းကို လြတ္လပ္ေရးေၾကျငာခဲ့ၿပီး အေမရိကန္နိုင္ငံရဲ့ အေထာက္အပံ့ေမၽွာ္လင့္ခဲ့ေပမယ့္မရခဲ့ပါဘူး။
1946 မွာေတာ့ ဟိုခ်ီမင္းကျပင္သစ္ရဲ့ အေယာင္ျပကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ျငင္းပယ္ၿပီး ' ဗီယက္မင္'ေတြ ေပ်ာက္ၾကားစစ္ေတြစတင္ဆင္ႏႊဲပါေတာ့တယ္။
1949 ခုႏွစ္မွာ ဘုရင္ေဟာင္း Bai Dai ကို ျပင္သစ္က ဗီယက္နမ္နိုင္ငံေခါင္းေဆာင္ေနရာေပးခဲ့ပါတယ္။
1949 ခုႏွစ္အတြင္းမွာပဲ ဆိုဗီယက္ရဲ့ အႏုျမဴဗုံး စမ္းသပ္ေအာင္ျမင္မႈ၊ ေမာ္စီတုန္းရဲ့ တ႐ုတ္နိုင္ငံမွာ ေအာင္ပြဲရမႈေတြေၾကာင့္ ကြန္ျမဴနစ္နိုင္ငံေတြ အင္အားေကာင္းလာပါတယ္။ အဆိုပါကြန္ျမဴနစ္နိုင္ငံမ်ားအေနနဲ႔ ဗီယက္နမ္ကြန္ျမဴနစ္မ်ားကို ေငြေၾကး လက္နက္မ်ားေထာက္ပံ့ေပးပါတယ္။
ဗီယက္မင္မ်ား အားေကာင္းလာတာနဲ႔အမၽွ ျပင္သစ္စခန္းမ်ားကို ထိုးစစ္ဆင္တိုက္ခိုက္လာပါတယ္။ ကြန္ျမဴနစ္ဆန႔္က်င္ေရးျဖစ္တဲ့ အေမရိကန္နိုင္ငံကေတာ့ ျပင္သစ္ကို အေထာက္အပံ့ေပးခဲ့ပါတယ္။
1954 ခုႏွစ္မွာေတာ့ Dien Bien Phu မွာ ျပင္သစ္တပ္တို႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီး အင္ဒိုခ်ိဳင္းနားကို လက္လြတ္လိုက္ရပါေတာ့တယ္။
အေမရိကန္သမၼတ အီဆင္ေဟာင္ဝါကေတာ့ ျပင္သစ္ရဲ့ အင္ဒိုခ်ိဳင္းနား ကြန္ျမဴနစ္မ်ားလက္ေအာက္က်ေရာက္သြားျခင္းဟာ အေရွ႕ေတာင္အာရွကို ကြန္ျမဴနစ္နိုင္ငံမ်ားျဖစ္လာေစနိုင္တယ္လို႔ ဆိုခဲ့ၿပီး အဲ့လို ေတြးေခၚမႈကလည္း အေမရိကန္ရဲ့ ဗီယက္နမ္စစ္ပြဲအစျဖစ္လာပါေတာ့တယ္။
ဂ်ီနီဗာသေဘာတူညီခ်က္
ဂ်ီနီဗာသေဘာတူညီခ်က္အရ ေတာင္နဲ႔ေျမာက္ ဗီယက္နမ္ကို 17th parallel လိုင္းနဲ႔ ခြဲျခားထားၿပီး ၂ ႏွစ္အတြင္း ေရြးေကာက္ပြဲက်င္းပကာ ျပန္လည္ေပါင္းစည္းၾကမယ္လို႔ သေဘာတူညီခဲ့ပါတယ္။ ဒါေပမယ့္ ျဖစ္မလာခဲ့ပါ။
ေတာင္ဗီယက္နမ္မွာေတာ့ အေမရိကန္ အေထာက္အပံ့နဲ႔ ကတ္သလစ္အမ်ိဳးသားေရးသမား Ngo Sinh Diem က ေခါင္းေဆာင္ျဖစ္လာၿပီး ေျမာက္ပိုင္းမွာေတာ့ ဟိုခ်ီမင္းက ကြန္ျမဴနစ္ေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။
ေျမာက္ဗီယက္နမ္ တပ္မ်ားအေနနဲ႔ လာအို၊ ကေမၻာဒီယားကေနတစ္ဆင့္ ေတာင္ဗီယက္နမ္ကိုဝင္ေရာက္ၿပီး ေပ်ာက္ၾကားစစ္ေတြ ဆင္ႏႊဲပါတယ္။ အဲ့လမ္းေၾကာင္းကို ဟိုခ်ီမင္းလမ္းေၾကာင္းလို႔လဲ ေခၚၾကပါတယ္။ 1959 မွာေတာ့ ေဆဂုံၿမိဳ႕အနီးေပ်ာက္ၾကားတိုက္ပြဲအတြင္းမွာ ပထမဆုံး အေမရိကန္စစ္သားေတြက်ဆုံးခဲ့ပါတယ္။
1960 ျပည့္ႏွစ္မွာ ေျမာက္ဗီယက္နမ္ရဲ့ အေထာက္အပံ့နဲ႔ ေတာင္ဗီယက္နမ္အစိုးရအတိုက္အခံအဖြဲ႕ The National Liberation Front( NLF)ကိုဖြဲ႕စည္းခဲ့ပါတယ္။ အေမရိကန္ကေတာ့ NLF ကိုေျမာက္ဗီယက္နမ္ရဲ့ အစြယ္အပြားတစ္ခုလို႔ ျမင္ၿပီး NLFရဲ့ လက္နက္ကိုင္မ်ားကို " ဗီယက္ေကာင္း" ေခၚ ဗီယက္နမ္ကြန္ျမဴနစ္မ်ားလို႔ေခၚခဲ့ပါတယ္။
1961 မွာ အေမရိကန္သမၼတ ကေနဒီက ရဟတ္ယာဥ္မ်ားနဲ႔ အေမရိကန္တပ္ဖြဲ႕ ၄၀၀ ေလာက္ကို ေတာင္ဗီယက္နမ္ကို ေစလႊတ္ၿပီး ဗီယက္ေကာင္းေတြကို ေခ်မႈန္းေစခဲ့တယ္။ အေမရိကန္ ေလယာဥ္ေတြနဲ႔ Agent Orange လို႔ေခၚတဲ့ ဓါတုေဆးေတြကို ေတာင္ဗီယက္နမ္ရဲ့ လယ္ကြင္းေတြေပၚၾကဲခ်ခဲ့ၿပီး ေျပာက္ၾကားတပ္သားေတြအတြက္ စားစရာမရွိေအာင္လုပ္ခဲ့ပါတယ္။
Ngo Sinh Diem ရဲ့ ကတ္သလစ္လူမ်ိဳးမ်ားအေပၚ အေလးေပးလြန္းမႈေၾကာင့္ တျခားဘာသာဝင္မ်ားရဲ့ မႏွစ္ၿခိဳက္မႈကို ခံလာရပါတယ္။ 1963 ခုႏွစ္မွာ " ဗုဒၶအေရးအခင္း" လို႔ေခၚတဲ့ျဖစ္ရပ္ျဖစ္ပြားခဲ့ပါတယ္။ Ngo Sinh Diem အစိုးရရဲ့ ဆႏၵျပဗုဒၶဘာသာကိုးကြယ္သူလူထုကို ပစ္ခတ္မႈေၾကာင့္ ကေလးငယ္မ်ားအပါအဝင္ လူရွစ္ဦးေသဆုံးခဲ့ရပါတယ္။
ဒီလိုနဲ႔လူႀကိဳက္နည္းလာတဲ့ Diem ရဲ့အစိုးရကို ျဖဳတ္ခ်ဖို႔ အေမရိကန္အေထာက္အပံ့နဲ႔ ေတာင္ဗီယက္နမ္မွာ အာဏာသိမ္းမႈတစ္ခု 1963မွာျဖစ္ပြားခဲ့ပါတယ္။ 1963 ကေန 65 အတြင္း အာဏာသိမ္းမႈမ်ားနဲ႔ အစိုးရ 12 ႀကိမ္ အေျပာင္းအလဲျဖစ္ခဲ့ပါတယ္။
အေမရိကန္ ဗီယက္နမ္စစ္ပြဲထဲပါဝင္လာပုံ
1964 ဩဂတ္လမွာ အေမရိကန္ စစ္ေရယာဥ္တစ္စီးျဖစ္တဲ့ USS Maddox ဟာေျမာက္ဗီယက္နမ္ ရဲ့ ကင္းလွည့္ေလွတစ္စီးက ေျခာက္လွန႔္တိုက္ခိုက္ျခင္းခံခဲ့ရပါတယ္။ သမၼတ ဂၽြန္ဆင္အေနနဲ႔ ေျမာက္ဗီယက္နမ္ ကင္းလွည့္ေလွမ်ားကို ေလေၾကာင္းနဲ႔ျပန္တိုက္ခိုက္ဖို႔ အမိန႔္ေပးခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္ ေလယာဥ္ ၂စီး ပစ္ခ်ခံလိုက္ရၿပီး ပိုင္းေလာ့တစ္ဦး ဖမ္းဆီးခံလိုက္ရပါတယ္။
1964 ခုႏွစ္အတြင္းမွာ ဆိုဗီယက္နဲ႔ တ႐ုတ္တို႔ရဲ့ေလယာဥ္၊ လက္နက္၊ ေရဒါ၊ အစားအစာနဲ႔ ေဆးဝါးေထာက္ပံ့မႈေတြ ေျမာက္ဗီယက္နမ္က ရရွိခဲ့ပါတယ္။
သမၼတ ဂၽြန္ဆင္အေနနဲ႔ ေျမာက္ဗီယက္နမ္နဲ႔ ဟိုခ်ီမင္းလမ္းေၾကာင္းကို ဗုံးၾကဲမယ့္ Rolling Thunder ေအာ္ပေရးရွင္းကို ခ်မွတ္ခဲ့ပါတယ္။ 1965 မွာေတာ့ ဗီယက္နမ္စစ္တပ္ရဲ့ ဗိုလ္ခ်ဳပ္ Nguen Van Thiru က ေတာင္ဗီယက္နမ္သမၼတျဖစ္လာပါတယ္။
ပိုမိုမ်ားျပားလာေသာ စစ္သည္မ်ားႏွင့္ ေသဆုံးမႈမ်ား၊ ဆႏၵျပပြဲမ်ား
အေမရိကန္အေနနဲ႔ စစ္သား 50,000 ကို ဂ်ဴလိုင္လမွာေပးပို႔ခဲ့ၿပီး တစ္လကို 35,000 ႏႈန္းေလာက္ထပ္ၿပီး ပို႔ခဲ့ပါတယ္။
Starlite Operationအတြင္း ဗီယက္ေကာင္းနယ္ေျမမ်ားကို ေရေၾကာင္းတိုက္ခိုက္မႈ အႀကိမ္ 5500 ေလာက္ျပဳလုပ္ခဲ့ေပမယ့္ ဗီယက္ေကာင္းမ်ားအေနနဲ႔ ျပန္လည္စုစည္းနိုင္ခဲ့ပါတယ္။
ၿငိမ္ခ်မ္းေရးသမားတစ္ဦးျဖစ္သူ Norman Morrison အေနနဲ႔ ပင္တဂြန္ေရွ႕မွာ ကိုယ့္ကိုကိုယ္မီးရွို႔ၿပီး ဗီယက္နမ္စစ္ပြဲရပ္တန႔္ဖို႔ ဆႏၵျပခဲ့ပါတယ္။
1967 မွာေတာ့ ဗီယက္နမ္နိုင္ငံအတြင္း အေမရိကန္စစ္သား 500,000 ေလာက္ထိရွိလာခဲ့ၿပီး အေသအေပ်ာက္လဲမ်ားျပားခဲ့ပါတယ္။ အေမရိကန္ နိုင္ငံတြင္းမွာလဲ စစ္ပြဲဆန႔္က်င့္ေရးဆႏၵျပပြဲမ်ားေပၚေပါက္လာပါတယ္။
အေမရိကန္ကို ေျခာက္ျခားသြားေစခဲ့တဲ့ ေျမာက္ဗီယက္နမ္
1968 ႏွစ္ဦးမွာေတာ့ The Tet Offences လို႔ ေခၚတဲ့ ေျမာက္ဗီယက္နမ္နဲ႔ ဗီယက္မင္တို႔ပူးေပါင္းၿပီး ၿမိဳ႕ေပါင္း ၁၀၀ ေက်ာ္နဲ႔ ေတာင္ဗီယက္နမ္ တပ္စခန္းမ်ားကို တိုက္ခိုက္ၿပီး အေမရိကန္ သံ႐ုံးကိုပါသိမ္းယူခဲ့ပါတယ္။ ဒီထိုးစစ္ဟာ စစ္ပြဲရလဒ္ကို အေျပာင္းအလဲျဖစ္ေစခဲ့ၿပီး အေမရိကန္တို႔ ဗီယက္နမ္ကေန ဆုတ္ခြာခဲ့ရပါေတာ့တယ္။
မိုင္လိုင္ၿမိဳ႕မွာေတာ့ အေမရိကန္တပ္မ်ားရဲ့သတ္ျဖတ္မႈေၾကာင့္ အရပ္သား ၅၀၀ေက်ာ္ေသေက်ခဲ့ရပါတယ္။ ဗီယက္နမ္စစ္ပြဲေၾကာင့္ အေမရိကန္သမၼတဂၽြန္ဆင္အေနနဲ႔ ေရြးေကာက္မခံေတာ့ဘူးလို႔ ေၾကျငာခဲ့ရပါတယ္။
1969 ခုႏွစ္မွာေတာ့ ဟိုခ်ီမင္းတစ္ေယာက္ ႏွလုံးေရာဂါနဲ႔ ဟႏြိဳင္းၿမိဳ႕မွာ ကြယ္လြန္ခဲ့ပါတယ္။
တျဖည္းျဖည္းဆုတ္ခြာသြားၾကျခင္း
အေမရိကန္နိုင္ငံမွာ သမၼတနစ္ဆင္တက္လာၿပီး အခ်ိန္မွာေတာ့ ေတာင္ဗီယက္နမ္ထဲကတပ္ေတြ ကိုတစ္ျဖည္းျဖည္းျပန္လည္ေလၽွာ့ခ်ခဲ့ၿပီး Vietnamization လို႔ လူသိမ်ားတဲ့ ဗီယက္နမ္သားမ်ား အခ်င္းခ်င္းသာျပန္တိုက္ခိုင္းတဲ့ ဗ်ဴဟာကို အသုံးျပဳလာပါတယ္။ အေမရိကန္တပ္သား 549,000 ေက်ာ္ရွိရာကေန 1972မွာေတာ့ 69,000 ေလာက္သာက်န္တဲ့အထိအထိအင္အားေလၽွာ့ခ်ခဲ့ပါတယ္။
1970 မွာအေမရိကန္နဲ႔ ေတာင္ဗီယက္နမ္ပူးေပါင္းၿပီး ကေမၻာဒီးယားနိုင္ငံရွိ ကြန္ျမဴနစ္စခန္းမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ပါေသးတယ္။
အေမရိကန္ထြက္သြားၿပီး က်န္ခဲ့တဲ့ ဗီယက္နမ္
1971 မွာအေမရိကန္နဲ႔ ေတာင္ဗီယက္နမ္တို႔ပူးေပါင္းၿပီး Lam Son 719 စစ္ဆင္ေရးလို႔ေခၚတဲ့ လာအိုကိုက်ဴးေက်ာ္ၿပီး ဟိုခ်ီမင္းလမ္းေၾကာင္းကို ပိတ္ဆို႔ရန္ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ အထိအခိုက္မ်ားစြာနဲ႔ တပ္ျပန္ေခါက္ခဲ့ရပါတယ္။
1972 မွာေတာ့ ကြန္ျမဴနစ္ ဗီယက္နမ္မ်ားရဲ့ တပ္မ်ားက ေတာင္ဗီယက္နမ္နဲ႔ အေမရိကန္ တပ္မ်ားအေပၚ ထိုးစစ္ႀကီး သုံးခုဆင္ခဲ့ၿပီး ေတာင္ဗီယက္နမ္ရဲ့ နယ္ေျမအမ်ားစုကို ေျမာက္ဗီယက္နမ္က သိမ္းနိုင္ခဲ့ပါတယ္။
ဒီဇင္ဘာလမွာေတာ့ သမၼတနစ္ဆစ္အေနနဲ႔ Operation Linebacker လို႔ေခၚတဲ့ ျပင္းထန္တဲ့တဲ့ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို အမိန႔္ေပးခဲ့ပါတယ္။ ဟႏြိဳင္းနဲ႔ Haiphong လို လူထူထပ္တဲ့ေနရာေတြကို ဗုံးတန္ခ်ိန္ ၂၀,၀၀၀ ေလာက္ၾကဲခ်ခဲ့ပါတယ္။
1973 ဇန္နဝါရီမွာေတာ့ နစ္ဆင္အေနနဲ႔ ပါရီၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၿပီး ဗီယက္နမ္စစ္ပြဲအတြင္းပါဝင္မႈကို ရပ္တန႔္ခဲ့ပါေတာ့တယ္။ ေျမာက္ဗီယက္နမ္အေနနဲ႔လည္း စစ္ေျပၿငိမ္းဖို႔သေဘာတူခဲ့ပါတယ္။ ဒါေပမယ့္လည္း ေျမာက္ဗီယက္နမ္အေနနဲ႔အေမရိကန္ထြက္သြားၿပီးတာနဲ႔ ေတာင္ဗီယက္နမ္ကို သိမ္းယူရန္ ႀကိဳးပမ္းပါေတာ့တယ္။
လူေတြဘယ္ေလာက္ေသေက်ခဲ့ရသလဲ?
1975 ဧၿပီရယ္မွာေတာ့ ေတာင္ဗီယက္နမ္ရဲ့ၿမိဳ႕ေတာ္ ေဆးဂုံၿမိဳ႕က်ဆုံးမႈနဲ႔အတူ လက္နက္ခ် အရႈံးေပးလိုက္ရပါေတာ့တယ္။ ဂ်ဴလိုင္လမွာေတာ့ ေတာင္နဲ႔ေျမာက္ျပန္လည္ေပါင္းစည္းသြားၿပီး ဆိုရွယ္လစ္ ဗီယက္နမ္နိုင္ငံအျဖစ္ ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး ကြန္ျမဴနစ္ပါတီက ယေန႔တိုင္ အုပ္ခ်ဳပ္လ်က္ရွိပါတယ္။
စစ္ပြဲၿပီးခ်ိန္မွာေတာ့ အေမရိကန္လူမ်ိဳးစစ္သား 58000 ေက်ာ္ ေသဆုံးခဲ့ပါတယ္။ ေျမာက္ဗီယက္နမ္နဲ႔ ဗီယက္ေကာင္း တို႔ 1.1သန္းေက်ာ္ ေသဆုံးခဲ့ၿပီး ေတာင္ဗီယက္နမ္စစ္သား 2သိန္း ၅ေသာင္းေက်ာ္ နဲ႔ အရပ္သား 2သန္းေက်ာ္ေသေၾကပ်က္စီးခဲ့ရတာလည္းျဖစ္ပါတယ္။
ညိဳထြန္း
Comments
Post a Comment