မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

 


အန်ဒမန်ကျွန်း(Andaman Islands)သည် မန္တလေးထက်စာလျှင် ရန်ကုန်နှင့် ပိုနီးပါသည်။ ယနေ့တွင် အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူမျိုးစုများသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်ခြား အဖြစ်ဆုံးသော လူမျိုးစုများ ဖြစ်သည်။

ယနေ့တွင် မူလအန်ဒမန်ကျွန်းသူကျွန်းသားများ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိတော့သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာလည်း အခြားမည်သည့် ဘာသာစကားနှင့်မျှ မတူပါ။Little People of the Andaman Islands | Asian Geographic Magazines

မျိုးရိုးဗီဇအရဆိုလျှင် သူတို့သည် အာရှတိုက်သားများနှင့် ပို၍ နီးစပ်ပေသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ တိဘက်၊ ယူနန်နှင့် ဂျပန်တွင် တွေ့ရှိရသော Y-Haplogroup D-M174 မျိုးရိုးဗီဇအုပ်စုတွင် ပါဝင်ကြောင်း ဗီဇစစ်ဆေးမှုအချို့အရ သိရှိရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀၀ ခန့်က အာဖရိကတိုက်ကို စွန့်ခွာခရီးနှင်လာခဲ့သော၊ နောင်နှစ်ထောင်ပေါင်းများစွာ အကြာတွင် မြန်မာကမ်းစပ်များသို့ ရောက်ရှိလာခဲ့ကာ ထိုမှတဆင့် သြစတြေးလျတိုက်ဘက်သို့ ခရီးဆက်ခဲ့ကြသော ပထမဆုံး လူသားများမှ ယင်းမူလကျွန်းသူကျွန်းသားတို့ ဆင်းသက်လာသည်ဟု သိပ္ဗံပညာရှင်များက ယုံကြည်ကြသည်။

Andaman Islands' isolated tribes' independence may be in danger

ထိုမှ ခွဲဖြာဆင်းသက်လာသော မျိုးနွယ်စုသည် မြောက်ပိုင်းသို့ ခရီးဆက်ခဲ့ကြပြီး အရှေ့အာရှတိုက်တွင် ပထမဆုံး အခြေစိုက်နေထိုင်ခဲ့သော လူသားများ ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။ ရေခဲခေတ်နှောင်းပိုင်းကာလများအတွင်း အန်ဒမန်ကျွန်းသည် မြန်မာပြည်နှင့် ကုန်းမြေချင်း ထိဆက်နေခဲ့သေးသည်။ ထို့နောက် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာသောအခါ ကျွန်းစုများ ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ အန်ဒမန်ကျွန်းမှ လူမျိုးစုများသည် ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝနီးပါး မရှိဘဲ တစ်သီးတစ်ခြား နေထိုင်လာခဲ့ကြခြင်းဖြစ်သည်။

Swimming Elephant - Andaman Islands, India | Swimming with elephants, Andaman islands, Beauty of india

မြန်မာတို့က ထိုကျွန်းစုများကို ကပ္ပလီကျွန်းဟု ခေါ်သည်။ ထိုအမည်သည် အာရပ်စကားလုံး ကာဖီရာ-Kaffir (ယနေ့ခေတ် လူမျိုးရေးနှိမ့်ချရန် ခေါ်ဆိုသော အသုံးအနှုန်း) မှ ဆင်းသက်လာပြီး မူလအဓိပ္ပာယ်မှာ မွတ်ဆလင်မဟုတ်သူဟု အဓိပ္ပာယ်ရသည်။ ယနေ့တွင် (အထူးသဖြင့် တောင်အာဖရိကတွင်) လူမည်း အာဖရိကန်လူမျိုးများကို ရည်ညွှန်းသည်။

မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

 

အန်ဒမန်ကျွန်းစုများထဲမှ တစ်ခုဖြစ်သော မြောက်ပိုင်းရှိ ဆန်တီနယ်ကျွန်းတွင်ဆိုလျှင် ပြင်ပလောကနှင့် လုံးဝအဆက်အသွယ်မရှိပေ။ ထိုကျွန်းတွင် နေထိုင်သူများအကြောင်း ကျွန်တော်တို့ လုံး၀ မသိရှိသလောက်ပင် ဖြစ်သည်။ ဆန်တီနယ်ကျွန်းသားများနှင့် အဆက်အသွယ်ပြုရန် ကြိုးပမ်းသည့် အခါတိုင်းပင် (ပုံပါအတိုင်း) မြှားများဖြင့် ပစ်ခတ်တိုက်ခိုက်ကြပေသည်။ သူတို့ဘာသာ သီးခြား နေထိုင်လိုသည်မှာ ထင်ရှားပေသည်။ ထိုကျွန်းသည် ကမ္ဘာတစ်ဝှမ်းလုံးနှင့် အဆက်အသွယ် လုံးဝမရှိဘဲ ကျန်ရစ်သော နောက်ဆုံးနေရာတစ်ခု ဖြစ်သည်။

Lostfootsteps.org မှကူးယူဖော် ပြသည်။

(zawgyi)

အန္ဒမန္ကၽြန္း(Andaman Islands)သည္ မႏၲေလးထက္စာလၽွင္ ရန္ကုန္ႏွင့္ ပိုနီးပါသည္။ ယေန႔တြင္ အိႏၵိယ၏ တစ္စိတ္တစ္ပိုင္းျဖစ္သည္။ ထိုေဒသတြင္ ေနထိုင္ေသာ လူမ်ိဳးစုမ်ားသည္ ကမၻာေပၚတြင္ တစ္သီးတစ္ျခား အျဖစ္ဆုံးေသာ လူမ်ိဳးစုမ်ား ျဖစ္သည္။

ယေန႔တြင္ မူလအန္ဒမန္ကၽြန္းသူကၽြန္းသားမ်ား ဦးေရမွာ ရာဂဏန္းခန႔္သာ ရွိေတာ့သည္။ သူတို႔ ေျပာဆိုေသာ ဘာသာစကားမွာလည္း အျခားမည္သည့္ ဘာသာစကားႏွင့္မၽွ မတူပါ။

Little People of the Andaman Islands | Asian Geographic Magazines

မ်ိဳးရိုးဗီဇအရဆိုလၽွင္ သူတို႔သည္ အာရွတိုက္သားမ်ားႏွင့္ ပို၍ နီးစပ္ေပသည္။ စိတ္ဝင္စားစရာ ေကာင္းသည္မွာ တိဘက္၊ ယူနန္ႏွင့္ ဂ်ပန္တြင္ ေတြ႕ရွိရေသာ Y-Haplogroup D-M174 မ်ိဳးရိုးဗီဇအုပ္စုတြင္ ပါဝင္ေၾကာင္း ဗီဇစစ္ေဆးမႈအခ်ိဳ႕အရ သိရွိရသည္။ လြန္ခဲ့ေသာႏွစ္ေပါင္း ၆၀၀၀၀ ခန႔္က အာဖရိကတိုက္ကို စြန႔္ခြာခရီးႏွင္လာခဲ့ေသာ၊ ေနာင္ႏွစ္ေထာင္ေပါင္းမ်ားစြာ အၾကာတြင္ ျမန္မာကမ္းစပ္မ်ားသို႔ ေရာက္ရွိလာခဲ့ကာ ထိုမွတဆင့္ ၾသစေၾတးလ်တိုက္ဘက္သို႔ ခရီးဆက္ခဲ့ၾကေသာ ပထမဆုံး လူသားမ်ားမွ ယင္းမူလကၽြန္းသူကၽြန္းသားတို႔ ဆင္းသက္လာသည္ဟု သိပၺံပညာရွင္မ်ားက ယုံၾကည္ၾကသည္။

Swimming Elephant - Andaman Islands, India | Swimming with elephants, Andaman islands, Beauty of india

ထိုမွ ခြဲျဖာဆင္းသက္လာေသာ မ်ိဳႏြယ္စုသည္ ေျမာက္ပိုင္းသို႔ ခရီးဆက္ခဲ့ၾကၿပီး အေရွ႕အာရွတိုက္တြင္ ပထမဆုံး အေျခစိုက္ေနထိုင္ခဲ့ေသာ လူသားမ်ား ျဖစ္နိုင္ဖြယ္ရာ ရွိေပသည္။ ေရခဲေခတ္ေႏွာင္းပိုင္းကာလမ်ားအတြင္း အန္ဒမန္ကၽြန္းသည္ ျမန္မာျပည္ႏွင့္ ကုန္းေျမခ်င္း ထိဆက္ေနခဲ့ေသးသည္။ ထို႔ေနာက္ လြန္ခဲ့ေသာ ႏွစ္တစ္ေသာင္းခန႔္က ပင္လယ္ေရမ်က္ႏွာျပင္မ်ား ျမင့္တက္လာေသာအခါ ကၽြန္းစုမ်ား ျဖစ္လာခဲ့သည္။ ထိုအခ်ိန္မွစ၍ အန္ဒမန္ကၽြန္းမွ လူမ်ိဳးစုမ်ားသည္ ျပင္ပေလာကႏွင့္ အဆက္အသြယ္ လုံးဝနီးပါး မရွိဘဲ တစ္သီးတစ္ျခား ေနထိုင္လာခဲ့ၾကျခင္းျဖစ္သည္။

Andaman Islands' isolated tribes' independence may be in danger

ျမန္မာတို႔က ထိုကၽြန္းစုမ်ားကို ကပၸလီကၽြန္းဟု ေခၚသည္။ ထိုအမည္သည္ အာရပ္စကားလုံး ကာဖီရာ-Kaffir (ယေန႔ေခတ္ လူမ်ိဳးေရးႏွိမ့္ခ်ရန္ ေခၚဆိုေသာ အသုံးအႏႈန္း) မွ ဆင္းသက္လာၿပီး မူလအဓိပၸာယ္မွာ မြတ္ဆလင္မဟုတ္သူဟု အဓိပၸာယ္ရသည္။ ယေန႔တြင္ (အထူးသျဖင့္ ေတာင္အာဖရိကတြင္) လူမည္း အာဖရိကန္လူမ်ိဳးမ်ားကို ရည္ညႊန္းသည္။

မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

 

အန္ဒမန္ကၽြန္းစုမ်ားထဲမွ တစ္ခုျဖစ္ေသာ ေျမာက္ပိုင္းရွိ ဆန္တီနယ္ကၽြန္းတြင္ဆိုလၽွင္ ျပင္ပေလာကႏွင့္ လုံးဝအဆက္အသြယ္မရွိေပ။ ထိုကၽြန္းတြင္ ေနထိုင္သူမ်ားအေၾကာင္း ကၽြန္ေတာ္တို႔ လုံး၀ မသိရွိသေလာက္ပင္ ျဖစ္သည္။ ဆန္တီနယ္ကၽြန္းသားမ်ားႏွင့္ အဆက္အသြယ္ျပဳရန္ ႀကိဳးပမ္းသည့္ အခါတိုင္းပင္ (ပုံပါအတိုင္း) ျမႇားမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ၾကေပသည္။ သူတို႔ဘာသာ သီးျခား ေနထိုင္လိုသည္မွာ ထင္ရွားေပသည္။ ထိုကၽြန္းသည္ ကမၻာတစ္ဝွမ္းလုံးႏွင့္ အဆက္အသြယ္ လုံးဝမရွိဘဲ က်န္ရစ္ေသာ ေနာက္ဆုံးေနရာတစ္ခု ျဖစ္သည္။

Lostfootsteps.org မွကူးယူေဖာ္ ျပသည္။

Comments

Post a Comment