လက်သည်းတွေဝါပြီး ကျိုးပဲ့နေလျှင်
Unicode
သင့်လက်သည်းတွေ ဝါကြန့်ကြန့်ဖြစ်တာ၊ ကျိုးပဲ့ပျက်စီးတာဖြစိနေလို့ လက်သည်းပြုပြင်ချင်တယ်ဆိုရင် ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။
သံလွင်ဆီနှင့် သံပုရာရည်သုံးပါ
သံလွင်ဆီတစ်ဇွန်းကို သံပုရာရည်အနည်းငယ်ညှစ်ထည့်လိုက်ပြီး ရောမွှေပါ။ လက်သည်းပေါ်မှာ ရွှဲနေအောင်ဆွတ်ပြီး နှိပ်နယ်ပေးကာ လက်အိတ်ဝတ်ထားလိုက်ပါ။
ဗီတာမင်အီးသုံးပါ
ဗီတာမင်အီးက လက်သည်းကို ကျန်းမာစေရုံသာမက ရောဂါပိုးဝင်ရောက်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဗီတာမင်အီးလက်ဖက်စားတစ်ဇွန်းကို လက်သည်းပေါ်မှာ သုတ်လိမ်းပြီး လက်အိတ်စွပ်ကာ အိပ်ယာဝင်ပါ။
ဆားသုံးပါ
ဆားတစ်ဇွန်းကို သံလွင်ဆီနဲ့ သံပုရာရည်အနည်းငယ်အစက်ချပြီး လက်သည်းနဲ့လက်ချောင်းတွေပေါ်ကို ပွတ်သပ်နှိပ်နယ်ပေးပါ။ 10 မိနစ် 15 မိနစ်ကြာမှ ရေဆေးကာ သံလွင်ဆီတစ်စက်လောက်ကို လက်ပေါ်မှာ သုတ်လိမ်းလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပါ။
ဘီယာသုံးပါ
ဘီယာကို ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး သင့်လက်ချောင်းတွေကို 15 မိနစ်လောက်ကြာအောင် စိမ်ထားလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ပေးပါ။
Zawgyi
ဗီတာမင်အီးသုံးပါ
ဆားသုံးပါ
ဘီယာသုံးပါ
Comments
Post a Comment